ဘယ္သူကမ်ား လယ္သမားႀကီးေမးတဲ့ ေမးခြန္းမ်ိဳးကို ဘဏ္ကို ေမးဖူးၾကသလဲ…
တေန႔မွာေတာ့ လယ္သမား အဖိုးႀကီး တစ္ေယာက္က ဘဏ္ကို ေငြေခ်းဖို႔ ေရာက္လာပါတယ္တဲ့။
ဘဏ္အရာရွိက သူ႔ကို ေမးလိုက္တယ္။ ဦးေလးက ပိုက္ဆံ ဘယ္ေလာက္ ေခ်းခ်င္လို႔လဲ။– တစ္သိန္းပါတဲ့။
ဘဏ္အရာရွိက ေငြေခ်းတဲ့ ပုံစံကို သူ႔ကို ထုတ္ေပးရင္း ခုလို ေမးလိုက္ျပန္ပါတယ္တဲ့။
အဲဒီေငြက ဘာအတြက္ သုံးမွာလဲ။ ၿမိဳ႕က ပစၥည္းေတြ ဝယ္ၿပီး ႐ြာမွာ အျမတ္နဲ႔ ျပန္ေရာင္းဖို႔ပါ။ ဦးေလးမွာ ဘာအေပါင္ပစၥည္း ရွိလဲ။
အေပါင္ပစၥည္းဆိုတာ ဘာကို ေျပာတာလဲ။ အခု ေခ်းသြားတဲ့ ေငြတစ္သိန္းနဲ႔ ညီမွ်တဲ့ ပစၥည္း တစ္ခုခုေပါ့။
ဦးေလးက ေခ်းထားတဲ့ ေငြကို ျပန္မဆပ္ႏိုင္ရင္ အဲဒီပစၥည္းကို ဘဏ္က သိမ္းယူခြင့္ ရွိပါတယ္။ ေအာ္၊ ဒီလိုလား။
ငါ့မွာ လက္ထြန္စက္ တစ္စီးေတာ့ ရွိတယ္ကြတဲ့။ အေဟာင္းေပမယ့္ ေငြတစ္သိန္း မကေတာ့ တန္ပါတယ္။
“ဟုတ္ကဲ့။ အဲဒါဆို ရပါတယ္။ ဒီစာ႐ြက္ေပၚမွာ လက္မွတ္ ထိုးေပးလိုက္ပါ။
ကြၽန္ေတာ္ ေငြတစ္သိန္း ထုတ္ေပး လိုက္ပါမယ္။ အခ်ိန္တန္လို႔ ေငြျပန္မဆပ္ႏိုင္ရင္ အေပါင္ပစၥည္းကို သိမ္းမွာေနာ္။
၂ လၾကာေတာ့ လယ္သမားႀကီးဟာ ဘဏ္ကို ျပန္ေရာက္လာတယ္။ ေစာေစာက ဘဏ္အရာရွိနဲ႔ ျပန္ေတြ႕တယ္။
သူဟာ အိတ္ႀကီးထဲက ပိုက္ဆံေတြ တစ္ထပ္ႀကီးကို ဆြဲထုတ္လိုက္ၿပီးေတာ့ အဲဒီထဲက ပိုက္ဆံအခ်ိဳ႕ကို ေရတြက္ၿပီး
ဘဏ္အရာရွိကို ေပးရင္း ခုလို ေျပာလိုက္တယ္တဲ့။
အရင္က ေခ်းထားတဲ့ ေငြတစ္သိန္းနဲ႔ အတိုး အတြက္ပါ။ဦးေလးဆီမွာ ေငြေတြ အမ်ားႀကီးပါလား။
သူမ်ား လုမွာ ဓါးျပတိုက္မွာ စိုးရိမ္ရတယ္ေလ။ ကြၽန္ေတာ္တို႔ ဘဏ္မွာ အပ္ထားလိုက္ပါလား။ အဲဒီလို အပ္ထားေတာ့ ငါ့အတြက္ ဘာအက်ိဳး ရွိမွာမို႔လဲ။
ဘဏ္က ဦးေလးရဲ႕ ပိုက္ဆံေတြကို ထိန္းသိမ္း ထားေပးမယ္ေလ။ သူခိုးဓါးျပ ရန္လည္း ကင္းတယ္။
ဦးေလးက ပုံမွန္အတိုးလည္း ရေနမယ္။ ဦးေလး လိုခ်င္တဲ့ ေငြကို အခ်ိန္မေ႐ြး ျပန္ထုတ္ခြင့္လည္း ရွိပါတယ္” – “မင္းေျပာသလိုဆိုရင္ မဆိုးဘူးကြ။
ဒါနဲ႔ မင္းတို႔ဘဏ္မွာ ဘာအေပါင္ပစၥည္း ရွိသလဲ။ ကြၽန္ေတာ္တို႔ ဘဏ္ေတြမွာ ေငြသိန္းေပါင္း မ်ားစြာ အပ္ထားၾကတယ္။
ဘယ္သူကမ်ား လယ္သမားႀကီး ေမးတဲ့ ေမးခြန္းမ်ိဳးကို ဘဏ္ကို ေမးဖူးၾကသလဲေနာ္။
တကယ္ စဥ္းစားစရာပါ။ ေမးရမွာ။ အင္တာနက္က စာတစ္ပုဒ္ကို မွီးထားတာပါ…။
ဗန္းေမာ္သိန္းေဖ
==============
Unicode,
