အေထြအေထြဗဟုသုတ

ကချင်ဒေသထွက် ကျောက်ကြမ်းပိုးများကို တရုတ်နိုင်ငံမှ ရသလောက် ဝယ်ယူနေ

ကချင်ဒေသထွက် ကျောက်ကြမ်းပိုးများကို တရုတ်နိုင်ငံမှ ရသလောက် ဝယ်ယူနေ၍ ဈေး ၂ ဆ ဖြစ်

ကချင်ပြည်နယ်၊ ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုး(ဂျပိုး)များ စျေးကောင်းရနေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က နို့ဆီတစ်ဗူးလျှင် ကျပ်ငါးထောင်မှ ကျပ်ခုနှစ်ထောင်အထိ စျေးရှိခဲ့ရာမှ ယခုနှစ်မှာ နို့ဆီတစ်ဗူး ကျပ်တစ်သောင်းမှ တစ်သောင်းငါးထောင်အထိ ပေါက်စျေးရှိနေကြောင်းကျောက်ဂျပိုး ရှာသူများက ဆိုပါတယ်။

ကျောက်ဂျပိုးမှာ အကောင်အကြီးနှင့်အသေးမျိုးရှိရာတွင် အသေးမျိုးမှာ စျေးပိုရကြောင်း၊ တပိဿာလျှင် ကျပ်ငွေ တစ်သိန်း သုံးသောင်းဝန်းကျင်တွင် စျေးပေါက်နေပြီး ဒေသခံများအတွက် ဝင်ငွေတစ်ခုဖြစ်နေကြောင်း ဒေသခံများက ဆိုပါတယ်။

ကျောက်ဂျပိုးကို အောက်တိုဘာ လဆန်းမှ နိုဝင်ဘာလအထိ အများဆုံးတွေ့ရလေ့ရှိပြီး ဇန်နဝါရီလ နောက်ပိုင်းတွင် ပျောက်ကွယ်သွားကြောင်း သိရပါတယ်။ ပူတာအို တိုင်းခန္တီး မှတ်တမ်းများအရ ကျောက်ကြမ်းပိုး ငါးမျိုးရှိပြီး ဝါးမြစ်

နှင့်လည်းကောင်း၊ ဟင်းချိုဟင်းများတွင်လည်း ခတ်စားကြပါတယ်။ ကပ်ပါး၊သံကောင်စသည့် ဝမ်းတွင်း အညစ်အကြေးများကို စင်ကြယ်စေသည်ဟု ယုံကြည်ကြပါတယ်။

ယနေ့အခြေအနေတွင် ကျောက်ကြမ်းပိုး ငါးမျိုးအနက် နှစ်မျိုးသာ အများစုတွေ့ရကြောင်း ၊အေးလွန်းသည့် ဆောင်းရာသီတွင် ဆောင်းခိုရန်အတွက် မြေနိမ့်လွင်ပြင်သို့ ဆင်းလာပြီး ကျောက်တုံး၊သစ်တုံး၊ဝါးသစ်ခေါင်း၊သစ်

ရွက်များအောက်ဖက်နှင့် ကျောက်တောင်လှိုဏ်ဂူများတွင် ခိုအောင်းကြကြောင်း တိုင်းခန္တီးမှတ်တမ်းများ ပြုစုနေသူ မန်ပန်ဆရာတော်က ဆိုပါတယ်။

ယခင်ကာလများက ကျောက်ဂျပိုးကို မြစ်ဆုံဒေသဝန်းကျင်တွင် ပေါများစွာ တွေ့ခဲ့ရသော်လည်း ရွှေကျင်သည့်

လုပ်ငန်းများ များစွာလုပ်ကိုင်ခဲ့ခြင်း၊ မြစ်ချောင်းအနီးတဝိုက် ကျောက်ခုံများကို ရွှေကျင်ခြင်..း၊ တောပြုန်းခြင်းများကြောင့် ကျောက်ဂျပိုးကောင်းများအတွေ့ရနည်းလာရကြောင်း သိရပါတယ်။

ကျောက်ကြမ်းပိုးကို ဟူကောင်းတောင်ကြားရှိ တောင်ကျချောင်းများတွင်လည်းကောင်း၊ ချင်းတွင်မြစ်ဖျား ဒေသအချို့တွင်လည်းကောင်း တွေ့ရကြောင်း မှတ်တမ်းများက ဆိုပါတယ်။

တရုတ်နိုင်ငံမှ ကုန်သည်များက ကချင်ဒေသထွက် ကျောက်ကြမ်းပိုးများကို ရသလောက် ဝယ်ယူနေခြင်းမှာ ဆေးဖော်ရန်အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi

