ဗဟုသုတ

ပျောက်ဆုံးသွားသောစည်းခမ်းမြို့တော် (သို့မဟုတ်) အင်းတော်ကြီးအိုင် သမိုင်း

မြန်မာပြည်မြောက်ပိုင်းက မိုးညှင်းခရိုင် ထဲမှာရှိတဲ့ အံ့ဖွယ်ထူးခြား လှပလွန်းတဲ့ “အင်းတော်ကြီးအိုင်”ဟာ မြောက်လတ္တီကျူ ၂၅ ဒီဂရီ ၅ မိနစ်နဲ့ အရှေ့လောင်ဂျီကျူ ၉၆ ဒီဂရီ၂၃ မိနစ်အတွင်းမှာ တည်ရှိပါတယ်။

အလျား ၁၆ မိုင် အနံ ၈ မိုင် ( မြန်မာ့စွယ်စုံကျမ်းမှာ အလ်ား ၁၄ မိုင် အနံ ၇ မိုင်) ရှိပြီး”မြေကျွံအင်း”အမျိုးအစား ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေအမြင့်မှာ တည်ရှိပါတယ်။

ရွာသစ်ကြီးကျေးရွာ တောင်ဘက်က ရေပူစမ်း(ကန့်ကြော)နဲ့ အင်းတော်ကြီး တောင်ဘက်က ရွှေတောင်ကြီး (ကန့်တောင်)တို့ကို မျဉ်းဖြောင့်ဆွဲရင် အင်းတော်ကြီး အရှေ့ဘက်ကမ်းဟာ ကန့်ကြောအတွင်း ကျရောက်ကြောင်း ဘူမိဗေဒပညာရှင်တွေက ဆိုပါတယ်။ အင်းတော်ကြီးကို သမိုင်းဝင်တောင် (၃)လုံး အပါအဝင် တောင် (၁၆)လုံး ဝန်းရံလျက် ရှိပါတယ်။

တောင်တွေ အပေါ်က မြစ်ဖျားခံ စီးဆင်းလာတဲ့ ချောင်းငယ်ပေါင်း (၁၂)ခုဟာ အရပ် လေးမျက်နှာကနေ အင်းတော်ကြီးအိုင် ထဲကို စီးဝင်ကြပါတယ်။ အင်းထဲကို စီးဝင်ခွင့်ရှိတဲ့ ချောင်း (၆)ခုနဲ့ စီးဝင်ခွင့် မရွိတဲ့ ချောင်း (၁၈)ခု ရှိတယ်လို့လည်း သိရပါတယ်။ အင်းဘေး ဝဲယာမှာ ကျေးရွာအုပ်စု (၁၁)ခုနဲ့ ရွာပေါင်း (၁၄)ရွာရှိတယ် လို့ဆိုပါတယ်။

“တိုင်းလျန်” လို့ခေါ်တဲ့ ရှမ်းနီတိုင်းရင်းသား အများစု နေထိုင်ကြပြီး လယ်ယာလုပ်ငန်း။ ရေလုပ်ငန်း။ ရွှေမှော်နဲ့ ကျောက်မှော်လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ အင်းတော်ကြီးအိုင်အတွင်းမှာ သမိုင်းဝင်”ရွှေမဉ္ဇူ ” (ရေလယ်ဘုရား) တည်ရှိပြီး ဘုရားပွဲတော်ကိုတော့ နှစ်စဉ် တပေါင်းလဆန်း (၈)ရက္ကေန လပြည့်နေ့အထိ ကျင်းပလေ့ရှိပါတယ်။

ပွဲတော်ရက်အတွင်း ကမ်းခြေကနေ ရေလယ်ဘုရားကိုသွားဖို့ နတ်လမ်း လူလမ်းဆိုပြီး ပေါ်လာလေ့ရှိတယ်လို့ သိရပါတယ်။လွှဲမွန်ကျေးရွာမှာ မုဆိုးမ”ဒေါ်မုံ ” တည်ခဲ့တဲ့ ” ငွေမဉ္ဇူ “ဘုရားကလည်း ထင်းရှားလှပါတယ်။

“အရှေ့တောင်အာရှရဲ့ ကုန်းတွင်းရေနေထဲမှာအကြီးဆုံးအိုင် “တောင်ထိပ်ကြားက အင်းတော်ကြီး” “မိုးပ်ံ အင်းကြီး” “တော်ဝင် အင်းကြီး” “အင်းတော်ကြီး”ရယ်လို့ အမည်ထင်ရှား ကျော်ကြားလှတဲ့ အင်းတော်ကြီး သမိုင်းကလည်း ဒဏ္႑ာရီဆန်ဆန် စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

အင်းမဖွဲ့ခင် သက္ကရာဇ်(၂၆၄)က မူးလွင်ပြင်ရဲ့ အရှေ့ဘက် “ကုရုရာဇ်တိုင်း” “ဥတ္တရဌာနီ” စည်းခမ်းမြို့”မွာ ( စောဝ်ဆေးဖိတ် ခေါ် ကျားဖြူ မင်းရဲ့ ခမည်းတော်) ဥတ္တရစောဖြူမင်း အုပ်စိုးခဲ့ပါတယ်။ “အိမ်ပေါင်းတစ်သောင်း ကျောင်းပေါင်းတစ်ထောင်”လို့ ပြောစမှတ်တွင်ပြီး စည်ကားခဲ့တဲ့မြို့ကြီးလို့သိရပါတယ်။

ရှေးလွန်လေပြီးသော အတိတ်နှစ်ပေါင်း (၂၅၀၀) ကျော် ၊ ဘီစီ (၅၄၄-၅၈၉)ခန့်တွင် ဂေါတမမြတ်စွာဘုရားသခင်သည် အနာဂတ် သာသနာေတော်တွင် ဖြစ်ပေါ်တွေ့ကြုံမည့်အရေး မျှော်တွေး သိမြင်တောမူသဖြင့် အခါတစ်ပါးသော် မဇိ္စိိျမဒေသမှ ညီတော်အာနန္ဒာ နှင့် တကြ ကောင်းကင် ခရီးဖြင့် ဒေသစာရီ ကြွချီတော််မူရာ ယခုအင်းတော်ကြီး ဖြစ်တည်သည့် ဒေသ နှင့် ရွှေမဉ္စူ ဘုရားတည်ရှိသည့် နေရာ၌ ခေတ္တရပ်တန့်ပြီး နာဌာဂီရိတောင် (ဆင်ခေါင်းတောင်) ထိပ်တွင် ရပ်တန့်တော်မှု၏။

နောင် အခါ အနာဂတ္ကာလ၌ အင်းကြီး ဖြစ််တည် လတ္တံသော ကြောင်းချင်းရာနှင့် သာသနာတော် ထွန်းလင်း တောက်ပသည့် ဗုဒ္ဓမြတ်ဘုရား၏ ဓါတ်တော် မွေတော် ္မ်ား ကိန်းအောင်း တော်မူရာ စေတီတော် ဘုရားတည်ရှိ လတ္တံ့သော ဗ်ာဒိတ္စကား မိန့်ကြားတော်မူ ခဲ့လေသည်။

မှတ်ချက်။ ။ဗျာဒိတ်တော် ပေးတော်မူစဉ် ရပ်တန့်တော်မူရာ တောင်၏ အမည်ကို ရှေးသမိုင်းမူများအရ အမည်ကွဲများ ရှိသော်လည်း နာဌာဂီရိ(ဆင်ခေါင်း) တောင် ဟူ၍သာ အစဉ်အဆက် မှတ်သားရပေသည်။ သာသနာတော်သက္ကရာဇ် ၂၃၀-ခုနှစ်တွင် နဂါးအမျိုး(၄)မျိုး အကျယ်(၁၁၂၄)မျိုးအနက် ဧရာပတ္တနဂါး မျိုးသားအဖ (၃)ဦးနှင့် နဂါးပေါင်း (၃၈၀၁၂) တို့သည် ဘောဂ၀တီနဂါးပြည်မှ (အိုးသစ်၊ အိမ်သစ်၊ အင်းသစ်) ရှာရန် ထြက္ခြာ ခဲ့လေသည်။

