အသိပညာ

သချႋုင်းကုန်းက ယူလာတဲ့ မြေကြီးကို အိမ်အောက်မှာ ခင်းမိလိုက်တဲ့အခါ (ဖြစ်ရပ်မှန်)

“မသန့်တဲ့ မြေပုပ်”မှတ်ချက်–အဖြစ်မှန်ကို ဖော်ပြခြင်းဖြစ်ပါ၍ နာမည်လွှဲပြောင်းထားပါသည်။မူရင်းရေးသူ ဆရာတစ်မိုးအောက်

ရွှေလုံး၏ ယောက္ခမ ဦးအောင်မင်းသည် ရွှေလုံးကိုဖျစ်တောက်တောက်ဖြင့် ဆူနေသည်မှာ မနက်အိပ်ရာထမှ ယခုမွန်းလွဲသည်ထိပင်။နံနက်ထမင်းစားနေစဉ်မှာလည်း ဦးအောင်မင်း၏ဇနီးဒေါ်လှကပင် နားငြီးလာသဖြင့်တားယူရသည်။

ဇနီးဖြစ်သူမညိုက ရွှေလုံး၏မျက်နှာကိုကြည့်၍ စိတ်မကောင်းဖြစ်နေ၏။ရွှေလုံးကအိမ်မှာ ထန်းတောကိုထွက်လာရာလမ်းတွင် ငတေးနှင့်တွေ့၍ နှစ်ယောက်အတူ ထန်းတောသို့ရောက်သွားလေ၏။

ငတေးက“ဟေ့ကောင်ငလုံး။မျက်နှာလည်း မကောင်းပါလား မိန်းမနဲ့ရန်ဖြစ်လာလို့လား”ဟုမေးရာ ရွှေလုံးက“မိန်းမနဲ့မဟုတ်ဘူးကွ ယောက္ခထီးကြီးနဲ့”ဟုပြောရာ“ဘယ်လိုဖြစ်ကြတာလဲ အိမ်ပေါ်ကနှင်ချလို့လား” “အေး နှင်ချလိုက်ရင် တော်သေးတယ်။

ခုတော့ ငါသာထွက်မလာရင် ဘယ်လောက်တောင်ပြောခံရမလဲ မသိဘူး”“ဘယ်လိုဖြစ်ရတာလဲကွာ”ဟု ငတေးက စိတ်မကောင်းစွာမေးရင်း“ဖြစ်ပုံက ဒီလိုကွ”ဟု ရွှေလုံးက ပြောပြလေတော့၏။

ဦးအောင်မင်းက သားမက်ဖြစ်သူရွှေလုံးအား အိမ်အောက်တွင်သံမံတလင်းခင်းရန် အုတ်ကျိုးသဲဘိလပ်မြေနှင့် ကျောက်စရစ်တို့ကို ဝယ်ခိုင်းလိုက်လေ၏။

ရွှေလုံးသည် ဘိလပ်မြေကျောက်စရစ် အုတ်ကျိုးတို့ကိုစျေးမေးပြီး မြစ်သဲဝယ်ရန်အတွက် သဲရောင်းသည့်ဆိုင်များကို သွားရောက်မေးမြန်းပြန်ရာ သဲကုန်နေသည့်ဆိုင်နှင့် ကားကြီးဖြစ်၍ သဲ ၂ကျင်းမှသာပို့နိုင်မည်ဟု ဆိုသည့်ဆိုင်ကြောင့် ပြန်လှည့်လာစဉ်က်ရည်ဆိုင်မှ ပြန်လာသည့် ဖိုးထော်နှင့်လမ်းတွင် တွေ့လေ၏။

ဖိုးထော်မှာ ပန်းရံနောက်လိုက်ဖြစ်သဖြင့် သဲလိုသည့်ကိစ္စပြောဖြစ်ရာ ဖိုးထော်ကသူ့အလုပ်တွင် သဲတစ်ကျင်းလောက်ပိုနေ၍ တစ်ကျင်းခန့်ရနိုင်ကြောင်း ပြောပြီးမနက်ဖြန်စောစောတွင် ကွန်ဒေါင်းဖြင့်သဲကို စောစောတင်၍ ကျန်ပစ္စည်းများကိုနောက်မှတင်ရန် ဆောက်လုပ်ရေးဆိုင်တွင်စောင့်နေရန် ရွှေလုံးအားညှိနှိုင်း၍ သဲတစ်ကျင်းအပြီးအငြိမ်း ကျပ် ၁၅၀၀၀ဖြင့် ညှိနှိုင်းခဲ့လေ၏။

