ဗဟုသုတ

သင့်ကလေးတွေ ခဏခဏရန်ဖြစ်ပြီး စကားများနေရင် ဒီနည်းလမ်း (၈) ခုကို အသုံးပြုပါ

ညီအစ်ကိုမောင်နှမချင်း ရန်ဖြစ်တတ်တာက မိသားစုတိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် ငယ်ရွယ်ပြီး အသက်သိပ်မကွာတဲ့ ကလေးတွေမှာ ဖြစ်တတ်ကြပါတယ်။ သူတို့ကြားကို ညှိနှိုင်းပေးတာက အပေးအယူနှင့် စေ့စပ်ညှိနှိုင်းခြင်းလိုမျိုး လူမှုဆက်ဆံရေးစွမ်းရည်တွေကို မြင့်မားစေပါတယ်။

ဒါပေမယ့် ကလေးတွေ ရန်ဖြစ်ပါများလာရင် မိမိကိုယ်ကို လေးစားမှု ဆုံးရှုံးသွားနိုင်ပါတယ်။ တကယ်လို့ မိဘတွေဘက်ကသာ သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ လမ်းညွှန်ပေးနိုင်မယ်ဆိုရင် ဒီလိုစကားများ ရန်ဖြစ်တာတွေ လျော့နည်းသွားနိုင်ပါတယ်။

၁။ ရန်ပွဲတွေ မဖြစ်ပွားအောင် တားဆီးပါ။

သင့်ကလေးတွေကို ပြိုင်ဖက်တွေဖြစ်မယ့်အစား အတူလက်တွဲ လုပ်ဆောင်နေသလို ခံစားလာရအောင် လုပ်ပေးပါ။ တစ်ယောက်ကိုတစ်ယောက် ကူညီခြင်းဟာ တကယ်ကို အသုံးဝင်ပြီး ညီအစ်ကိုချင်း၊ မောင်နှမချင်းပဲ အားကိုးစရာရှိတယ် ဆိုတာကို ပြောပြပေးပါ။ မုန့်တူတူလုပ်စားခြင်း ဒါမှမဟုတ် သဲရဲတိုက်တည်ဆောက်ခြင်းလိုမျိုး အဖွဲ့လိုက်လုပ်ဆောင်မှုတွေကို တူတူလုပ်ခိုင်းပါ။

၂။ သူတို့ရဲ့ စိတ်ခံစားမှုဆိုင်ရာ ဝေါဟာရတွေကို ချဲ့ထွင်နိုင်အောင် ကူညီပေးပါ။

ကလေးတစ်ဦးဟာ သူတို့ရဲ့ခံစားချက်တွေကို စကားလုံးတွေနဲ့ဖော်ပြနိုင်ရင် တည်ငြိမ်နေနိုင်ခြေ ပိုများပါတယ်။ သူ့ကိုရိုက်မယ့်အစား ဒီလိုတွေမလုပ်သင့်ဘူးလို့ ပြောသင့်ပါတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်းလိုမျိုး စိတ်ခံစားမှုတွေကို ကျော်လွန်သွားဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သင့်ကလေးတွေကို သူတို့ခံစားရသမျှကို ဖော်ပြစေပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ထုတ်တဲ့နေရာမှာလည်း ကူညီပေးပါ။

၃။ ပြဿနာဖြေရှင်းခြင်းစွမ်းရည်ကို သင်ကြားပေးပါ။

ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ လုပ်နိုင်၊ မလုပ်နိုင်တဲ့ စည်းမျဉ်းတွေကို သတ်မှတ်ခြင်းဖြင့် စတင်ပါ။ ဥပမာအား၊ အော်ဟစ်ခြင်းနှင့် ရိုက်ပုတ်ခြင်း ပြဿနာဖြေရှင်းခြင်းအတွက် ကြီးမားတဲ့ အဓိပ္ပါယ်မရှိပါဘူး။

ရန်ဖြစ်ရတဲ့အကြောင်း သူတို့နဲ့ ဆွေးနွေးပြီး ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို တူတူရှာပါ။ သူတို့ရဲ့ ကိုယ်ပိုင် စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ သူတို့ကို ခွင့်ပြုပါ။

၄။ ချီးမွမ်းပေးပါ။

ချီးမွမ်းပေးတာက ကလေးရဲ့ ကောင်းတဲ့အပြုအမူတွေကို တည်ဆောက်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ သူတို့ရဲ့ရန်ပွဲတွေကို လျစ်လျူရှုပြီး ကောင်းတာတစ်ခုခုလုပ်တဲ့အခါ သူတို့ကို အာရုံစိုက်ပြီး ချီးကျူးပေးပါ။

