ေတာ္လွန္ေရးအင္အားစုမ်ားက စစ္ေကာင္စီက်င္းပမည့္ သၾကၤန္ပြဲကို မပါဝင္ၾကရန္ ေမတၱာရပ္ခံထားေသာ္လည္း ရမည္းသင္းၿမိဳ႕နယ္ ထူးအပန္းေျဖစခန္း၌ ျပဳလုပ္မည့္ သၾကၤန္ပြဲတြင္ ပါဝင္သီဆိုေဖ်ာ္ေျဖမည့္ အႏုပညာရွင္မ်ားကို ပရိသတ္မ်ားက ေဝဖန္ေနသည္
ယင္းသၾကၤန္ပြဲတြင္ ပါဝင္ေဖ်ာ္ေျဖမည့္ သာဒီးလူက ဒီအခ်ိန္မွာ သၾကၤန္ကို ပါဝင္ဆင္ႏႊဲျခင္း၊ မဆင္ႏႊဲျခင္းက ကိုယ့္ဦးေႏွာက္နဲ႔ ကိုသာ ဆုံးျဖတ္ၾကပါ
ကၽြန္ေတာ္ကေတာ့ ရမည္းသင္းၿမိဳ႕မွာရွိတဲ့ ထူး အပန္းေျဖစခန္းမွာ ဒီလူေတြနဲ႔ ဒီႏွစ္သၾကၤန္ တစ္တြင္းလုံး ရွိေနပါမယ္ ဟု ဧၿပီ ၅ ရက္တြင္ေရးသားခဲ့ျခင္းျဖစ္သည္
ယင္းကဲ့သို႔ ေရးသားထားမႈအေပၚ ပရိသတ္မ်ားက ေဝဖန္ခဲ့ၿပီး Civil Guerrilla Force-YGN ကလည္း သာဒီးလူ ၏ လုပ္ရပ္ အေပၚ ဆန႔္က်င္ေၾကာင္းေရးသားထားသည္
မိမိကိုယ္တိုင္ လွိုင္သာယာသားျဖစ္သည့္တိုင္ အသက္ ေပါင္းရာ ေက်ာ္ဆုံ းရႈံးခဲ့ရေသာ လွိုင္သာယာၿမိဳ႕အား အေလးမထားျခင္း၊ မထီမဲ့ျမင္ျပဳလုပ္ျခင္း
စစ္ေဘးဒဏ္ခံ၊ ဒုကၡခံေနရသူမ်ား၏ အသက္၊ဘဝမ်ားကို ငဲ့ကြက္ စဥ္းစားေပးျခင္း မျပဳပဲ စစ္ေကာင္စီ အလိုက် သၾကၤန္ပြဲေတာ္တြင္ ပါဝင္ပတ္သက္ျခင္း
ေထာက္ျပေျပာဆိုေသာ သူမ်ားအား မထီမဲ့ျမင္ျပဳလုပ္ျခင္း အက်ဥ္းခ်ခံအႏုပညာသမားမ်ား၊ ေတာထဲေရာက္ အိုးပစ္အိမ္ပစ္ အႏုပညာသမားမ်ားအား ကိုယ္ခ်င္းစာမႈ
မရွိျခင္းတို႔ေၾကာင့္ အဆိုေတာ္ သာဒီးလူ ၏ လုပ္ရပ္မ်ားအား ကၽြန္ေတာ္တို႔ CGF-YGN မွ ျပင္းျပင္းထန္ထန္ ရႈတ္ ခ်သည္ ဟု ေၾကညာခ်က္ထုတ္ျပန္သည္
သာဒီးလူသည္ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ျပည္သူအမ်ားအျပားအား that ျဖတ္ၿပီး အႏုပညာရွင္မ်ားအပါအဝင္ ေထာင္ႏွင့္ခ်ီေသာ ျပည္သူမ်ားအား မတရားဖမ္းဆီး အက်ဥ္းက်ခံေနရခ်ိန္တြင္ အျခားေသာ အႏုပညာရွင္မ်ားအား ေဖေဖာ္ဝါရီ ၂၇ရက္က ေအာက္ပါအတိုင္းေရးသား သတိေပးခဲ့သည္
ဒီလိုအခ်ိန္ကာလႀကီးမွာ တခ်ိဳ႕အလုပ္ေတြ ျပန္စၾကတာလည္း စတာေပါ့ေလ၊ ကၽြန္ေတာ္ကိုယ္တိုင္လည္း လုပ္လို႔ရတဲ့ အေနထားကေန အလုပ္ေတြျပန္ႀကိဳးစားေနပါတယ္
ဒါေပမယ့္ ယုံၾကည္ခ်က္နဲ႔ ေရွ႕ဆက္ေနၾကတဲ့ အျခားေသာ အႏုပညာ ညီကို ေမာင္ႏွမ ေတြကိုလည္း ေလးစားသမႈ႔ေလးနဲ႔ မ်က္စိ စပါးေမႊး စူးေအာင္ေတာ့ သိပ္မလုပ္မိၾကပါေစနဲ႔ ဟု ေရးသားထား သည္
သို႔ေသာ္ ၎က အထက္ပါစာသားကို Media မ်ား ကူးယူ ေဖာ္ျပျခင္းမျပဳဟု ထပ္မံေရးသား ထားေသာ္လည္း မူလက အသိေပးေဖာ္ျပထားသည့္ အေၾကာင္းအရာႏွင့္
