ဇန်နဝါရီ ၃၁ ရက်နေ့က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၁ ကျပ် တန်ဖိုးရှိပါတယ်
စက်တင်ဘာ ၂ ရက်နေ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၃၀ အထိ ပြင်ပ ပေါက်ဈေး ရှိပါတယ်။
ဆိုလိုတာက ၇ လအတွင်း သိန်း (၁၀၀) ပိုင်တဲ့သူဆိုရင် ဘာမှ မလုပ်ရပဲ ၃၇ သိန်းလောက် ဆုံးရှုံးသွားရတာပါ။ ဒါတောင် ဘဏ်ကနေ ငွေသားပြောင်းရတဲ့ ၆ ရာခိုင်နှုန်းလောက်သာ ထည့်တွက်မယ်ဆိုရင် ဒီထက်တောင် ဆုံးရှုံးမှု ပိုများပါသေးတယ်။
တကယ်တော့ ဒီဆုံးရှုံးမှုဖြစ်စဉ်မှာ သင်ဘာ အမှားမှ မလုပ်ခဲ့ပါဘူး။ သူ့ဘာသာ ဖြစ်သွားခဲ့တာပါ။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသူများ အတွက်ပါ။
ဗဟိုဘဏ် ဒုဥက္ကဌဦးဝင်းသော်က စက်တင်ဘာလဆန်းပိုင်းကစ ငွေများလိုသလောက်ထုတ်ယူနိုင်တော့မည်လို့ အင်တာဗျုးမှာဖြေတော့ တော်တော်များများကငွေထုတ်ဖို့တန့်နေကြတယ်။
ပါဆန့်တွေကျမယ် ပါဆန့်မပါဘဲ ထုတ်ခွင့်ရတော့မယ်လို့မျှော်လင့်နေကြတယ်၊ အပျော်လွန်ပြီး မေ့နေတာက ကုမ္ပဏီဆို သိန်း ၂၀၀၊ ကိုယ်ပိုင်အကောင့်ဆို သိန်း၂၀ သတ်မှတ်ချက်ကို ပြည့်အောင်ထုတ်ပေးဖို့ ကြိုးစားထားတဲ့သဘော ထည့်ပြောသွားတာကိုလျစ်လျူရှုထားကြတယ်။
အဲ့တော့ပါဆန့်စျေးကွက်ပျောက်မလားလို့ တွေးတောနေသူတွေအတွက် ပါဆန့်စျေးကွက်မပျောက်ကွယ်နိုင်သေးဘူး။ ဘာလို့ဆို ဘဏ်ဆိုတာ အပ်ငွေကိုယူတဖန်ပြန်ချေး ဒီ၂ခု ကြားထဲကကွာဟချက်အတိုးနှုန်းကိုယူပြီး အဓိကရပ်တည်နေတာမလို့အခြေအနေအရ ချေးငွေပြန်ဆပ်တာလျော့နည်းလာသလို အပ်ငွေကိုပါ လိုသလောက်ထုတ်ပေးခွင့်ပြုလိုက်မယ်ဆိုရင် ဘဏ်တွေအနေနဲ့ ရပ်တည်ဖို့တော်တော်ခက်သွားနိုင်တယ်။
အရင်ကရရှိခဲ့တဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ စျေးကွက်ဟာလည်း ဘဏ်တွေမှာမရှိတော့ဘူး ရောဂါနဲ့ အပြင်မထွက်ရအမိန့်တွေကြောင့် မှတ်ပုံတင်နဲ့ငွေလွှဲငွေထုတ်က အပြင်ဆိုင်သမားတွေဆီမှာ ပိုရောက်နေကြတယ်။
