ဗဟုသုတ

လယ်တွေ စျေးကောင်းရတိုင်း မရောင်းပါနဲ့ ပြောရတာ ဒါကြောင့်ပါ ဆိုတဲ့ ဖြစ်ရပ်မှန်

လယ်တွေ စျေးကောင်းရတိုင်း မရောင်းပါနဲ့ ပြောရတာ ဒါကြောင့်ပါ ဆိုတဲ့ ဖြစ်ရပ်မှန်

လယ်တွေ စျေးကောင်းရတိုင်း မရောင်းပါနဲ့လို့ ပြောနေရတာ ဒါကြောင့်ပါဆိုတဲ့ ချန်ထပူရီက ဖြစ်ရပ်မှန်… ထိုင်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ ချန်ထပူရီ ဆိုတဲ့ပြည်နယ်လေးတခုရှိတယ်။ အဲ့ဒီပြည်နယ်က စိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်ကြပြီး အများဆုံးစိုက်တာကတော့ စပါးပေါ့။ သူစိုက်တဲ့စပါးက ထိုင်းနိုင်ငံ တနိုင်ငံလုံးစာနီးပါး ဖူလုံစေသတဲ့။

နောက်တော့ တဖြည်းဖြည်းနဲ့ စပါး အထွက်နှုန်းတွေလျော့ကျလာပီး နောက်ဆုံး လုံး၀ မထွက်နိုင်တော့တဲ့အထိ ဖြစ်သွားခဲ့လို့ တရွာလုံးက ယောက်ျားလေးတွေ သင်္ဘောလိုက် မြို့တက်အလုပ်လုပ်၊ မိန်းကလေးတွေကျတော့လည်း ကာရာအိုကေဆိုင်တွေရောက် မကောင်းတာတွေလုပ်စား စသဖြင့်ပေါ့ဗျာ..။

ဒီလိုနဲ့ နိုင်ငံ့အတွက် ဆန်စပါးရိက္ခာဟာ အစပိုင်းမှာ ဖူလုံနေခဲ့ပြီး နောက်ပိုင်းကျ နိုင်ငံခြားက ဆန်စပါးတွေကို တင်သွင်းလာရတော့ ဝန်ကြီးတွေက သိပ်မကြည်ကြတော့ဘူး။ နောက်ပိုင်း လုံးလုံးလျားလျား တင်သွင်းလာရတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာရိက္ခာငွေတွေ ထိခိုက်လာတယ်။ ဒါ့ကြောင့် ဝန်ကြီးတွေဟာ အစည်းဝေးခေါ်ပီး အစီအစဉ်တခုကို ဆွဲခဲ့ကြတယ်။

ထိုင်းပြည်သူတွေက ဘုရင်ကို အရမ်းချစ်ကြတော့ ဘုရင်ကို ခေါ်ပြီး (ဘန်းပြပြီး) အဝေးရောက်နေသူတွေကို စုစည်းရအောင် အဲ့ဒီချန်ထပူရီဒေသကို တိုင်းခန်းလှည့်လည်မယ်လို့ ကြေငြာလိုက်တယ်။ ဘုရင်ကလည်း နိုင်ငံ့အရေးဆိုတော့ သဘောတူတယ်။ နောက် ဘုရင်က ၀န်ကြီးနောက်လိုက်တွေနဲ့အတူ ချန်ထပူရီကို ရောက်တယ် ဆိုပါတော့။

အဲ့ဒီမှာ လူလည်းစုံရော အရင်က စီစဉ်ထားခဲ့တဲ့အတိုင်း အပြောအဟောကောင်းတဲ့ ဘုရင့်ကိုယ်ရေးအရာရှိကို ပြောခိုင်းတော့တာဘဲ။ “ကဲ… ဘုရင်မင်းမြတ်ကိုယ်တိုင် ဒီလို တိုင်းခန်းကြွလာရခြင်းဟာတော့ နိုင်ငံ့ရဲ့ အရေးပေါ်အခြေအနေတခုကို ကြေငြာအသိပေးလိုတာကြောင့်ဘဲ ဖြစ်တယ်။