သက္ကရာဇ်(၂၆၄)ခုနှစ်တွင် လူဦးရေ ကိုးသန်းရှိသော (ပစ္စန္တရဂန္မာ) ဂုရုရာဇ်တိုင်းတွင် အိမ်ခြေ တစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိသော ဥတ္တရဌာနီ၊ စည်းခမ်း (သျှမ်းအခေါ်မြို့ကို တည်ထောင်တော်မူ၍) နောင်တွင် ဥတ္တရစောဖြူ (ထမံသီသျှမ်းတစ်မျိုး စော၀်ဆေဖိတ် ကျားဖြူမင်း) စိုးစံအုပ်ချုပ်လေသည်။

(ဗုဒ္ဓ အယူ ကျောင်းချင်းမဟုတ် ဝါဒဘာသာစုံ ကျောင်းပေါင်းစုံ ဖြစ်ဖွယ်ရှိသည်။ သက္ကရာဇ် ၃၆၀-ခုနှစ်၊ ဘီစီ(၁၈၄)တွင် တောင်မြောက်အလျား(၈)တိုင်၊ အရှေ့အနောက်အနံ (၄)တိုင် (ယခု အခေါ် တစ်တိုင်လျှင် နှစ်မိုင်) ကျယ်၀န်းသော အင်းကြီးကို ရေနတ်နဂါးတို့၏ ဘုန်းတန်ခိုးဖြင့် ဖွဲ့တည်ခဲ့ လေသည်ဟူ၏။

ထို့ကြောင့် ဘောဂ၀တီနဂါးပြည်မှ နတ္နဂါးမ်ား လာရောက်ပြီး (အိုးသစ် အိမ်သစ်) အင်းအိုင်ဖွဲ့ တည်ခဲ့ကြသည် ဆိုသော အချက်သည် ရှေးအဆက်ဆက်သော အင်းတော်ကြီး သမိုင်းအရ ခိုင်လုံစွာ ရေးဆို တင်ပြ မှတ်တမ်းတင် ခ့ဲသည်။ ဂေါတမဘုရားရှင် လက်ထက်တွင် သုနာပရန္တတိုင်းဟူ၍ ခေါ်တွင်သော တိုင်းနိုင်ငံ၏ မြောက်ဘက်နောင်တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ(စိမ့်)တိုင်း ဟူ၍ အသီးသီး ခေါ်သွင်ခဲ့လေသည်။

သာသနာသက္ကရာဇ် ၃၆၀-ခု(ဘီစီ-၁၈၄)တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးကို (ထမံသီ) သျှမ်းလူမျိုး ဥတ္တရစောဖြူမင်း တည်ထောင် ပြီးသည်မှ နှစ်ပေါင်း၉၆နှစ် ပြည့်မြောက် သောနှစ် ပေတည်း။

လေးမျိုးသောနဂါးတို့တွင် ဧရာပတ္တ နဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်း စိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တဌာနီ စည်းခမ်းမြို့ကြီးကို အင်းဖွဲ့ရန် ရွှေတာင်နတ်မင်းကြီး၏ အမိန့်ကို ရရှိသောအခါ ရေနတ် နဂါးမင်းသားက စဉ်းစားတော်မှုသည်မှာ ဤ ထမံသီ လူမျိုးများနေထိုင်ပျော်ပါး သောမြို့ကို ငါအင်းဖွဲ့ လိုက်သော် တိုင်းနေပြည်သူလူတို့ သေကြေ ပ်က္စီး ကြတော့မည် ၊

ထိုသူတို့သေ ကြေလျင် ငါ၌ ပါဏာတိပါတကံ ထိုက်၍ အပါယ္ငရဲ၌ ဆင်းရဲကြီးစွာ ခံစားရလိ်မ့်မည် ဤေနရာကလြဲ လျှင်လဲအခြား နေရာကို ငါသေဘာမက် မနှစ်သက်ခဲ့၊ ဟယ် သို့သောလည်း ဤတို်င်းသူပြည်သား လူအများတို့သည် တရားလည်း မကပ်ကြ၊ ကို်ယ်ကျင့် သီလမရှိကြ ငါးပါးသီလကို တစ်ပါးမျှ မတည် အောင် ကိုယ်ကျင့်တရားများ အလွန်ပျက်ပြားကြသည်၊

နေ့စဉ် ညတိုင်း ထိုင်းမှိုင်း တွေေ၀ ၍ ငါးပါးအာရုံ ကာမဂုဏ်ကို စုံစုံမက်မက် နှစ်သက်ပျော်ပါးသူ သာ များလေသည်၊ သို့ဖြစ်သည်ကြောင့် အလီလီ တွေးဆ၍ ညသန်းခေါင်ရံ အခါ အာကာသ ကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော အသံဖြင့် ကြွေးကြော ်လေသည်မှာ ဤ တိုင်းပြည် ၌ နေထိုင်ကြကုန်သော အသင်မနုဿလူသားတို့သည် ရှေ့ ခုနှစ်ရက် တိုင်လျင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်။

ခုနှစ်ရက်မတိုင်ခင် အကြား ခရီးေ၀းစွာ ထွက်ခွာသွားကြကုန်လော့ အကယ်၍ မသွားဘဲနေကြလျှင် ရေမွန်းနှစ်၍ သေကြ ကုန်လတ္တံ့ဟု တစ်တိုင်း ပြည်လုံးကြားလောက်အောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်လေ၏ ဤသို့ တစ်ပြည်လုံး ကြားလောက်အောင် ကြွေးကြော်ပါသော်လည်း တိုင်းသားပြည်သူများ ဗိုလ်လူတို့၏ မကောင်းမှု ကံစီမံဖန်တီးသဖြင့် အသက်ကြီးသော မုဆိုးမ အဒေါ်အိုတစ်ယောက်အပြင် မည်သူမျှ မကြားမသိကြချေ၊

နံနက် မိုးလင်းသောအခါ အဒေါ်အိုမုဆိုးမက တအိမ်တက်တအိမ်ဆင်းသွား ရောက် ပြောကြားသော်လည်း အယုံ တရားမရှိကြဘဲ ဤမုဆိုးမသည် မလှသောမျက်နှာ မသာယာ သော မျက်ခွက်ဖြင့် ငါတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သော စကားကိုပြောကြားလေသည်၊ ငါတို့ ဘိုးဘွား မိဘကစ၍ ငါတို့လက်ထက် ကျအောင် ဤတိုင်း ပြည်နဂရတွင် ထာ၀ရကြာရှည်စွာ နေထိုင်ခ့ဲ့ကြသည်၊

ဘယ်အခါဘယ်ကာလမှ မကြားစဘူးထူးဆန်းသော ဤစကားကို အဒေါ်အိုမုဆိုးမ ပြောကြားသည် ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး ဆိုလိုက်ကြကုန် သတည်း၊ အဒေါ်အိုက ထိုထိုအိမ်ထက်သို့ တက်၍ တဖန်ေ၀းရာသို့ရွေ့ပြောင်း ထွက်ခွါသွားကြရန် သည်းခံ၍ ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသ ငေါငေါထ၍ အိမ်ထက်မှ မောင်းနှင်း ခြင်း ခံရေသာ ခုနှစ်ရက်မြောက်သောနေ့၌ အဒေါ်အိုသည် ဤမြို့ရွာရှိ မိမိဆွေမျိုးညာတိ မြေး၊ မြစ်များကို အပါ ခေါ်ငင်၍ ေ၀းစွာသောမြို့ အနောက်ဘက်သို့ ထွက်ပြေးကြလေသော် ရေနတ် နဂါးရာဇာက တေဇာကွန့်ဖြိုး နတ်တို့၏ တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးလ်းကြီးလေကြီး မြည်ဟီး ပြင်းချက် လျပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ၀င်းနဲလျှပ်ကနဲ မိုးကလည်း သဲသဲမဲမဲရွာချလေသည်။

