အဖေတစ်ယောက်က သားကိုသင်ပေးတဲ့.. မိန်းမရွေးနည်း..တဲ့နော်..
မိန်းမ ဆိုတဲ့အမျိုးကမြေအိုးလိုပဲ…ငါ့သား အဖေတို့လို“ရေ”…ဆိုတဲ့ ယောင်္ကျ ားသာ မရှိရင်မှောက်ထားရုံသက်သက်အိုးအပြင်နှုတ်ခမ်းမှာပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ ။
သူတို့ကို လက်ထပ်ရတာကဆက်စပ်သမျှ အကြောင်းအကျိ ုးအကောင်းအဆိုးဒွန်တွဲရိုးရိုးလေး တွေးမယ်ဆို အိုးရွေးဝယ်ရ သလိုပဲပေါ့ကွယ် ။ အနယ်မနာ မီးမကျက်ကွဲ အက်လွယ်တဲ့အမျိ ုးကို စပ်စလူးအိုးလို့ ခေါ်သကွဲ့ဘယ်တော့မှ မဝယ်နဲ့နော် ။
မီးပေးနာထားလို့ဧည့်သည်လာတိုင်း အရှက်ခွဲမျက်နှာမည်းတဲ့အိုးမျိ ု းလျှေ ာ့ဈေးနဲ့ရောင်းတောင်မျက်စောင်းမထိုးမိစေနဲ့ကွဲ့ ။ရေဘယ်လောက် ဖျန်း ဖျန်းမကျေမချမ်းနဲ့အမြဲတမ်း ဆူဆူပူပူ နှုတ်ခမ်းထူတဲ့အိုးများဘယ်သူက အလကားပေး ပေးယူဖို့မတွေးလေနဲ့…သားရေ ။
အဖိုးနည်း ရင်အိုးကြဲပဲ ရမတဲ့အိုးရွေးမှန်မှလည်းအကျိ ု းပေးသန်မှာပဲ မဟုတ်လား ။အိုးကြီး အိုးသေးတစ်မျိးပြီး တစ်မျိးရွေးကြေးတိုးပေးဖို့အိုးဈေးတန်းကတော့သွေးတိုးစမ်းနေဦးမှာပဲ…သားရေ ။
အက်ကြောင်းတလျှောက်မိတ်ကပ်နဲ့ဖျောက်ထားတဲ့ပေါက်ပြီးသား အိုးတွေ……။မလှိမ့်တစ်ပတ်နဲ့စိမ့်တတ်တဲ့ အိုးတွေ ။လည်သိမ် အောက်ကားဆောင့်ကြွားကြွား အိုးတွေ ။
ကနုတ်များများရေးအရုပ်အသားပေး အိုးတွေ ။ ကန့်သတ်ချက် မရှိဘူးနှံ့စပ်အောင် လျှောက်ကြည့်ပတ်ပတ်လည် မြှောက်ကြည့်လက်နဲ့ ခေါက်ကြည့်“ဒေါက်”…လို့
အသံထွက်ရင်ပေါက်ထွက် မယ့်အိုး လို့မှတ် “ဒပ်”…လို့ ထွက်တဲ့အသံ လက်မခံပါလေနဲ့အက်သံပါနေသတဲ့ ကွယ်နားထဲမှာ ကြည်လင်“ဒေါင်”…လို့ မြည်ရင်တော့ပီပြင်တဲ့အိုး ရပဟေ့အဖိုးအခ ဈေးများလည်းအပြေးအလွှားဝယ်တလေးတစားသာ သယ်ခဲ့တော့ အဲဒါ တို့ဘိုးဘေးတွေ လက်ထက်ကတည်းက အိုးရွေးတဲ့အချက်ပဲ…ငါ့သား ။
ဈေးဝယ်ဆို မှတော့ဈေးလယ်ထိတော့ ရောက်အောင်သွားတန်း ထားတဲ့အိုးတွေ ရှိတယ်လမ်းသလားတဲ့ အိုးတွေ ရှိတယ်အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ်မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ် အဖိုးသားနား အနည်းအများအမျိးအစားလည်း ကွဲပြားတယ်
အိုးမမှားဖို့……ကြို းစားဖို့က အမျိးသားတိုင်း သဘောပေါက်ဟော တစ်ယောက်…ဟောတစယောက်နဲ့ အချိ းပြေ မပြေသိရေ အာင်အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ ။
မျှဝေခံစား_အညတြဘိက္ခုပုလော
credit= ရဲသူခ
Zawgyi
credit= ရဲသူခ