ဒီနေရာမှာ ဒီဒေသရဲ့ စပါးအထွက်နှုန်းနဲ့ ပတ်သတ်လို့ အရင်က လူကြီးမင်းတို့ စပါးစိုက်ပြီး ထိုင်းတနိုင်လုံးကို ဖူလုံနိုင်စေခဲ့တယ်။ အခု လူကြီးမင်းတို့ မစိုက်တော့လို့ ကျွန်တော်တို့တွေ တခြားက တင်သွင်းနေရတယ်၊ ဘဏ္ဍာရိက္ခာအရံငွေတွေ အလွန်ကို ထိခိုက်လာနေတယ်။ အဲ့တော့ နိုင်ငံ့ရဲ့ ကျေးဇူးသစ္စာကိုစောင့်သိတဲ့အနေနဲ့ ခင်ဗျားတို့ စပါးကို မဖြစ်မနေပြန်စိုက်ပေးကြဖို့ပါ။

မစိုက်နိုင်ခဲ့ဘူးဆိုရင်တော့ ဒီဒေသအတွက် ထိုက်လျောက်တဲ့ အရေးယူမှုတွေ ပြုသင့်ရင် ပြုလုပ်ရပါလိမ့်မယ်…” အဲ့ဒီမှာ ဘုရင်ကြွလာလို့ အားလုံးပျော်ရွင်နေရာကနေ ငြိမ်ပြီး ၀မ်းနည်းသွားကြတယ်။ ချက်ခြင်းဘဲ အဖိုးအိုကြီးတယောက်က ထလာပြီး တောင်သူဆိုတော့ သိတဲ့အတိုင်း ဘုပြောနဲ့ ပြောချတော့တာပေ့ါ။

“အေး… မင်းတို့ပြောသလို မလုပ်နိုင်ဘူး…. သတ်ချင်သတ်။ ဒါပေမယ့် အားလုံးတော့ မလုပ်နဲ့။ ငါ့တယောက်ထဲ လာသတ်လှည့်။ မင်းတို့က ငါ့တို့အကြောင်းတော့ သေသေချာချာ မစုံစမ်းဘဲ ရမ်းသမ်းပြီး လာလုပ်လို့ရမလား… ငါတို့ ဘယ်လောက်ဒုက္ခရောက်နေခဲ့ရသလဲ မင်းတို့မသိဘဲနဲ့” ဆိုပြီး ၀င် ဖြဲတာပေါ့။

အဲ့တော့မှ ၀န်ကြီးတွေ လှုပ်လှုပ်ရွရွဖြစ်လာကြတယ်။ ဘုရင့် ကိုယ်ရေးအရာရှိက ဝန်ကြီးတွေကို လက်တားပြလိုက်ပြီး… “ဒါဆိုရင် အဖိုး ဒီကစောင့်နေပါ။ ဒီကိစ္စကို အခုမရှင်းသေးဘူး မနက်ဖြန်ကျမှ ကျုပ်နဲ့ ခင်ဗျား ၂ ယောက်ချင်း တွေ့မယ်ဆိုပြီး” အားလုံး ပြန်သွားကြတယ်။ အားလုံးကတော့ ဘုရင့်အရှေမှာမို့ (ဘုရင်က ပြည်သူတွေကို အရမ်းချစ်တာကိုး) အပြစ်မပေးဘဲ နောက်မှ အပြစ်ပေးမယ်ပေါ့ စသဖြင့် ထင်ကြတယ်။ နောက် ဘန်ကောက်ပြန်ရောက်တော့ ဘုရင့်ကိုယ်ရေးအရာရှိက သူ့ရဲ့ ရာထူးကိုစွန့်လိုက်တယ်။

