မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံနေရသည့် ထန်တလန်မြို့နယ်ကဲ့သို့ နောက်ထပ်မြို့နယ်များ ပေါ်ပေါက်လာမည်ဟု ပြည်ခိုင်ဖြိုး USDP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ
ဒေါ်နန်းမြမြမီမီဇော်က လူမှုကွန်ရက်မှတဆင့် ခြိမ်းခြောက်ရေးသားခဲ့သည်။
၎င်းသည် ယင်းသို့ရေးသားပြီးမကြာခင်၌ ရေးသားချက်ကိုပြန်ဖျက်ခဲ့သော်လည်း လက်ရှိတွင် SS များလူမှုကွန်ရက်၌ ပျံနှံ့လျက်ရှိသည်ကိုတွေ့ရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေအတွက် အန္တရာယ်များတဲ့ မှတ်ချက်ပါ။ ဒါစစ်ရာဇဝတ်မှုကို အားပေးအားမြောက်လုပ်နေတာပဲမို့ ပါတီဖကြျသိမျး
လို့ရသှားပွီ ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများမှ သုံးသပ်နေကြပါတယ်။
ယမန်နေ့ကတည်းက ချင်းပြည်နယ် ထန်တလန်မြို့တွင် လောင်ကျွမ်းခဲ့သော မီးသည် ညဘက်ပါဆက်လက်လောင်ကျွမ်းခဲ့ရာ အနည်းဆုံး အိမ်ခြေ ၂၀၀ မီးထဲပါသွား
ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ယမန့်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် မီးလောင်ခဲ့သော ချင်းပြည် နယ်၊ ထန်တလန်မြို့တွင် လူနေအိမ် ၁၆၀ ကျော် မီးလောင်ပျက်စီး
သွားကြောင်း ယနေ့ နံနက် ကောက်ယူထားသော စာရင်းများကို CDF ထန်တလန်က ထုတ်ပြန်သည်။
ထန်တလန်မြို့၏ ဇုန်မွှန် ရပ်ကွက်တွင် နေအိမ် ၅၆ လုံး၊ လုံတီာလ်ရပ်ကွက်တွင် ၃ လုံး၊ Biakinn ရပ်ကွက်တွင် ၃၀လုံး၊ Market ရပ်ကွက် ၅၂ လုံး၊ TABC ရပ်ကွက်
တွင် ၂၂ လုံး၊ စုစုပေါင်း အိမ် ၁၆၃ လုံး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘာသာရေး အဆောက်အအုံများဖြစ်သည့် Church on the Rock (COTR) ဘုရားကျောင်းနှင့် Presbyterian ဘုရားကျောင်းလည်း မီးလောင်မှုကြောင့်
အားလုံး ပျက်စီးသွားခဲ့သည်။
ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်တွင် မီးလောင်မှုများသည် ပြန်လည်ငြိမ်းသွားပြီဖြစ်ကြောင်း CDF ထန်တလန်က ထုတ်ပြန်သည်။
ဒေသခံ တဦးက “မနေ့က ၁၁ နာရီလောက်ကတည်းက စ လောင်နေတာ။ ဗိုလ်ချုပ်လမ်းကြီးတလျှောက် လမ်းမကြီးမှာရှိတဲ့ အိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တာ။
အခုချိန်အထိ မီးကလောင်နေတုန်း။ ဒီပုံစံအတိုင်း သွားရင် တမျိုးလုံး လောင်နိုင်တဲ့ အနေအထားရှိတယ်။
မီးငြှိမ်းမယ့်လူမရှိဘူး စက်တင်ဘာလတုန်းက မီးလောင်လို့ သွားငြှိမ်းတာ သေနတ်နဲ့ပစ်တာကိုး အခုအချိန်က တမြို့လုံးနီးပါးက ထန်တလန်မြို့ကို စွန့်ခွာပြီးတော့မှ ရွာ
တွေမှ နေရတဲ့ အခါကျတော့ မြို့ပေါ်မှာ လူက မရှိတော့ဘူး စစ်တပ်ပဲ ရှိတာ” ဟု ပြောသည်။
“အခုတော့ မီးက ငြိမ်းသွားပါပြီ။ မီးခိုးတွေတော့ ထွက်နေသေးတယ်” ဟု ထန်တလန် ဒေသခံ တဦးက ပြော သည်။
လက်ရှိ ထန်တလန်မြို့တွင် မြို့ပေါ်နေလူထုအားလုံး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး မြို့ပြင်၌ ဆုတောင်းသည့်အဖွဲ့မှ ၃ ဦးနှင့် မိဘမဲ့ဂေဟာသာကျန်တော့ကြောင်း သိ
ရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များ ရမ်းသမ်းပစ်ခတ်ရာမှ ထန်တလန်မြို့ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ အခုထိမတွေ့ရသေးဘူး။ မကြာခင်မှာ AP AFP သတင်းတွေမှာတွေ့ရလိမ့်မယ်လို့မျှော်လင့်တယ်။
ကမ္ဘာ့သတင်းမှာပါလာရင်ဘာဖြစ်မလဲဆိုတော့ အရင့်အရင်အမှုတွဲတွေအတွက်သက်သေပိုခိုင်လုံလာမယ်။
ရှေ့တုန်းက ဒီလိုမီးရှို့မှုတွေရှိပါတယ်လို့ပြောချိန်မှာ ဘယ်သူမှမယုံခဲ့ကြရာက လက်တွေသက်သေအဖြစ်အ ရင်အမှုတွဲတွေအတွက် အမှုပြန်တွဲစရာဖြစ်လာမယ်။
သွေးချင်းတို့ရဲ့ဆုံးရှုံးမှုအတွက်ဘာနဲ့မှအစားပြန်ထိုးစရာမရှိပေမယ့် လူယုတ်မာတွေအတွက် စွဲချက်ပိုမိုခိုင်လုံလာတာကအမြတ်ပဲ။