အမေရိကန်မှာ ပညာသင်ကြားဖို့အတွက် ဗီဇာလျှောက်ခဲ့တဲ့ တရုတ်ကျောင်းသူတစ်ဦးဟာ ပယ်ချခံလိုက်ရတယ်လို့ အမေရိကန်သံရုံးက ပြောဆိုခဲ့ပါတယ်။
အဆိုပါကျောင်းသူရဲ့ ဖခင်ဖြစ်သူဟာ ရဲတွေအတွက် အလုပ်လုပ်ပေးနေသူဖြစ်တာကြောင့် ပယ်ချခဲ့တာဖြစ်တယ်လို့လည်း အကြောင်းပြချက်ပေးခဲ့ပြီး ဒီကိစ္စကို ပညာရေးကုမ္ပဏီဘက်ကနေ ဖြေရှင်းပေးနေတယ်လို့ South China Morning Post က ဖော်ပြခဲ့ပါတယ်။
ကျောင်းသားဘက်ကို ပြန်လည်ပေးပို့ခဲ့တဲ့ အကြောင်းကြားစာမှာ ထောက်လှမ်းရေးရဲ့ တရားဥပဒေစိုးမိုးရေးဌာနလေးခုက အကြီးတန်းအရာရှိတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ဗီဇာထုတ်ပေးခြင်းကလည်း ဆိုင်းငံ့ထားကြောင်း ပါဝင်တယ်လို့ ဆိုပါတယ်။ ပညာရေးကုမ္ပဏီဘက်ကတော့ ကျောင်းသူရဲ့ ဖခင်ဟာ အငယ်တန်းအရာရှိတစ်ဦးသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘေဂျင်းမှာရှိတဲ့ အမေရိကန်သံရုံးဟာ ကုမ္ပဏီဘက်ကတောင်းဆိုမှုအပေါ် တုံ့ပြန်မှုမပြုလုပ်ခဲ့ဘူးလို့သိရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ြောရေးဆိုခွင့်ရအမျိုးသမီး Hua Chunying က “နှစ်နိုင်ငံကြား အမှုထမ်းတွေပုံမှန်လဲလှယ်နေမှုတွေကို နိုင်ငံရေးအကြောင်းပြချက်နဲ့ အမေရိကန်ဘက်က အနှောင့်အယှက်ဖြစ်စေချင်နေမှုကို ပြသခဲ့တဲ့ သက်သေကောင်းဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပြီး တရုတ်-အမေရိကန်ဆက်ဆံရေးအတွက် အထောက်အကူမဖြစ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
“အမေရိကန်ရဲ့ ယုတ္တိဗေဒအရ တရုတ်အနေနဲ့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေနဲ့ သူတို့ရဲ့မိသားစုတွေကို ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်သင့်သလား” လို့ Hua က မေးခွန်းထုတ်ခဲ့ပြီး အမေရိကန်အနေနဲ့ သူတို့ရဲ့အမှားကို ပြန်လည်ပြင်ဆင်ပြီး ပုံမှန်အတိုင်းပြန်လည်ခွင့်ပြုဖို့ တရုတ်ဘက်ကမျှော်လင့်ထားကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
သံရုံးဘက်က ပြန်လည်ပေးပို့ခဲ့တဲ့စာကို WeChat မှာ Beijing Gewai ပညာရေးအတိုင်ပင်ခံရုံးက ဖော်ပြခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားအက်ဥပဒေအရ ဗီဇာလျှောက်ထားမှုကို ယာယီရပ်ဆိုင်းထားကြောင်း ပြသခဲ့ပါတယ်။
