၁၄ ႏွစ္အရြယ္ မိန္းကေလးက ၁၆ ႏွစ္အရြယ္ ရည္းစားျဖစ္သူနဲ႔ ပူးေပါင္းၿပီး မိခင္နဲ႔ အစ္ကိုအရင္းကိုသတ္ျဖတ္
ဘန္ေကာက္၊ ဧၿပီ ၈
ထိုင္းနိုင္ငံအလယ္ပိုင္း၊ စမြတ္ပရကန္ခရိုင္၊ ဘန္ဖရီၿမိဳ႕မွာ ဧၿပီ ၇ ရက္ မေန႔ညက ၁၄ ႏွစ္အရြယ္ မိန္းကေလးက ၁၆ ႏွစ္အရြယ္ ရည္းစားနဲ႔အတူ ပူးေပါင္းႀကံစည္ၿပီး မိခင္အရင္းနဲ႔ အစ္ကိုရင္းတို႔ကို ဓားထိုးသတ္ျဖတ္မႈ ျဖစ္ပြားခဲ့ပါတယ္။
မေန႔ည ၁၁ နာရီက ဘန္ဖရီၿမိဳ႕ သက္သာေခ်ာင္ခ်ိေရးအိမ္ရာ တိုက္ခန္းတစ္ခုမွာ လူသတ္မႈျဖစ္ပြားေၾကာင္း တိုင္တန္းခ်က္ရတဲ့အတြက္ လူနာတင္ယာဥ္၊
ဆရာဝန္နဲ႔အတူ အခ်င္းျဖစ္တဲ့ေနရာကို သြားေရာက္စစ္ေဆးခဲ့တယ္လို႔ ဘန္ဖရီနယ္ေၿမ တာဝန္က်ရဲက သတင္းေထာက္ေတြကို ေျပာပါတယ္။
တာဝန္ရွိသူေတြ ေရာက္သြားခ်ိန္ အခန္းအျပင္ဘက္မွာ အသက္ ၂၃ ႏွစ္ရြယ္ လူငယ္တစ္ဦး လည္ပင္း၊ ပခုံးနဲ႔ မ်က္ႏွာေတြမွာ ဓားဒဏ္ရာေတြ ရထားတာေၾကာင့္
ေဆး႐ုံကို အျမန္ဆုံး ပို႔ေဆာင္ေပးခဲ့ေၾကာင္း၊ အိမ္ခန္းထဲမွာလည္း ေသြးအိုင္ထဲ လဲက်ေနတဲ့ အသက္ ၅၃ ႏွစ္အရြယ္ အမ်ိဳးသမီး တစစ္ဦးကို ေတြ႕ၿပီး
ေရွးဦးသူနာျပဳစုနည္းနဲ႔ အသက္ရႉေအာင္ ေဆာင္ရြက္ေပမယ့္ မရေတာ့ဘဲ သူနာျပဳေတြလက္ထဲမွာပဲ ေသဆုံးသြားတယ္လို႔ ဆိုပါတယ္။
အမ်ိဳးသမီးမွာ ပါးတဖက္တစ္ခ်က္၊ လည္ပင္းနဲ႔ ရင္ညြန႔္ေတြမွာ ဓားထိုးရာ ၇ ခ်က္နဲ႔ ေသဆုံးတာျဖစ္ၿပီး အနီးနားမွာလည္း ၁၅ စင္တီမီတာခန႔္ ရွည္လ်ားၿပီး ေသြးစြန္းေနတဲ့ မီးဖိုေခ်ာင္သုံး ဓားတစ္ေခ်ာင္းကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။
အခန္းအျပင္ဘက္မွာ ၁၄ ႏွစ္အရြယ္ မိန္းကေလးနဲ႔ ၁၆ ႏွစ္အရြယ္ ေကာင္ကေလးတို႔ မလႈပ္မယွက္ ထိုင္ေနၾကၿပီး တာဝန္ရွိသူက ေမးျမန္းရာမွာ
၁၆ ႏွစ္ရြယ္ေကာင္ေလးက ရည္းစားျဖစ္သူရဲ့ ေစခိုင္းမႈေၾကာင့္ အဆိုပါသားအမိကို ဓားနဲ႔ထိုးသတ္ရတာလို႔ ဝန္ခံသြားပါတယ္။
မိန္းကေလးကလည္း ဓားထိုးခံရသူမွာ မိခင္နဲ႔ အစ္ကိုျဖစ္ေၾကာင္း၊ သူဟာ ရည္းစားထားတာ၊ ရည္းစားနဲ႔အတူ ေလၽွာက္လည္တာကို
မိခင္နဲ႔ အစ္ကိုက သေဘာမတူဘဲ အဆူခံရလို႔ စိတ္ဓာတ္က်ၿပီး အခုလို သတ္လိုက္တာလို႔ ဝန္ခံသြားပါတယ္။
