ဗဟုသုတ

ယောက္ခမနဲ့ ချွေးမ

တခါတုန်းက အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျ ပြီးတော့ အမျိုးသားရဲ့ အိမ်မှာ လိုက်နေရပါတယ်။ အဲ့ဒီအခါ ယောက္ခမနဲ့ နေ့တိုင်း ပြောဆို ဆက်ဆံ ရတဲ့အခါ ဘယ်လိုမှ မတည့်ဘူးတဲ့။ စကား များရတာတွေ၊ ရန်ဖြစ်ရတာတွေ ခဏခဏ ဖြစ်ပီး စိတ်တွေလည်း အင်မတန် ညစ်နေရတာပေါ့ ။

ယဉ်ကျေးမှု အရလည်းဖြစ်၊ ဘာသာရေးအရလည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်း ခူးခပ်ပေးရတယ်။ ပီးတော့ ပြင်ဆင်ပေး ရတယ်ပေါ့။ တစ်နေ့တော့ ဒီဒဏ်တွေကို မခံနိုင်လို့ အမျိုးသမီးက သူ့ရဲ့ အဖေဖြစ်သူဆီ သွားပြီး အကြံအဉာဏ် တောင်းတယ်။

အဖေ ဖြစ်တဲ့သူကလည်း ယောက္ခမ စားနေတဲ့ ထမင်းတိုင်းမှာ အဆိပ်ဆေးကို နည်းနည်းဆီ ခပ်ပြီး ၆ လအတွင်း မသိမသာနဲ့ သေဆုံးသွားအောင် လုပ်ဖို့ နည်းလမ်း ပေးလိုက်သတဲ့။ ပီးတော့ ဆေးလဲ ပေးလိုက်ပါ သတဲ့။

ဆေးခပ်နေတဲ့ ၆ လ အတွင်းမှာ ယောက္ခမကို ကြည်ကြည်ဖြုဖြူနဲ့ ပြောဆိုဆက်ဆံရမယ် လို့လည်း မှာလိုက်ပါသေးတယ်။ ဒါမှလည်း သေကြောင်း ကြံကြောင်းကို ဘယ်သူမှ မသိမှာ ဖြစ်ကြောင်းလည်း ရှင်းပြလိုက်တယ်လေ။

အဲ့ဒီမှာ ဆေးရသွားတဲ့ အမျိုးသမီးဟာ နေ့တိုင်း သူ့ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ အဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ် ဆိုပီးတော့ ကောင်းမွန်စွာ ပြောဆို ဆက်ဆံပါတယ်။ ဒီလိုနဲ့ ပြောဆို ဆက်ဆံမှု ယဉ်ကျေးပီး အလျော့ပေးတတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတော့တယ်။

တဖြည်းဖြည်း အကောင်းမြင် ပေးတတ်လာပြီး အတ္တတွေ နည်းလို့ အဆင်ပြေ လာကြပါတယ်။ ပတ်ဝန်းကျင်မှာလည်း သူ့ရဲ့ချွေးမ လိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်းများ ပြောလေ့ ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ မိသားစုလေးဟာ အတော်လေး သာယာပြီး အဆင်ပြေ လာခဲ့ပါတယ်။

ဒီတော့ အဆိပ်ခပ်လိုက်မိတဲ့ အမျိုးသမီးခမျာ နောင်တ ရမိနေသတဲ့။ ဒါကြောင့် သူ့အဖေဆီ ပြန်သွားပြီး တောင်းဆိုပါတယ်။ လက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေအောင် လုပ်နိုင်တဲ့ ဆေးပြန်ပေး ပါပေါ့။ ဒါနဲ့ သူ့အဖေက ပြန်ဖြေပါတယ်။

” ငါ့သမီးကို ပေးလိုက်တာ အဆိပ်ဆေး မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားဆေး ပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီးရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အာဃာတ အဆိပ်ကိုသာ အဖေက ဖယ်ရှားပေးလိုက်တာပါ” တဲ့ ။

လောကကြီးမှာ လူတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါ ဟိုလူက မကောင်းဘူး၊ ဒီလူ မကောင်းဘူးလို့ ပြောနေမယ့် အစား အရင်ဆုံး ကိုယ်ကိုယ်ကို ကောင်းအောင် အရင်ပြောင်းလဲ ကြည့်လိုက်ပါလား.. ။

crd

for zawgyi

ေယာကၡမနဲ႔ ေခၽြးမ

တခါတုန္းက အမ်ိဳးသမီး တစ္ဦးဟာ အိမ္ေထာင္က် ၿပီးေတာ့ အမ်ိဳးသားရဲ႕ အိမ္မွာ လိုက္ေနရပါတယ္။ အဲ့ဒီအခါ ေယာကၡမနဲ႔ ေန႔တိုင္း ေျပာဆို ဆက္ဆံ ရတဲ့အခါ ဘယ္လိုမွ မတည့္ဘူးတဲ့။ စကား မ်ားရတာေတြ၊ ရန္ျဖစ္ရတာေတြ ခဏခဏ ျဖစ္ပီး စိတ္ေတြလည္း အင္မတန္ ညစ္ေနရတာေပါ့ ။