နောက်တစ်နေ့ ၈ နာရီလောက်တွင် ဖိုးထော်ပါလာသည့် သဲတင်ထားသောကွန်ဒေါင်းသည် အိမ်ဆောက်ပစ္စည်း ဆိုင်ရှေ့တွင်ရပ်ကာ ရွှေလုံးနှင့်အတူဘိလပ်မြေအုတ်ကျိုးနှင့် ကျောက်စရစ်တို့ကို ထပ်တင်ကာ အိမ်သို့မောင်းလာခဲ့လေ၏။

ဖိုးထော်ကပစ္စည်းများကူချပေးပြီး သဲတစ်ကျင်းဖိုးငွေကိုယူ၍ ပြန်သွားလေ၏ရွှေလုံးကြိုတင်မှာထားသည့် ပန်းရံဆရာနှင့်နေ့စား ၂ဦးတို့က အိမ်အောက်ခြေတွင် သံမံတလင်းခင်းလေ၏။

ပန်းရံဆရာနှင့်အဖွဲ့က ပုတ်ပြတ်လုပ်ပေးခဲ့ရာ ည ၇ နာရီတွင်ပြီးသွားလေ၏ ပန်းရံဆရာက ခင်းထားသည့်သံမံတလင်းအား ရေနည်းနည်း ဖျန်းပေးရန်ပြောပြီး လုပ်အားခရှင်းယူကာ ပြန်သွားကြလေ၏။

ည ၉ နာရီလောက်တွင် ရွှေလုံးကရေလောင်းပြီး အိမ်ပေါ်တက်လာခဲ့စဉ် ဇနီးမညိုမှာ တီဗီဇာတ်လမ်းတွဲကြည့်ရင်း တရှုံ့ရှုံ့ငိုနေလေရာ မည့်သည်ဇာတ်လမ်းတွဲဖြစ်နေ၍ မျက်ရည်မဆည်နိုင်ဖြစ်ရသည်ကိုသိလို၍ တီဗီကြည့်နေသည့် မညိုဘေးသို့ ရွှေလုံးဝင်ထိုင်လိုက်လေ၏။

ယောက္ခမကြီးတို့ လင်မယားကအိပ်ရာဝင်ရန် အခန်းထဲဝင်သွားပြီး(၇)တန်းကျောင်းသူ အသက်(၁၃)နှစ်ရှိ သမီးလေးမှာလည်း စာမေးပွဲနီး၍စာကျက်နေ၏။မညိုက မျက်ရည်စီးကျနေသဖြင့် စချင်သည်စိတ်ဖြင့် မညိုအားဆွဲလှည့်လိုက်ရာ မညို၏ မျက်လုံးများမှာနီရဲပြီး

မီးဝင်းဝင်းတောက်မတတ်ပြူးပြီး ရွှေလုံးအား ဆောင့်တွန်းလိုက်ရာ တစ်လံလောက်လွင့်သွားပြီး“ဒုန်းကနဲ”အိမ်အလယ်တိုင်နှင့်ဆောင့်မိကာ ရွှေလုံးမှာ နာလည်းနာ အံ့အားလည်းသင့်နေစဉ်

ယောက္ခမလင်မယားက“ဟဲ့ …ဘာဖြစ်တာလဲ”ဟု မေးပြီး ထွက်လာသကဲ့သို့ စာကျက်နေသည့်သမီးကလည်း အိမ်ခန်းထဲမှပြေးထွက်လာလေ၏ မညိုက ဆံပင်ဖားလျားဖြစ်သွားပြီး လူတွေကို ပြူးတူပြဲတဲဖြင့်လိုက်ကြည့်ကာ

“ငါ မြေပုံပေါ်က သဲတွေကိုယူလာတဲ့အပြင် သင်္ချိုင်းအဝင်လမ်းမက သဲတွေကိုလည်း ထည့်လာတယ်။ငါ့မြေပုံပေါ်က မြေကြီးတွေကိုလည်း ကျုံးထည့်ပြီး ငါ့ကိုခေါ်လာတဲ့အတွက် နင်တို့ဆီမှာနေရတော့မယ်။