ထိုအခါ မုဆိုးမသည် ကုန်းမောက်သေလာ ယခုလွဲမွန် ကျေးရွာ၏ ဒကိ္ခဏာတောင်ဘက် ယခု အဘယဂီရိခေါ် တောင်ကုန်းပေါ်ထက်သို့ တက်ပြေး၍လာရင်း မိမိ နောက်ကြော (အရှေ့)ဘက်သို့ မျှော်ကြည့်လိုက်လျှင် ထမံသီလူမျိုး ဥတ္တရစောဖြူမင်း၏ ဥတ္တရဌာနီ စည်းခမ်းမြို့ကြီး သည် ရေပြင်အတိအင််းကြီးဖြစ်၍ ပျောက် ဆုံးနေလေပြီ ကိုတွေ့မြင်ရလေတော့သည်။

ယနေ့တိုင် ထိုမုဆိုးမ နောက်ကြောဘက်သို့ လှည့်မျော်ကြည့်ခဲ့သောနေရာကို လွဲမွန်တောင်ဟုခေါ်သည်။ လွဲသည်သျှမ်းလို တောင်ဟုအဓိပ္ပါယ်၍ မွန်သည် မျှော် သည်ဟု အဓိပ္ပါယ်ရပါသည်။

မုဆိုးမသည် ဥတ္တရဋ္ဌာနီ စည်ခမ်းမြို့ တွင်မွေးဖွား၍ အရွယ်ရောက်သောအခါ သျှမ်းကလိမ်း ခနီး္တ (ထမံသီ) လူမျိုးတစ်ယောက်နှင့် အိမ်ထောင်ကျလေည် လင်ယောကျ်ား နောက်သို့ လိုက်ပါသွားပြီးနောက် သမီး (မင်းအပ်) ကိုမွေးဖွားပြီး လင်ယောကျ်ား သေဆုံးလေသည်၊ သမီးမင်းအပ်လည်း အရွယ်ရောက်လျင် အိမ်ထောက်ကျ၍ သားကေလး (မောင်သာယ) ကိုမွေဖွားပြီး လင်ယောကျ်ား သေဆုံးလေသည်၊ မုဆိုးမသည် ထိုမြို့ ထိုရွာတွင် ဆွေမျိုးရင်းချာ မရှိသဖြင့် သမီးမြေးနှစ်ယောက်နှင့် အတူ ဥတ္တရဋ္ဌာနီစည်ခမ်းမြို့သို့ ပြန်ရောက်ပြီး နှစ်နှစ် အကြာတွင် ဥတ္တရဋ္ဌာနီ စည်ခမ်းမြို့ကြီး အင်းဖြစ်လေတော့သည်။

ယင်းထမံသီ မျိုးဆက်မှ ဆင်းသက် ပေါက်ဖွားလာသော လူမျိုးများနေထိုင်သည့် ထမံသီရွာသည် ယနေ့တိုင် ရှိနေပါသေးသည်။ဥတ္တရစောဖြူရဲ့သား စော၀်ဆေးဖိတ် (ကျားဖြူမင်း) မင်းသာသည် အင်းကြီးဖွဲ့သောအချိန် မင်းညီးမင်းသား အချို့နှင့် တောကစားသွားနေ၍ အင်းဖွဲ့ရာသေဆုံးခြင်းမရှိပဲ ကျန်ရစ်ခဲ့လေသည် ၎င်းသည် မိုင်းသုံတောင်နားတွင် ကျင်လည်ကျက်စားနေရင် နောက်နန်းမွန် နှင် ့တွေ့ဆုံ ပေါင်းဖက်၍ သားသုံးပါး ဖွားမြင် လေသည်။

(၁)ခွန်ရံ(သိုကော်ဘွား)၊ (၂)ခြန္ကံ (သိုငံဘွား)၊ (၃)ခွန်အွမ် (သိုကျည်ဘွား) တို့ ဖြစ်ကြလေသည်။၎င်းသားတော်သုံးပါး၏ ဘိုးတော်ဖြစ်သော ရွီှရွှမ်နန်းမြို့တော်သခင် ဥတည်မင်းမှ မြေးတော်များအား လူသူလက် အင်အားများပေး၍ တည်ထောင်အုပ်ချုပ် စေခဲ့သော နယ္ပယ္မ်ား နန်းမြို့များဖြစ်သည့် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မြို့များပေါ်လါခဲ့ပေသည်။

အင်းတော်ကြီး၏ အံ့ဘွယ်ကိုးပါးအင်းတော်ကြီးသည် မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်သည်၊(၁) အလ်ား ၈-တိုင်၊ အနံ ၄-တိုင်၊ ကျယ်၀န်းသောကြောင့်တပါး၊(၂) အနောဒတၳအိုင်ကဲ့သို့ အလွန် ရေသန့်ရှင်းသောကြောင့် တပါး၊(၃) အလွန်ကျယ်၀န်းသော အင်းဖြစ်သော်လည်း အင်းထဲတွင် ဆိုးဝါးသော မိကျောင်းစသော ငါးကြီးတို့ကို မဆိုးဝါးရအောင် အင်းတော်ကြီး အရှင် ထိန်းသိမ်းခြင်းကြောင့် အံ့ဘြယ္တပါး၊

(၄)-အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသောလည်း အနာအဆာမရွိ ငါးကြီးများလည်း အစားဘဲ ကမ်းစပ်ရောက်အောင် လိူင်းပိုတ်ခတ်တင်ပေးခြင်း၊(၅- အင်းနားတွင် ရွှေကျင်သော် ရွှေများရရှိခြင်း၊(၆)-အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊(ရ)-တစ်နှစ် သုံးကြိမ်ကျ သားမက်တော် နန့်တိန်းအရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ကန်တော့ခြင်း၊

(၈) -စစ်တိုက်ရာပါချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ၀င်ခွင့် ပြုခြင်း၊(၉) -နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လကစ၍ ပြာသိုလအထိ အင်းထဲရှိ ငါးများကို အင်းတော်ကြီး တောင်ပိုင်း အျခားအကြာ (၈)မိုင်ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိ ငါးများကို ဆေးခတ်သဖြင့် ငါးများစွာသေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း၊ ဟုသိရပါတယ်။

ထူးခြားတာကတော့တန္ခူး ကဆုန် ရေနည်းချိန်မှာ အင်းတော်ကြီးရဲ့ အရှေ့ဘက်ကမ်းအနီးက “နတ်မောက်ကန်”နဲ့ “ဟဲပု”ကျေးရွာအကြားရေပြင်အောက်မှာ ထမံသီလူမျိုးတွေ တည်ဆောက် နေထိုင်ခဲ့ကြတဲ့အဆောက်အဦးတိုင်တွေကို အတိုင်းသား မြင်တွေ့ရခြင်းမျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။