အမေရိကန်ဘက်က အခုလိုပိတ်ပင်မှုဟာ တရုတ်ကျောင်းသူကျောင်းသား ဘယ်လောက်ထိ ထိခိုက်နိုင်မယ်ဆိုတာကို မသိရပါဘူး။ ဘာလို့လဲဆိုတော့ တရုတ်ဟာ ထောက်လှမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာနလေးခုမှာ အလုပ်လုပ်နေသူတွေကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားခြင်းမရှိတာကြောင့်ဖြစ်ပြီး အခုလို ငြင်းဆန်ခဲ့ရမှုဟာ သူတို့ရဲ့ပညာရေးဝန်ဆောင်မှုပေးခဲ့တဲ့သက်တမ်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ Beijig Gewai ပိုင်ရှင် Qiao Xiangdong က ပြောဆိုခဲ့ပါတယ်။
အဆိုပါကျောင်းသူကတော့ အမေရိကန်တက္ကသိုလ် ၁၀ ခုကနေ ကွန်ပျူတာသိပ္ပံအထူးပြုအတွက် ကမ်းလှမ်းမှုတွေကို ရရှိခဲ့တာလို့လည်း သိရပါတယ်။
“ရဲအရာရှိတွေရဲ့ ကလေးတွေက အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ဘာများခြိမ်းခြောက်နိုင်မှာမို့လို့လဲ” လို့ Qiao က ပြောပါတယ်။ ဒီဘက်နှစ်ကာလတွေမှာ အမေရိကန်ဟာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ နဲ့ သင်္ချာဘွဲ့ရ တရုတ်နိုင်ငံသားတွေကို သူတို့နိုင်ငံတွင်းနေထိုင်ပြီး အလုပ်လုပ်ကိုင်စေဖို့ ခက်ခဲတဲ့ မူဝါဒတွေကို ချမှတ်ခဲ့ကာ ဗီဇာခွင့်ပြုမှုကို ကန့်သတ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း တရုတ်စစ်တပ်နဲ့ပတ်သက်တယ်လို့ သံသယရှိတဲ့ တရုတ်ကျောင်းသားနဲ့ သုတေသီတစ်ထောင်ကျော်ကို ဗီဇာပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။
therivernews
အေမရိကန္မွာ ပညာသင္ၾကားဖို႔အတြက္ ဗီဇာေလၽွာက္ခဲ့တဲ့ တ႐ုတ္ေက်ာင္းသူတစ္ဦးဟာ ပယ္ခ်ခံလိုက္ရတယ္လို႔ အေမရိကန္သံ႐ုံးက ေျပာဆိုခဲ့ပါတယ္။
အဆိုပါေက်ာင္းသူရဲ့ ဖခင္ျဖစ္သူဟာ ရဲေတြအတြက္ အလုပ္လုပ္ေပးေနသူျဖစ္တာေၾကာင့္ ပယ္ခ်ခဲ့တာျဖစ္တယ္လို႔လည္း အေၾကာင္းျပခ်က္ေပးခဲ့ၿပီး ဒီကိစၥကို ပညာေရးကုမၸဏီဘက္ကေန ေျဖရွင္းေပးေနတယ္လို႔ South China Morning Post က ေဖာ္ျပခဲ့ပါတယ္။
ေက်ာင္းသားဘက္ကို ျပန္လည္ေပးပို႔ခဲ့တဲ့ အေၾကာင္းၾကားစာမွာ ေထာက္လွမ္းေရးရဲ့ တရားဥပေဒစိုးမိုးေရးဌာနေလးခုက အႀကီးတန္းအရာရွိေတြနဲ႔ သူတို႔ရဲ့မိသားစုဝင္ေတြကို ဗီဇာထုတ္ေပးျခင္းကလည္း ဆိုင္းငံ့ထားေၾကာင္း ပါဝင္တယ္လို႔ ဆိုပါတယ္။ ပညာေရးကုမၸဏီဘက္ကေတာ့ ေက်ာင္းသူရဲ့ ဖခင္ဟာ အငယ္တန္းအရာရွိတစ္ဦးသာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ေဘဂ်င္းမွာရွိတဲ့ အေမရိကန္သံ႐ုံးဟာ ကုမၸဏီဘက္ကေတာင္းဆိုမႈအေပၚ တုံ႔ျပန္မႈမျပဳလုပ္ခဲ့ဘူးလို႔သိရပါတယ္။ ဒါေပမယ့္ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ ျောေရးဆိုခြင့္ရအမ်ိဳးသမီး Hua Chunying က “ႏွစ္နိုင္ငံၾကား အမႈထမ္းေတြပုံမွန္လဲလွယ္ေနမႈေတြကို နိုင္ငံေရးအေၾကာင္းျပခ်က္နဲ႔ အေမရိကန္ဘက္က အေႏွာင့္အယွက္ျဖစ္ေစခ်င္ေနမႈကို ျပသခဲ့တဲ့ သက္ေသေကာင္းျဖစ္ပါတယ္” လို႔ ေျပာဆိုခဲ့ၿပီး တ႐ုတ္-အေမရိကန္ဆက္ဆံေရးအတြက္ အေထာက္အကူမျဖစ္ဘူးလို႔ ေဝဖန္ခဲ့ပါတယ္။
“အေမရိကန္ရဲ့ ယုတၱိေဗဒအရ တ႐ုတ္အေနနဲ႔ အေမရိကန္ေထာက္လွမ္းေရးအရာရွိေတြနဲ႔ သူတို႔ရဲ့မိသားစုေတြကို ျပည္ဝင္ခြင့္ဗီဇာျငင္းပယ္သင့္သလား” လို႔ Hua က ေမးခြန္းထုတ္ခဲ့ၿပီး အေမရိကန္အေနနဲ႔ သူတို႔ရဲ့အမွားကို ျပန္လည္ျပင္ဆင္ၿပီး ပုံမွန္အတိုင္းျပန္လည္ခြင့္ျပဳဖို႔ တ႐ုတ္ဘက္ကေမၽွာ္လင့္ထားေၾကာင္း ၾကာသပေတးေန႔က ေျပာၾကားခဲ့ပါတယ္။
သံ႐ုံးဘက္က ျပန္လည္ေပးပို႔ခဲ့တဲ့စာကို WeChat မွာ Beijing Gewai ပညာေရးအတိုင္ပင္ခံ႐ုံးက ေဖာ္ျပခဲ့ၿပီး လူဝင္မႈႀကီးၾကပ္ေရးနဲ႔ နို္င္ငံသားအက္ဥပေဒအရ ဗီဇာေလၽွာက္ထားမႈကို ယာယီရပ္ဆိုင္းထားေၾကာင္း ျပသခဲ့ပါတယ္။
အေမရိကန္ဘက္က အခုလိုပိတ္ပင္မႈဟာ တ႐ုတ္ေက်ာင္းသူေက်ာင္းသား ဘယ္ေလာက္ထိ ထိခိုက္နိုင္မယ္ဆိုတာကို မသိရပါဘူး။ ဘာလို႔လဲဆိုေတာ့ တ႐ုတ္ဟာ ေထာက္လွမ္းေရးနဲ႔ တရားဥပေဒစိုးမိုးေရးဌာနေလးခုမွာ အလုပ္လုပ္ေနသူေတြကို လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုထားျခင္းမရွိတာေၾကာင့္ျဖစ္ၿပီး အခုလို ျငင္းဆန္ခဲ့ရမႈဟာ သူတို႔ရဲ့ပညာေရးဝန္ေဆာင္မႈေပးခဲ့တဲ့သက္တမ္းမွာ ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ Beijig Gewai ပိုင္ရွင္ Qiao Xiangdong က ေျပာဆိုခဲ့ပါတယ္။
အဆိုပါေက်ာင္းသူကေတာ့ အေမရိကန္တကၠသိုလ္ ၁၀ ခုကေန ကြန္ပ်ဴတာသိပၸံအထူးျပဳအတြက္ ကမ္းလွမ္းမႈေတြကို ရရွိခဲ့တာလို႔လည္း သိရပါတယ္။
“ရဲအရာရွိေတြရဲ့ ကေလးေတြက အေမရိကန္ရဲ့ အမ်ိဳးသားလုံျခဳံေရးကို ဘာမ်ားၿခိမ္းေျခာက္နိုင္မွာမို႔လို႔လဲ” လို႔ Qiao က ေျပာပါတယ္။ ဒီဘက္ႏွစ္ကာလေတြမွာ အေမရိကန္ဟာ သိပၸံ၊ နည္းပညာ၊ အင္ဂ်င္နီယာ နဲ႔ သခ်ၤာဘြဲ႕ရ တ႐ုတ္နိုင္ငံသားေတြကို သူတို႔နိုင္ငံတြင္းေနထိုင္ၿပီး အလုပ္လုပ္ကိုင္ေစဖို႔ ခက္ခဲတဲ့ မူဝါဒေတြကို ခ်မွတ္ခဲ့ကာ ဗီဇာခြင့္ျပဳမႈကို ကန႔္သတ္ခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ေမလအတြင္းကလည္း တ႐ုတ္စစ္တပ္နဲ႔ပတ္သက္တယ္လို႔ သံသယရွိတဲ့ တ႐ုတ္ေက်ာင္းသားနဲ႔ သုေတသီတစ္ေထာင္ေက်ာ္ကို ဗီဇာျပန္လည္႐ုတ္သိမ္းခဲ့ပါတယ္။
therivernews