ဗဟုသုတ

ဂရင်းနစ် (Greenwich) နဲ့ ဂင်းနစ် (Guinness) ရဲ့ ကွာခြားချက်

ဂရင်းနစ် (Greenwich) နဲ့ ဂင်းနစ် (Guinness) ရဲ့ ကွာခြားချက်

ဂရင်းနစ်နဲ့ ဂင်းနစ်အကြောင်းက အရင် တခါကတည်းက တင်ခဲ့ဖူးပြီးသားပါ။

အွန်လိုင်းပေါ်မှာတော့ ဂရင်းနစ်နဲ့ ဂင်းနစ်ဆိုတဲ့ စာလုံးတွေကို မကြာခဏ မြင်ဖူးကြမှာပါ။

ဂရင်းနစ်စံချိန်၊ ဂင်းနစ်မှတ်တမ်း၊ ဂင်းနစ်စံတော်ချိန် စသည်ဖြင့် ရောပြီးရေးကြတဲ့အခါ တချို့မိတ်ဆွေတွေက ဒီစကားလုံးနှစ်လုံးကို တူသလိုလို ရောထွေးနေကောင်း ရောထွေးနေနိုင်ပါတယ်။

ဒီတခါတော့ ဂရင်းနစ်နဲ့ ဂင်းနစ်ရဲ့ အကြောင်းကို ဗဟုသုတအနေနဲ့ ဝေမျှလိုက်ပါတယ်။

ဂရင်းနစ် (Greenwich)

ဂရင်းနစ် (Greenwich) ဆိုတာကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အရှေ့တောင်ပိုင်းက နယ်မြေတခု ဖြစ်ပါတယ်။

ကမ္ဘာရဲ့တည်နေရာ ဒေသတွေကို လွယ်ကူစွာ သတ်မှတ်နိုင်စေဖို့ မြောက်ဝင်ရိုးစွန်းကနေ တောင်ဝင်ရိုးစွန်းသို့ ဒေါင်လိုက်မျဉ်းများ မှန်းဆခွဲဝေရာမှာ ဒီဂရင်းနစ်ဒေသနဲ့ အတည့်ဖြတ်မျဉ်းကို သုညဒီဂရီ အဖြစ် အမှတ်ထားပါတယ်။

ဒီနေရာကို ဗဟိုအဖြစ် အမှတ်ထားပြီး အရှေ့အနောက် အသီးသီးသို့ တိုး၍ ရေတွက်ရခြင်း ဖြစ်ပါတယ်။

တနိုင်ငံနဲ့ တနိုင်ငံ အချိန်ချင်း မတူညီတဲ့အတွက် ဂရင်းနစ် စံတော်ချိန်ကို ကမ္ဘာ့ စံတော်ချိန်အဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့ အချိန်ကို တိုးခြင်း လျော့ခြင်းများပြု၍ မှတ်သားကြတာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အချိန်ကို ပြတဲ့အခါ GMT +6:30 လို့မြင်ကြရမှာ ဖြစ်ပြီး စင်ကာပူရဲ့အချိန်ကို ပြတဲ့အခါ GMT +08:00 ဆိုပြီး တွေ့ကြရမှာ ဖြစ်ပါတယ်။

အဲဒီမှာ GMT ဆိုတာက ဂရင်းနစ် စံတော်ချိန် Greenwich Mean Time ရဲ့ အတိုကောက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံက GMT +6:30 လို့ ဆိုတဲ့အတွက် ဂရင်းနစ် စံတော်ချိန်ထက် ၆ နာရီခွဲ ပိုစောတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။

စင်ကာပူက GMT+08:00 ဖြစ်တဲ့အတွက် ဂရင်းနစ် စံတော်ချိန်ထက် ၈ နာရီ ပိုစောတယ်ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

ဆိုတော့ အခုမြန်မာမှာ ည ၇နာရီခွဲ ရှိနေချိန်မှာ စင်ကာပူမှာတော့ ည ၉ နာရီ ဖြစ်နေမှာ ဖြစ်ပါတယ်။

အနှုတ် (-) နဲ့ ပြမယ် ဆိုရင်တော့ ဂရင်းနစ် စံတော်ချိန်ထက် နောက်ကျတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ အောက်ကပုံကို ကြည့်ရင် ရှင်းသွားပါလိမ့်မယ်။

ဂင်းနစ် (Guinness)