ငါအခု အမဲသားစားချင်တယ်။ငါ့ကို ပြန်မပို့မချင်း နေ့တိုင်းတစ်နေ့ ငါးဆယ်သားကျွေး။ကျွေးရမယ့်နေရာက နင်တို့အိမ်ထောင့်က အမှိုက်ကျင်းထဲမှာ လာထားပေး…ငါ့ကို မနေစေချင်ရင် ငါသဲတွေငါ့မြေကြီးတွေကိုပြန်ပို့ပေး။

ကျုံးလာတဲ့အကောင်သိတယ် ပြန်မပို့မချင်း အမဲသားမကျွေးလို့ကတော့ တစ်ယောက်ပြီးတစ်ယောက် သင်္ချိုင်းကိုခေါ်သွားမယ် ကြားကြရဲ့လား”ဟုအသံနက်ကြီးဖြင့် စူးစူးဝါးဝါး အော်ပြောပြီး မညိုမှာလဲကျသွားလေတော့၏။

ဦးအောင်မင်းက သဲကိစ္စနှင့်ပတ်သတ်၍ ရွှေလုံးကိုမေးရာ ရွှေလုံးကသဲဝယ်၍ရသော်လည်း ကားအခက်အခဲရှိခြင်း။သဲ ၂ကျင်းမှ ရောင်းပေးနိုင်မည်ဖြစ်ကြောင်းတို့ကြောင့် ဖိုးထော်ကသူ၏ လုပ်ငန်းခွင်တွင်ပိုနေသည့် သဲတစ်ကျင်းအားဝယ်ယူခဲ့ရသဖြင့်

ဖိုးထော်ကို မေးကြည့်ပါဦးမည်ဟု ပြောကာ သူနှင့်ဖိုးထော် သဲကိစ္စညှိနှိုင်းမှုကို ပြောပြခဲ့လေ၏။ဦးအောင်မင်းသည် မကျေနပ်သော်လည်း သဲကိစ္စကို သရဲမပြောသွားသည့်အတိုင်း ဟုတ်မဟုတ် ဂဃနဏသိရန်

ရွှေလုံးအား မနက်ဖြန်ဖိုးထော်အား သွားမေးရန်ပြောကာ တစ်အိမ်သားလုံး အိပ်ရာဝင်ခဲ့ကြလေ၏နောက်တစ်နေ့စောစောတွင် ရွှေလုံးက ဖိုးထော်အားသွားတွေ့ပြီး မညိုအား သရဲမဝင်ပူးပြီးပြောသွားကြောင်းကို ပြောပြရာ ဖိုးထော်က

“ငါတို့လုပ်ငန်းခွင်က ပိုတဲ့သဲက ကျင်းမတ်လောက်ပဲရှိတယ် သဲကနည်းနည်းလိုနေတုန်း ပန်းရံသမားမျိုးမြင့်က သင်္ချိုင်းမှာအုတ်ဂူလုပ်လို့ ပိုနေတဲ့သဲတွေ ရှိတယ်ပြောတာနဲ့ အိတ်နဲ့သွားသယ်ကြတယ် သဲကမလောက်သေးလို့ သင်္ချိုင်းအဝင် လမ်းပေါ်ကရော။

ဂူဘေးက မြေပုံပေါ်ကပါ ယူလိုက်ရတာ။ငါလည်းပါပါတယ်ကွာ ဘာမှမဖြစ်လောက်ဘူးထင်လို့ပေါ့ကွာ”ဟု တောင်းပန်ရင်းပြောလျှင် ရွှေလုံးက“မင်းတို့သဲယူတာကို အပြစ်မပြောလိုပါဘူး မင်းလူတွေက မြေပုံကမြေကြီးတွေကိုပါ ကျုံးယူလာတာ

အဲဒီမြေပုံက သရဲမကအိမ်ကိုလိုက်လာတာ အဲဒါကပြဿနာပဲ အဘိုးကြီးကညကရော။အခုမနက်ရော ငါ့ကိုပွမ်လို့မဆုံးဘူး”ဟု ပြောပြီးအဖြစ်မှန်ကို သိရသဖြင့် ရွှေလုံးကပြန်ခဲ့လေ၏။

ရွှေလုံးက ဦးအောင်မင်းအားအဖြစ်အပျက်ကို ပြောပြသဖြင့်ချက်ချင်းပင် ပန်းရံအဖွဲ့မှအလုပ်သမား ၂ဦးကိုခေါ်၍ သံမံတလင်းခင်း ခင်ထားသည်များပြန်ဖျက်ကာ ဖျက်ပြီးသားအုတ်သဲကျောက်များကို အိမ်ရှေ့၌ပုံလိုက်လေ၏။