(၁၁)ရာစု အနော်ရထာမင်းနဲ ့ခေတ်ပြိုင် ဥတည်ဘွားဘုရင်ကို ဆက်စပ်ကြည့်ရင် မိုးညှင်းမြို့တည် ရာစုနှစ်ဟာ မှန်ကန်ဖွယ်ရှိပြီး စည်းခမ်းမြို့ကြီးကို အင်းဖွဲ့တဲ့ နှစ်ပေါင်းဟာလည်း (၁၀)ရာစုထက် စောနိုင်စရာ အကြောင်းမရှိဘူးလို့ထင်ပါတယ်။

အနော်ရထာ နတ်ရွာစံပြီးတဲ့နောက်မှာ “အရှင်ဗုဒ္ဓမထေရ်”နဲ့ “အရှင်သုမနမထေရ်”တို့က ဒီဒေသကို ဗုဒ္ဓသာသနာ ထွန်းကားအောင်ပြု လုပ်ခဲ့ကြပါတယ်။

တစ်ချိန်တုန်းက အင်းတော်ကြီးက ရေလုပ်သားကြီး “ဦးရန်အောင်”ဆိုသူဟာ ကွန်ပစ်ရင်း ရရွိခဲ့ဖူးတဲ့ လည်ပင်းရှည် အဝကျဉ်းအိုး (ပျူ ခေတ်အိုးပုံစံ)နဲ့အိုးထဲမှာ အရိုးပြာလို့ ယူဆရတဲ့ အရိုးအပိုင်းအစနဲ့ ရောင်စုံပုတီးစေ့(၂)လုံး တွေ့ခဲ့ဖူးကြောင်း (၁၉၈၉ ခုနှစ် မိုးညှင်းမြို့နယ် ကြက်ခြေနီအသင်းက စီစဉ်ထုတ်ဝေတဲ့ “မိုးညှင်းမဂ္ဂဇင်း” အမှတ်(၁) မင်းဥက္ကာဆွေရဲ့ “မြန်မာ့မိုးပျံအင်း” ဆောင်းပါး (စာ-၃၃)မွာ လေ့လာ သိရှိရပါတယ်။

အင်းဖွဲ့ခြင်း မခံရမီက စည်းခမ်းမြို့ကလူတွေရဲ့ဘာသာဓလေ့နဲ့ ဆက်စပ်နေတဲ့ ထုံးတမ်းစဉ်လာတွေဟာ ပျူ နဲ့တူနေတာကို တွေ့နိုင်ပါတယ်။ သေသူကို မီးသင်္ဂြ ိုဟ်ပြီး အရိုးပြာကို ရောင်စုံပုတီးစေ့တွေ နဲ့အတူ အိုးမှာထည့်တဲ့ ဓေလ့ဟာ ပျူ တွေရဲ့ဓလေ့ဖြစ်ပါတယ်။

“အင်းတော်ကြီး””အင်းတော်လေး”နဲ့ပါတ်သက်ပြီး ဒဏ္႑ာရီ ဖြစ်ရပ်တစ်ခုကလည်း စိတ်ဝင်စားစရာပါ။ ဧရာပထနဂါးမင်းရဲ့ သားတော်နှစ်ပါးဟာ အင်းတော်ကြီးဒေသနဲ့ အင်းတော်မြို့အနီးက နေရာတွေမှာ အသီးသီး အပြိုင် အင်းဖွဲ့ကြရာ ညီတော်က နောင်တော်ကို “အင်းဖွဲ့လို့ နောင်တော် အနိုင်ရရင် ညီတော်က ခေါင်းမဖော်ဘဲ နေမယ်”ဆိုတဲ့ စကားကတိရှိခဲ့လို့ (ယခု အင်းတော်မြို့အနီးက) အင်းရေပြင်ပေါ်မှာ ကြာဖက်တွေ အပြည့်အုပ်မိုးနေကြောင်း အင်းဖွဲ့ရာမှာ နောင်တော်ရဲ့အင်းလောက် ကြီးကျယ်ခြင်းမရှိလို့ ရံှုးနိမ့်သွားတဲ့ ညီတော်ရဲ့စကားကတိ တည်ခဲ့ကြောင်းများကို ယနေ့တိုင် ပြောဆိုယုံကြည်နေကြတာကို ကြားသိရပါတယ်။

မည်သို့ပင်ဆိုစေကာမူ “အင်းတော်ကြီး”ဒေသကတော့ ပျောက်ဆုံးနေတဲ့ “ဥတ္တရစောဖြူ မင်း”ရဲ့ ရွှေမြို့တော်ကြီး တည်နေရာ ဖြစ်သလို ရှမ်းနီတိုင်းရင်းသား”တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်း”တို့ရဲ့ အံ့ဖွယ်ထူးခြား လှပလွန်းတဲ့ နေရာဒေသတစ်ခု ဖြစ်တာကိုတော့ ဘယ်သူမှငြင်းနိုင်မှာ မဟုတ္တာကေတာ့ အေသအခ်ာပါပဲ။

Zawgyi

ျမန္မာျပည္ေျမာက္ပိုင္းက မိုးညႇင္းခရိုင္ ထဲမွာရွိတဲ့ အံ့ဖြယ္ထူးျခား လွပလြန္းတဲ့ “အင္းေတာ္ႀကီးအိုင္”ဟာ ေျမာက္လတၱီက်ဴ ၂၅ ဒီဂရီ ၅ မိနစ္နဲ႔ အေရွ႕ေလာင္ဂ်ီက်ဴ ၉၆ ဒီဂရီ၂၃ မိနစ္အတြင္းမွာ တည္ရွိပါတယ္။

အလ်ား ၁၆ မိုင္ အနံ ၈ မိုင္ ( ျမန္မာ့စြယ္စုံက်မ္းမွာ အလ္ား ၁၄ မိုင္ အနံ ၇ မိုင္) ရွိၿပီး”ေျမကၽြံအင္း”အမ်ိဳးအစား ျဖစ္ကာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၅၄၆ ေပအျမင့္မွာ တည္ရွိပါတယ္။

ရြာသစ္ႀကီးေက်းရြာ ေတာင္ဘက္က ေရပူစမ္း(ကန႔္ေၾကာ)နဲ႔ အင္းေတာ္ႀကီး ေတာင္ဘက္က ေရႊေတာင္ႀကီး (ကန႔္ေတာင္)တို႔ကို မ်ဥ္းေျဖာင့္ဆြဲရင္ အင္းေတာ္ႀကီး အေရွ႕ဘက္ကမ္းဟာ ကန႔္ေၾကာအတြင္း က်ေရာက္ေၾကာင္း ဘူမိေဗဒပညာရွင္ေတြက ဆိုပါတယ္။ အင္းေတာ္ႀကီးကို သမိုင္းဝင္ေတာင္ (၃)လုံး အပါအဝင္ ေတာင္ (၁၆)လုံး ဝန္းရံလ်က္ ရွိပါတယ္။

ေတာင္ေတြ အေပၚက ျမစ္ဖ်ားခံ စီးဆင္းလာတဲ့ ေခ်ာင္းငယ္ေပါင္း (၁၂)ခုဟာ အရပ္ ေလးမ်က္ႏွာကေန အင္းေတာ္ႀကီးအိုင္ ထဲကို စီးဝင္ၾကပါတယ္။ အင္းထဲကို စီးဝင္ခြင့္ရွိတဲ့ ေခ်ာင္း (၆)ခုနဲ႔ စီးဝင္ခြင့္ မရြိတဲ့ ေခ်ာင္း (၁၈)ခု ရွိတယ္လို႔လည္း သိရပါတယ္။ အင္းေဘး ဝဲယာမွာ ေက်းရြာအုပ္စု (၁၁)ခုနဲ႔ ရြာေပါင္း (၁၄)ရြာရွိတယ္ လို႔ဆိုပါတယ္။