သူတို႔ဟာ မိခင္ကိုသတ္ဖို႔ ဒီမတိုင္ခင္ကတည္းက ႀကံရြယ္ထားေၾကာင္း၊ မေန႔က ေကာင္ကေလးဟာ အခန္းထဲမွာ အရင္ပုန္းေနၿပီး
မိန္းကေလးက အခ်က္ျပလိုက္တာနဲ႔ မီးဖိုေခ်ာင္သုံးဓားနဲ႔ ဝင္ထိုးခဲ့ေၾကာင္း၊ ေနာက္တစ္ခန္းမွာ အိပ္ေနတဲ့ အစ္ကိုက မိခင္အသံၾကားလို႔ ဝင္လာရာမွာ
သူ႔ကိုပါ ဓားနဲ႔ထိုးလို႔ အျပင္ဘက္ ျပန္ထြက္ေျပးၿပီး ေဘးပတ္ဝန္းက်င္ကို ေအာ္ဟစ္ အကူအညီေတာင္းခဲ့တာလို႔ ဆိုပါတယ္။
လူသတ္မႈက်ဴးလြန္တဲ့ ေကာင္ေလးနဲ႔ ေကာင္မေလးကေတာ့ သူတို႔ခ်စ္ျခင္းကိုခြဲလို႔ အခုလို လုပ္ရေၾကာင္း၊ ျပစ္ဒဏ္ခံယူၿပီး ေထာင္ကထြက္လာရင္ ႏွစ္ေယာက္သား အတူေနၾကမယ္လို႔ ေျပာပါတယ္။
တာဝန္ရွိသူေတြက သူတို႔ႏွစ္ေယာက္လုံးကို ဖမ္းေခၚသြားတဲ့အခ်ိန္မွာ အိမ္နီးနားခ်င္း ပတ္ဝန္းက်င္က လက္မခံနိုင္ဘဲ ေအာ္ဟစ္ဆဲဆို ဝိုင္းဝန္းရိုက္ႏွက္ၾကလို႔ ရဲေတြက ဝန္းရံၿပီး ကားေပၚ မနည္းတင္ခဲ့ရတယ္လို႔ ဆိုပါတယ္။
Mercury_Media
Mercury_International_News
ထိုင္း လူသတ္မႈ
unicode
၁၄ နှစ်အရွယ် မိန်းကလေးက ၁၆ နှစ်အရွယ် ရည်းစားဖြစ်သူနဲ့ ပူးပေါင်းပြီး မိခင်နဲ့ အစ်ကိုအရင်းကိုသတ်ဖြတ်
ဘန်ကောက်၊ ဧပြီ ၈
ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့မှာ ဧပြီ ၇ ရက် မနေ့ညက ၁၄ နှစ်အရွယ် မိန်းကလေးက ၁၆ နှစ်အရွယ် ရည်းစားနဲ့အတူ ပူးပေါင်းကြံစည်ပြီး မိခင်အရင်းနဲ့ အစ်ကိုရင်းတို့ကို ဓားထိုးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။
မနေ့ည ၁၁ နာရီက ဘန်ဖရီမြို့ သက်သာချောင်ချိရေးအိမ်ရာ တိုက်ခန်းတစ်ခုမှာ လူသတ်မှုဖြစ်ပွားကြောင်း တိုင်တန်းချက်ရတဲ့အတွက် လူနာတင်ယာဉ်၊
ဆရာဝန်နဲ့အတူ အချင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန်ဖရီနယ်မြေ တာဝန်ကျရဲက သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန် အခန်းအပြင်ဘက်မှာ အသက် ၂၃ နှစ်ရွယ် လူငယ်တစ်ဦး လည်ပင်း၊ ပခုံးနဲ့ မျက်နှာတွေမှာ ဓားဒဏ်ရာတွေ ရထားတာကြောင့်
ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြောင်း၊ အိမ်ခန်းထဲမှာလည်း သွေးအိုင်ထဲ လဲကျနေတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသမီး တစစ်ဦးကို တွေ့ပြီး
