မိဘအတော်များများက သူတို့ရဲ့ကလေးတွေကို အမှတ်ကောင်းကောင်းရဖို့နဲ့ ဂုဏ်သတင်းကျော်ကြားတဲ့ တက္ကသိုလ်တွေကိုပဲတက်စေချင်ကြပါတယ်။ ဒါပေမယ့်သူတို့တွေဟာ ကလေးတွေရဲ့ EQ ကို လျစ်လျူရှုထားလေ့ရှိပါတယ်။
တကယ်တော့ စိတ်ပိုင်းဆိုင်ရာမှာတိုးတက်ပြီး ခိုင်မာနေတာက အလုပ်တိုင်းမှာအောင်မြင်စေပြီးတော့ စိတ်ဖိစီးမှုတွေကြုံလာတဲ့အခါမှာလည်း လွယ်လွယ်ကူကူဖြေရှင်းနိုင်စေတဲ့အထိ အကျိုးရှိစေပါတယ်။ ဒါကြောင့်ဘယ်လိုစကားလုံးတွေ၊ အပြုအမှုတွေက ကလေးတွေကို သက်ရောက်စေလဲဆိုတာကို လေ့လာကြည့် လိုက်ရအောင်။
၁။ အကျိုးအကြောင်းကိုရှင်းပြပါ။
ကလေးရဲ့စိတ်ခံစားချက်ကို လျစ်လျူရှုတာ (ဒါမှမဟုတ်) အပြစ်တင်ပြောဆိုတာက ကလေးကိုစိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။ ကဲ့ရဲ့ခြင်း(သို့)လျစ်လျူရှုခြင်းတာက သူတို့ရဲ့မသိစိတ်ထဲမှာ ကြောက်ရွံ့စေပါတယ်။
ပြဿနာကိုဖြေရှင်းပြီး အရာအားလုံးကို အဆင်ပြေတယ်လို့ ဟန်ဆောင်ပြောတာထက် သူတို့ကိုယ်တိုင်ဖြေရှင်းတာက ပိုကောင်းပါတယ်။ ခက်ခဲတဲ့အခြေအနေတွေမှာ ကိုယ်တိုင်ဖြေရှင်းရတာက ကလေးရဲ့ဉာဏ်ရည်ကိုပိုထက်စေတဲ့အပြင် သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာစေပါတယ်။
၂။ စိတ်ဓာတ်တက်ကြွစေမယ့် စကားတွေပဲပြောပေးပါ။
သူတို့နဲ့စကားပြောတဲ့အခါမှာ သတိထားမိတဲ့ စကားလုံးတွေကို ပြောပေးတာက စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ကို သင်ကြားတဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ စကားပြောတဲ့နေရာမှာ လုံးဝထိရောက်နေဖို့လိုပါတယ်။
ပြီးတော့သင်စကားပြောတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ လှုပ်ရှားပုံကလည်း အရေးပါပါတယ်။ သင်ကတက်တက်ကြွကြွပြောရင် သူတို့လည်း တက်တက်ကြွကြွလိုက်ပြုမှုပါလိမ့်မယ်။ ဒီလိုစကားပြောတဲ့အခါ ကလေးတွေကသင်နဲ့ပိုနီးစပ်လာပြီး ချစ်ခြင်းမေတ္တာနဲ့ယုံကြည်မှုတွေ ပိုတိုးပွားစေပါတယ်။
၃။ အဖြေရှာတတ်အောင် သင်ပေးပါ။
ပြဿနာတစ်ခုဖြစ်ပြီဆိုရင် ဒေါသအရင်ထွက်တာထက် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကလေးကိုသင်ပေးပါ။ ပြဿနာဖြစ်နေချိန်မှာ သူတို့ရဲ့ခံစားချက်က ဒေါသထွက်မယ်၊ ငိုချင်နေပါမယ်။ ဒါပေမယ့် ဒီလိုငိုယိုနေမယ့်အစား ပြဿနာကိုဖြေရှင်းတတ်အောင် သင်ပေးလိုက်တာက ကလေးအတွက်အများကြီး အကျိုးရှိစေပါတယ်။