အားလုံးလည်း အံ့သြကုန်ကြတာပေါ့။ သူက ဝန်ကြီးတွေကို ပြောခဲ့သေးတယ်။ ကျနော်ဒီရွာကို သွားလေ့လာရမယ်ပေါ့။ စုဝေးပွဲမှာတုန်းက အဖိုးကြီးပြောတဲ့အထဲ တခုပါခဲ့သေးတယ်။ “ခင်ဗျားတို့က ရာထူးအဆောင်အယောင်တွေနဲ့ ကြီးပွားနေပြီး အေးအေးဆေးဆေးနေနေရတော့ ဒို့ဒုက္ခတွေကို ဘယ်သိမလဲ” ဆိုပြီးပေါ့။ ဒါကို ကိုယ်ရေးအရာရှိက ကောင်းကောင်းနားလည်သွားပုံရပါတယ်။ ဘုရင်ထံ ခွင့်တောင်းတယ်။ ရိုးရိုးအရပ်သားဘ၀နဲ့ ချန်ထပူရီကို ကယ်တင်ပါရစေဆိုတော့ ဘုရင်ကလဲ ခွင့်ပြုတယ်။ ဒီလိုနဲ့ ချန်ထပူရီကိုရောက် အဖိုးကြီးနဲ့တွေ့။

အကြောင်းအရင်းကို မေးကြည့်တဲ့အခါ…. “အရင်ကတော့ ဟုတ်တယ် စပါးတွေ စိုက်တိုင်းဖြစ်တယ်။ နောက် နိုင်ငံတိုးတက်လာတော့ ဓာတ်မြေသြဇာ ပိုးသတ်ဆေး… စတာတွေ ပေါ်လာတယ်။ အဲ့ဒါတွေသုံးရင် ၂ဆ ၃ဆ အထွက်တိုးမယ်ဆိုပြီး ဓာတ်မြေသြဇာ ကုမ္ပဏီကြီးတွေက လာရောင်းတယ်။

အစပိုင်း ၄၊ ၅ နှစ်မှာ သူတို့ပြောတဲ့အတိုင်း ထွက်တော့ တောင်သူတွေလဲ ၀မ်းသာတာပေါ့။ နောက်ပိုင်း အထွက်နှုန်းလျော့ကျလာတယ်။ အထွက်နှုန်းလျော့လာတော့ ဓာတ်မြေဩဇာကျွေးနှုန်းကို ၂ ဆ ၃ ဆ တိုးထဲ့ရမယ်ဆိုပီး ကုမ္ပဏီတွေဘက်က ဆော်ဩလာတယ်။

နောက် ထပ်ပီး ဖော်မြူလာ ၀မ်း ဘာညာဆိုပြီး စျေးနှုန်းမြင့်တဲ့ ဓတ်မြေသြဇာတွေ သွင်းတော့တာပဲ။ တဖြည်းဖြည်း တောင်သူတွေက မ၀ယ်နိုင်တော့ သူတို့က စပါးပေးနဲ့ရောင်းတယ်။ အစပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်း အထွက်နှုန်းလျော့လာပြန်ရော။ နောက်ဆုံး အကြွေးပေါ်အကြွေးဆင့်နဲ့ လုံး၀မစိုက်နိုင်တော့ဘဲ သားသမီးတွေကို ခုနကလို အဖြစ်မျိုးတွေဖြစ်အောင် တွန်းပို့သွားတော့တာဘဲ” တဲ့။ အဲ့ဒီမှာ စိုက်ပျိုးရေးကျောင်းဆင်းဖြစ်ခဲ့တဲ့ ကိုယ်ရေးအရာရှိက (ရာထူးကစွန့်လိုက်ပြီနော်) သူ့ပိုင်ဆိုင်တဲ့ ငွေတွေနဲ့ ပြန်စမယ်လို့ ဆိုလိုက်တယ်။