ဘယ်သူကများ လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို မေးဖူးကြသလဲ…
တနေ့မှာတော့ လယ်သမား အဖိုးကြီး တစ်ယောက်က ဘဏ်ကို ငွေချေးဖို့ ရောက်လာပါတယ်တဲ့။
ဘဏ်အရာရှိက သူ့ကို မေးလိုက်တယ်။ ဦးလေးက ပိုက်ဆံ ဘယ်လောက် ချေးချင်လို့လဲ။– တစ်သိန်းပါတဲ့။
ဘဏ်အရာရှိက ငွေချေးတဲ့ ပုံစံကို သူ့ကို ထုတ်ပေးရင်း ခုလို မေးလိုက်ပြန်ပါတယ်တဲ့။
အဲဒီငွေက ဘာအတွက် သုံးမှာလဲ။ မြို့က ပစ္စည်းတွေ ဝယ်ပြီး ရွာမှာ အမြတ်နဲ့ ပြန်ရောင်းဖို့ပါ။ ဦးလေးမှာ ဘာအပေါင်ပစ္စည်း ရှိလဲ။
အပေါင်ပစ္စည်းဆိုတာ ဘာကို ပြောတာလဲ။ အခု ချေးသွားတဲ့ ငွေတစ်သိန်းနဲ့ ညီမျှတဲ့ ပစ္စည်း တစ်ခုခုပေါ့။
ဦးလေးက ချေးထားတဲ့ ငွေကို ပြန်မဆပ်နိုင်ရင် အဲဒီပစ္စည်းကို ဘဏ်က သိမ်းယူခွင့် ရှိပါတယ်။ အော်၊ ဒီလိုလား။
ငါ့မှာ လက်ထွန်စက် တစ်စီးတော့ ရှိတယ်ကွတဲ့။ အဟောင်းပေမယ့် ငွေတစ်သိန်း မကတော့ တန်ပါတယ်။
“ဟုတ်ကဲ့။ အဲဒါဆို ရပါတယ်။ ဒီစာရွက်ပေါ်မှာ လက်မှတ် ထိုးပေးလိုက်ပါ။
ကျွန်တော် ငွေတစ်သိန်း ထုတ်ပေး လိုက်ပါမယ်။ အချိန်တန်လို့ ငွေပြန်မဆပ်နိုင်ရင် အပေါင်ပစ္စည်းကို သိမ်းမှာနော်။
၂ လကြာတော့ လယ်သမားကြီးဟာ ဘဏ်ကို ပြန်ရောက်လာတယ်။ စောစောက ဘဏ်အရာရှိနဲ့ ပြန်တွေ့တယ်။
သူဟာ အိတ်ကြီးထဲက ပိုက်ဆံတွေ တစ်ထပ်ကြီးကို ဆွဲထုတ်လိုက်ပြီးတော့ အဲဒီထဲက ပိုက်ဆံအချို့ကို ရေတွက်ပြီး
ဘဏ်အရာရှိကို ပေးရင်း ခုလို ပြောလိုက်တယ်တဲ့။
အရင်က ချေးထားတဲ့ ငွေတစ်သိန်းနဲ့ အတိုး အတွက်ပါ။ဦးလေးဆီမှာ ငွေတွေ အများကြီးပါလား။
သူများ လုမှာ ဓါးပြတိုက်မှာ စိုးရိမ်ရတယ်လေ။ ကျွန်တော်တို့ ဘဏ်မှာ အပ်ထားလိုက်ပါလား။ အဲဒီလို အပ်ထားတော့ ငါ့အတွက် ဘာအကျိုး ရှိမှာမို့လဲ။
ဘဏ်က ဦးလေးရဲ့ ပိုက်ဆံတွေကို ထိန်းသိမ်း ထားပေးမယ်လေ။ သူခိုးဓါးပြ ရန်လည်း ကင်းတယ်။
ဦးလေးက ပုံမှန်အတိုးလည်း ရနေမယ်။ ဦးလေး လိုချင်တဲ့ ငွေကို အချိန်မရွေး ပြန်ထုတ်ခွင့်လည်း ရှိပါတယ်” – “မင်းပြောသလိုဆိုရင် မဆိုးဘူးကွ။
ဒါနဲ့ မင်းတို့ဘဏ်မှာ ဘာအပေါင်ပစ္စည်း ရှိသလဲ။ ကျွန်တော်တို့ ဘဏ်တွေမှာ ငွေသိန်းပေါင်း များစွာ အပ်ထားကြတယ်။
ဘယ်သူကများ လယ်သမားကြီး မေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို မေးဖူးကြသလဲနော်။
တကယ် စဉ်းစားစရာပါ။ မေးရမှာ။ အင်တာနက်က စာတစ်ပုဒ်ကို မှီးထားတာပါ…။
ဗန်းမော်သိန်းဖေ