ဒီတော့ဘဏ်ရဲ့ထောက်တိုင်တွေကယိုင်နေတဲ့အချိန်မှာ အပ်ငွေသမားတွေကို လိုသလောက်စိတ်ကြိုက်သာ ထုတ်ခွင့်ပေးလိုက်မယ်ဆိုရင် ဘဏ်အနေနဲ့အခြားဝန်ဆောင်မှုများပင်ပေးဖို့အချိန်မရှိ ဖြစ်သွားနိုင်တယ်။
ဒါ့အပြင် ကိုဗစ်ဟာကမ္ဘာမြေက ပပျောက်သွားတဲ့ အခြေအနေမဟုတ်သေးတာကြောင့် ထုတ်ချင်ရင်တောင် ရက်အတော်ကြာ စောင့်ရတာမျိုးရှိနေနိုင်ပါသေးတယ်။ အဲ့တော့စိတ်ကြိုက်ထုတ်ခွင့်ရတော့မှာဆိုပြီး အကြားနဲ့ပျော်နေသူများ မပျော်ပါနဲ့ ။
ပါဆန့်စျေးကွက်ဟာ ပြည်သူမှပြည်သူသို့ သွားတဲ့စျေးကွက်ဖြစ်လို့ ဘဏ်ငွေတွေဟာပြည်သူတွေလက်ထဲမှာ စီးဆင်းနေရတာဖြစ်လို့ ဒီစျေးကွက်ဟာ လတ်တလော မပျောက်ကွယ်နိုင်သေးဘူး။
ပါဆန့်ကျမလားဆိုရင်တော့ ဝယ်လိုအားများရင်စျေးတက်ဆိုသလိုဘဲ ထုတ်သူများရင်တက်မှာဖြစ်ပြီး ထုတ်သူနည်းရင်တော့ကျမှာဖြစ်တယ်။
ဒီစျေးကွက်ဆက်လက်တည်ရှိဖို့ လိုလားသူတွေရှိနေတာကြောင့် ထွက်ရှိလာမယ့် ကောလဟလ အမှောင့်ပယောဂတွေပေါ်မူတည်ပြီး စျေးနှုန်းမှန်း၍ မရပါ။
အမြင်လေးတွေလည်း ရေးပြခဲ့ကြပါဦး…။
Credit
zawgyi
ဇန္နဝါရီ ၃၁ ရက္ေန႔က အေမရိကန္ ၁ ေဒၚလာကို ျမန္မာက်ပ္ေငြ ၁၃၃၁ က်ပ္ တန္ဖိုးရွိပါတယ္
စက္တင္ဘာ ၂ ရက္ေန႔ အေမရိကန္ ၁ ေဒၚလာကို ျမန္မာက်ပ္ေငြ ၁၈၃၀ အထိ ျပင္ပ ေပါက္ေဈး ရွိပါတယ္။
ဆိုလိုတာက ၇ လအတြင္း သိန္း (၁၀၀) ပိုင္တဲ့သူဆိုရင္ ဘာမွ မလုပ္ရပဲ ၃၇ သိန္းေလာက္ ဆုံးရႈံးသြားရတာပါ။ ဒါေတာင္ ဘဏ္ကေန ေငြသားေျပာင္းရတဲ့ ၆ ရာခိုင္ႏႈန္းေလာက္သာ ထည့္တြက္မယ္ဆိုရင္ ဒီထက္ေတာင္ ဆုံးရႈံးမႈ ပိုမ်ားပါေသးတယ္။
တကယ္ေတာ့ ဒီဆုံးရႈံးမႈျဖစ္စဥ္မွာ သင္ဘာ အမွားမွ မလုပ္ခဲ့ပါဘူး။ သူ႔ဘာသာ ျဖစ္သြားခဲ့တာပါ။ ဘယ္အစိုးရတက္တက္ ကိုယ္လုပ္မွ ကိုယ္စားရတာ ဆိုသူမ်ား အတြက္ပါ။
ဗဟိုဘဏ္ ဒုဥကၠဌဦးဝင္းေသာ္က စက္တင္ဘာလဆန္းပိုင္းကစ ေငြမ်ားလိုသေလာက္ထုတ္ယူႏိုင္ေတာ့မည္လို႔ အင္တာဗ်ဳးမွာေျဖေတာ့ ေတာ္ေတာ္မ်ားမ်ားကေငြထုတ္ဖို႔တန္႔ေနၾကတယ္။