“တိုင္းလ်န္” လို႔ေခၚတဲ့ ရွမ္းနီတိုင္းရင္းသား အမ်ားစု ေနထိုင္ၾကၿပီး လယ္ယာလုပ္ငန္း။ ေရလုပ္ငန္း။ ေရႊေမွာ္နဲ႔ ေက်ာက္ေမွာ္လုပ္ငန္းေတြ လုပ္ကိုင္ၾကပါတယ္။ အင္းေတာ္ႀကီးအိုင္အတြင္းမွာ သမိုင္းဝင္”ေရႊမဥၨဴ ” (ေရလယ္ဘုရား) တည္ရွိၿပီး ဘုရားပြဲေတာ္ကိုေတာ့ ႏွစ္စဥ္ တေပါင္းလဆန္း (၈)ရေကၠန လျပည့္ေန႔အထိ က်င္းပေလ့ရွိပါတယ္။

ပြဲေတာ္ရက္အတြင္း ကမ္းေျခကေန ေရလယ္ဘုရားကိုသြားဖို႔ နတ္လမ္း လူလမ္းဆိုၿပီး ေပၚလာေလ့ရွိတယ္လို႔ သိရပါတယ္။လႊဲမြန္ေက်းရြာမွာ မုဆိုးမ”ေဒၚမုံ ” တည္ခဲ့တဲ့ ” ေငြမဥၨဴ “ဘုရားကလည္း ထင္းရွားလွပါတယ္။

“အေရွ႕ေတာင္အာရွရဲ့ ကုန္းတြင္းေရေနထဲမွာအႀကီးဆုံးအိုင္ “ေတာင္ထိပ္ၾကားက အင္းေတာ္ႀကီး” “မိုးပ္ံ အင္းႀကီး” “ေတာ္ဝင္ အင္းႀကီး” “အင္းေတာ္ႀကီး”ရယ္လို႔ အမည္ထင္ရွား ေက်ာ္ၾကားလွတဲ့ အင္းေတာ္ႀကီး သမိုင္းကလည္း ဒဏ္႑ာရီဆန္ဆန္ စိတ္ဝင္စားဖြယ္ေကာင္းလွပါတယ္။

အင္းမဖြဲ႕ခင္ သကၠရာဇ္(၂၆၄)က မူးလြင္ျပင္ရဲ့ အေရွ႕ဘက္ “ကု႐ုရာဇ္တိုင္း” “ဥတၱရဌာနီ” စည္းခမ္းၿမိဳ႕”မြာ ( ေစာဝ္ေဆးဖိတ္ ေခၚ က်ားျဖဴ မင္းရဲ့ ခမည္းေတာ္) ဥတၱရေစာျဖဴမင္း အုပ္စိုးခဲ့ပါတယ္။ “အိမ္ေပါင္းတစ္ေသာင္း ေက်ာင္းေပါင္းတစ္ေထာင္”လို႔ ေျပာစမွတ္တြင္ၿပီး စည္ကားခဲ့တဲ့ၿမိဳ႕ႀကီးလို႔သိရပါတယ္။

ေရွးလြန္ေလၿပီးေသာ အတိတ္ႏွစ္ေပါင္း (၂၅၀၀) ေက်ာ္ ၊ ဘီစီ (၅၄၄-၅၈၉)ခန႔္တြင္ ေဂါတမျမတ္စြာဘုရားသခင္သည္ အနာဂတ္ သာသနာေေတာ္တြင္ ျဖစ္ေပၚေတြ႕ၾကဳံမည့္အေရး ေမၽွာ္ေတြး သိျမင္ေတာမူသျဖင့္ အခါတစ္ပါးေသာ္ မဇိၥိိ်မေဒသမွ ညီေတာ္အာနႏၵာ ႏွင့္ တၾက ေကာင္းကင္ ခရီးျဖင့္ ေဒသစာရီ ႂကြခ်ီေတာ္္မူရာ ယခုအင္းေတာ္ႀကီး ျဖစ္တည္သည့္ ေဒသ ႏွင့္ ေရႊမဥၥဴ ဘုရားတည္ရွိသည့္ ေနရာ၌ ေခတၱရပ္တန႔္ၿပီး နာဌာဂီရိေတာင္ (ဆင္ေခါင္းေတာင္) ထိပ္တြင္ ရပ္တန႔္ေတာ္မႈ၏။

ေနာင္ အခါ အနာဂတၠာလ၌ အင္းႀကီး ျဖစ္္တည္ လတၱံေသာ ေၾကာင္းခ်င္းရာႏွင့္ သာသနာေတာ္ ထြန္းလင္း ေတာက္ပသည့္ ဗုဒၶျမတ္ဘုရား၏ ဓါတ္ေတာ္ ေမြေတာ္ ၼ္ား ကိန္းေအာင္း ေတာ္မူရာ ေစတီေတာ္ ဘုရားတည္ရွိ လတၱံ့ေသာ ဗ္ာဒိတၥကား မိန႔္ၾကားေတာ္မူ ခဲ့ေလသည္။

မွတ္ခ်က္။ ။ဗ်ာဒိတ္ေတာ္ ေပးေတာ္မူစဥ္ ရပ္တန႔္ေတာ္မူရာ ေတာင္၏ အမည္ကို ေရွးသမိုင္းမူမ်ားအရ အမည္ကြဲမ်ား ရွိေသာ္လည္း နာဌာဂီရိ(ဆင္ေခါင္း) ေတာင္ ဟူ၍သာ အစဥ္အဆက္ မွတ္သားရေပသည္။ သာသနာေတာ္သကၠရာဇ္ ၂၃၀-ခုႏွစ္တြင္ နဂါးအမ်ိဳး(၄)မ်ိဳး အက်ယ္(၁၁၂၄)မ်ိဳးအနက္ ဧရာပတၱနဂါး မ်ိဳးသားအဖ (၃)ဦးႏွင့္ နဂါးေပါင္း (၃၈၀၁၂) တို႔သည္ ေဘာဂ၀တီနဂါးျပည္မွ (အိုးသစ္၊ အိမ္သစ္၊ အင္းသစ္) ရွာရန္ ၾထၾကၡာ ခဲ့ေလသည္။

သကၠရာဇ္(၂၆၄)ခုႏွစ္တြင္ လူဦးေရ ကိုးသန္းရွိေသာ (ပစၥႏၲရဂႏၼာ) ဂု႐ုရာဇ္တိုင္းတြင္ အိမ္ေၿခ တစ္ေသာင္း၊ ေက်ာင္းေပါင္းတစ္ေထာင္ရွိေသာ ဥတၱရဌာနီ၊ စည္းခမ္း (သၽွမ္းအေခၚၿမိဳ႕ကို တည္ေထာင္ေတာ္မူ၍) ေနာင္တြင္ ဥတၱရေစာျဖဴ (ထမံသီသၽွမ္းတစ္မ်ိဳး ေစာ၀္ေဆဖိတ္ က်ားျဖဴမင္း) စိုးစံအုပ္ခ်ဳပ္ေလသည္။

(ဗုဒၶ အယူ ေက်ာင္းခ်င္းမဟုတ္ ဝါဒဘာသာစုံ ေက်ာင္းေပါင္းစုံ ျဖစ္ဖြယ္ရွိသည္။ သကၠရာဇ္ ၃၆၀-ခုႏွစ္၊ ဘီစီ(၁၈၄)တြင္ ေတာင္ေျမာက္အလ်ား(၈)တိုင္၊ အေရွ႕အေနာက္အနံ (၄)တိုင္ (ယခု အေခၚ တစ္တိုင္လၽွင္ ႏွစ္မိုင္) က်ယ္၀န္းေသာ အင္းႀကီးကို ေရနတ္နဂါးတို႔၏ ဘုန္းတန္ခိုးျဖင့္ ဖြဲ႕တည္ခဲ့ ေလသည္ဟူ၏။

