ဗုဒၶဟူးႏွင့္ရာဟု သားသမီးမ်ား အတြက္ ၁၃၈၄ ခုႏွစ္ အတြင္း တစ္ႏွစ္စာေဟာစာတမ္း
စီးပြားေရးႏွင့္အလုပ္အကိုင္
အလုပ္နဲ႔ပတ္သက္ၿပီး ေရရွည္အက်ိဳးရွိေသာလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇုပ္ႏွံမိမည္။ အလုပ္ကိုင္မွန္သမၽွေအာင္ျမင္နိုင္ေသာေၾကာင့္ ဇြဲရွိရွိျဖင့္သာ ေဆာင္ရြက္ပါ ေအာင္ျမင္ပါမည္။ေငြရွာရလြယ္သလို၊ ေငြထြက္ကလည္း ၾကမ္းပါလိမ့္မည္။ လႉျခင္းအားျဖင့္ ေငြဝင္မျပတ္ပဲ ေငြအဖတ္တင္လိမ့္မည္။ ေမတၱာထား၍ လုပ္ကိုင္ေလ ေငြေၾကးစိးပြားအလုပ္အကိုင္ တိုးတက္ေလျဖစ္ပါလိမ့္မည္။
အကူအညီႏွင့္အေထာက္အပံ့
ဆင္ျခင္တုံတရားႏွင္ေဆာင္ရြက္တတ္သူျဖစ္ပါက အားကိုးတႀကီးတိုင္ပင္သူမ်ား မ်ားလာလိမ့္မည္။ ကူညီေျဖရွင္းေပးပါ။ နိုင္ငံေရးတြင္ နာမည္ေကာင္းရမည္။ ဂုဏ္သိကၡာတိုးတက္လာၿပီး ခ်စ္ခင္သူ ေပါမ်ားလာပါလိမ့္မည္။ သားသမီးတို႔၏ အက်ိဳးကို ခံစားရမည္။ ညီကိုေမာင္ႏွမေၾကာင့္ စိတ္ဒုကၡမ်ားမည္။ ဖခင္နဲ႔ပတ္သက္ၿပီး စိတ္ပူပင္ရမည္။
ပညာေရးႏွင့္ဘာသာေရး
ပညာေရးေကာင္းပါသည္။ နည္းပညာသစ္မ်ားကို သင္ယူရလိမ့္မည္။ သင္ယူရေသာပညာရပ္မ်ားသည္ ေနာင္ ၅ ႏွစ္အတြင္း ဘဝတြင္အေရးပါလာမည့္ ပညာရပ္မ်ားျဖစ္လာပါမည္။
စိတ္ပိုင္းဆိုင္ရာ
စိတ္ၾကည္လင္ရႊင္ပ်ေနလၽွင္ စီးပြားကံပိုေကာင္းပါလိမ့္မည္။ စိတ္တိုေဒါသထြက္လာလၽွင္ စကားေျပာျခင္း၊ ဆုံးျဖတ္ျခင္း မျပဳပါႏွင့္ ေဒါသစိတ္ေၾကာင့္ မွားတတ္ပါသည္။
စိတ္တည္ၿငိမ္မႈ ရွိေလပိုၿပီး ေအာင္ျမင္ထြန္းေပါက္ေလျဖစ္ပါလိမ့္မယ္။
က်န္းမာေရး
ရင္ၾကပ္၊ ပန္းနာေရာဂါ အပူေလာင္ျခင္း၊ ေလးဘက္နာ၊ ႏွလုံး ေရာဂါမ်ားေပၚလာနိုင္ပါတယ္။ ႏွလုံးႏွင့္ပတ္သက္ၿပီး ေဝဒနာေရာဂါေပၚပါက မေပါ့ဆပါႏွင့္ ေသခ်ာကုသမႈ ခံယူပါ။
ဆင္ျခင္ရန္
ေဒါသစိတ္ကို ထိန္းသိမ္းေပးပါ။ ဖခင္ႏွင့္ မိခင္ကို ေန႔စဥ္ ရွိခိုးကန္ေတာ့ေပးပါ။
ဆင္းရဲသားမ်ား၏ လိုအပ္ခ်က္ ကူညီလိုသူမ်ားအား ကူညီျခင္းအားျဖင့္ ဘဝတိုးတက္မႈ ပိုေကာင္းေလျဖစ္ပါမယ္။