သူတို့ခံစားနေရတာတွေကို နားထောင်ပေးဖို့အတွက် သေချာလေးဂရုစိုက်မေးပါ။ ပြီးရင်ဘယ်အရာက ကောင်းတယ်ဆိုးတယ်ဆိုတာကို ပြောပြပေးတာက အရာရာတိုင်းကိုသူတို့ဘာသာ သူတို့ဆုံးဖြတ်ပြီး ဖြေရှင်းတတ်လာပါလိမ့်မယ်။
၄။ စိတ်ကူးယဉ်မှုတွေကို မတားပါနဲ့။
စိတ်ကူးယဉ်တယ်ဆိုတာက ကလေးတွေရဲ့သဘာဝပါပဲ။ ဒါကို အပိုတွေလျှောက်တွေးနေတယ်ထင်ပြီး မတားဆီးသင့်ပါဘူး။ ကလေးတွေဟာ ဒီလိုတွေးရင်းကနေ သူတို့သူငယ်ချင်းတွေကြား လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်လာစေပါတယ်။
ပြီးတော့အရာရာကိုလည်း ကိုယ်ချင်းစာတရား ထားတတ်လာပါလိမ့်မယ်။ စိတ်ကူးယဉ်တာက ခံစားချက်တွေကို စူးစမ်းဖို့ အကူအညီဖြစ်စေပါတယ်။ ဒါဟာတီထွင်ဖန်တီးမှုကို တိုးတက်စေရုံသာမက တခြားသူတွေရဲ့ စိတ်နေသဘောထားကိုပါ နားလည်လာစေပါတယ်။
၅။ မကောင်းတဲ့စိတ်ခံစားချက်တွေကို ပြေပျောက်တတ်အောင် သင်ပေးပါ။
တစ်ခါတစ်လေမှာ ကလေးတွေရဲ့စိတ်ကိုထိန်းချုပ်ဖို့က ခက်ပါတယ်။ ကလေးတွေကို ခံစားချက်ထုတ်ပြဖို့အတွက် မသင်ပေးဘူးဆိုရင် ကြာလာရင်ကလေးတွေမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်သူတို့ကို ကျန်းမာရေးနှင့်ညီတဲ့ စိတ်ဖိစီးမှုများ လျှော့ချရန်သင်ပေးပါ။
ဥပမာ လူတစ်ယောက်ကိုပြေးရိုက်တာ (ဒါမှမဟုတ်) တစ်စုံတစ်ခုကိုဖျက်ဆီးပစ်တာထက် ခေါင်းအုံးတစ်လုံးကို ထိုးတာက ပိုကောင်းတယ်ဆိုတာကို သင်ပြပေးလိုက်ပါ။
၆။ စိတ်ထဲမျိုသိပ်မထားတတ်အောင် သင်ပေးပါ။
သင့်ကလေးကို ဒေါသထွက်စေတဲ့ (သို့) ဝမ်းနည်းစေတဲ့အရာကို စဉ်းစားကြည့်ပါ။ အလိုမကျမှုအတွက် အဖြစ်များဆုံးအချက်တွေဟာ မျှော်လင့်မထားတဲ့အပြောင်းအလဲတွေ(ဒါမှမဟုတ်) လူမှုရေးအခြေအနေအသစ်တွေကြောင့် ဖြစ်ပါတယ်။ ဗိုက်ဆာတာတွေ၊ ပင်ပန်းနုန်ူချိတာတွေလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့စိတ်ကို အမြဲတမ်းမသိနိုင်နားမလည်နိုင်တာကြောင့် သူတို့ဖြစ်နေတဲ့အရာတွေကို ပြောပြတတ်အောင် သင်ပေးဖို့က အရေးကြီးပါတယ်။
၇။ ခန္ဓာကိုယ်အမူအရာအကြောင်းကို နားလည်အောင်ပြောပြပါ။