ကခ်င္ေဒသထြက္ ေက်ာက္ၾကမ္းပိုးမ်ားကို တ႐ုတ္ႏိုင္ငံမွ ရသေလာက္ ဝယ္ယူေန၍ ေဈး ၂ ဆ ျဖစ္

ကခ်င္ျပည္နယ္၊ ပူတာအိုေဒသထြက္ ေက်ာက္ၾကမ္းပိုး(ဂ်ပိုး)မ်ား ေစ်းေကာင္းရေနတယ္လို႔ သိရပါတယ္။ လြန္ခဲ့တဲ့ႏွစ္က ႏို႔ဆီတစ္ဗူးလွ်င္ က်ပ္ငါးေထာင္မွ က်ပ္ခုႏွစ္ေထာင္အထိ ေစ်းရွိခဲ့ရာမွ ယခုႏွစ္မွာ ႏို႔ဆီတစ္ဗူး က်ပ္တစ္ေသာင္းမွ တစ္ေသာင္းငါးေထာင္အထိ ေပါက္ေစ်းရွိေနေၾကာင္းေက်ာက္ဂ်ပိုး ရွာသူမ်ားက ဆိုပါတယ္။

ေက်ာက္ဂ်ပိုးမွာ အေကာင္အႀကီးႏွင့္အေသးမ်ိဳးရွိရာတြင္ အေသးမ်ိဳးမွာ ေစ်းပိုရေၾကာင္း..၊ တပိႆာလွ်င္ က်ပ္ေငြ တစ္သိန္း သုံးေသာင္းဝန္းက်င္တြင္ ေစ်းေပါက္ေနၿပီး ေဒသခံမ်ားအတြက္ ဝင္ေငြတစ္ခုျဖစ္ေနေၾကာင္း ေဒသခံမ်ားက ဆိုပါတယ္။

ေက်ာက္ဂ်ပိုးကို ေအာက္တိုဘာ လဆန္းမွ ႏိုဝင္ဘာလအထိ အမ်ားဆုံးေတြ႕ရေလ့ရွိၿပီး ဇန္နဝါရီလ ေနာက္ပိုင္းတြင္ ေပ်ာက္ကြယ္သြားေၾကာင္း သိရပါတယ္။ ပူတာအို တိုင္းခႏၲီး မွတ္တမ္းမ်ားအရ ေက်ာက္ၾကမ္းပိုး ငါးမ်ိဳးရွိၿပီး ဝါးျမစ္ႏွင့္

လည္းေကာင္း၊ ဟင္းခ်ိဳဟင္းမ်ားတြင္လည္း ခတ္စားၾကပါတယ္။ ကပ္ပါး၊သံေကာင္စသည့္ ဝမ္းတြင္း အညစ္အေၾကးမ်ားကို စင္ၾကယ္ေစသည္ဟု ယုံၾကည္ၾကပါတယ္။

ယေန႔အေျခအေနတြင္ ေက်ာက္ၾကမ္းပိုး ငါးမ်ိဳးအနက္ ႏွစ္မ်ိဳးသာ အမ်ားစုေတြ႕ရေၾကာင္း ၊ေအးလြန္းသည့္ ေဆာင္းရာသီတြင္ ေဆာင္းခိုရန္အတြက္ ေျမနိမ့္လြင္ျပင္သို႔ ဆင္းလာၿပီး ေက်ာက္တုံး၊သစ္တုံး၊ဝါးသစ္ေခါင္း၊သစ္႐ြက္မ်ားေ

အာက္ဖက္ႏွင့္ ေက်ာက္ေတာင္လႈိဏ္ဂူမ်ားတြင္ ခိုေအာင္းၾကေၾကာင္း တိုင္းခႏၲီးမွတ္တမ္းမ်ား ျပဳစုေနသူ မန္ပန္ဆရာေတာ္က ဆိုပါတယ္။

ယခင္ကာလမ်ားက ေက်ာက္ဂ်ပိုးကို ျမစ္ဆုံေဒသဝန္းက်င္တြင္ ေပါမ်ားစြာ ေတြ႕ခဲ့ရေသာ္လည္း ေ႐ႊက်င္သည့္လုပ္ငန္းမ်ား မ်ားစြာလုပ္ကိုင္ခဲ့ျခင္း၊ ျမစ္ေခ်ာင္းအနီးတဝိုက္ ေက်ာက္ခုံမ်ားကို ေ႐ႊက်င္ျခင္း၊ ေတာျပဳန္းျခင္းမ်ားေၾကာင့္ ေက်ာက္ဂ်ပိုးေကာင္းမ်ားအေတြ႕ရနည္းလာရေၾကာင္း သိရပါတယ္။

ေက်ာက္ၾကမ္းပိုးကို ဟူေကာင္းေတာင္ၾကားရွိ ေတာင္က်ေခ်ာင္းမ်ားတြင္လည္းေကာင္း၊ ခ်င္းတြင္ျမစ္ဖ်ား ေဒသအခ်ိဳ႕တြင္လည္းေကာင္း ေတြ႕ရေၾကာင္း မွတ္တမ္းမ်ားက ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံမွ ကုန္သည္မ်ားက ကခ်င္ေဒသထြက္ ေက်ာက္ၾကမ္းပိုးမ်ားကို ရသေလာက္ ဝယ္ယူေနျခင္းမွာ ေဆးေဖာ္ရန္အတြက္ ျဖစ္တယ္လို႔လည္း သိရပါတယ္။crd