ခင်ဗျားတို့က လူစိုက်ပေး။ တချို့တ၀က်တော့ လက်ရှိအလုပ်ပဲ ဆက်လုပ်အုံးပေါ့။ နောက်အဆင်ပြေလာတော့မှ ဒီထက် လူအင်အား ထပ်တိုးကြတာပေါ့ဆိုပီး… ကဲ မှန်းစမ်း မြေကိုစမ်းကြည့်မယ် ပေါက်တူးယူခဲ့ဆိုတော့… ရွာသားတွေလည်း တက်ကြွလာတာပေါ့။ နောက် မြေကို ပေါက်တူးနဲ့ ပေါက်လိုက်တာ တချွမ်းချွမ်း မြည်နေတော့တာပဲ။ (ဓာတ်မြေသြဇာတန်ခိုးတွေပြပီး မြေတွေ ကျွတ်ကုန်တော့တာပါ) ဒါဆိုသိပြီ ဆိုပြီး အဲ့ဒိအချိန်ကနေ စတင်လာခဲ့လိုက်တာ… အခုဆိုရင် ချန်ထပူရီမှာ စပါးအပြင် အခြားနှစ်ရှည်ပင်တွေရော၊ စားပင်သီးပင်တွေရော စုံလို့။ ဒါ့အပြင် အဲ့ဒီဒေသက တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေးသင်တန်းကျောင်းကြီးလည်း ဖွင့်ပေးထားတယ်။

နောက် အပင်တွေကထွက်တဲ့ သဘာ၀အရင်းအမြစ်တွေနဲ့ လူ့အသုံးအဆောင်တွေ စားသောက်ကုန်တွေ စတာတွေကို စက်ရုံတွေနဲ့ ထုတ်နေပြီလေ…. သင်တန်းကျောင်းဆရာကတော့ ကိုယ်ရေးအရာရှိကြီးပေါ့။ (နမူနာတခုပြောရရင် အဲ့ဒီဒေသက ပျက်စီးသွားတဲ့မြေတွေကို မြေဆီပြန်လုပ်တာနဲ့ပတ်သတ်လို့ ချန်ထပူရီမှာ မြက်ရှည်ရိုင်းတွေက မပေါက်တော့ ကမ္ဘောဒီယားနဲ့ ဗီယက်နမ်တွေဆီက ၀ယ်ပီး သင်္ဘောတွေနဲ့ ကားတွေနဲ့သယ်။ နောက်မှ အဲ့ဒါတွေကို နုတ်နုတ်စင်း မြေကြီးပေါ်မှာခင်းပြီး သဘာဝမြေဆီ ပြန်လုပ်ခဲ့ရတယ်) ဒီ ဖြစ်ရပ်လေးကို နမူနာယူပြီး ကျနော်တို့နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကိုလည်း တိုးတက်အောင် တခေတ်ဆန်း ပြောင်းလဲသင့်ပြီလို့ ထင်မြင်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

(မူရင်းက ထိုင်းနိုင်ငံမှာ နေခဲ့ဖူးတဲ့ စာရေးဆရာမကြီးတယောက် ဟောပြောပွဲကနေ စာသားအဖြစ် နားလည်နိုင်စေရန် ပြန်လည် ပြုပြင်ရေးသားထားပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံမှာ တကယ်ဖြစ်သွားခဲ့တဲ့ အဖြစ်ကနေ ယနေ့ ထိုင်းနိုင်ငံရဲ့ ကမ္ဘာကိုထိုးဖောက်နေတဲ့ စိုက်ပျိုးရေးနည်းစနစ်ကို မီးမှောင်းထိုးပြချင်ရုံမျှသာ…)

YN

လယ္ေတြ ေစ်းေကာင္းရတိုင္း မေရာင္းပါနဲ႔ ေျပာရတာ ဒါေၾကာင့္ပါ ဆိုတဲ့ ျဖစ္ရပ္မွန္

လယ္ေတြ ေစ်းေကာင္းရတိုင္း မေရာင္းပါနဲ႔လို႔ ေျပာေနရတာ ဒါေၾကာင့္ပါဆိုတဲ့ ခ်န္ထပူရီက ျဖစ္ရပ္မွန္… ထိုင္းနိုင္ငံရဲ့ အေရွ႕ပိုင္းမွာ ခ်န္ထပူရီ ဆိုတဲ့ျပည္နယ္ေလးတခုရွိတယ္။ အဲ့ဒီျပည္နယ္က စိုက္ပ်ိဳးေရးကိုသာ အဓိကလုပ္ကိုင္ၾကၿပီး အမ်ားဆုံးစိုက္တာကေတာ့ စပါးေပါ့။ သူစိုက္တဲ့စပါးက ထိုင္းနိုင္ငံ တနိုင္ငံလုံးစာနီးပါး ဖူလုံေစသတဲ့။

ေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ စပါး အထြက္ႏႈန္းေတြေလ်ာ့က်လာပီး ေနာက္ဆုံး လုံး၀ မထြက္နိုင္ေတာ့တဲ့အထိ ျဖစ္သြားခဲ့လို႔ တရြာလုံးက ေယာက္်ားေလးေတြ သေဘၤာလိုက္ ၿမိဳ႕တက္အလုပ္လုပ္၊ မိန္းကေလးေတြက်ေတာ့လည္း ကာရာအိုေကဆိုင္ေတြေရာက္ မေကာင္းတာေတြလုပ္စား စသျဖင့္ေပါ့ဗ်ာ..။

ဒီလိုနဲ႔ နိုင္ငံ့အတြက္ ဆန္စပါးရိကၡာဟာ အစပိုင္းမွာ ဖူလုံေနခဲ့ၿပီး ေနာက္ပိုင္းက် နိုင္ငံျခားက ဆန္စပါးေတြကို တင္သြင္းလာရေတာ့ ဝန္ႀကီးေတြက သိပ္မၾကည္ၾကေတာ့ဘူး။ ေနာက္ပိုင္း လုံးလုံးလ်ားလ်ား တင္သြင္းလာရေတာ့ တိုင္းျပည္ရဲ့ ဘ႑ာရိကၡာေငြေတြ ထိခိုက္လာတယ္။ ဒါ့ေၾကာင့္ ဝန္ႀကီးေတြဟာ အစည္းေဝးေခၚပီး အစီအစဥ္တခုကို ဆြဲခဲ့ၾကတယ္။

ထိုင္းျပည္သူေတြက ဘုရင္ကို အရမ္းခ်စ္ၾကေတာ့ ဘုရင္ကို ေခၚၿပီး (ဘန္းျပၿပီး) အေဝးေရာက္ေနသူေတြကို စုစည္းရေအာင္ အဲ့ဒီခ်န္ထပူရီေဒသကို တိုင္းခန္းလွည့္လည္မယ္လို႔ ေၾကျငာလိုက္တယ္။ ဘုရင္ကလည္း နိုင္ငံ့အေရးဆိုေတာ့ သေဘာတူတယ္။ ေနာက္ ဘုရင္က ၀န္ႀကီးေနာက္လိုက္ေတြနဲ႔အတူ ခ်န္ထပူရီကို ေရာက္တယ္ ဆိုပါေတာ့။

အဲ့ဒီမွာ လူလည္းစုံေရာ အရင္က စီစဥ္ထားခဲ့တဲ့အတိုင္း အေျပာအေဟာေကာင္းတဲ့ ဘုရင့္ကိုယ္ေရးအရာရွိကို ေျပာခိုင္းေတာ့တာဘဲ။ “ကဲ… ဘုရင္မင္းျမတ္ကိုယ္တိုင္ ဒီလို တိုင္းခန္းႂကြလာရျခင္းဟာေတာ့ နိုင္ငံ့ရဲ့ အေရးေပၚအေျခအေနတခုကို ေၾကျငာအသိေပးလိုတာေၾကာင့္ဘဲ ျဖစ္တယ္။

ဒီေနရာမွာ ဒီေဒသရဲ့ စပါးအထြက္ႏႈန္းနဲ႔ ပတ္သတ္လို႔ အရင္က လူႀကီးမင္းတို႔ စပါးစိုက္ၿပီး ထိုင္းတနိုင္လုံးကို ဖူလုံနိုင္ေစခဲ့တယ္။ အခု လူႀကီးမင္းတို႔ မစိုက္ေတာ့လို႔ ကၽြန္ေတာ္တို႔ေတြ တျခားက တင္သြင္းေနရတယ္၊ ဘ႑ာရိကၡာအရံေငြေတြ အလြန္ကို ထိခိုက္လာေနတယ္။ အဲ့ေတာ့ နိုင္ငံ့ရဲ့ ေက်းဇူးသစၥာကိုေစာင့္သိတဲ့အေနနဲ႔ ခင္ဗ်ားတို႔ စပါးကို မျဖစ္မေနျပန္စိုက္ေပးၾကဖို႔ပါ။