ယၾတာ
လာမဲ့ျမန္မာ ႏွစ္ဆန္းတစ္ရက္ေန႔ နံနက္ ၉နာရီ ၁၈ မိနစ္မွာ အဝါေရာင္ဝတ္ဆင္ၿပီး အိမ္က ဘုရားတြင္ မုန႔္လုံး ၉ လုံး ကပ္လႉေပးပါ။
(၁)တစ္ႏွစ္လုံး ေဘးကင္းလိုရာျပည့္ေစဖို႔ကေတာ့ ဂုဏ္ေတာ္ကြန္ခ်ာကို ၃ ေခါက္နဲ႔ နဲ႔ေမတၱာသုတ္ ၃ ေခါက္ကို ေန႔စဥ္ရြတ္ဖတ္ေပးပါ။
(၂)ေန႔စဥ္ ေရလႉဒန္းေပးပါ။ အမ်ားအတြက္ ေရကို ေန႔စဥ္ လႉဒါန္းေပးပါ။
အမ်ားအတြက္ မၾကာခဏ လမ္းျပင္ေပးပါ။မိုးတြင္းတြင္ ေရစီးေရလာေကာင္းေအာင္ ျပဳျပင္ေပးပါ။ ေရစီးတိုင္း ေငြေတြ စီးဝင္လာပါလိမ့္မယ္။
(၃) သီလ ၃ပါး ကို ေန႔စဥ္ ထိန္းသိမ္းေပးပါ။
မနက္ျဖန္မွာ ၾကာသပေတးသား၊သမီးအတြက္ ေဟာစာတမ္းေရးေပးပါ့မယ္ေနာ္။
ေမတၱာျဖင့္
ကၽြန္မရဲ့ ပညာ၊အခ်ိန္နဲ႔ ေမတၱာကိုေပးေဝပါတယ္။❤️❤️❤️
ကၽြန္မပို႔သေသာေမတၱာမ်ားရရွိ၍ ေဘးကင္းလိုရာျပည့္ၾကပါေစ။
အမ်ားအတြက္ နိုင္ရာဝန္ကို ကူမၽွ၍ ထမ္းေပးၾကပါေနာ္။
unicode
ဗုဒ္ဓဟူးနှင့်ရာဟု သားသမီးများ အတွက် ၁၃၈၄ ခုနှစ် အတွင်း တစ်နှစ်စာဟောစာတမ်း
စီးပွားရေးနှင့်အလုပ်အကိုင်
အလုပ်နဲ့ပတ်သက်ပြီး ရေရှည်အကျိုးရှိသောလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမိမည်။ အလုပ်ကိုင်မှန်သမျှအောင်မြင်နိုင်သောကြောင့် ဇွဲရှိရှိဖြင့်သာ ဆောင်ရွက်ပါ အောင်မြင်ပါမည်။ငွေရှာရလွယ်သလို၊ ငွေထွက်ကလည်း ကြမ်းပါလိမ့်မည်။ လှူခြင်းအားဖြင့် ငွေဝင်မပြတ်ပဲ ငွေအဖတ်တင်လိမ့်မည်။ မေတ္တာထား၍ လုပ်ကိုင်လေ ငွေကြေးစိးပွားအလုပ်အကိုင် တိုးတက်လေဖြစ်ပါလိမ့်မည်။
အကူအညီနှင့်အထောက်အပံ့
ဆင်ခြင်တုံတရားနှင်ဆောင်ရွက်တတ်သူဖြစ်ပါက အားကိုးတကြီးတိုင်ပင်သူများ များလာလိမ့်မည်။ ကူညီဖြေရှင်းပေးပါ။ နိုင်ငံရေးတွင် နာမည်ကောင်းရမည်။ ဂုဏ်သိက္ခာတိုးတက်လာပြီး ချစ်ခင်သူ ပေါများလာပါလိမ့်မည်။ သားသမီးတို့၏ အကျိုးကို ခံစားရမည်။ ညီကိုမောင်နှမကြောင့် စိတ်ဒုက္ခများမည်။ ဖခင်နဲ့ပတ်သက်ပြီး စိတ်ပူပင်ရမည်။