ဒီလိုလုပ်ပေးတာက ကလေးတွေဟာ မကောင်းတာတွေထက် ကောင်းတဲ့အပြုအမူတွေ လုပ်တဲ့အခါ ပိုအာရုံစိုက်ခံရလိမ့်မယ်ဆိုတဲ့ အရိပ်အမြွက်ကို ရရှိလာပါလိမ့်မယ်။

၅။ ကလေးတွေကို ဘယ်လိုပေါင်းသင်းရမယ်ဆိုတာကို ပြသပါ။

သင့်ကလေးတွေကို ပြဿနာဖြေရှင်းရတာ ဘယ်လိုလဲဆိုတာကို သိစေချင်ပြီး အေးအေးဆေးဆေး သဘောထားရှိစေချင်ရင် သင်ကိုယ်တိုင်လည်း သူတို့ကို နေပြဖို့လိုပါတယ်။ တခြားသူတွေကို တောင်းပန်စရာရှိရင်လည်း တောင်းပန်တတ်ဖို့ လိုပါတယ်။

ဒါ့အပြင် တခြားသူတွေရဲ့ အမြင်ကို လေးစားတတ်အောင်လည်း သင်ပေးပါ။ ဒါက လူတိုင်းကို တူညီတဲ့ပုံစံနဲ့ မမြင်နိုင်တာ ကောင်းပါတယ်လို့ သူတို့ နားလည်လာပါလိမ့်မယ်။

၆။ သူတို့ကို နေရာတစ်ခုပေးထားပါ။

အများအားဖြင့်တော့ ကလေးတွေရဲ့ ရန်ပွဲတွေက သူ့ဘာသာသူ မြန်မြန်ပြီးကြပါတယ်။ ဒါပေမယ့် အချိန်တိုင်း ကြားဝင်စွက်ဖက်မယ်ဆိုရင်တော့ ကလေးတွေဟာ သူတို့ဘာသာသူတို့ ဖြေရှင်းတဲ့ လုပ်ငန်းစဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။

သူတို့တွေ ရန်ဖြစ်ပြီဆိုရင်တော့ အခန်းတစ်ခန်းထဲကို ထည့်ထားလိုက်ပါ။ သင့်ကလေးတွေ ဒါမှမဟုတ် သူတို့ရဲ့သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ပြီး ဖြေရှင်းမပြီးမချင်း သူတို့ ထွက်လာနိုင်မှာ မဟုတ်ပါဘူး။

၇။ ဘက်လိုက်ခြင်းကို ရှောင်ကြဉ်ပါ။

ရန်ဖြစ်ပြီဆိုတာနဲ့ ရန်ပွဲစတင်ခဲ့သူ၊ ဘယ်သူက ဘာပြောလဲ စတဲ့ မေးခွန်းထုတ်စရာတွေ ကြုံလာရပါတယ်။ သူတို့ကို အပြစ်ပေးတဲ့အခါ အနိုင်ကျင့်ခံရသူနဲ့ အနိုင်ကျင့်သူကို သေသေချာချာမေးပါ။ ပြစ်ဒဏ်နှင့်ပတ်သက်လာရင် ခြွင်းချက်မရှိ အားလုံးအတွက် တူညီသင့်ပါတယ်။

၈။ သင်ကိုယ်တိုင် စိတ်အေးအေးထားပါ။

သင်က အော်ဟစ်ပြီး ကလေးတွေ ရန်ဖြစ်နေတာကို ရပ်ခိုင်းလိုက်ပါတယ်။ သင့်ကလေးတွေက ငြိမ်သွားနိုင်ပေမယ့် ဒါဟာ ပြဿနာကိုဖြေရှင်းတဲ့နည်း မဟုတ်ပါဘူး။ သင်အခန်းထဲက ထွက်သွားပြီးတဲ့နောက်မှာ ရန်ပြန်ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကလေးတွေကို အော်ဟစ်ခြင်း၊ ရိုက်ခြင်းမလုပ်ပဲ ဘာကြောင့်ဖြစ်လဲ ဆိုတာကို မေးပါ။ သူတို့ပြောတာတွေကို နားထောင်ပြီး ဘယ်နည်းနဲ့ အဆင်ပြေမလဲဆိုတာကို ညှိယူပေးပါ။

Zombie (lovemedia)