မစိုက္နိုင္ခဲ့ဘူးဆိုရင္ေတာ့ ဒီေဒသအတြက္ ထိုက္ေလ်ာက္တဲ့ အေရးယူမႈေတြ ျပဳသင့္ရင္ ျပဳလုပ္ရပါလိမ့္မယ္…” အဲ့ဒီမွာ ဘုရင္ႂကြလာလို႔ အားလုံးေပ်ာ္ရြင္ေနရာကေန ၿငိမ္ၿပီး ၀မ္းနည္းသြားၾကတယ္။ ခ်က္ျခင္းဘဲ အဖိုးအိုႀကီးတေယာက္က ထလာၿပီး ေတာင္သူဆိုေတာ့ သိတဲ့အတိုင္း ဘုေျပာနဲ႔ ေျပာခ်ေတာ့တာေပ့ါ။

“ေအး… မင္းတို႔ေျပာသလို မလုပ္နိုင္ဘူး…. သတ္ခ်င္သတ္။ ဒါေပမယ့္ အားလုံးေတာ့ မလုပ္နဲ႔။ ငါ့တေယာက္ထဲ လာသတ္လွည့္။ မင္းတို႔က ငါ့တို႔အေၾကာင္းေတာ့ ေသေသခ်ာခ်ာ မစုံစမ္းဘဲ ရမ္းသမ္းၿပီး လာလုပ္လို႔ရမလား… ငါတို႔ ဘယ္ေလာက္ဒုကၡေရာက္ေနခဲ့ရသလဲ မင္းတို႔မသိဘဲနဲ႔” ဆိုၿပီး ၀င္ ျဖဲတာေပါ့။

အဲ့ေတာ့မွ ၀န္ႀကီးေတြ လႈပ္လႈပ္ရြရြျဖစ္လာၾကတယ္။ ဘုရင့္ ကိုယ္ေရးအရာရွိက ဝန္ႀကီးေတြကို လက္တားျပလိုက္ၿပီး… “ဒါဆိုရင္ အဖိုး ဒီကေစာင့္ေနပါ။ ဒီကိစၥကို အခုမရွင္းေသးဘူး မနက္ျဖန္က်မွ က်ဳပ္နဲ႔ ခင္ဗ်ား ၂ ေယာက္ခ်င္း ေတြ႕မယ္ဆိုၿပီး” အားလုံး ျပန္သြားၾကတယ္။ အားလုံးကေတာ့ ဘုရင့္အေရွမွာမို႔ (ဘုရင္က ျပည္သူေတြကို အရမ္းခ်စ္တာကိုး) အျပစ္မေပးဘဲ ေနာက္မွ အျပစ္ေပးမယ္ေပါ့ စသျဖင့္ ထင္ၾကတယ္။ ေနာက္ ဘန္ေကာက္ျပန္ေရာက္ေတာ့ ဘုရင့္ကိုယ္ေရးအရာရွိက သူ႔ရဲ့ ရာထူးကိုစြန္႔လိုက္တယ္။