ထို႔ေၾကာင့္ ေဘာဂ၀တီနဂါးျပည္မွ နတၷဂါးမ္ား လာေရာက္ၿပီး (အိုးသစ္ အိမ္သစ္) အင္းအိုင္ဖြဲ႕ တည္ခဲ့ၾကသည္ ဆိုေသာ အခ်က္သည္ ေရွးအဆက္ဆက္ေသာ အင္းေတာ္ႀကီး သမိုင္းအရ ခိုင္လုံစြာ ေရးဆို တင္ၿပ မွတ္တမ္းတင္ ခ့ဲသည္။ ေဂါတမဘုရားရွင္ လက္ထက္တြင္ သုနာပရႏၲတိုင္းဟူ၍ ေခၚတြင္ေသာ တိုင္းနိုင္ငံ၏ ေျမာက္ဘက္ေနာင္တြင္ ဂု႐ုရာဇ္တိုင္း ဥတၱရဌာနီ(စိမ့္)တိုင္း ဟူ၍ အသီးသီး ေခၚသြင္ခဲ့ေလသည္။

သာသနာသကၠရာဇ္ ၃၆၀-ခု(ဘီစီ-၁၈၄)တြင္ ဂု႐ုရာဇ္တိုင္း ဥတၱရဌာနီ စည္းခမ္းၿမိဳ႕ႀကီးကို (ထမံသီ) သၽွမ္းလူမ်ိဳး ဥတၱရေစာျဖဴမင္း တည္ေထာင္ ၿပီးသည္မွ ႏွစ္ေပါင္း၉၆ႏွစ္ ျပည့္ေျမာက္ ေသာႏွစ္ ေပတည္း။

ေလးမ်ိဳးေသာနဂါးတို႔တြင္ ဧရာပတၱ နဂါးမ်ိဳးျဖစ္ေသာ နဂါးမင္းသားသည္ ဥတၱရေစာျဖဴမင္း စိုးစံေသာ ဂု႐ုရာဇ္တိုင္း ဥတၱဌာနီ စည္းခမ္းၿမိဳ႕ႀကီးကို အင္းဖြဲ႕ရန္ ေရႊတာင္နတ္မင္းႀကီး၏ အမိန႔္ကို ရရွိေသာအခါ ေရနတ္ နဂါးမင္းသားက စဥ္းစားေတာ္မႈသည္မွာ ဤ ထမံသီ လူမ်ိဳးမ်ားေနထိုင္ေပ်ာ္ပါး ေသာၿမိဳ႕ကို ငါအင္းဖြဲ႕ လိုက္ေသာ္ တိုင္းေနျပည္သူလူတို႔ ေသေၾက ပ္ကၥီး ၾကေတာ့မည္ ၊

ထိုသူတို႔ေသ ေၾကလ်င္ ငါ၌ ပါဏာတိပါတကံ ထိုက္၍ အပါယ္ငရဲ၌ ဆင္းရဲႀကီးစြာ ခံစားရလိ္မ့္မည္ ဤေနရာကၾလဲ လၽွင္လဲအျခား ေနရာကို ငါေသဘာမက္ မႏွစ္သက္ခဲ့၊ ဟယ္ သို႔ေသာလည္း ဤတို္င္းသူျပည္သား လူအမ်ားတို႔သည္ တရားလည္း မကပ္ၾက၊ ကို္ယ္က်င့္ သီလမရွိၾက ငါးပါးသီလကို တစ္ပါးမၽွ မတည္ ေအာင္ ကိုယ္က်င့္တရားမ်ား အလြန္ပ်က္ျပားၾကသည္၊

ေန႔စဥ္ ညတိုင္း ထိုင္းမွိုင္း ေတြေ၀ ၍ ငါးပါးအာ႐ုံ ကာမဂုဏ္ကို စုံစုံမက္မက္ ႏွစ္သက္ေပ်ာ္ပါးသူ သာ မ်ားေလသည္၊ သို႔ျဖစ္သည္ေၾကာင့္ အလီလီ ေတြးဆ၍ ညသန္းေခါင္ရံ အခါ အာကာသ ေကာင္းကင္ယံတြင္ နတ္ျမင္းပ်ံစီးၿပီး ႀကီးစြာေသာ အသံျဖင့္ ေႂကြးေၾကာ ္ေလသည္မွာ ဤ တိုင္းျပည္ ၌ ေနထိုင္ၾကကုန္ေသာ အသင္မႏုႆလူသားတို႔သည္ ေရွ႕ ခုႏွစ္ရက္ တိုင္လ်င္ သင္တို႔တိုင္းျပည္ ေရျပင္အတိ အင္းႀကီးျဖစ္လိမ့္မည္။

ခုႏွစ္ရက္မတိုင္ခင္ အၾကား ခရီးေ၀းစြာ ထြက္ခြာသြားၾကကုန္ေလာ့ အကယ္၍ မသြားဘဲေနၾကလၽွင္ ေရမြန္းႏွစ္၍ ေသၾက ကုန္လတၱံ့ဟု တစ္တိုင္း ျပည္လုံးၾကားေလာက္ေအာင္ သုံးႀကိမ္သုံးခါတိုင္တိုင္ ေႂကြးေၾကာ္ေလ၏ ဤသို႔ တစ္ျပည္လုံး ၾကားေလာက္ေအာင္ ေႂကြးေၾကာ္ပါေသာ္လည္း တိုင္းသားျပည္သူမ်ား ဗိုလ္လူတို႔၏ မေကာင္းမႈ ကံစီမံဖန္တီးသျဖင့္ အသက္ႀကီးေသာ မုဆိုးမ အေဒၚအိုတစ္ေယာက္အျပင္ မည္သူမၽွ မၾကားမသိၾကေခ်၊

နံနက္ မိုးလင္းေသာအခါ အေဒၚအိုမုဆိုးမက တအိမ္တက္တအိမ္ဆင္းသြား ေရာက္ ေျပာၾကားေသာ္လည္း အယုံ တရားမရွိၾကဘဲ ဤမုဆိုးမသည္ မလွေသာမ်က္ႏွာ မသာယာ ေသာ မ်က္ခြက္ျဖင့္ ငါတို႔အား လိမ္လည္လွည့္ျဖား မဟုတ္မမွန္ေသာ စကားကိုေျပာၾကားေလသည္၊ ငါတို႔ ဘိုးဘြား မိဘကစ၍ ငါတို႔လက္ထက္ က်ေအာင္ ဤတိုင္း ျပည္နဂရတြင္ ထာ၀ရၾကာရွည္စြာ ေနထိုင္ခ့ဲ့ၾကသည္၊

ဘယ္အခါဘယ္ကာလမွ မၾကားစဘူးထူးဆန္းေသာ ဤစကားကို အေဒၚအိုမုဆိုးမ ေျပာၾကားသည္ ႐ူးခ်င္သလားမသိဟု လူစုၿပီးျပန္ေျပာဆဲေရး ဆိုလိုက္ၾကကုန္ သတည္း၊ အေဒၚအိုက ထိုထိုအိမ္ထက္သို႔ တက္၍ တဖန္ေ၀းရာသို႔ေရြ႕ေျပာင္း ထြက္ခြါသြားၾကရန္ သည္းခံ၍ ေျပာေသာ္လည္း မိမိအား အ႐ူးအႏွမ္းျဖစ္ေအာင္ မာန္ေထာင္ေဒါသ ေငါေငါထ၍ အိမ္ထက္မွ ေမာင္းႏွင္း ျခင္း ခံေရသာ ခုႏွစ္ရက္ေျမာက္ေသာေန႔၌ အေဒၚအိုသည္ ဤၿမိဳ႕ရြာရွိ မိမိေဆြမ်ိဳးညာတိ ေျမး၊ ျမစ္မ်ားကို အပါ ေခၚငင္၍ ေ၀းစြာေသာၿမိဳ႕ အေနာက္ဘက္သို႔ ထြက္ေျပးၾကေလေသာ္ ေရနတ္ နဂါးရာဇာက ေတဇာကြန႔္ၿဖိဳး နတ္တို႔၏ တန္ခိုးအားျဖင့္ အမ်ိဳးမ်ိဳးေသာ မိုးလ္းႀကီးေလႀကီး ျမည္ဟီး ျပင္းခ်က္ လ်ပ္တထိန္ထိန္ အရွိန္ရဲရဲႏွင့္ ၀င္းနဲလၽွပ္ကနဲ မိုးကလည္း သဲသဲမဲမဲရြာခ်ေလသည္။

