ၾကားသိရသမွ်

အလိုအလျှောက်ပြုပြင်နိုင်မည့် စမတ်ဖုန်းမှန်များ မကြာခင်မြင်တွေ့ဖွယ်ရှိ

တစုံတယောက်က သင့်ရဲ့တန်ဖိုးကြီးဖုန်းကို ခဏငှားပြီး အသုံးပြုပါက စိတ်လှုပ်ရှားမိမှာတော့အမှန်ပါပဲ။ အဓိကကတော့ သင့်ဖုန်းထဲကို လျှောက်ကြည့်မှာစိုးတာထက် လွတ်ကျမှာစိုးတာပါ။

ဒါ့ကြောင့်အိန္ဒိယနိုင်ငံ ကာလ်ကတ္တားရှိသိပ္ပံပညာရေးနှင့် သုတေသနကျောင်း (Indian Institute of Science Education and Research IISER) မှ သုတေသီများဟာ စမတ်ဖုန်းမျက်နှာပြင် ပြုလုပ်ဖို့အတွက် အကောင်းဆုံးအရာကို ရှာဖွေတွေ့ရှိထားပါပြီ။

ဒါကတော့ ထွင်းဖောက်မြင်ရပြီး မာကျောကာ ကွဲအက်သွားပါက အလိုအလျှောက်ပြန် လည်ကောင်းမွန်လာစေမယ့် မှန်သား တမျိုးပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်များဟာ အဆိုပါအလိုအလျှောက် ပြန်လည်ကောင်းမွန်လာစေမယ့်မှန်မျိုးကို ဖန်တီးနိုင်ဖို့ ကြိုးစားခဲ့တာ ဆယ်စုနှစ်တွေချီအောင် ကြာလာပြီဖြစ်ကာ အောင်မြင်မှုတချို့လဲရရှိခဲ့ပါတယ်။

ဥပမာအားဖြင့် အမေရိကန် ဓာတုဗဒအဖွဲ့အစည်းမှ သုတေသီများဟာ သေးငယ်ပြီးရေကူးနိုင်ကာ မဂ္ဂနက်တစ်သံလိုက်နည်းဖြင့် ကိုယ့်ဟာကိုယ် ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်တဲ့ စက်ရုပ်ငယ်လေးကို ဖန်တီးခဲ့ပါတယ်။ အဆိုပါစက်ရုပ်ကို အပိုင်း ၃ ပိုင်းလောက်ခွဲလိုက်ရင်တောမှ ၎င်း၏ကိုယ်ထည်ဟာ အလိုအလျှောက်ပြန်လည်ပေါင်းစည်းပြီး အလုပ်လုပ်နိုင်စွမ်းရှိပါတယ်။

စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်မှ သုတေသီများကတော့ စမတ် foam ဆိုသည့် ပစ္စည်းတမျိုးကိုဖန်တီးခဲ့ပြီး အဲဒီ့ အပြားများဟာ စက်ရုပ်၏လက်တွင် တပ်ဆင်အသုံးပြုနိုင်ကာ အရာဝတ္ထုများကို ထိစရာမလိုဘဲအာရုံခံနိုင်ပြီး မိမိဘာသာမိမိ ပြန်လည် ပြုပြင်နိုင်ပါတယ်။

ဒါပေမယ့် အထက်ပါတီထွင်မှုများဟာ နူညံ့ပျော့ပြောင်းတဲ့အတွက် အကြမ်းသုံးပစ္စည်းတခုအနေဖြင့်တော့ မသင့်တော်သေးပါဘူး။ ဒါ့ကြောင့် အိန္ဒိယရှိ IISER မှ သုတေသီများဟာ မာကျောတဲ့အရာတွေအတွက် အလိုအလျှောက်ပြုပြင်နိုင်တဲ့ ပစ္စည်းကိုတီထွင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိန္ဒိယတယ်လီဂရပ်ဖ် က ဖော်ပြခဲ့ပါတယ်။

သုတေသီများဟာ စက်မှုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို အပြန်အလှန် ပြောင်းလဲပေးနိုင်တဲ့ ၂ မီလီမီတာအမြင့်ရှိပြီး ၀.၂ မီလီမီတာအကျယ်ရှိတဲ့ အပ်ပုံစံခရစ်စတယ်လေးများကို piezoelectric အော်ဂဲနစ်ပစ္စည်းတွေကို အသုံးပြုပြီး ဖန်တီးခဲ့ပါတယ်။

ဒီလိုမော်လီကျူးဖွဲ့စည်းမှုကြောင့် အထူးဒီဇိုင်းပြုလုပ်ထားတဲ့ ပုံဆောင်ခဲများ၏ မျက်နှာပြင် ၂ ခုအကြားမှာ အပြန်အလှန် သံလိုက်များကဲ့သို့ ဆွဲဆောင်နိုင်သည့် အားများပေါ်ပေါက်လာ ပါတယ်။ အာရုံခံနိုင်သည့် smart foam ကို လက်တွင်တပ်ဆင်ထားစဥ် ဒါ့ကြောင့်ကျိုးပဲ့သွားသည့်အခါတိုင်း ဆွဲအားမှ အပိုင်းအစများကို ပြင်ပမှအပူ သို့မဟုတ် အခြားအလိုအလျှောက် ပြုပြင်သည့်ပစ္စည်းများလိုအပ်သည့် လှုံ့ဆော်မှုများ မလိုအပ်ဘဲ ပြန်လည်ပေါင်းစည်းစေပါတယ်။