စိတ်ခံစားမှုတွေက ခန္ဒာကိုယ်ကိုလာပြီး အကျိုးသက်ရောက်စေပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေကို ခံစားရလေ့ရှိပါတယ်။ တကယ်လို့ သင့်ကလေးကတစ်ခုခုကိုမြင်ပြီး ထိတ်လန့်သွားတာမျိုးဖြစ်သွားရင် ခန္ဓာကိုယ်မှာဘယ်နေရာက ခံစားနေရလဲဆိုတာကို အရင်မေးပါ။
သူတို့ခံစားနေရတာကို မေးလိုက်တာက သူတို့ခံစားနေရတဲ့ အရာတွေကို ရင်ဆိုင်ဖို့အတွက် ပိုမိုမြန်ဆန်စေပါတယ်။ လူတွေဟာ သူတို့ခံစားနေရတာတွေကို အမြဲတမ်းထုတ်ပြောလေ့မရှိတာကြောင့် သူတို့ဘာဖြစ်နေလဲဆိုတာကို သိရဖို့အတွက်အရမ်း အရေးကြီးပါတယ်။
၈။ သင်ခံစားနေရတာတွေကို ထုတ်မပြပါနဲ့။
ပွင့်လင်းရိုးသားတဲ့မိဘများတွေဟာ ကလေးတွေအတွက် ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဒါ့ကြောင့်မိဘနဲ့နီးစပ်တဲ့ကလေးတွေက သူတို့ရဲ့ပြဿနာတွေနဲ့ နှင့်စိုးရိမ်မှုများကိုမျှဝေဖို့ ပိုအဆင်ပြေပါတယ်။ သင်ကအမြဲတမ်း ပျော်ရွှင်နေတဲ့မျက်နှာနဲ့နေနေရင် သင့်ရဲ့ကလေးကို အတွေးတွေ ပိုများစေပါတယ်။ သူတို့ကတစ်ခုခုမှားနေတယ် ထင်ရင်တောင် သင်က ဒီတိုင်းပဲဆက်ပြုမှုသင့်ပါတယ်။ ရလဒ်အနေနဲ့ ကလေးတွေက သူတို့ရဲ့စိတ်ခံစားချက်တွေအပြင် တခြားသူတွေရဲ့ စိတ်အခြေအနေကိုတောင် ခန့်မှန်းတတ်လာပါလိမ့်မယ်။
Zombie (Lovemedia)
Zawgyi
မိဘအေတာ္မ်ားမ်ားက သူတို႔ရဲ႕ကေလးေတြကို အမွတ္ေကာင္းေကာင္းရဖို႔နဲ႔ ဂုဏ္သတင္းေက်ာ္ၾကားတဲ့ တကၠသိုလ္ေတြကိုပဲတက္ေစခ်င္ၾကပါတယ္။ ဒါေပမယ့္သူတို႔ေတြဟာ ကေလးေတြရဲ႕ EQ ကို လ်စ္လ်ဴရႈထားေလ့ရွိပါတယ္။
တကယ္ေတာ့ စိတ္ပိုင္းဆိုင္ရာမွာတိုးတက္ၿပီး ခိုင္မာေနတာက အလုပ္တိုင္းမွာေအာင္ျမင္ေစၿပီးေတာ့ စိတ္ဖိစီးမႈေတြႀကဳံလာတဲ့အခါမွာလည္း လြယ္လြယ္ကူကူေျဖရွင္းႏိုင္ေစတဲ့အထိ အက်ိဳးရွိေစပါတယ္။ ဒါေၾကာင့္ဘယ္လိုစကားလုံးေတြ၊ အျပဳအမႈေတြက ကေလးေတြကို သက္ေရာက္ေစလဲဆိုတာကို ေလ့လာၾကည့္ လိုက္ရေအာင္။
၁။ အက်ိဳးအေၾကာင္းကိုရွင္းျပပါ။
ကေလးရဲ႕စိတ္ခံစားခ်က္ကို လ်စ္လ်ဴရႈတာ (ဒါမွမဟုတ္) အျပစ္တင္ေျပာဆိုတာက ကေလးကိုစိတ္က်ေရာဂါ ျဖစ္ေစႏိုင္ပါတယ္။ ကဲ့ရဲ႕ျခင္း(သို႔)လ်စ္လ်ဴရႈျခင္းတာက သူတို႔ရဲ႕မသိစိတ္ထဲမွာ ေၾကာက္႐ြံ႕ေစပါတယ္။