ဂင်းနစ် (Guinness) ဆိုတာကတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ အဖျော်ယမကာ အမှတ်တံဆိပ် တခု ဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ မှာ ရရှိနိုင်ပါတယ်။

၁၉၅၁ ခုနှစ်တုန်းက အဲဒီ ဂင်းနစ်ဘီယာချက်စက်ရုံရဲ့ မန်နေးဂျင်းဒါရိုက်တာ Sir Hugh Beaver နဲ့ မိတ်ဆွေတွေကြားမှာ အငြင်းအခုံ တခု ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ ဥရောပတိုက်မှာ အမဲလိုက်တဲ့အခါ အမြန်ဆုံးငှက်ဟာ ရွှေရောင် ဒီလုံးငှက်လား ၊ အနီရောင်ခါ (red grouse) လား ဆိုပြီးတော့ ဖြစ်ပါတယ်။

Sir Hugh ဟာ ဒီအဖြေကိုရဖို့ စာအုပ်ပေါင်း များစွာမှာ လိုက်လံရှာဖွေခဲ့ပေမယ့် တိကျတဲ့အဖြေ မရခဲ့ပါဘူး။ (အမှန်က ရွှေရောင်ဒီလုံးငှက် ဖြစ်ပါတယ်)

ဒီမှာတင် သူအကြံတစ်ခု ရပါတယ်။ အဲဒါကတော့ အငြင်းအခုန် ပွဲတွေဟာ မကြာခဏ ဖြစ်ပွားလေ့ ရှိပေမယ့် တိကျတဲ့အဖြေ မရှိတာကြောင့် ဒါတွေအားလုံး ပါဝင်တဲ့ စာအုပ်ထုတ်ရောင်းချနိုင်ရင် အောင်မြင်မှာပဲ ဆိုပြီး ဖြစ်ပါတယ်။

ဒီနောက်မှာတော့ အချက်အလက်ရှာဖွေရာမှာ အလွန်တော်တဲ့ Norris နဲ့ Ross McWhirter အမွှာညီအစ်ကိုနဲ့ ချိတ်မိကာ စာရင်းပြုစု စာအုပ်ထုတ်ဝေဖို့ လုပ်ငန်း အပ်နှံခဲ့ပါတယ်။

McWhirter ညီအစ်ကိုဟာ ၁နှစ်ခန့် ကြာအောင် အမြန်ဆုံး ၊ အနှေးဆုံး ၊ အကြီးဆုံး ၊ အသေးဆုံး ၊ အလေးဆုံး စသည့် အချက်အလက်များကို ရှာဖွေ စာရင်းပြုစုပြီးတဲ့ နောက်မှာတော့ ပထမဆုံး ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ် Guinness World Records ကို ၁၉၅၅ ခုနှစ်မှာ စတင်ထုတ်ဝေနိုင်ခဲ့ပါတယ်။

ထုတ်ဝေပြီးပြီးချင်းမှာပဲ အလွန်လူကြိုက်များ အောင်မြင်ခဲ့ပြီး နောက် ၁နှစ် အမေရိကန်မှာ ထုတ်ဝေ တင်ပို့တဲ့ အခါမှာတော့ စာအုပ်ပေါင်း ၇၀၀၀၀ ခန့် အထိ ရောင်းချနိုင်ခဲ့ပါတယ်။

စိတ်ဝင်စားဖွယ် အချက်အလက်တွေနဲ့ အကြောင်းအရာ အတိုကလေးတွေ စုစည်းထားတဲ့ ဂင်းနစ်မှတ်တမ်း စာအုပ်တွေဟာ ယနေ့အချိန်မှာတော့ နှစ်စဉ် စောင်ရေ ၃.၅ သန်းခန့် ရောင်းချရတဲ့အထိ အောင်မြင်နေပြီဖြစ်ပါတယ်။

ကမ္ဘာ့အရောင်းရဆုံး ကော်ပီရိုက် စာအုပ်အဖြစ် နိုင်ငံပေါင်း ၁၀၀ မှာ ဘာသာစကား ၂၃မျိုးနဲ့ ထုတ်ဝေကာ စောင်ရေစုစုပေါင်း သန်း ၁၀၀ ကျော်အထိ ရောင်းချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အမြင့်ဆုံး ၊ အမြန်ဆုံး ၊ အများဆုံး အစရှိတဲ့ စံချိန်တွေကိုသတ်မှတ်တဲ့အခါမှာ တိရစ္ဆာန်တွေ ၊ အဆောက်အအုံတွေ သာမက လူသားတွေဟာလည်း စံချိန်အသီးသီးတင်ကာ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းမှာ ပါဝင်နိုင်ခဲ့ကြပါတယ်။