“ကျွန်တော်တို့ရဲ့ မိမိကိုယ်ကိုပြုပြင်နိုင်တဲ့ပစ္စည်းဟာ အခြားအရာများထက် ၁၀ ဆလောက် ပိုပြီးမာကျော်ပါတယ်။ ပြီးတော့သူ့မှာ သေချာစီစဉ်ထားတဲ့ အတွင်းပိုင်းခရစ်စတယ်ဖွဲ့စည်းမှုရှိတဲ့အတွက် အီလက်ထရောနစ်နှင့် optical ပိုင်းများမှာ အများဆုံး သင့်လျှော်ပါတယ်” လို့ IISER ၏ သုတေသန အဖွဲ့ခေါင်းဆောင် ပါမောက္ခချီလာမာလာက ပြောပါတယ်။

“ဒီပစ္စည်းတွေကို မိုဘိုင်ဖုန်းမျက်နှာပြင်အဖြစ် အသုံးပြုနိုင်ပြီး အက်ကြောင်းတွေပေါ်လာရင် မိမိဖာသာပြန်လည်ပြုပြင်နိုင်မှာပါ” ဟု IIT Kharagpur မှ ဘာနူဘူရှန်ခတူဝါက ပြောပါတယ်။

ဒီပစ္စည်းနှင့်ပတ်သက်ပြီး တခုထဲသောပြသနာက သင့်ဖုန်းနောက်တလုံး လဲမယ့်အချိန်အထိ စီးပွားဖြစ်ထုတ်လုပ်နိုင်ဦးမှာ မဟုတ်တာပဲဖြစ်ပါတယ်။

Nyo Nyo (boomnews)
Photo credit

Zawgyi

တစုံတေယာက္က သင့္ရဲ႕တန္ဖိုးႀကီးဖုန္းကို ခဏငွားၿပီး အသုံးျပဳပါက စိတ္လႈပ္ရွားမိမွာေတာ့အမွန္ပါပဲ။ အဓိကကေတာ့ သင့္ဖုန္းထဲကို ေလွ်ာက္ၾကည့္မွာစိုးတာထက္ လြတ္က်မွာစိုးတာပါ။

ဒါ့ေၾကာင့္အိႏၵိယႏိုင္ငံ ကာလ္ကတၱားရွိသိပၸံပညာေရးႏွင့္ သုေတသနေက်ာင္း (Indian Institute of Science Education and Research IISER) မွ သုေတသီမ်ားဟာ စမတ္ဖုန္းမ်က္ႏွာျပင္ ျပဳလုပ္ဖို႔အတြက္ အေကာင္းဆုံးအရာကို ရွာေဖြေတြ႕ရွိထားပါၿပီ။

ဒါကေတာ့ ထြင္းေဖာက္ျမင္ရၿပီး မာေက်ာကာ ကြဲအက္သြားပါက အလိုအေလွ်ာက္ျပန္ လည္ေကာင္းမြန္လာေစမယ့္ မွန္သား တမ်ိဳးပဲျဖစ္ပါတယ္။ သိပၸံပညာရွင္မ်ားဟာ အဆိုပါအလိုအေလွ်ာက္ ျပန္လည္ေကာင္းမြန္လာေစမယ့္မွန္မ်ိဳးကို ဖန္တီးႏိုင္ဖို႔ ႀကိဳးစားခဲ့တာ ဆယ္စုႏွစ္ေတြခ်ီေအာင္ ၾကာလာၿပီျဖစ္ကာ ေအာင္ျမင္မႈတခ်ိဳ႕လဲရရွိခဲ့ပါတယ္။

ဥပမာအားျဖင့္ အေမရိကန္ ဓာတုဗဒအဖြဲ႕အစည္းမွ သုေတသီမ်ားဟာ ေသးငယ္ၿပီးေရကူးႏိုင္ကာ မဂၢနက္တစ္သံလိုက္နည္းျဖင့္ ကိုယ့္ဟာကိုယ္ ျပန္လည္ေကာင္းမြန္ေအာင္ ျပဳျပင္ႏိုင္တဲ့ စက္႐ုပ္ငယ္ေလးကို ဖန္တီးခဲ့ပါတယ္။ အဆိုပါစက္႐ုပ္ကို အပိုင္း ၃ ပိုင္းေလာက္ခြဲလိုက္ရင္ေတာမွ ၎၏ကိုယ္ထည္ဟာ အလိုအေလွ်ာက္ျပန္လည္ေပါင္းစည္းၿပီး အလုပ္လုပ္ႏိုင္စြမ္းရွိပါတယ္။

