ၾကားသိရသမွ်

စာသေချာမဖတ်ပဲ လိုင်းပေါ်ကနေ မှာယူခဲ့ရာ ပစ္စည်းရောက်လာချိန်မှ အံ့သြတကြီးဖြစ်ခဲ့ရတဲ့ ကောင်လေး

စာသေချာမဖတ်ပဲ လိုင်းပေါ်ကနေ မှာယူခဲ့ရာ ပစ္စည်းရောက်လာချိန်မှ အံ့သြတကြီးဖြစ်ခဲ့ရတဲ့ ကောင်လေး

ယနေ့ခေတ်တွင် လူသားတို့သည် မိုဘိုင်းဖုန်းအား အသုံးပြုပြီး လိုင်းပေါ်က ပစ္စည်း ကြော်ငြာများတွေ့ပါက လိုချင်သောစိတ်တစ်ခုတည်းနှင့် မှာယူဝယ်ကြ၍ အမျိုးမျိုးသော ဒုက္ခများကြုံရတတ်သည်။

အချို့သော အွန်လိုင်းဈေးများမှာလည်း ဂျင်းထည့်တတ်၍ သေချာစုံစမ်းပြီးမှ ဝယ်ယူမှသာ အကောင်းဆုံးဖြစ်ပါသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံတွင် နေထိုင်သော ကောင်လေးတစ်ဦးသည်လည်း အွန်လိုင်းပေါ်မှ ဈေးဝယ်သော အတွေ့အကြုံလေးအား လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

ဤသည်မှာ ထိုင်းကောင်လေးသည် i phone အား ဝယ်လို၍ လိုင်းပေါ်ရှိ ဈေးရောင်းစင်တာတစ်ခုကနေ မှာယူခဲ့ပြီး ..၂ရက် ၃ရက်နေလျှင် ပစ္စည်းပို့လိုက်မည်ဆို၍ ရင်ခုန်စွာ စောင့်နေခဲ့သည်။

ကောင်လေး မျှော်လင့်ထားသည့်အတိုင်း နောက်ရက်တွင်deliverသမားမှအထုပ်ကြီးနှင့်အတူရောက်ချလာခဲ့ရာကြီးမားသောအထုပ်ဖြစ်နေ၍ ပစ္စည်းလက်ခံပြီးကြောင်း လက်မှတ်ထိုးပြီးနောက် ..အလျင်အမြန်ပဲ စိတ်လှုပ်ရှားစွာဖြင့် ဖောက်ကြည့်လိုက်သည်..။

သူတွေ့လိုက်သည်မှာ ဆက်သွယ်လို့ရသည့် i phone မဟုတ်ပဲ Apple တံဆိပ် ကုမ္ပဏီမှ ထုတ်လုပ်လိုက်သော i phone ပုံစံ စားပွဲခုံသာ ဖြစ်နေကြောင်း သိလိုက်ရသည်။

ထိုအချိန်မှာပဲ ကောင်လေးတစ်ယောက် ရယ်ရမလို ငိုရမလိုနှင့် အံ့သြမှုတွေနှင့်အတူ i phone မှာယူစဉ်က ပစ္စည်းနှင့် ပက်သက်သော အချက်အလက်များကို သေချာမဖတ်ခဲ့လိုက်မိသည်ကို သတိရပြီး နောင်တရခဲ့သည်။ဒါကြောင့်အွန်လိုင်းကမှာမယ်ဆို သေချာမေးပီးမှ မှာကြပါလို့အကြံပြုပါတယ်။