ၾကားသိရသမွ်

ချည်မျှင်တွေနဲ့ ယက်လုပ်ပြီး ပုံဖေါ်ထားတဲ့ ဗိုလ်နဂါးပုံ ပန်းချီကား သိန်းခြောက်ဆယ်ကျော်လေလံအောင်ပြီး တော်လှန်ရေးအတွက်လှူတန်း

ဗိုလ်နဂါးပုံ ပန်းချီကား သိန်းခြောက်ဆယ်ကျော်လေလံအောင်ပြီး တော်လှန်ရေးအတွက်လှူတန်း

ဇွန်လ ၁၉ ရက် ၊ မနေ့က ကျင်းပခဲ့တဲ့ နိုင်ငံတကာရောက်မြန်မာအလှူရှင်အဖွဲ့က စစ်ကိုင်းတိုင်း အတွက် သီးသန့်ရန်ပုံငွေရှာတဲ့ပွဲမှာ String Art လို့ခေါ်တဲ့ ချည်မျှင်တွေနဲ့ ယက်လုပ်ပြီး ပုံဖေါ်ထားတဲ့ ဗိုလ်နဂါးရဲ့ ပုံတူကို အမေရိကန်ရောက် မြန်မာတဦးက မြန်မာငွေ သိန်း၆၀ ကျော်တန်ဖိုးရှိတဲ့ ဒေါ်လာ ၃၅၀၀ နဲ့ လေလံအောင်သွားတယ်လို့ ပွဲဦးဆောင်သူတဦးက DNA ကိုပြောပါတယ် ။

“ထင်ထားတာထက် အောင်မြင်ပါတယ် ။ အချိန်အနည်းအငယ်အတွင်းမှာ စီစဉ်လိုက်ရပေမယ့် အမာခံအလှူရှင်တွေ တက်တာများတော့ အရင်ပွဲကို မီပါတယ် ။ မြေပြင်ကရဲဘော်တွေကလည်း ရန်ပုံငွေရဖို့ထက် စာရင် ၊ ပြည်ပက ထောက်ပို့တွေက သူတို့နဲ့တသားတည်းရှိနေတယ်ဆိုတာ ခံစားရတော့ အားရှိတယ်လို့ ပြောကြပါတယ်လို့ “ ပြောပါတယ် ။

ဒီပွဲကို မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ဦးစီးဗိုလ်နဂါး ကိုယ်တိုင်တက်ရောက်ခဲ့ပြီး လေလံစွဲလို့ ရတဲ့ ငွေတွေကို ပွဲစီစဉ်သူတွေက ဗိုလ်နဂါးကို တော်လှန်ရေးအတွက် အသုံးပြုဖို့ လှူတန်းခဲ့ပါတယ် ။

အခုလို သူ့ပုံတူ ပန်းချီကားကို ဖန်တီးတဲ့သူက ဖန်တီးခဲ့သလို လေလံစွဲရာမှာ ထင်ထားတာထက် အလှူငွေ ပိုရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်နဂါးက “ ပြည်သူတဦးတရောက်ချင်းစီရဲ့ တန်ဖိုးထားလေးစားမှုနဲ့ ထိုက်တန်အောင် ဒီထက်ပိုတဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ပေးဆပ်ရ အဲ.. ၊ ပေးဆပ်တယ်ဆိုတာထက် အကြွေးဆပ်ရပါလိမ့်ဦးမယ်။

လူထုတွေရဲ့ လေးစားမှု ၊ လူထုတွေရဲ့ တန်ဖိုးထားမှု ယုံကြည်အားကိုးမှုတွေက ကျွန်တော့်အပေါ်မှာ အကြွေးတင်သွားပြီ ။ကျွန်တော်လုပ်နိုင်တာထက် သူတို့က ပိုပြီးလေးစား တန်ဖိုးထားနေကြတာ ဖြစ်တဲ့အတွက် အဲဒါတွေနဲ့ ထိုက်တန်အောင် ကျွန်တော်ပိုပြီး ကြိုးစားအားထုတ်ရလိမ့်ဦးမယ်လို့” DNA ကိုပြောပါတယ်။

ဒီပန်းချီကားကို String Art ပညာရှင် ကိုလင်းမောင်က ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူက နွေဦးတော်လှန်ရေးမှာ ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ ပုံကို ချည်မျှင်တွေနဲ့ ဖန်တီးပြီး ရောင်းရငွေကို တော်လှန်ရေးအတွက် လှူဒါန်းနေသူ တဦးဖြစ်ပါတယ်။#DNA