လက္ရွိ ၎လုပ္ေဆာင္ထားသည့္ အရာႏွင့္ ကိုက္ညီမႈမရွိသည္ကို ပရိတ္သက္မ်ားက ေထာက္ျပေဝဖန္ေနျခင္းေၾကာင့္ စာဖတ္ပရိတ္သတ္မ်ား နားလည္မႈရွိေစရန္ ထည့္သြင္းေဖာ္ျပျခင္းျဖစ္ပါသည္
ယင္းပြဲ၌ သာဒီးလူႏွင့္အတူ ထူးအယ္လင္း ၊ဝန ၊အစၥဏီ စသည့္ အႏုပညာရွင္မ်ားလည္းပါဝင္မည္ျဖစ္ကာသၾကၤန္ကာလတစ္ေလၽွာက္လုံး ေဖ်ာ္ေျဖေပးမည္ဟု ေၾကညာထားသည္
ေဝဖန္ခံရသည့္ ပို႔စ္ကို သာဒီးလူက ဧၿပီ ၇ရက္တြင္ ဖယ္ရွားခဲ့သည္ ေဝဖန္မႈမ်ားႏွင့္ပတ္သက္၍ အဆိုေတာ္ထူးအယ္လင္းက ယင္းသၾကၤန္ပြဲသည္ စစ္ေကာင္စီ ႏွင့္ မသက္ဆိုင္သလို
ပါတီမ်ားႏွင့္သက္ဆိုင္သည့္ပြဲမဟုတ္ေၾကာင္း ျပန္လည္ေျဖရွင္းထားၿပီး ေဝဖန္မႈမ်ားရွိေသာ္လည္း သၾကၤန္ကာလတစ္ေလၽွာက္လုံး ယင္းပြဲ၌ ရွိမည္ဟု Live လႊင့္ေျပာၾကားထားသည္
ပြဲႏွင့္ပတ္သက္၍ ေဝဖန္မႈမ်ားထြက္ေပၚလာခ်ိန္၌ ယင္းပြဲကို လက္မခံထားေၾကာင္းႏွင့္ ဖြင့္ပြဲေန႔တြင္ ေမတၱာျဖင့္သီဆိုေပးရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း မိုးမိုးကျပန္လည္ေျဖရွင္းထားသည္ Crd- လူထုေႏြဦး
တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကျင်းပမည့် သင်္ကြန်ပွဲကို မပါဝင်ကြရန် မေတ္တာရပ်ခံထားသော်လည်း ရမည်းသင်းမြို့နယ် ထူးအပန်းဖြေစခန်း၌ ပြုလုပ်မည့် သင်္ကြန်ပွဲတွင် ပါဝင်သီဆိုဖျော်ဖြေမည့် အနုပညာရှင်များကို ပရိသတ်များက ဝေဖန်နေသည်
ယင်းသင်္ကြန်ပွဲတွင် ပါဝင်ဖျော်ဖြေမည့် သာဒီးလူက ဒီအချိန်မှာ သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်း၊ မဆင်နွှဲခြင်းက ကိုယ့်ဦးနှောက်နဲ့ ကိုသာ ဆုံးဖြတ်ကြပါ
ကျွန်တော်ကတော့ ရမည်းသင်းမြို့မှာရှိတဲ့ ထူး အပန်းဖြေစခန်းမှာ ဒီလူတွေနဲ့ ဒီနှစ်သင်္ကြန် တစ်တွင်းလုံး ရှိနေပါမယ် ဟု ဧပြီ ၅ ရက်တွင်ရေးသားခဲ့ခြင်းဖြစ်သည်
ယင်းကဲ့သို့ ရေးသားထားမှုအပေါ် ပရိသတ်များက ဝေဖန်ခဲ့ပြီး Civil Guerrilla Force-YGN ကလည်း သာဒီးလူ ၏ လုပ်ရပ် အပေါ် ဆန့်ကျင်ကြောင်းရေးသားထားသည်
မိမိကိုယ်တိုင် လှိုင်သာယာသားဖြစ်သည့်တိုင် အသက် ပေါင်းရာ ကျော်ဆုံ းရှုံးခဲ့ရသော လှိုင်သာယာမြို့အား အလေးမထားခြင်း၊ မထီမဲ့မြင်ပြုလုပ်ခြင်း
စစ်ဘေးဒဏ်ခံ၊ ဒုက္ခခံနေရသူများ၏ အသက်၊ဘဝများကို ငဲ့ကွက် စဉ်းစားပေးခြင်း မပြုပဲ စစ်ကောင်စီ အလိုကျ သင်္ကြန်ပွဲတော်တွင် ပါဝင်ပတ်သက်ခြင်း