ရှေးဦးသူနာပြုစုနည်းနဲ့ အသက်ရှူအောင် ဆောင်ရွက်ပေမယ့် မရတော့ဘဲ သူနာပြုတွေလက်ထဲမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အမျိုးသမီးမှာ ပါးတဖက်တစ်ချက်၊ လည်ပင်းနဲ့ ရင်ညွန့်တွေမှာ ဓားထိုးရာ ၇ ချက်နဲ့ သေဆုံးတာဖြစ်ပြီး အနီးနားမှာလည်း ၁၅ စင်တီမီတာခန့် ရှည်လျားပြီး သွေးစွန်းနေတဲ့ မီးဖိုချောင်သုံး ဓားတစ်ချောင်းကို တွေ့ရတယ်လို့ ဆိုပါတယ်။
အခန်းအပြင်ဘက်မှာ ၁၄ နှစ်အရွယ် မိန်းကလေးနဲ့ ၁၆ နှစ်အရွယ် ကောင်ကလေးတို့ မလှုပ်မယှက် ထိုင်နေကြပြီး တာဝန်ရှိသူက မေးမြန်းရာမှာ
၁၆ နှစ်ရွယ်ကောင်လေးက ရည်းစားဖြစ်သူရဲ့ စေခိုင်းမှုကြောင့် အဆိုပါသားအမိကို ဓားနဲ့ထိုးသတ်ရတာလို့ ဝန်ခံသွားပါတယ်။
မိန်းကလေးကလည်း ဓားထိုးခံရသူမှာ မိခင်နဲ့ အစ်ကိုဖြစ်ကြောင်း၊ သူဟာ ရည်းစားထားတာ၊ ရည်းစားနဲ့အတူ လျှောက်လည်တာကို
မိခင်နဲ့ အစ်ကိုက သဘောမတူဘဲ အဆူခံရလို့ စိတ်ဓာတ်ကျပြီး အခုလို သတ်လိုက်တာလို့ ဝန်ခံသွားပါတယ်။
သူတို့ဟာ မိခင်ကိုသတ်ဖို့ ဒီမတိုင်ခင်ကတည်းက ကြံရွယ်ထားကြောင်း၊ မနေ့က ကောင်ကလေးဟာ အခန်းထဲမှာ အရင်ပုန်းနေပြီး
မိန်းကလေးက အချက်ပြလိုက်တာနဲ့ မီးဖိုချောင်သုံးဓားနဲ့ ဝင်ထိုးခဲ့ကြောင်း၊ နောက်တစ်ခန်းမှာ အိပ်နေတဲ့ အစ်ကိုက မိခင်အသံကြားလို့ ဝင်လာရာမှာ
သူ့ကိုပါ ဓားနဲ့ထိုးလို့ အပြင်ဘက် ပြန်ထွက်ပြေးပြီး ဘေးပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းခဲ့တာလို့ ဆိုပါတယ်။
လူသတ်မှုကျူးလွန်တဲ့ ကောင်လေးနဲ့ ကောင်မလေးကတော့ သူတို့ချစ်ခြင်းကိုခွဲလို့ အခုလို လုပ်ရကြောင်း၊ ပြစ်ဒဏ်ခံယူပြီး ထောင်ကထွက်လာရင် နှစ်ယောက်သား အတူနေကြမယ်လို့ ပြောပါတယ်။
တာဝန်ရှိသူတွေက သူတို့နှစ်ယောက်လုံးကို ဖမ်းခေါ်သွားတဲ့အချိန်မှာ အိမ်နီးနားချင်း ပတ်ဝန်းကျင်က လက်မခံနိုင်ဘဲ အော်ဟစ်ဆဲဆို ဝိုင်းဝန်းရိုက်နှက်ကြလို့ ရဲတွေက ဝန်းရံပြီး ကားပေါ် မနည်းတင်ခဲ့ရတယ်လို့ ဆိုပါတယ်။
Mercury_Media
Mercury_International_News
ထိုင်း လူသတ်မှု