ယဥ္ေက်းမႈ အရလည္းျဖစ္၊ ဘာသာေရးအရလည္း ျဖစ္ေတာ့ ေယာကၡမကို ၾကည့္မရလည္း ထမင္း ခူးခပ္ေပးရတယ္။ ပီးေတာ့ ျပင္ဆင္ေပး ရတယ္ေပါ့။ တစ္ေန႔ေတာ့ ဒီဒဏ္ေတြကို မခံႏိုင္လို႔ အမ်ိဳးသမီးက သူ႔ရဲ႕ အေဖျဖစ္သူဆီ သြားၿပီး အႀကံအဉာဏ္ ေတာင္းတယ္။

အေဖ ျဖစ္တဲ့သူကလည္း ေယာကၡမ စားေနတဲ့ ထမင္းတိုင္းမွာ အဆိပ္ေဆးကို နည္းနည္းဆီ ခပ္ၿပီး ၆ လအတြင္း မသိမသာနဲ႔ ေသဆုံးသြားေအာင္ လုပ္ဖို႔ နည္းလမ္း ေပးလိုက္သတဲ့။ ပီးေတာ့ ေဆးလဲ ေပးလိုက္ပါ သတဲ့။

ေဆးခပ္ေနတဲ့ ၆ လ အတြင္းမွာ ေယာကၡမကို ၾကည္ၾကည္ျဖဳျဖဴနဲ႔ ေျပာဆိုဆက္ဆံရမယ္ လို႔လည္း မွာလိုက္ပါေသးတယ္။ ဒါမွလည္း ေသေၾကာင္း ႀကံေၾကာင္းကို ဘယ္သူမွ မသိမွာ ျဖစ္ေၾကာင္းလည္း ရွင္းျပလိုက္တယ္ေလ။

အဲ့ဒီမွာ ေဆးရသြားတဲ့ အမ်ိဳးသမီးဟာ ေန႔တိုင္း သူ႔ေယာကၡမ စားတဲ့ ထမင္းတိုင္းမွာ အဆိပ္ကို ထည့္ပါတယ္။ ဒီေတာ့ အဆိပ္ထည့္တဲ့ ကာလ အတြင္းေတာ့ အဆင္ေျပေအာင္ ေပါင္းရမယ္ ဆိုပီးေတာ့ ေကာင္းမြန္စြာ ေျပာဆို ဆက္ဆံပါတယ္။ ဒီလိုနဲ႔ ေျပာဆို ဆက္ဆံမႈ ယဥ္ေက်းပီး အေလ်ာ့ေပးတတ္တဲ့ ေခြၽးမေၾကာင့္ ေယာကၡမလည္း ေျပာင္းလဲ လာပါေတာ့တယ္။

တျဖည္းျဖည္း အေကာင္းျမင္ ေပးတတ္လာၿပီး အတၱေတြ နည္းလို႔ အဆင္ေျပ လာၾကပါတယ္။ ပတ္ဝန္းက်င္မွာလည္း သူ႔ရဲ႕ေခြၽးမ လိမၼာေၾကာင္း ေတာ္ေၾကာင္းကို သတင္းေကာင္းမ်ား ေျပာေလ့ ရွိပါတယ္။ ဒါေၾကာင့္မို႔ သူတို႔ မိသားစုေလးဟာ အေတာ္ေလး သာယာၿပီး အဆင္ေျပ လာခဲ့ပါတယ္။

ဒီေတာ့ အဆိပ္ခပ္လိုက္မိတဲ့ အမ်ိဳးသမီးခမ်ာ ေနာင္တ ရမိေနသတဲ့။ ဒါေၾကာင့္ သူ႔အေဖဆီ ျပန္သြားၿပီး ေတာင္းဆိုပါတယ္။ လက္ရွိ ခက္ထားတဲ့ အဆိပ္ကို ေျပေအာင္ လုပ္ႏိုင္တဲ့ ေဆးျပန္ေပး ပါေပါ့။ ဒါနဲ႔ သူ႔အေဖက ျပန္ေျဖပါတယ္။

” ငါ့သမီးကို ေပးလိုက္တာ အဆိပ္ေဆး မဟုတ္ပါဘူး။ ေန႔စဥ္ က်န္းမာေစဖို႔ အားေဆး ပါဝင္တဲ့ ဗီတာမင္ ေဆးေတြပါ။ သမီးရဲ႕ စိတ္ထဲမွာ ကိန္းေအာင္းေနတဲ့ အာဃာတ အဆိပ္ကိုသာ အေဖက ဖယ္ရွားေပးလိုက္တာပါ” တဲ့ ။

ေလာကႀကီးမွာ လူေတြနဲ႔ ေျပာဆို ဆက္ဆံတဲ့အခါ ဟိုလူက မေကာင္းဘူး၊ ဒီလူ မေကာင္းဘူးလို႔ ေျပာေနမယ့္ အစား အရင္ဆုံး ကိုယ္ကိုယ္ကို ေကာင္းေအာင္ အရင္ေျပာင္းလဲ ၾကည့္လိုက္ပါလား.. ။

crd