ျပႆနာကိုေျဖရွင္းၿပီး အရာအားလုံးကို အဆင္ေျပတယ္လို႔ ဟန္ေဆာင္ေျပာတာထက္ သူတို႔ကိုယ္တိုင္ေျဖရွင္းတာက ပိုေကာင္းပါတယ္။ ခက္ခဲတဲ့အေျခအေနေတြမွာ ကိုယ္တိုင္ေျဖရွင္းရတာက ကေလးရဲ႕ဉာဏ္ရည္ကိုပိုထက္ေစတဲ့အျပင္ သူတို႔ကိုယ္သူတို႔ ယုံၾကည္မႈရွိလာေစပါတယ္။
၂။ စိတ္ဓာတ္တက္ႂကြေစမယ့္ စကားေတြပဲေျပာေပးပါ။
သူတို႔နဲ႔စကားေျပာတဲ့အခါမွာ သတိထားမိတဲ့ စကားလုံးေတြကို ေျပာေပးတာက စိတ္ပိုင္းဆိုင္ရာအသိဉာဏ္ကို သင္ၾကားတဲ့ေနရာမွာ မရွိမျဖစ္လိုအပ္တဲ့အရာပဲျဖစ္ပါတယ္။ စကားေျပာတဲ့ေနရာမွာ လုံးဝထိေရာက္ေနဖို႔လိုပါတယ္။
ၿပီးေတာ့သင္စကားေျပာတဲ့အခါ သင့္ခႏၶာကိုယ္ရဲ႕ လႈပ္ရွားပုံကလည္း အေရးပါပါတယ္။ သင္ကတက္တက္ႂကြႂကြေျပာရင္ သူတို႔လည္း တက္တက္ႂကြႂကြလိုက္ျပဳမႈပါလိမ့္မယ္။ ဒီလိုစကားေျပာတဲ့အခါ ကေလးေတြကသင္နဲ႔ပိုနီးစပ္လာၿပီး ခ်စ္ျခင္းေမတၱာနဲ႔ယုံၾကည္မႈေတြ ပိုတိုးပြားေစပါတယ္။
၃။ အေျဖရွာတတ္ေအာင္ သင္ေပးပါ။
ျပႆနာတစ္ခုျဖစ္ၿပီဆိုရင္ ေဒါသအရင္ထြက္တာထက္ ဘယ္လိုေျဖရွင္းရမလဲဆိုတာကို ကေလးကိုသင္ေပးပါ။ ျပႆနာျဖစ္ေနခ်ိန္မွာ သူတို႔ရဲ႕ခံစားခ်က္က ေဒါသထြက္မယ္၊ ငိုခ်င္ေနပါမယ္။ ဒါေပမယ့္ ဒီလိုငိုယိုေနမယ့္အစား ျပႆနာကိုေျဖရွင္းတတ္ေအာင္ သင္ေပးလိုက္တာက ကေလးအတြက္အမ်ားႀကီး အက်ိဳးရွိေစပါတယ္။
သူတို႔ခံစားေနရတာေတြကို နားေထာင္ေပးဖို႔အတြက္ ေသခ်ာေလးဂ႐ုစိုက္ေမးပါ။ ၿပီးရင္ဘယ္အရာက ေကာင္းတယ္ဆိုးတယ္ဆိုတာကို ေျပာျပေပးတာက အရာရာတိုင္းကိုသူတို႔ဘာသာ သူတို႔ဆုံးျဖတ္ၿပီး ေျဖရွင္းတတ္လာပါလိမ့္မယ္။
၄။ စိတ္ကူးယဥ္မႈေတြကို မတားပါနဲ႔။
စိတ္ကူးယဥ္တယ္ဆိုတာက ကေလးေတြရဲ႕သဘာဝပါပဲ။ ဒါကို အပိုေတြေလွ်ာက္ေတြးေနတယ္ထင္ၿပီး မတားဆီးသင့္ပါဘူး။ ကေလးေတြဟာ ဒီလိုေတြးရင္းကေန သူတို႔သူငယ္ခ်င္းေတြၾကား လူမႈေရး၊ ေပါင္းသင္းဆက္ဆံေရးေတြ တိုးတက္လာေစပါတယ္။
ၿပီးေတာ့အရာရာကိုလည္း ကိုယ္ခ်င္းစာတရား ထားတတ္လာပါလိမ့္မယ္။ စိတ္ကူးယဥ္တာက ခံစားခ်က္ေတြကို စူးစမ္းဖို႔ အကူအညီျဖစ္ေစပါတယ္။ ဒါဟာတီထြင္ဖန္တီးမႈကို တိုးတက္ေစ႐ုံသာမက တျခားသူေတြရဲ႕ စိတ္ေနသေဘာထားကိုပါ နားလည္လာေစပါတယ္။
၅။ မေကာင္းတဲ့စိတ္ခံစားခ်က္ေတြကို ေျပေပ်ာက္တတ္ေအာင္ သင္ေပးပါ။
တစ္ခါတစ္ေလမွာ ကေလးေတြရဲ႕စိတ္ကိုထိန္းခ်ဳပ္ဖို႔က ခက္ပါတယ္။ ကေလးေတြကို ခံစားခ်က္ထုတ္ျပဖို႔အတြက္ မသင္ေပးဘူးဆိုရင္ ၾကာလာရင္ကေလးေတြမွာ ျပႆနာျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္သူတို႔ကို က်န္းမာေရးႏွင့္ညီတဲ့ စိတ္ဖိစီးမႈမ်ား ေလွ်ာ့ခ်ရန္သင္ေပးပါ။