နေ့လယ် ၁နာရီခန့်တွင် အားလုံးဖျက်ပြီးသွားရာ ကွန်ဒေါင်းတစ်စီးငှားပြီး မြေစာများကို ပြန်တင်၍ သင်္ချိုင်းကုန်းသို့သွားပို့ စေ၏။ရွှေလုံးပါ လိုက်သွားပြီး မြေပုံနှင့်လမ်းများပေါ်သို့ ပြန်ခင်းပေးခဲ့ရာ ညနေ(၅)နာရီထိုးမှ ပြီးသွားလေ၏

ဒေါ်လှက သရဲမပြောထားသည့်အတိုင်း အမဲသားငါးဆယ်သားဝယ်၍ ဟင်းချက်ကာထမင်းနှင့်အတူခြံထောင့်က အမှိုက်ကျင်းတွင်ဖက်နှင့်ပုံပြီး သရဲမအား လာရောက် စားသောက်ပါရန်ပြောပြီး သဲများ။မြေကြီးများကိုလည်း ပြန်တူးယူ၍

မြေပုံပေါ်နှင့်လမ်းမပေါ်တွင် ပြန်ထားလိုက်ပြီးဖြစ်ကြောင်း တဖွဖွနှင့် ပြောလိုက်လေ၏။ထိုညက သရဲမသည်ဝင်ပူးခြင်းနှောင့်ယှက်ခြင်း မရှိတော့ချေ။တစ်အိမ်သားလုံးး ဘုရားရှိခိုး အမျှဝေကာ ခပ်လန့်လန့်နှင့်ပင် အိပ်ကြလေ၏။

ဦးအောင်မင်းက ရွှေလုံးအားအပြစ်မပြောတော့ဘဲ ထပ်မံ၍အုတ်သဲကျောက်စရစ် ဘိလပ်မြေတို့ကိုဝယ်ရန် လွှတ်လိုက်သဖြင့် ကားကြီးနှင့်ပင်ပစ္စည်းအားလုံး ဝယ်လာကာ ယမန်နေ့ကပန်းရံအဖွဲ့ကိုပင် သံမံတလင်းပြန်ခင်းခိုင်းရာ ညနေ ၆နာရီတွင် ခင်းကျင်းပြီးလေ၏။

ဦးအောင်မင်းက လိုရမည်ရသရဲမအတွက်လည်း မနေ့ကအတိုင်း အမဲသားငါးဆယ်သားကို ချက်ပြုတ်၍သွားကျွေးစေသည်။ဦးအောင်မင်းနှင့် ဒေါ်လှသည် ဆရာတော် ကျောင်းသို့သွား၍

ဖြစ်ပျက်ပုံအလုံးစုံကိုလျှောက်ထားခဲ့ပြီး ဆရာတော်၏ မိန့်မှာချက်အရ ညနေ ၄နာရီတွင် အိမ်၌သံဃာတော် ၅ပါးပင့်၍ လှူဒါန်းတရားနာကာ ပရိတ်တရားများရွတ်ဖတ်ပြီး ကမ္မဝါဖတ်ခြင်း။

သရဲမအတွက် အလှူပေးခြင်းများကိုပြုလုပ်လိုက်သဖြင့် တစ်အိမ်သားလုံး စိတ်နှလုံးရှင်းလင်းသွားစေတော့၏။သရဲမသည်လည်း မည်သို့မျှမနှောင့်ယှက်တော့ပေ။မည်သို့ပင်ဖြစ်စေ ရွှေလုံးနှင့်တရားနာသူများအဖို့ သင်ခန်းစာတစ်ခုရလိုက်ပေတော့သည်။

Credit

Zawgyi

“မသန႔္တဲ့ ေျမပုပ္”မွတ္ခ်က္–အျဖစ္မွန္ကို ေဖာ္ျပျခင္းျဖစ္ပါ၍ နာမည္လႊဲေျပာင္းထားပါသည္။မူရင္းေရးသူ ဆရာတစ္မိုးေအာက္

ေ႐ႊလုံး၏ ေယာကၡမ ဦးေအာင္မင္းသည္ ေ႐ႊလုံးကိုဖ်စ္ေတာက္ေတာက္ျဖင့္ ဆူေနသည္မွာ မနက္အိပ္ရာထမွ ယခုမြန္းလြဲသည္ထိပင္။နံနက္ထမင္းစားေနစဥ္မွာလည္း ဦးေအာင္မင္း၏ဇနီးေဒၚလွကပင္ နားၿငီးလာသျဖင့္တားယူရသည္။