အားလုံးလည္း အံ့ၾသကုန္ၾကတာေပါ့။ သူက ဝန္ႀကီးေတြကို ေျပာခဲ့ေသးတယ္။ က်ေနာ္ဒီရြာကို သြားေလ့လာရမယ္ေပါ့။ စုေဝးပြဲမွာတုန္းက အဖိုးႀကီးေျပာတဲ့အထဲ တခုပါခဲ့ေသးတယ္။ “ခင္ဗ်ားတို႔က ရာထူးအေဆာင္အေယာင္ေတြနဲ႔ ႀကီးပြားေနၿပီး ေအးေအးေဆးေဆးေနေနရေတာ့ ဒို႔ဒုကၡေတြကို ဘယ္သိမလဲ” ဆိုၿပီးေပါ့။ ဒါကို ကိုယ္ေရးအရာရွိက ေကာင္းေကာင္းနားလည္သြားပုံရပါတယ္။ ဘုရင္ထံ ခြင့္ေတာင္းတယ္။ ရိုးရိုးအရပ္သားဘ၀နဲ႔ ခ်န္ထပူရီကို ကယ္တင္ပါရေစဆိုေတာ့ ဘုရင္ကလဲ ခြင့္ျပဳတယ္။ ဒီလိုနဲ႔ ခ်န္ထပူရီကိုေရာက္ အဖိုးႀကီးနဲ႔ေတြ႕။

အေၾကာင္းအရင္းကို ေမးၾကည့္တဲ့အခါ…. “အရင္ကေတာ့ ဟုတ္တယ္ စပါးေတြ စိုက္တိုင္းျဖစ္တယ္။ ေနာက္ နိုင္ငံတိုးတက္လာေတာ့ ဓာတ္ေျမၾသဇာ ပိုးသတ္ေဆး… စတာေတြ ေပၚလာတယ္။ အဲ့ဒါေတြသုံးရင္ ၂ဆ ၃ဆ အထြက္တိုးမယ္ဆိုၿပီး ဓာတ္ေျမၾသဇာ ကုမၸဏီႀကီးေတြက လာေရာင္းတယ္။

အစပိုင္း ၄၊ ၅ ႏွစ္မွာ သူတို႔ေျပာတဲ့အတိုင္း ထြက္ေတာ့ ေတာင္သူေတြလဲ ၀မ္းသာတာေပါ့။ ေနာက္ပိုင္း အထြက္ႏႈန္းေလ်ာ့က်လာတယ္။ အထြက္ႏႈန္းေလ်ာ့လာေတာ့ ဓာတ္ေျမဩဇာေကၽြးႏႈန္းကို ၂ ဆ ၃ ဆ တိုးထဲ့ရမယ္ဆိုပီး ကုမၸဏီေတြဘက္က ေဆာ္ဩလာတယ္။

ေနာက္ ထပ္ပီး ေဖာ္ျမဴလာ ၀မ္း ဘာညာဆိုၿပီး ေစ်းႏႈန္းျမင့္တဲ့ ဓတ္ေျမၾသဇာေတြ သြင္းေတာ့တာပဲ။ တျဖည္းျဖည္း ေတာင္သူေတြက မ၀ယ္နိုင္ေတာ့ သူတို႔က စပါးေပးနဲ႔ေရာင္းတယ္။ အစပိုင္း အဆင္ေျပေပမယ့္ ေနာက္ပိုင္း အထြက္ႏႈန္းေလ်ာ့လာျပန္ေရာ။ ေနာက္ဆုံး အေႂကြးေပၚအေႂကြးဆင့္နဲ႔ လုံး၀မစိုက္နိုင္ေတာ့ဘဲ သားသမီးေတြကို ခုနကလို အျဖစ္မ်ိဳးေတြျဖစ္ေအာင္ တြန္းပို႔သြားေတာ့တာဘဲ” တဲ့။ အဲ့ဒီမွာ စိုက္ပ်ိဳးေရးေက်ာင္းဆင္းျဖစ္ခဲ့တဲ့ ကိုယ္ေရးအရာရွိက (ရာထူးကစြန္႔လိုက္ၿပီေနာ္) သူ႔ပိုင္ဆိုင္တဲ့ ေငြေတြနဲ႔ ျပန္စမယ္လို႔ ဆိုလိုက္တယ္။