ဂင်းနစ်မှတ်တမ်းမှာ ပါဝင်လို့ ဘာငွေကြေး ၊ ဘာဆုမှ မရပေမယ့် ကမ္ဘာ့စံချိန်ရှင်ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်ရဲ့ တရားဝင် အသိအမှတ်ပြုလက်မှတ်ကို ရရှိတာကြောင့် လူသိများသွားမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။

အဲဒီတော့ ပြန်ချုုပ်လိုက်မယ်ဆိုရင် ဂရင်းနစ်ဆိုတာ ဂရင်းနစ်ကမ္ဘာ့စံတော်ချိန် (GMT) ကို ပြောတာ ဖြစ်ပြီး

ဂင်းနစ် (Guinness ) ကတော့ ကမ္ဘာ့စံချိန်မှတ်တမ်း ကို ပြောတာ ဖြစ်ပါကြောင်း ဂရင်းနစ်နဲ့ ဂင်းနစ်ရောနေတဲ့ မိတ်ဆွေတွေအတွက် ဗဟုသုတအဖြစ် ဝေမျှလိုက်ရပါတယ်။

Credit – Thutazone

Zawgyi

ဂရင္းနစ္ (Greenwich) နဲ႔ ဂင္းနစ္ (Guinness) ရဲ႕ ကြာျခားခ်က္

ဂရင္းနစ္နဲ႔ ဂင္းနစ္အေၾကာင္းက အရင္ တခါကတည္းက တင္ခဲ့ဖူးၿပီးသားပါ။

အြန္လိုင္းေပၚမွာေတာ့ ဂရင္းနစ္နဲ႔ ဂင္းနစ္ဆိုတဲ့ စာလုံးေတြကို မၾကာခဏျမင္ဖူးၾကမွာပါ။

ဂရင္းနစ္စံခ်ိန္၊ ဂင္းနစ္မွတ္တမ္း၊ ဂင္းနစ္စံေတာ္ခ်ိန္ စသည္ျဖင့္ ေရာၿပီးေရးၾကတဲ့အခါ တခ်ိဳ႕မိတ္ေဆြေတြက ဒီစကားလုံးႏွစ္လုံးကို တူသလိုလို ေရာေထြးေနေကာင္း ေရာေထြးေနႏိုင္ပါတယ္။

ဒီတခါေတာ့ ဂရင္းနစ္နဲ႔ ဂင္းနစ္ရဲ႕ အေၾကာင္းကို ဗဟုသုတအေနနဲ႔ ေဝမွ်လိုက္ပါတယ္။

ဂရင္းနစ္ (Greenwich)

ဂရင္းနစ္ (Greenwich) ဆိုတာကေတာ့ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ အေရွ႕ေတာင္ပိုင္းက နယ္ေျမတခု ျဖစ္ပါတယ္။

ကမာၻရဲ႕တည္ေနရာေဒသေတြကို လြယ္ကူစြာ သတ္မွတ္ႏိုင္ေစဖို႔ ေျမာက္ဝင္႐ိုးစြန္းကေန ေတာင္ဝင္႐ိုးစြန္းသို႔ ေဒါင္လိုက္မ်ဥ္းမ်ား မွန္းဆခြဲေဝရာမွာ ဒီဂရင္းနစ္ေဒသနဲ႔ အတည့္ျဖတ္မ်ဥ္းကို သုညဒီဂရီ အျဖစ္ အမွတ္ထားပါတယ္။

ဒီေနရာကို ဗဟိုအျဖစ္ အမွတ္ထားၿပီး အေရွ႕အေနာက္ အသီးသီးသို႔ တိုး၍ ေရတြက္ရျခင္း ျဖစ္ပါတယ္။