ထိုအခါ မုဆိုးမသည္ ကုန္းေမာက္ေသလာ ယခုလြဲမြန္ ေက်းရြာ၏ ဒကိၡဏာေတာင္ဘက္ ယခု အဘယဂီရိေခၚ ေတာင္ကုန္းေပၚထက္သို႔ တက္ေျပး၍လာရင္း မိမိ ေနာက္ေၾကာ (အေရွ႕)ဘက္သို႔ ေမၽွာ္ၾကည့္လိုက္လၽွင္ ထမံသီလူမ်ိဳး ဥတၱရေစာျဖဴမင္း၏ ဥတၱရဌာနီ စည္းခမ္းၿမိဳ႕ႀကီး သည္ ေရျပင္အတိအင္္းႀကီးျဖစ္၍ ေပ်ာက္ ဆုံးေနေလၿပီ ကိုေတြ႕ျမင္ရေလေတာ့သည္။

ယေန႔တိုင္ ထိုမုဆိုးမ ေနာက္ေၾကာဘက္သို႔ လွည့္ေမ်ာ္ၾကည့္ခဲ့ေသာေနရာကို လြဲမြန္ေတာင္ဟုေခၚသည္။ လြဲသည္သၽွမ္းလို ေတာင္ဟုအဓိပၸါယ္၍ မြန္သည္ ေမၽွာ္ သည္ဟု အဓိပၸါယ္ရပါသည္။

မုဆိုးမသည္ ဥတၱရ႒ာနီ စည္ခမ္းၿမိဳ႕ တြင္ေမြးဖြား၍ အရြယ္ေရာက္ေသာအခါ သၽွမ္းကလိမ္း ခနီးၱ (ထမံသီ) လူမ်ိဳးတစ္ေယာက္ႏွင့္ အိမ္ေထာင္က်ေလည္ လင္ေယာက်္ား ေနာက္သို႔ လိုက္ပါသြားၿပီးေနာက္ သမီး (မင္းအပ္) ကိုေမြးဖြားၿပီး လင္ေယာက်္ား ေသဆုံးေလသည္၊ သမီးမင္းအပ္လည္း အရြယ္ေရာက္လ်င္ အိမ္ေထာက္က်၍ သားေကလး (ေမာင္သာယ) ကိုေမြဖြားၿပီး လင္ေယာက်္ား ေသဆုံးေလသည္၊ မုဆိုးမသည္ ထိုၿမိဳ႕ ထိုရြာတြင္ ေဆြမ်ိဳးရင္းခ်ာ မရွိသျဖင့္ သမီးေျမးႏွစ္ေယာက္ႏွင့္ အတူ ဥတၱရ႒ာနီစည္ခမ္းၿမိဳ႕သို႔ ျပန္ေရာက္ၿပီး ႏွစ္ႏွစ္ အၾကာတြင္ ဥတၱရ႒ာနီ စည္ခမ္းၿမိဳ႕ႀကီး အင္းျဖစ္ေလေတာ့သည္။

ယင္းထမံသီ မ်ိဳးဆက္မွ ဆင္းသက္ ေပါက္ဖြားလာေသာ လူမ်ိဳးမ်ားေနထိုင္သည့္ ထမံသီရြာသည္ ယေန႔တိုင္ ရွိေနပါေသးသည္။ဥတၱရေစာျဖဴရဲ့သား ေစာ၀္ေဆးဖိတ္ (က်ားျဖဴမင္း) မင္းသာသည္ အင္းႀကီးဖြဲ႕ေသာအခ်ိန္ မင္းညီးမင္းသား အခ်ိဳ႕ႏွင့္ ေတာကစားသြားေန၍ အင္းဖြဲ႕ရာေသဆုံးျခင္းမရွိပဲ က်န္ရစ္ခဲ့ေလသည္ ၎သည္ မိုင္းသုံေတာင္နားတြင္ က်င္လည္က်က္စားေနရင္ ေနာက္နန္းမြန္ ႏွင္ ့ေတြ႕ဆုံ ေပါင္းဖက္၍ သားသုံးပါး ဖြားျမင္ ေလသည္။

(၁)ခြန္ရံ(သိုေကာ္ဘြား)၊ (၂)ျခႏၠံ (သိုငံဘြား)၊ (၃)ခြန္အြမ္ (သိုက်ည္ဘြား) တို႔ ျဖစ္ၾကေလသည္။၎သားေတာ္သုံးပါး၏ ဘိုးေတာ္ျဖစ္ေသာ ရြီွရႊမ္နန္းၿမိဳ႕ေတာ္သခင္ ဥတည္မင္းမွ ေျမးေတာ္မ်ားအား လူသူလက္ အင္အားမ်ားေပး၍ တည္ေထာင္အုပ္ခ်ဳပ္ ေစခဲ့ေသာ နယၸယၼ္ား နန္းၿမိဳ႕မ်ားျဖစ္သည့္ မိုးညႇင္း၊ မိုးေကာင္း၊ မိုးမိတ္၊ ၿမိဳ႕မ်ားေပၚလါခဲ့ေပသည္။

အင္းေတာ္ႀကီး၏ အံ့ဘြယ္ကိုးပါးအင္းေတာ္ႀကီးသည္ ျမန္မာျပည္တြင္ အႀကီးဆုံးအင္းျဖစ္သည္၊(၁) အလ္ား ၈-တိုင္၊ အနံ ၄-တိုင္၊ က်ယ္၀န္းေသာေၾကာင့္တပါး၊(၂) အေနာဒတၳအိုင္ကဲ့သို႔ အလြန္ ေရသန႔္ရွင္းေသာေၾကာင့္ တပါး၊(၃) အလြန္က်ယ္၀န္းေသာ အင္းျဖစ္ေသာ္လည္း အင္းထဲတြင္ ဆိုးဝါးေသာ မိေက်ာင္းစေသာ ငါးႀကီးတို႔ကို မဆိုးဝါးရေအာင္ အင္းေတာ္ႀကီး အရွင္ ထိန္းသိမ္းျခင္းေၾကာင့္ အံ့ၾဘယၱပါး၊

(၄)-အင္းႀကီးထဲတြင္ မေတာ္တဆ လူတို႔က်ေသဆုံးရေသာလည္း အနာအဆာမရြိ ငါးႀကီးမ်ားလည္း အစားဘဲ ကမ္းစပ္ေရာက္ေအာင္ လိူင္းပိုတ္ခတ္တင္ေပးျခင္း၊(၅- အင္းနားတြင္ ေရႊက်င္ေသာ္ ေရႊမ်ားရရွိျခင္း၊(၆)-အမိုက္သရိုက္မ်ားကို အင္းထဲတြင္ မရွိရေအာင္ ေန႔စဥ္ညတိုင္း ကမ္းသို႔အေရာက္ လွိုင္းပုတ္ခတ္တင္ေပးျခင္း၊(ရ)-တစ္ႏွစ္ သုံးႀကိမ္က် သားမက္ေတာ္ နန႔္တိန္းအရွင္ႀကီးက ေယာကၡမေတာ္ အရွင္ႀကီးထံသို႔ ေရေျပာင္းျပန္ ဆန္တက္ကန္ေတာ့ျခင္း၊