ပညာရေးနှင့်ဘာသာရေး
ပညာရေးကောင်းပါသည်။ နည်းပညာသစ်များကို သင်ယူရလိမ့်မည်။ သင်ယူရသောပညာရပ်များသည် နောင် ၅ နှစ်အတွင်း ဘဝတွင်အရေးပါလာမည့် ပညာရပ်များဖြစ်လာပါမည်။
စိတ်ပိုင်းဆိုင်ရာ
စိတ်ကြည်လင်ရွှင်ပျနေလျှင် စီးပွားကံပိုကောင်းပါလိမ့်မည်။ စိတ်တိုဒေါသထွက်လာလျှင် စကားပြောခြင်း၊ ဆုံးဖြတ်ခြင်း မပြုပါနှင့် ဒေါသစိတ်ကြောင့် မှားတတ်ပါသည်။
စိတ်တည်ငြိမ်မှု ရှိလေပိုပြီး အောင်မြင်ထွန်းပေါက်လေဖြစ်ပါလိမ့်မယ်။
ကျန်းမာရေး
ရင်ကြပ်၊ ပန်းနာရောဂါ အပူလောင်ခြင်း၊ လေးဘက်နာ၊ နှလုံး ရောဂါများပေါ်လာနိုင်ပါတယ်။ နှလုံးနှင့်ပတ်သက်ပြီး ဝေဒနာရောဂါပေါ်ပါက မပေါ့ဆပါနှင့် သေချာကုသမှု ခံယူပါ။
ဆင်ခြင်ရန်
ဒေါသစိတ်ကို ထိန်းသိမ်းပေးပါ။ ဖခင်နှင့် မိခင်ကို နေ့စဉ် ရှိခိုးကန်တော့ပေးပါ။
ဆင်းရဲသားများ၏ လိုအပ်ချက် ကူညီလိုသူများအား ကူညီခြင်းအားဖြင့် ဘဝတိုးတက်မှု ပိုကောင်းလေဖြစ်ပါမယ်။
ယတြာ
လာမဲ့မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နံနက် ၉နာရီ ၁၈ မိနစ်မှာ အဝါရောင်ဝတ်ဆင်ပြီး အိမ်က ဘုရားတွင် မုန့်လုံး ၉ လုံး ကပ်လှူပေးပါ။
(၁)တစ်နှစ်လုံး ဘေးကင်းလိုရာပြည့်စေဖို့ကတော့ ဂုဏ်တော်ကွန်ချာကို ၃ ခေါက်နဲ့ နဲ့မေတ္တာသုတ် ၃ ခေါက်ကို နေ့စဉ်ရွတ်ဖတ်ပေးပါ။
(၂)နေ့စဉ် ရေလှူဒန်းပေးပါ။ အများအတွက် ရေကို နေ့စဉ် လှူဒါန်းပေးပါ။
အများအတွက် မကြာခဏ လမ်းပြင်ပေးပါ။မိုးတွင်းတွင် ရေစီးရေလာကောင်းအောင် ပြုပြင်ပေးပါ။ ရေစီးတိုင်း ငွေတွေ စီးဝင်လာပါလိမ့်မယ်။
(၃) သီလ ၃ပါး ကို နေ့စဉ် ထိန်းသိမ်းပေးပါ။
မနက်ဖြန်မှာ ကြာသပတေးသား၊သမီးအတွက် ဟောစာတမ်းရေးပေးပါ့မယ်နော်။
မေတ္တာဖြင့်
ကျွန်မရဲ့ ပညာ၊အချိန်နဲ့ မေတ္တာကိုပေးဝေပါတယ်။❤️❤️❤️
ကျွန်မပို့သသောမေတ္တာများရရှိ၍ ဘေးကင်းလိုရာပြည့်ကြပါစေ။
အများအတွက် နိုင်ရာဝန်ကို ကူမျှ၍ ထမ်းပေးကြပါနော်။