ဥပမာ လူတစ္ေယာက္ကိုေျပး႐ိုက္တာ (ဒါမွမဟုတ္) တစ္စုံတစ္ခုကိုဖ်က္ဆီးပစ္တာထက္ ေခါင္းအုံးတစ္လုံးကို ထိုးတာက ပိုေကာင္းတယ္ဆိုတာကို သင္ျပေပးလိုက္ပါ။
၆။ စိတ္ထဲမ်ိဳသိပ္မထားတတ္ေအာင္ သင္ေပးပါ။
သင့္ကေလးကို ေဒါသထြက္ေစတဲ့ (သို႔) ဝမ္းနည္းေစတဲ့အရာကို စဥ္းစားၾကည့္ပါ။ အလိုမက်မႈအတြက္ အျဖစ္မ်ားဆုံးအခ်က္ေတြဟာ ေမွ်ာ္လင့္မထားတဲ့အေျပာင္းအလဲေတြ(ဒါမွမဟုတ္) လူမႈေရးအေျခအေနအသစ္ေတြေၾကာင့္ ျဖစ္ပါတယ္။ ဗိုက္ဆာတာေတြ၊ ပင္ပန္းႏုႏ္ူခ်ိတာေတြလည္း ျဖစ္ႏိုင္ပါတယ္။ ကေလးေတြရဲ႕စိတ္ကို အၿမဲတမ္းမသိႏိုင္နားမလည္ႏိုင္တာေၾကာင့္ သူတို႔ျဖစ္ေနတဲ့အရာေတြကို ေျပာျပတတ္ေအာင္ သင္ေပးဖို႔က အေရးႀကီးပါတယ္။
၇။ ခႏၶာကိုယ္အမူအရာအေၾကာင္းကို နားလည္ေအာင္ေျပာျပပါ။
စိတ္ခံစားမႈေတြက ခႏၵာကိုယ္ကိုလာၿပီး အက်ိဳးသက္ေရာက္ေစပါတယ္။ စိတ္ဖိစီးမႈေတြမ်ားလာတဲ့အခါမွာ ေခါင္းကိုက္တာေတြ၊ ဗိုက္နာတာေတြကို ခံစားရေလ့ရွိပါတယ္။ တကယ္လို႔ သင့္ကေလးကတစ္ခုခုကိုျမင္ၿပီး ထိတ္လန႔္သြားတာမ်ိဳးျဖစ္သြားရင္ ခႏၶာကိုယ္မွာဘယ္ေနရာက ခံစားေနရလဲဆိုတာကို အရင္ေမးပါ။
သူတို႔ခံစားေနရတာကို ေမးလိုက္တာက သူတို႔ခံစားေနရတဲ့ အရာေတြကို ရင္ဆိုင္ဖို႔အတြက္ ပိုမိုျမန္ဆန္ေစပါတယ္။ လူေတြဟာ သူတို႔ခံစားေနရတာေတြကို အၿမဲတမ္းထုတ္ေျပာေလ့မရွိတာေၾကာင့္ သူတို႔ဘာျဖစ္ေနလဲဆိုတာကို သိရဖို႔အတြက္အရမ္း အေရးႀကီးပါတယ္။
၈။ သင္ခံစားေနရတာေတြကို ထုတ္မျပပါနဲ႔။
ပြင့္လင္း႐ိုးသားတဲ့မိဘမ်ားေတြဟာ ကေလးေတြအတြက္ ယုံၾကည္စိတ္ခ်ရတဲ့ ပတ္ဝန္းက်င္ကို ဖန္တီးေပးပါတယ္။ ဒါ့ေၾကာင့္မိဘနဲ႔နီးစပ္တဲ့ကေလးေတြက သူတို႔ရဲ႕ျပႆနာေတြနဲ႔ ႏွင့္စိုးရိမ္မႈမ်ားကိုမွ်ေဝဖို႔ ပိုအဆင္ေျပပါတယ္။ သင္ကအၿမဲတမ္း ေပ်ာ္႐ႊင္ေနတဲ့မ်က္ႏွာနဲ႔ေနေနရင္ သင့္ရဲ႕ကေလးကို အေတြးေတြ ပိုမ်ားေစပါတယ္။ သူတို႔ကတစ္ခုခုမွားေနတယ္ ထင္ရင္ေတာင္ သင္က ဒီတိုင္းပဲဆက္ျပဳမႈသင့္ပါတယ္။ ရလဒ္အေနနဲ႔ ကေလးေတြက သူတို႔ရဲ႕စိတ္ခံစားခ်က္ေတြအျပင္ တျခားသူေတြရဲ႕ စိတ္အေျခအေနကိုေတာင္ ခန႔္မွန္းတတ္လာပါလိမ့္မယ္။
Zombie (Lovemedia)