ဗဟုသုတ

“ဆိုင္ကယ္ အေဟာင္း(တပတ္ရစ္)၀ယ္ယူေတာ့မယ္ဆိုရင္ သတိထားစစ္ေဆးရမယ့္ အေျခခံ (4)ပိုင္း”

ဆိုင်ကယ် အဟောင်း(Second)၀ယ်ယူတော့မယ်ဆိုလျှင်အခြေခံ 4ပိုင်းခွဲပြီး စစ်ဆေး၀ယ်ယူဖို့လိုပါမယ်။

ဖရိန်ပိုင်း

တာယာ-ပွိုင့်တွေ ဘယ်လောက်ကျန်လဲ၊တာယာ အစားညီသလား။

ချိန်းစပေါကတ်-ချိန်းဆစ်တွေ ချောင်နေသလား၊ စပေါ့ကတ်ကျန်သေးလား၊ စပေါ့ကတ် အစားညီသလား။

ဘရိတ်-အရေးကြီးပါတယ်၊ ဘရိတ်မိသလား၊ရှူးခြမ်းတွေ ဘယ်လောက်ကျန်သလဲ၊ ဘရိတ်ဆီ၊ Drumပြား အထူအပါးကိုလည်း စစ်ဆေးပါ။

ဖောက်-ရှေ့/နောက်ဖောက် ဆီအယိုအစိမ့် ရှိမရှိ စစ်ဆေးပါ။

ဖရိန်-ဖရိန်ကတော့ စီးကြည့်ပြီး အလိုင်းမင်း တည့်မတည့်၊ ဇာတ်ချောင်ခြင်းနှင့် နောက်ခရင်းတို့ကို စစ်ဆေးရပါမည်။

အင်ဂျင်

အင်ဂျင်ပိုင်းကတော့ ဖွင့်လှပ်ကြည့်၍မရတာကြောင့် အပြင်ပိုင်း အကွဲ အနာအဆာ ရှိမရှိ၊ ဆီယိုစိမ့်မှု ရှိမရှိ၊ တတ်ကျွမ်းသူများဆိုလျှင် စက်နိုးကြည့်ပြီး အသံနားထောင်ရုံဖြင့် အကြမ်းဖျင်း သိရှိနိုင်ပါတယ်။

ကိုယ်တိုင် စက်နိုးကြည့်ပါ Slowထားထားပြီးအင်ဂျင် အနည်းငယ်ပူလာမှ လီဗာကို ဖြည်းဖြည်းချင်းဆွဲကြည့်ပါ။အင်ဂျင် အင့်တာမျိုး ထစ်အင်းအင်းဖြစ်တာမျိုး လီဗာဆွဲသလောက် တက်မလာတာမျိုး ရှိတတ်ပါတယ်။ဒါဆို ရောင်းချသူနဲ့တိုင်ပင်ပြီး လိုအပ်တာများ မေးမြန်းပါ။

ဆိုင်ကယ်တွေက Brand တစ်ခုနဲ့ တစ်ခု ထိန်းသိမ်းရပုံတွေ ဗီဇတွေ ကွဲပြားကြပါတယ်။

တချို့ ရောင်းချသူတွေဆို ဆိုင်ကယ် Knowledge မျှဝေပေးပြီး ဆိုင်ကယ်ထိန်းသိမ်းပုံကိုလည်း မျှဝေပေးကြပါတယ်။

မီးပိုင်း

မီးကြီး၊မီးခွက်၊မီးခလုပ်၊ဝါယာရိန်း၊ Computer boxပါတဲ့ဆိုင်ကယ်တွေဆို ပိုပြီး အနုစိတ်ပါတယ်။ဒါတွေကတော့ မိမိရဲ့လေ့လာမှုနဲ့ အများကြီး မူတည်ပါတယ်။

ကာဘာပိုင်း

ကာဘာပိုင်းကတော့ ကာဘာတွေကွဲနေလား စတေကာ ပွန်းနေလား Original မဟုတ်တာ ဖြတ်ဆက်လုပ်ထားတာတွေ စစ်ဆေးဖို့လိုပါတယ်။

အထက်ဖော်ပြထားတဲ့ အခြေခံ အချက်လက်တွေကို စစ်ဆေးပြီး ပြစ်ချက်များ လက်ခံနိုင်ပြီဆိုမှ ရောင်းချသူနဲ့တိုင်ပင်ပြီး အရောင်း၀ယ်ပြုလုပ်နိုင်ပါတယ်။

ဆိုင်ကယ် ဘီးကောင်းလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။🙏

လိုအပ်တာများရှိခဲလျှင်လည်း ဖြည့်စွပ်ပေးပါ။

Crd

zawgyi

ဆိုင္ကယ္ အေဟာင္း(Second)၀ယ္ယူေတာ့မယ္ဆိုလွ်င္အေျခခံ 4ပိုင္းခြဲၿပီး စစ္ေဆး၀ယ္ယူဖို႔လိုပါမယ္။