ပါဆန္႔ေတြက်မယ္ ပါဆန္႔မပါဘဲ ထုတ္ခြင့္ရေတာ့မယ္လို႔ေမွ်ာ္လင့္ေနၾကတယ္၊ အေပ်ာ္လြန္ၿပီး ေမ့ေနတာက ကုမၸဏီဆို သိန္း ၂၀၀၊ ကိုယ္ပိုင္အေကာင့္ဆို သိန္း၂၀ သတ္မွတ္ခ်က္ကို ျပည့္ေအာင္ထုတ္ေပးဖို႔ ႀကိဳးစားထားတဲ့သေဘာ ထည့္ေျပာသြားတာကိုလ်စ္လ်ဴရႈထားၾကတယ္။
အဲ့ေတာ့ပါဆန္႔ေစ်းကြက္ေပ်ာက္မလားလို႔ ေတြးေတာေနသူေတြအတြက္ ပါဆန္႔ေစ်းကြက္မေပ်ာက္ကြယ္ႏိုင္ေသးဘူး။ ဘာလို႔ဆို ဘဏ္ဆိုတာ အပ္ေငြကိုယူတဖန္ျပန္ေခ်း ဒီ၂ခု ၾကားထဲကကြာဟခ်က္အတိုးႏႈန္းကိုယူၿပီး အဓိကရပ္တည္ေနတာမလို႔အေျခအေနအရ ေခ်းေငြျပန္ဆပ္တာေလ်ာ့နည္းလာသလို အပ္ေငြကိုပါ လိုသေလာက္ထုတ္ေပးခြင့္ျပဳလိုက္မယ္ဆိုရင္ ဘဏ္ေတြအေနနဲ႔ ရပ္တည္ဖို႔ေတာ္ေတာ္ခက္သြားႏိုင္တယ္။
အရင္ကရရွိခဲ့တဲ့ ႏိုင္ငံျခားေငြလဲလွယ္တဲ့ ေစ်းကြက္ဟာလည္း ဘဏ္ေတြမွာမရွိေတာ့ဘူး ေရာဂါနဲ႔ အျပင္မထြက္ရအမိန္႔ေတြေၾကာင့္ မွတ္ပုံတင္နဲ႔ေငြလႊဲေငြထုတ္က အျပင္ဆိုင္သမားေတြဆီမွာ ပိုေရာက္ေနၾကတယ္။
ဒီေတာ့ဘဏ္ရဲ႕ေထာက္တိုင္ေတြကယိုင္ေနတဲ့အခ်ိန္မွာ အပ္ေငြသမားေတြကို လိုသေလာက္စိတ္ႀကိဳက္သာ ထုတ္ခြင့္ေပးလိုက္မယ္ဆိုရင္ ဘဏ္အေနနဲ႔အျခားဝန္ေဆာင္မႈမ်ားပင္ေပးဖို႔အခ်ိန္မရွိ ျဖစ္သြားႏိုင္တယ္။
ဒါ့အျပင္ ကိုဗစ္ဟာကမာၻေျမက ပေပ်ာက္သြားတဲ့ အေျခအေနမဟုတ္ေသးတာေၾကာင့္ ထုတ္ခ်င္ရင္ေတာင္ ရက္အေတာ္ၾကာ ေစာင့္ရတာမ်ိဳးရွိေနႏိုင္ပါေသးတယ္။ အဲ့ေတာ့စိတ္ႀကိဳက္ထုတ္ခြင့္ရေတာ့မွာဆိုၿပီး အၾကားနဲ႔ေပ်ာ္ေနသူမ်ား မေပ်ာ္ပါနဲ႔ ။
ပါဆန္႔ေစ်းကြက္ဟာ ျပည္သူမွျပည္သူသို႔ သြားတဲ့ေစ်းကြက္ျဖစ္လို႔ ဘဏ္ေငြေတြဟာျပည္သူေတြလက္ထဲမွာ စီးဆင္းေနရတာျဖစ္လို႔ ဒီေစ်းကြက္ဟာ လတ္တေလာ မေပ်ာက္ကြယ္ႏိုင္ေသးဘူး။
ပါဆန္႔က်မလားဆိုရင္ေတာ့ ဝယ္လိုအားမ်ားရင္ေစ်းတက္ဆိုသလိုဘဲ ထုတ္သူမ်ားရင္တက္မွာျဖစ္ၿပီး ထုတ္သူနည္းရင္ေတာ့က်မွာျဖစ္တယ္။
ဒီေစ်းကြက္ဆက္လက္တည္ရွိဖို႔ လိုလားသူေတြရွိေနတာေၾကာင့္ ထြက္ရွိလာမယ့္ ေကာလဟလ အေမွာင့္ပေယာဂေတြေပၚမူတည္ၿပီး ေစ်းႏႈန္းမွန္း၍ မရပါ။
အျမင္ေလးေတြလည္း ေရးျပခဲ့ၾကပါဦး…။
Credit