တႏိုင္ငံနဲ႔ တႏိုင္ငံ အခ်ိန္ခ်င္း မတူညီတဲ့အတြက္ ဂရင္းနစ္စံေတာ္ခ်ိန္ကို ကမာၻ႔ စံေတာ္ခ်ိန္အျဖစ္ သတ္မွတ္ၿပီး သက္ဆိုင္ရာႏိုင္ငံရဲ႕ အခ်ိန္ကို တိုးျခင္း ေလ်ာ့ျခင္းမ်ားျပဳ၍ မွတ္သားၾကတာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ အခ်ိန္ကို ျပတဲ့အခါ GMT +6:30 လို႔ျမင္ၾကရမွာျဖစ္ၿပီး စင္ကာပူရဲ႕အခ်ိန္ကို ျပတဲ့အခါ GMT+08:00 ဆိုၿပီးေတြ႕ၾကရမွာျဖစ္ပါတယ္။

အဲဒီမွာ GMT ဆိုတာက ဂရင္းနစ္ စံေတာ္ခ်ိန္ Greenwich Mean Time ရဲ႕ အတိုေကာက္ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက GMT +6:30 လို႔ ဆိုတဲ့အတြက္ ဂရင္းနစ္ စံေတာ္ခ်ိန္ထက္ ၆နာရီခြဲ ပိုေစာတယ္ ဆိုတဲ့ အဓိပၸါယ္ပါ။

စင္ကာပူက GMT+08:00 ျဖစ္တဲ့အတြက္ ဂရင္းနစ္ စံေတာ္ခ်ိန္ထက္ ၈ နာရီ ပိုေစာတယ္ဆိုတဲ့ အဓိပၸါယ္ ရပါတယ္။

ဆိုေတာ့ အခုျမန္မာမွာ ည ၇နာရီခြဲရွိေနခ်ိန္မွာ စင္ကာပူမွာေတာ့ ည ၉ နာရီ ျဖစ္ေနမွာ ျဖစ္ပါတယ္။

အႏႈတ္ (-) နဲ႔ ျပမယ္ ဆိုရင္ေတာ့ ဂရင္းနစ္ စံေတာ္ခ်ိန္ထက္ ေနာက္က်တယ္ ဆိုတဲ့ အဓိပၸါယ္ပါ။ ေအာက္ကပုံကို ၾကည့္ရင္ ရွင္းသြားပါလိမ့္မယ္။

ဂင္းနစ္ (Guinness)

ဂင္းနစ္ (Guinness) ဆိုတာကေတာ့ ကမာၻေပၚမွာ နာမည္ႀကီးတဲ့ အေဖ်ာ္ယမကာ အမွတ္တံဆိပ္ တခုျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၂၀ မွာ ရရွိႏိုင္ပါတယ္။

၁၉၅၁ ခုႏွစ္တုန္းက အဲဒီ ဂင္းနစ္ဘီယာခ်က္စက္႐ုံရဲ႕ မန္ေနးဂ်င္းဒါ႐ိုက္တာ Sir Hugh Beaver နဲ႔ မိတ္ေဆြေတြၾကားမွာ အျငင္းအခုံ တခု ျဖစ္ခဲ့ပါတယ္။

အဲဒါကေတာ့ ဥေရာပတိုက္မွာ အမဲလိုက္တဲ့အခါ အျမန္ဆုံးငွက္ဟာ ေ႐ႊေရာင္ ဒီလုံးငွက္လား ၊ အနီေရာင္ခါ (red grouse) လား ဆိုၿပီးေတာ့ ျဖစ္ပါတယ္။

Sir Hugh ဟာ ဒီအေျဖကိုရဖို႔ စာအုပ္ေပါင္း မ်ားစြာမွာ လိုက္လံရွာေဖြခဲ့ေပမယ့္ တိက်တဲ့အေျဖ မရခဲ့ပါဘူး။ (အမွန္က ေ႐ႊေရာင္ဒီလုံးငွက္ ျဖစ္ပါတယ္)

ဒီမွာတင္ သူအႀကံတခု ရပါတယ္။ အဲဒါကေတာ့ အျငင္းအခုန္ ပြဲေတြဟာ မၾကာခဏ ျဖစ္ပြားေလ့ရွိေပမယ့္ တိက်တဲ့အေျဖ မရွိတာေၾကာင့္ ဒါေတြအားလုံးပါဝင္တဲ့ စာအုပ္ထုတ္ေရာင္းခ်ႏိုင္ရင္ ေအာင္ျမင္မွာပဲ ဆိုၿပီး ျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ အခ်က္အလက္ရွာေဖြရာမွာ အလြန္ေတာ္တဲ့ Norris နဲ႔ Ross McWhirter အမႊာညီအစ္ကိုနဲ႔ ခ်ိတ္မိကာ စာရင္းျပဳစု စာအုပ္ထုတ္ေဝဖို႔ လုပ္ငန္းအပ္ႏွံခဲ့ပါတယ္။