ခင္ဗ်ားတို႔က လူစိုက္ေပး။ တခ်ိဳ႕တ၀က္ေတာ့ လက္ရွိအလုပ္ပဲ ဆက္လုပ္အုံးေပါ့။ ေနာက္အဆင္ေျပလာေတာ့မွ ဒီထက္ လူအင္အား ထပ္တိုးၾကတာေပါ့ဆိုပီး… ကဲ မွန္းစမ္း ေျမကိုစမ္းၾကည့္မယ္ ေပါက္တူးယူခဲ့ဆိုေတာ့… ရြာသားေတြလည္း တက္ႂကြလာတာေပါ့။ ေနာက္ ေျမကို ေပါက္တူးနဲ႔ ေပါက္လိုက္တာ တခၽြမ္းခၽြမ္း ျမည္ေနေတာ့တာပဲ။ (ဓာတ္ေျမၾသဇာတန္ခိုးေတြျပပီး ေျမေတြ ကၽြတ္ကုန္ေတာ့တာပါ) ဒါဆိုသိၿပီ ဆိုၿပီး အဲ့ဒိအခ်ိန္ကေန စတင္လာခဲ့လိုက္တာ… အခုဆိုရင္ ခ်န္ထပူရီမွာ စပါးအျပင္ အျခားႏွစ္ရွည္ပင္ေတြေရာ၊ စားပင္သီးပင္ေတြေရာ စုံလို႔။ ဒါ့အျပင္ အဲ့ဒီေဒသက ေတာင္သူလယ္သမားေတြအတြက္ စိုက္ပ်ိဳးေရးသင္တန္းေက်ာင္းႀကီးလည္း ဖြင့္ေပးထားတယ္။

ေနာက္ အပင္ေတြကထြက္တဲ့ သဘာ၀အရင္းအျမစ္ေတြနဲ႔ လူ႔အသုံးအေဆာင္ေတြ စားေသာက္ကုန္ေတြ စတာေတြကို စက္႐ုံေတြနဲ႔ ထုတ္ေနၿပီေလ…. သင္တန္းေက်ာင္းဆရာကေတာ့ ကိုယ္ေရးအရာရွိႀကီးေပါ့။ (နမူနာတခုေျပာရရင္ အဲ့ဒီေဒသက ပ်က္စီးသြားတဲ့ေျမေတြကို ေျမဆီျပန္လုပ္တာနဲ႔ပတ္သတ္လို႔ ခ်န္ထပူရီမွာ ျမက္ရွည္ရိုင္းေတြက မေပါက္ေတာ့ ကေမၻာဒီယားနဲ႔ ဗီယက္နမ္ေတြဆီက ၀ယ္ပီး သေဘၤာေတြနဲ႔ ကားေတြနဲ႔သယ္။ ေနာက္မွ အဲ့ဒါေတြကို ႏုတ္ႏုတ္စင္း ေျမႀကီးေပၚမွာခင္းၿပီး သဘာဝေျမဆီ ျပန္လုပ္ခဲ့ရတယ္) ဒီ ျဖစ္ရပ္ေလးကို နမူနာယူၿပီး က်ေနာ္တို႔နိုင္ငံရဲ့ စိုက္ပ်ိဳးေရးက႑ကိုလည္း တိုးတက္ေအာင္ တေခတ္ဆန္း ေျပာင္းလဲသင့္ၿပီလို႔ ထင္ျမင္မိပါေၾကာင္း တင္ျပလိုက္ရပါတယ္။

(မူရင္းက ထိုင္းနိုင္ငံမွာ ေနခဲ့ဖူးတဲ့ စာေရးဆရာမႀကီးတေယာက္ ေဟာေျပာပြဲကေန စာသားအျဖစ္ နားလည္နိုင္ေစရန္ ျပန္လည္ ျပဳျပင္ေရးသားထားပါတယ္။ ဒီျဖစ္ရပ္ဟာ ထိုင္းနိုင္ငံမွာ တကယ္ျဖစ္သြားခဲ့တဲ့ အျဖစ္ကေန ယေန႔ ထိုင္းနိုင္ငံရဲ့ ကမၻာကိုထိုးေဖာက္ေနတဲ့ စိုက္ပ်ိဳးေရးနည္းစနစ္ကို မီးေမွာင္းထိုးျပခ်င္႐ုံမၽွသာ…)

YN