ဖရိန္ပိုင္း

တာယာ-ပြိဳင့္ေတြ ဘယ္ေလာက္က်န္လဲ၊တာယာ အစားညီသလား။

ခ်ိန္းစေပါကတ္-ခ်ိန္းဆစ္ေတြ ေခ်ာင္ေနသလား၊ စေပါ့ကတ္က်န္ေသးလား၊ စေပါ့ကတ္ အစားညီသလား။

ဘရိတ္-အေရးႀကီးပါတယ္၊ ဘရိတ္မိသလား၊ရႉးျခမ္းေတြ ဘယ္ေလာက္က်န္သလဲ၊ ဘရိတ္ဆီ၊ Drumျပား အထူအပါးကိုလည္း စစ္ေဆးပါ။

ေဖာက္-ေရွ႕/ေနာက္ေဖာက္ ဆီအယိုအစိမ့္ ရွိမရွိ စစ္ေဆးပါ။

ဖရိန္-ဖရိန္ကေတာ့ စီးၾကည့္ၿပီး အလိုင္းမင္း တည့္မတည့္၊ ဇာတ္ေခ်ာင္ျခင္းႏွင့္ ေနာက္ခရင္းတို႔ကို စစ္ေဆးရပါမည္။

အင္ဂ်င္

အင္ဂ်င္ပိုင္းကေတာ့ ဖြင့္လွပ္ၾကည့္၍မရတာေၾကာင့္ အျပင္ပိုင္း အကြဲ အနာအဆာ ရွိမရွိ၊ ဆီယိုစိမ့္မႈ ရွိမရွိ၊ တတ္ကြၽမ္းသူမ်ားဆိုလွ်င္ စက္ႏိုးၾကည့္ၿပီး အသံနားေထာင္႐ုံျဖင့္ အၾကမ္းဖ်င္း သိရွိႏိုင္ပါတယ္။

ကိုယ္တိုင္ စက္ႏိုးၾကည့္ပါ Slowထားထားၿပီးအင္ဂ်င္ အနည္းငယ္ပူလာမွ လီဗာကို ျဖည္းျဖည္းခ်င္းဆြဲၾကည့္ပါ။အင္ဂ်င္ အင့္တာမ်ိဳး ထစ္အင္းအင္းျဖစ္တာမ်ိဳး လီဗာဆြဲသေလာက္ တက္မလာတာမ်ိဳး ရွိတတ္ပါတယ္။ဒါဆို ေရာင္းခ်သူနဲ႔တိုင္ပင္ၿပီး လိုအပ္တာမ်ား ေမးျမန္းပါ။

ဆိုင္ကယ္ေတြက Brand တစ္ခုနဲ႔ တစ္ခု ထိန္းသိမ္းရပုံေတြ ဗီဇေတြ ကြဲျပားၾကပါတယ္။

တခ်ိဳ႕ ေရာင္းခ်သူေတြဆို ဆိုင္ကယ္ Knowledge မွ်ေဝေပးၿပီး ဆိုင္ကယ္ထိန္းသိမ္းပုံကိုလည္း မွ်ေဝေပးၾကပါတယ္။

မီးပိုင္း

မီးႀကီး၊မီးခြက္၊မီးခလုပ္၊ဝါယာရိန္း၊ Computer boxပါတဲ့ဆိုင္ကယ္ေတြဆို ပိုၿပီး အႏုစိတ္ပါတယ္။ဒါေတြကေတာ့ မိမိရဲ႕ေလ့လာမႈနဲ႔ အမ်ားႀကီး မူတည္ပါတယ္။

ကာဘာပိုင္း

ကာဘာပိုင္းကေတာ့ ကာဘာေတြကြဲေနလား စေတကာ ပြန္းေနလား Original မဟုတ္တာ ျဖတ္ဆက္လုပ္ထားတာေတြ စစ္ေဆးဖို႔လိုပါတယ္။

အထက္ေဖာ္ျပထားတဲ့ အေျခခံ အခ်က္လက္ေတြကို စစ္ေဆးၿပီး ျပစ္ခ်က္မ်ား လက္ခံႏိုင္ၿပီဆိုမွ ေရာင္းခ်သူနဲ႔တိုင္ပင္ၿပီး အေရာင္း၀ယ္ျပဳလုပ္ႏိုင္ပါတယ္။

ဆိုင္ကယ္ ဘီးေကာင္းေလးမ်ား ပိုင္ဆိုင္ႏိုင္ၾကပါေစ။🙏

လိုအပ္တာမ်ားရွိခဲလွ်င္လည္း ျဖည့္စြပ္ေပးပါ။

Crd