McWhirter ညီအစ္ကိုဟာ ၁ႏွစ္ခန႔္ၾကာေအာင္ အျမန္ဆုံး ၊ အေႏွးဆုံး ၊ အႀကီးဆုံး ၊ အေသးဆုံး ၊ အေလးဆုံး စသည့္ အခ်က္အလက္မ်ားကို ရွာေဖြ စာရင္းျပဳစုၿပီးတဲ့ ေနာက္မွာေတာ့ ပထမဆုံး ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းစာအုပ္ Guinness World Records ကို ၁၉၅၅ ခုႏွစ္မွာ စတင္ထုတ္ေဝႏိုင္ခဲ့ပါတယ္။

ထုတ္ေဝၿပီးၿပီးခ်င္းမွာပဲ အလြန္လူႀကိဳက္မ်ား ေအာင္ျမင္ခဲ့ၿပီး ေနာက္ ၁ႏွစ္ အေမရိကန္မွာ ထုတ္ေဝ တင္ပို႔တဲ့ အခါမွာေတာ့ စာအုပ္ေပါင္း ၇၀၀၀၀ ခန႔္အထိ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

စိတ္ဝင္စားဖြယ္ အခ်က္အလက္ေတြနဲ႔ အေၾကာင္းအရာတိုကေလးေတြ စုစည္းထားတဲ့ ဂင္းနစ္မွတ္တမ္းစာအုပ္ေတြဟာ ယေန႔အခ်ိန္မွာေတာ့ ႏွစ္စဥ္ ေစာင္ေရ ၃.၅ သန္းခန႔္ ေရာင္းခ်ရတဲ့အထိ ေအာင္ျမင္ေနၿပီျဖစ္ပါတယ္။

ကမာၻ႔အေရာင္းရဆုံး ေကာ္ပီ႐ိုက္စာအုပ္အျဖစ္ ႏိုင္ငံေပါင္း ၁၀၀ မွာ ဘာသာစကား ၂၃မ်ိဳးနဲ႔ ထုတ္ေဝကာ ေစာင္ေရစုစုေပါင္း သန္း ၁၀၀ ေက်ာ္အထိ ေရာင္းခ်ႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

အျမင့္ဆုံး ၊ အျမန္ဆုံး ၊ အမ်ားဆုံး အစရွိတဲ့ စံခ်ိန္ေတြကိုသတ္မွတ္တဲ့အခါမွာ တိရစာၦန္ေတြ ၊ အေဆာက္အအုံေတြ သာမက လူသားေတြဟာလည္း စံခ်ိန္အသီးသီးတင္ကာ ဂင္းနစ္ကမာၻ႔မွတ္တမ္းမွာ ပါဝင္ႏိုင္ခဲ့ၾကပါတယ္။

ဂင္းနစ္မွတ္တမ္းမွာ ပါဝင္လို႔ ဘာေငြေၾကး ၊ ဘာဆုမွ မရေပမယ့္ ကမာၻ႔စံခ်ိန္ရွင္ပုဂၢိဳလ္အျဖစ္ ဂင္းနစ္ရဲ႕ တရားဝင္ အသိအမွတ္ျပဳလက္မွတ္ကို ရရွိတာေၾကာင့္ လူသိမ်ားသြားမွာေတာ့ အမွန္ပဲျဖစ္ပါတယ္။

အဲဒီေတာ့ ျပန္ခ်ဳပ္လိုက္မယ္ဆိုရင္ ဂရင္းနစ္ဆိုတာ ဂရင္းနစ္ကမာၻ႔စံေတာ္ခ်ိန္ (GMT) ကို ေျပာတာ ျဖစ္ၿပီး

ဂင္းနစ္ (Guinness ) ကေတာ့ ကမာၻ႔စံခ်ိန္မွတ္တမ္းကို ေျပာတာျဖစ္ပါေၾကာင္း ဂရင္းနစ္နဲ႔ ဂင္းနစ္ေရာေနတဲ့ မိတ္ေဆြေတြအတြက္ ဗဟုသုတအျဖစ္ ေဝမွ်လိုက္ရပါတယ္။

Credit – Thutazone