ဇနီးျဖစ္သူမညိဳက ေ႐ႊလုံး၏မ်က္ႏွာကိုၾကည့္၍ စိတ္မေကာင္းျဖစ္ေန၏။ေ႐ႊလုံးကအိမ္မွာ ထန္းေတာကိုထြက္လာရာလမ္းတြင္ ငေတးႏွင့္ေတြ႕၍ ႏွစ္ေယာက္အတူ ထန္းေတာသို႔ေရာက္သြားေလ၏။

ငေတးက“ေဟ့ေကာင္ငလုံး။မ်က္ႏွာလည္း မေကာင္းပါလား မိန္းမနဲ႔ရန္ျဖစ္လာလို႔လား”ဟုေမးရာ ေ႐ႊလုံးက“မိန္းမနဲ႔မဟုတ္ဘူးကြ ေယာကၡထီးႀကီးနဲ႔”ဟုေျပာရာ“ဘယ္လိုျဖစ္ၾကတာလဲ အိမ္ေပၚကႏွင္ခ်လို႔လား” “ေအး ႏွင္ခ်လိုက္ရင္ ေတာ္ေသးတယ္။

ခုေတာ့ ငါသာထြက္မလာရင္ ဘယ္ေလာက္ေတာင္ေျပာခံရမလဲ မသိဘူး”“ဘယ္လိုျဖစ္ရတာလဲကြာ”ဟု ငေတးက စိတ္မေကာင္းစြာေမးရင္း“ျဖစ္ပုံက ဒီလိုကြ”ဟု ေ႐ႊလုံးက ေျပာျပေလေတာ့၏။

ဦးေအာင္မင္းက သားမက္ျဖစ္သူေ႐ႊလုံးအား အိမ္ေအာက္တြင္သံမံတလင္းခင္းရန္ အုတ္က်ိဳးသဲဘိလပ္ေျမႏွင့္ ေက်ာက္စရစ္တို႔ကို ဝယ္ခိုင္းလိုက္ေလ၏။ေ႐ႊလုံးသည္ ဘိလပ္ေျမေက်ာက္စရစ္ အုတ္က်ိဳးတို႔ကို

ေစ်းေမးၿပီး ျမစ္သဲဝယ္ရန္အတြက္ သဲေရာင္းသည့္ဆိုင္မ်ားကို သြားေရာက္ေမးျမန္းျပန္ရာ သဲကုန္ေနသည့္ဆိုင္ႏွင့္ ကားႀကီးျဖစ္၍ သဲ ၂က်င္းမွသာပို႔ႏိုင္မည္ဟု ဆိုသည့္ဆိုင္ေၾကာင့္ ျပန္လွည့္လာစဥ္

က္ရည္ဆိုင္မွ ျပန္လာသည့္ ဖိုးေထာ္ႏွင့္လမ္းတြင္ ေတြ႕ေလ၏။ဖိုးေထာ္မွာ ပန္းရံေနာက္လိုက္ျဖစ္သျဖင့္ သဲလိုသည့္ကိစၥေျပာျဖစ္ရာ ဖိုးေထာ္ကသူ႔အလုပ္တြင္ သဲတစ္က်င္းေလာက္ပိုေန၍ တစ္က်င္းခန႔္ရႏိုင္ေၾကာင္း ေျပာၿပီး

မနက္ျဖန္ေစာေစာတြင္ ကြန္ေဒါင္းျဖင့္သဲကို ေစာေစာတင္၍ က်န္ပစၥည္းမ်ားကိုေနာက္မွတင္ရန္ ေဆာက္လုပ္ေရးဆိုင္တြင္ေစာင့္ေနရန္ ေ႐ႊလုံးအားညႇိႏႈိင္း၍ သဲတစ္က်င္းအၿပီးအၿငိမ္း က်ပ္ ၁၅၀၀၀ျဖင့္ ညႇိႏႈိင္းခဲ့ေလ၏။