စင္ကာပူႏိုင္ငံ အမ်ိဳးသားတကၠသိုလ္မွ သုေတသီမ်ားကေတာ့ စမတ္ foam ဆိုသည့္ ပစၥည္းတမ်ိဳးကိုဖန္တီးခဲ့ၿပီး အဲဒီ့ အျပားမ်ားဟာ စက္႐ုပ္၏လက္တြင္ တပ္ဆင္အသုံးျပဳႏိုင္ကာ အရာဝတၳဳမ်ားကို ထိစရာမလိုဘဲအာ႐ုံခံႏိုင္ၿပီး မိမိဘာသာမိမိ ျပန္လည္ ျပဳျပင္ႏိုင္ပါတယ္။

ဒါေပမယ့္ အထက္ပါတီထြင္မႈမ်ားဟာ ႏူညံ့ေပ်ာ့ေျပာင္းတဲ့အတြက္ အၾကမ္းသုံးပစၥည္းတခုအေနျဖင့္ေတာ့ မသင့္ေတာ္ေသးပါဘူး။ ဒါ့ေၾကာင့္ အိႏၵိယရွိ IISER မွ သုေတသီမ်ားဟာ မာေက်ာတဲ့အရာေတြအတြက္ အလိုအေလွ်ာက္ျပဳျပင္ႏိုင္တဲ့ ပစၥည္းကိုတီထြင္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ အိႏၵိယတယ္လီဂရပ္ဖ္ က ေဖာ္ျပခဲ့ပါတယ္။

သုေတသီမ်ားဟာ စက္မႈစြမ္းအင္မွ လွ်ပ္စစ္စြမ္းအင္ကို အျပန္အလွန္ ေျပာင္းလဲေပးႏိုင္တဲ့ ၂ မီလီမီတာအျမင့္ရွိၿပီး ၀.၂ မီလီမီတာအက်ယ္ရွိတဲ့ အပ္ပုံစံခရစ္စတယ္ေလးမ်ားကို piezoelectric ေအာ္ဂဲနစ္ပစၥည္းေတြကို အသုံးျပဳၿပီး ဖန္တီးခဲ့ပါတယ္။

ဒီလိုေမာ္လီက်ဴးဖြဲ႕စည္းမႈေၾကာင့္ အထူးဒီဇိုင္းျပဳလုပ္ထားတဲ့ ပုံေဆာင္ခဲမ်ား၏ မ်က္ႏွာျပင္ ၂ ခုအၾကားမွာ အျပန္အလွန္ သံလိုက္မ်ားကဲ့သို႔ ဆြဲေဆာင္ႏိုင္သည့္ အားမ်ားေပၚေပါက္လာ ပါတယ္။ အာ႐ုံခံႏိုင္သည့္ smart foam ကို လက္တြင္တပ္ဆင္ထားစဥ္ ဒါ့ေၾကာင့္က်ိဳးပဲ့သြားသည့္အခါတိုင္း ဆြဲအားမွ အပိုင္းအစမ်ားကို ျပင္ပမွအပူ သို႔မဟုတ္ အျခားအလိုအေလွ်ာက္ ျပဳျပင္သည့္ပစၥည္းမ်ားလိုအပ္သည့္ လႈံ႕ေဆာ္မႈမ်ား မလိုအပ္ဘဲ ျပန္လည္ေပါင္းစည္းေစပါတယ္။

“ကြၽန္ေတာ္တို႔ရဲ႕ မိမိကိုယ္ကိုျပဳျပင္ႏိုင္တဲ့ပစၥည္းဟာ အျခားအရာမ်ားထက္ ၁၀ ဆေလာက္ ပိုၿပီးမာေက်ာ္ပါတယ္။ ၿပီးေတာ့သူ႔မွာ ေသခ်ာစီစဥ္ထားတဲ့ အတြင္းပိုင္းခရစ္စတယ္ဖြဲ႕စည္းမႈရွိတဲ့အတြက္ အီလက္ထေရာနစ္ႏွင့္ optical ပိုင္းမ်ားမွာ အမ်ားဆုံး သင့္ေလွ်ာ္ပါတယ္” လို႔ IISER ၏ သုေတသန အဖြဲ႕ေခါင္းေဆာင္ ပါေမာကၡခ်ီလာမာလာက ေျပာပါတယ္။

“ဒီပစၥည္းေတြကို မိုဘိုင္ဖုန္းမ်က္ႏွာျပင္အျဖစ္ အသုံးျပဳႏိုင္ၿပီး အက္ေၾကာင္းေတြေပၚလာရင္ မိမိဖာသာျပန္လည္ျပဳျပင္ႏိုင္မွာပါ” ဟု IIT Kharagpur မွ ဘာႏူဘူရွန္ခတူဝါက ေျပာပါတယ္။

ဒီပစၥည္းႏွင့္ပတ္သက္ၿပီး တခုထဲေသာျပသနာက သင့္ဖုန္းေနာက္တလုံး လဲမယ့္အခ်ိန္အထိ စီးပြားျဖစ္ထုတ္လုပ္ႏိုင္ဦးမွာ မဟုတ္တာပဲျဖစ္ပါတယ္။

Nyo Nyo (boomnews)
Photo credit