ထောက်ပြပြောဆိုသော သူများအား မထီမဲ့မြင်ပြုလုပ်ခြင်း အကျဉ်းချခံအနုပညာသမားများ၊ တောထဲရောက် အိုးပစ်အိမ်ပစ် အနုပညာသမားများအား ကိုယ်ချင်းစာမှု
မရှိခြင်းတို့ကြောင့် အဆိုတော် သာဒီးလူ ၏ လုပ်ရပ်များအား ကျွန်တော်တို့ CGF-YGN မှ ပြင်းပြင်းထန်ထန် ရှုတ် ချသည် ဟု ကြေညာချက်ထုတ်ပြန်သည်
သာဒီးလူသည် စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်သူအများအပြားအား that ဖြတ်ပြီး အနုပညာရှင်များအပါအဝင် ထောင်နှင့်ချီသော ပြည်သူများအား မတရားဖမ်းဆီး အကျဉ်းကျခံနေရချိန်တွင် အခြားသော အနုပညာရှင်များအား ဖေဖော်ဝါရီ ၂ရရက်က အောက်ပါအတိုင်းရေးသား သတိပေးခဲ့သည်
ဒီလိုအချိန်ကာလကြီးမှာ တချို့အလုပ်တွေ ပြန်စကြတာလည်း စတာပေါ့လေ၊ ကျွန်တော်ကိုယ်တိုင်လည်း လုပ်လို့ရတဲ့ အနေထားကနေ အလုပ်တွေပြန်ကြိုးစားနေပါတယ်
ဒါပေမယ့် ယုံကြည်ချက်နဲ့ ရှေ့ဆက်နေကြတဲ့ အခြားသော အနုပညာ ညီကို မောင်နှမ တွေကိုလည်း လေးစားသမှု့လေးနဲ့ မျက်စိ စပါးမွှေး စူးအောင်တော့ သိပ်မလုပ်မိကြပါစေနဲ့ ဟု ရေးသားထား သည်
သို့သော် ၎င်းက အထက်ပါစာသားကို Media များ ကူးယူ ဖော်ပြခြင်းမပြုဟု ထပ်မံရေးသား ထားသော်လည်း မူလက အသိပေးဖော်ပြထားသည့် အကြောင်းအရာနှင့်
လက်ရှိ ၎င်းလုပ်ဆောင်ထားသည့် အရာနှင့် ကိုက်ညီမှုမရှိသည်ကို ပရိတ်သက်များက ထောက်ပြဝေဖန်နေခြင်းကြောင့် စာဖတ်ပရိတ်သတ်များ နားလည်မှုရှိစေရန် ထည့်သွင်းဖော်ပြခြင်းဖြစ်ပါသည်
ယင်းပွဲ၌ သာဒီးလူနှင့်အတူ ထူးအယ်လင်း ၊ဝန ၊အစ္စဏီ စသည့် အနုပညာရှင်များလည်းပါဝင်မည်ဖြစ်ကာသင်္ကြန်ကာလတစ်လျှောက်လုံး ဖျော်ဖြေပေးမည်ဟု ကြေညာထားသည်
ဝေဖန်ခံရသည့် ပို့စ်ကို သာဒီးလူက ဧပြီ ရရက်တွင် ဖယ်ရှားခဲ့သည် ဝေဖန်မှုများနှင့်ပတ်သက်၍ အဆိုတော်ထူးအယ်လင်းက ယင်းသင်္ကြန်ပွဲသည် စစ်ကောင်စီ နှင့် မသက်ဆိုင်သလို
ပါတီများနှင့်သက်ဆိုင်သည့်ပွဲမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းထားပြီး ဝေဖန်မှုများရှိသော်လည်း သင်္ကြန်ကာလတစ်လျှောက်လုံး ယင်းပွဲ၌ ရှိမည်ဟု Live လွှင့်ပြောကြားထားသည်
ပွဲနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်လာချိန်၌ ယင်းပွဲကို လက်မခံထားကြောင်းနှင့် ဖွင့်ပွဲနေ့တွင် မေတ္တာဖြင့်သီဆိုပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မိုးမိုးကပြန်လည်ဖြေရှင်းထားသည် Crd- လူထုနွေဦး