ေနာက္တစ္ေန႔ ၈ နာရီေလာက္တြင္ ဖိုးေထာ္ပါလာသည့္ သဲတင္ထားေသာကြန္ေဒါင္းသည္ အိမ္ေဆာက္ပစၥည္း ဆိုင္ေရွ႕တြင္ရပ္ကာ ေ႐ႊလုံးႏွင့္အတူဘိလပ္ေျမအုတ္က်ိဳးႏွင့္ ေက်ာက္စရစ္တို႔ကို ထပ္တင္ကာ အိမ္သို႔ေမာင္းလာခဲ့ေလ၏။

ဖိုးေထာ္ကပစၥည္းမ်ားကူခ်ေပးၿပီး သဲတစ္က်င္းဖိုးေငြကိုယူ၍ ျပန္သြားေလ၏ေ႐ႊလုံးႀကိဳတင္မွာထားသည့္ ပန္းရံဆရာႏွင့္ေန႔စား ၂ဦးတို႔က အိမ္ေအာက္ေျခတြင္ သံမံတလင္းခင္းေလ၏။

ပန္းရံဆရာႏွင့္အဖြဲ႕က ပုတ္ျပတ္လုပ္ေပးခဲ့ရာ ည ၇ နာရီတြင္ၿပီးသြားေလ၏ ပန္းရံဆရာက ခင္းထားသည့္သံမံတလင္းအား ေရနည္းနည္း ဖ်န္းေပးရန္ေျပာၿပီး လုပ္အားခရွင္းယူကာ ျပန္သြားၾကေလ၏။

ည ၉ နာရီေလာက္တြင္ ေ႐ႊလုံးကေရေလာင္းၿပီး အိမ္ေပၚတက္လာခဲ့စဥ္ ဇနီးမညိဳမွာ တီဗီဇာတ္လမ္းတြဲၾကည့္ရင္း တရႈံ႕ရႈံ႕ငိုေနေလရာ မည့္သည္ဇာတ္လမ္းတြဲျဖစ္ေန၍ မ်က္ရည္မဆည္ႏိုင္ျဖစ္ရသည္ကိုသိလို၍ တီဗီၾကည့္ေနသည့္ မညိဳေဘးသို႔ ေ႐ႊလုံးဝင္ထိုင္လိုက္ေလ၏။

ေယာကၡမႀကီးတို႔ လင္မယားကအိပ္ရာဝင္ရန္ အခန္းထဲဝင္သြားၿပီး(၇)တန္းေက်ာင္းသူ အသက္(၁၃)ႏွစ္ရွိ သမီးေလးမွာလည္း စာေမးပြဲနီး၍စာက်က္ေန၏။မညိဳက မ်က္ရည္စီးက်ေနသျဖင့္ စခ်င္သည္စိတ္ျဖင့္ မညိဳအားဆြဲလွည့္လိုက္ရာ မညိဳ၏ မ်က္လုံးမ်ားမွာနီရဲၿပီး

မီးဝင္းဝင္းေတာက္မတတ္ျပဴးၿပီး ေ႐ႊလုံးအား ေဆာင့္တြန္းလိုက္ရာ တစ္လံေလာက္လြင့္သြားၿပီး“ဒုန္းကနဲ”အိမ္အလယ္တိုင္ႏွင့္ေဆာင့္မိကာ ေ႐ႊလုံးမွာ နာလည္းနာ အံ့အားလည္းသင့္ေနစဥ္

ေယာကၡမလင္မယားက“ဟဲ့ …ဘာျဖစ္တာလဲ”ဟု ေမးၿပီး ထြက္လာသကဲ့သို႔ စာက်က္ေနသည့္သမီးကလည္း အိမ္ခန္းထဲမွေျပးထြက္လာေလ၏ မညိဳက ဆံပင္ဖားလ်ားျဖစ္သြားၿပီး လူေတြကို ျပဴးတူၿပဲတဲျဖင့္လိုက္ၾကည့္ကာ

“ငါ ေျမပုံေပၚက သဲေတြကိုယူလာတဲ့အျပင္ သခ်ႋဳင္းအဝင္လမ္းမက သဲေတြကိုလည္း ထည့္လာတယ္။ငါ့ေျမပုံေပၚက ေျမႀကီးေတြကိုလည္း က်ဳံးထည့္ၿပီး ငါ့ကိုေခၚလာတဲ့အတြက္ နင္တို႔ဆီမွာေနရေတာ့မယ္။