(၈) -စစ္တိုက္ရာပါေခ်ာင္းမ်ားကို အင္းႀကီးထဲသို႔ သန႔္ရွင္းစြာ ၀င္ခြင့္ ျပဳျခင္း၊(၉) -ႏွစ္စဥ္ႏွစ္တိုင္း တန္ေဆာင္မုန္း လကစ၍ ျပာသိုလအထိ အင္းထဲရွိ ငါးမ်ားကို အင္းေတာ္ႀကီး ေတာင္ပိုင္း အ်ခားအၾကာ (၈)မိုင္ဘုရားႀကီးအထိ လြဲအိမ္ေတာင္ အရွင္ႀကီးက အင္းထဲရွိ ငါးမ်ားကို ေဆးခတ္သျဖင့္ ငါးမ်ားစြာေသျခင္း ဤသို႔ျဖင့္ အံ့ဘြယ္ ကိုးပါးတည္း၊ ဟုသိရပါတယ္။

ထူးျခားတာကေတာ့တႏၡဴး ကဆုန္ ေရနည္းခ်ိန္မွာ အင္းေတာ္ႀကီးရဲ့ အေရွ႕ဘက္ကမ္းအနီးက “နတ္ေမာက္ကန္”နဲ႔ “ဟဲပု”ေက်းရြာအၾကားေရျပင္ေအာက္မွာ ထမံသီလူမ်ိဳးေတြ တည္ေဆာက္ ေနထိုင္ခဲ့ၾကတဲ့အေဆာက္အဦးတိုင္ေတြကို အတိုင္းသား ျမင္ေတြ႕ရျခင္းမ်ိဳးရွိတယ္လို႔ ေျပာဆိုၾကပါတယ္။

(၁၁)ရာစု အေနာ္ရထာမင္းနဲ ့ေခတ္ၿပိဳင္ ဥတည္ဘြားဘုရင္ကို ဆက္စပ္ၾကည့္ရင္ မိုးညႇင္းၿမိဳ႕တည္ ရာစုႏွစ္ဟာ မွန္ကန္ဖြယ္ရွိၿပီး စည္းခမ္းၿမိဳ႕ႀကီးကို အင္းဖြဲ႕တဲ့ ႏွစ္ေပါင္းဟာလည္း (၁၀)ရာစုထက္ ေစာနိုင္စရာ အေၾကာင္းမရွိဘူးလို႔ထင္ပါတယ္။

အေနာ္ရထာ နတ္ရြာစံၿပီးတဲ့ေနာက္မွာ “အရွင္ဗုဒၶမေထရ္”နဲ႔ “အရွင္သုမနမေထရ္”တို႔က ဒီေဒသကို ဗုဒၶသာသနာ ထြန္းကားေအာင္ျပဳ လုပ္ခဲ့ၾကပါတယ္။

တစ္ခ်ိန္တုန္းက အင္းေတာ္ႀကီးက ေရလုပ္သားႀကီး “ဦးရန္ေအာင္”ဆိုသူဟာ ကြန္ပစ္ရင္း ရရြိခဲ့ဖူးတဲ့ လည္ပင္းရွည္ အဝက်ဥ္းအိုး (ပ်ဴ ေခတ္အိုးပုံစံ)နဲ႔အိုးထဲမွာ အရိုးျပာလို႔ ယူဆရတဲ့ အရိုးအပိုင္းအစနဲ႔ ေရာင္စုံပုတီးေစ့(၂)လုံး ေတြ႕ခဲ့ဖူးေၾကာင္း (၁၉၈၉ ခုႏွစ္ မိုးညႇင္းၿမိဳ႕နယ္ ၾကက္ေျခနီအသင္းက စီစဥ္ထုတ္ေဝတဲ့ “မိုးညႇင္းမဂၢဇင္း” အမွတ္(၁) မင္းဥကၠာေဆြရဲ့ “ျမန္မာ့မိုးပ်ံအင္း” ေဆာင္းပါး (စာ-၃၃)မြာ ေလ့လာ သိရွိရပါတယ္။

အင္းဖြဲ႕ျခင္း မခံရမီက စည္းခမ္းၿမိဳ႕ကလူေတြရဲ့ဘာသာဓေလ့နဲ႔ ဆက္စပ္ေနတဲ့ ထုံးတမ္းစဥ္လာေတြဟာ ပ်ဴ နဲ႔တူေနတာကို ေတြ႕နိုင္ပါတယ္။ ေသသူကို မီးသျဂၤ ိုဟ္ၿပီး အရိုးျပာကို ေရာင္စုံပုတီးေစ့ေတြ နဲ႔အတူ အိုးမွာထည့္တဲ့ ေဓလ့ဟာ ပ်ဴ ေတြရဲ့ဓေလ့ျဖစ္ပါတယ္။

“အင္းေတာ္ႀကီး””အင္းေတာ္ေလး”နဲ႔ပါတ္သက္ၿပီး ဒဏ္႑ာရီ ျဖစ္ရပ္တစ္ခုကလည္း စိတ္ဝင္စားစရာပါ။ ဧရာပထနဂါးမင္းရဲ့ သားေတာ္ႏွစ္ပါးဟာ အင္းေတာ္ႀကီးေဒသနဲ႔ အင္းေတာ္ၿမိဳ႕အနီးက ေနရာေတြမွာ အသီးသီး အၿပိဳင္ အင္းဖြဲ႕ၾကရာ ညီေတာ္က ေနာင္ေတာ္ကို “အင္းဖြဲ႕လို႔ ေနာင္ေတာ္ အနိုင္ရရင္ ညီေတာ္က ေခါင္းမေဖာ္ဘဲ ေနမယ္”ဆိုတဲ့ စကားကတိရွိခဲ့လို႔ (ယခု အင္းေတာ္ၿမိဳ႕အနီးက) အင္းေရျပင္ေပၚမွာ ၾကာဖက္ေတြ အျပည့္အုပ္မိုးေနေၾကာင္း အင္းဖြဲ႕ရာမွာ ေနာင္ေတာ္ရဲ့အင္းေလာက္ ႀကီးက်ယ္ျခင္းမရွိလို႔ ရံႈးနိမ့္သြားတဲ့ ညီေတာ္ရဲ့စကားကတိ တည္ခဲ့ေၾကာင္းမ်ားကို ယေန႔တိုင္ ေျပာဆိုယုံၾကည္ေနၾကတာကို ၾကားသိရပါတယ္။

မည္သို႔ပင္ဆိုေစကာမူ “အင္းေတာ္ႀကီး”ေဒသကေတာ့ ေပ်ာက္ဆုံးေနတဲ့ “ဥတၱရေစာျဖဴ မင္း”ရဲ့ ေရႊၿမိဳ႕ေတာ္ႀကီး တည္ေနရာ ျဖစ္သလို ရွမ္းနီတိုင္းရင္းသား”တိုင္းခမ္းတီး၊ တိုင္းလၽွဲန္၊ တိုင္းကတူး၊ တိုင္းကနန္း”တို႔ရဲ့ အံ့ဖြယ္ထူးျခား လွပလြန္းတဲ့ ေနရာေဒသတစ္ခု ျဖစ္တာကိုေတာ့ ဘယ္သူမွျငင္းနိုင္မွာ မဟုတၱာေကတာ့ ေအသအခ္ာပါပဲ။