ငါအခု အမဲသားစားခ်င္တယ္။ငါ့ကို ျပန္မပို႔မခ်င္း ေန႔တိုင္းတစ္ေန႔ ငါးဆယ္သားေကြၽး။ေကြၽးရမယ့္ေနရာက နင္တို႔အိမ္ေထာင့္က အမႈိက္က်င္းထဲမွာ လာထားေပး…ငါ့ကို မေနေစခ်င္ရင္ ငါသဲေတြငါ့ေျမႀကီးေတြကိုျပန္ပို႔ေပး။

က်ဳံးလာတဲ့အေကာင္သိတယ္ ျပန္မပို႔မခ်င္း အမဲသားမေကြၽးလို႔ကေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ သခ်ႋဳင္းကိုေခၚသြားမယ္ ၾကားၾကရဲ႕လား”ဟုအသံနက္ႀကီးျဖင့္ စူးစူးဝါးဝါး ေအာ္ေျပာၿပီး မညိဳမွာလဲက်သြားေလေတာ့၏။

ဦးေအာင္မင္းက သဲကိစၥႏွင့္ပတ္သတ္၍ ေ႐ႊလုံးကိုေမးရာ ေ႐ႊလုံးကသဲဝယ္၍ရေသာ္လည္း ကားအခက္အခဲရွိျခင္း။သဲ ၂က်င္းမွ ေရာင္းေပးႏိုင္မည္ျဖစ္ေၾကာင္းတို႔ေၾကာင့္ ဖိုးေထာ္ကသူ၏ လုပ္ငန္းခြင္တြင္ပိုေနသည့္ သဲတစ္က်င္းအားဝယ္ယူခဲ့ရသျဖင့္

ဖိုးေထာ္ကို ေမးၾကည့္ပါဦးမည္ဟု ေျပာကာ သူႏွင့္ဖိုးေထာ္ သဲကိစၥညႇိႏႈိင္းမႈကို ေျပာျပခဲ့ေလ၏။ဦးေအာင္မင္းသည္ မေက်နပ္ေသာ္လည္း သဲကိစၥကို သရဲမေျပာသြားသည့္အတိုင္း ဟုတ္မဟုတ္ ဂဃနဏသိရန္

ေ႐ႊလုံးအား မနက္ျဖန္ဖိုးေထာ္အား သြားေမးရန္ေျပာကာ တစ္အိမ္သားလုံး အိပ္ရာဝင္ခဲ့ၾကေလ၏ေနာက္တစ္ေန႔ေစာေစာတြင္ ေ႐ႊလုံးက ဖိုးေထာ္အားသြားေတြ႕ၿပီး မညိဳအား သရဲမဝင္ပူးၿပီးေျပာသြားေၾကာင္းကို ေျပာျပရာ ဖိုးေထာ္က

“ငါတို႔လုပ္ငန္းခြင္က ပိုတဲ့သဲက က်င္းမတ္ေလာက္ပဲရွိတယ္ သဲကနည္းနည္းလိုေနတုန္း ပန္းရံသမားမ်ိဳးျမင့္က သခ်ႋဳင္းမွာအုတ္ဂူလုပ္လို႔ ပိုေနတဲ့သဲေတြ ရွိတယ္ေျပာတာနဲ႔ အိတ္နဲ႔သြားသယ္ၾကတယ္ သဲကမေလာက္ေသးလို႔ သခ်ႋဳင္းအဝင္ လမ္းေပၚကေရာ။

ဂူေဘးက ေျမပုံေပၚကပါ ယူလိုက္ရတာ။ငါလည္းပါပါတယ္ကြာ ဘာမွမျဖစ္ေလာက္ဘူးထင္လို႔ေပါ့ကြာ”ဟု ေတာင္းပန္ရင္းေျပာလွ်င္ ေ႐ႊလုံးက“မင္းတို႔သဲယူတာကို အျပစ္မေျပာလိုပါဘူး မင္းလူေတြက ေျမပုံကေျမႀကီးေတြကိုပါ က်ဳံးယူလာတာ

အဲဒီေျမပုံက သရဲမကအိမ္ကိုလိုက္လာတာ အဲဒါကျပႆနာပဲ အဘိုးႀကီးကညကေရာ။အခုမနက္ေရာ ငါ့ကိုပြမ္လို႔မဆုံးဘူး”ဟု ေျပာၿပီးအျဖစ္မွန္ကို သိရသျဖင့္ ေ႐ႊလုံးကျပန္ခဲ့ေလ၏။

ေ႐ႊလုံးက ဦးေအာင္မင္းအားအျဖစ္အပ်က္ကို ေျပာျပသျဖင့္ခ်က္ခ်င္းပင္ ပန္းရံအဖြဲ႕မွအလုပ္သမား ၂ဦးကိုေခၚ၍ သံမံတလင္းခင္း ခင္ထားသည္မ်ားျပန္ဖ်က္ကာ ဖ်က္ၿပီးသားအုတ္သဲေက်ာက္မ်ားကို အိမ္ေရွ႕၌ပုံလိုက္ေလ၏။

ေန႔လယ္ ၁နာရီခန႔္တြင္ အားလုံးဖ်က္ၿပီးသြားရာ ကြန္ေဒါင္းတစ္စီးငွားၿပီး ေျမစာမ်ားကို ျပန္တင္၍ သခ်ႋဳင္းကုန္းသို႔သြားပို႔ ေစ၏။ေ႐ႊလုံးပါ လိုက္သြားၿပီး ေျမပုံႏွင့္လမ္းမ်ားေပၚသို႔ ျပန္ခင္းေပးခဲ့ရာ ညေန(၅)နာရီထိုးမွ ၿပီးသြားေလ၏

ေဒၚလွက သရဲမေျပာထားသည့္အတိုင္း အမဲသားငါးဆယ္သားဝယ္၍ ဟင္းခ်က္ကာထမင္းႏွင့္အတူၿခံေထာင့္က အမႈိက္က်င္းတြင္ဖက္ႏွင့္ပုံၿပီး သရဲမအား လာေရာက္ စားေသာက္ပါရန္ေျပာၿပီး သဲမ်ား။ေျမႀကီးမ်ားကိုလည္း ျပန္တူးယူ၍

ေျမပုံေပၚႏွင့္လမ္းမေပၚတြင္ ျပန္ထားလိုက္ၿပီးျဖစ္ေၾကာင္း တဖြဖြႏွင့္ ေျပာလိုက္ေလ၏။ထိုညက သရဲမသည္ဝင္ပူးျခင္းေႏွာင့္ယွက္ျခင္း မရွိေတာ့ေခ်။တစ္အိမ္သားလုံးး ဘုရားရွိခိုး အမွ်ေဝကာ ခပ္လန႔္လန႔္ႏွင့္ပင္ အိပ္ၾကေလ၏။

ဦးေအာင္မင္းက ေ႐ႊလုံးအားအျပစ္မေျပာေတာ့ဘဲ ထပ္မံ၍အုတ္သဲေက်ာက္စရစ္ ဘိလပ္ေျမတို႔ကိုဝယ္ရန္ လႊတ္လိုက္သျဖင့္ ကားႀကီးႏွင့္ပင္ပစၥည္းအားလုံး ဝယ္လာကာ ယမန္ေန႔ကပန္းရံအဖြဲ႕ကိုပင္ သံမံတလင္းျပန္ခင္းခိုင္းရာ ညေန ၆နာရီတြင္ ခင္းက်င္းၿပီးေလ၏။

ဦးေအာင္မင္းက လိုရမည္ရသရဲမအတြက္လည္း မေန႔ကအတိုင္း အမဲသားငါးဆယ္သားကို ခ်က္ျပဳတ္၍သြားေကြၽးေစသည္။ဦးေအာင္မင္းႏွင့္ ေဒၚလွသည္ ဆရာေတာ္ ေက်ာင္းသို႔သြား၍

ျဖစ္ပ်က္ပုံအလုံးစုံကိုေလွ်ာက္ထားခဲ့ၿပီး ဆရာေတာ္၏ မိန႔္မွာခ်က္အရ ညေန ၄နာရီတြင္ အိမ္၌သံဃာေတာ္ ၅ပါးပင့္၍ လႉဒါန္းတရားနာကာ ပရိတ္တရားမ်ား႐ြတ္ဖတ္ၿပီး ကမၼဝါဖတ္ျခင္း။

သရဲမအတြက္ အလႉေပးျခင္းမ်ားကိုျပဳလုပ္လိုက္သျဖင့္ တစ္အိမ္သားလုံး စိတ္ႏွလုံးရွင္းလင္းသြားေစေတာ့၏။သရဲမသည္လည္း မည္သို႔မွ်မေႏွာင့္ယွက္ေတာ့ေပ။မည္သို႔ပင္ျဖစ္ေစ ေ႐ႊလုံးႏွင့္တရားနာသူမ်ားအဖို႔ သင္ခန္းစာတစ္ခုရလိုက္ေပေတာ့သည္။

Credit