ဂဠုန်ဦးစော ဟု ဆိုလိုက်လျှင် ကလေးလူကြီး မရွေး အားလုံးသိပြီးလိမ့်မည်ဟု ထင်ပါသည်။ ဂဠုန်ဦးစော သည် အာဇာနည် ခေါင်းဆာင်ကြီး များအား လုပ်ကြံမှုဖြင့် ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကြိုးပေးခံရတော့မည်ဖြစ်သည်။
ဦးစော သည် သူ၏ လွတ်မြောက်ရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သေးသည်။ အသနားခံစာမ်ား ၊ အယူခံစာများဆင့်ဆင့် တစ်မျိုး ၊ နိုင်ငံခြားသံရုံးတစ်ရုံးသို့ လျို့ဝှက် အကူအညီတောင်းခံသည့် စာက တစ်ဖုံ ၊ နောက်ဆုံး သူ့ကိုယ်သူ လုပ်ကြံရန်ပင် တစ်နည်း ကြိုးစား ကြံစည်ခဲ့သေးသည် ။
သူ၏ အကြံအစည်အားလုံး မအောင်မြင်ခဲ့သည့် အတွက် ဦးစော သည် အချက်တချို့ကို တောင်းဆိုခဲ့သေးသည်။ လက်ထိပ် မခတ်ပဲ ကြိုးစင်သို့ခေါ်ရန် ၊ သူ့ကို ပထမဆုံးကြိုးပေးရန် နှင့် ဘဝကူးကောင်းရန် စိတ်ငြိမ်စွာနေခွင့်ပြုရန် ၊လယ်တီဆရာတော် ဘုရားကြီး၏ တရားစာအုပ်များ ဝယ်ပေးရန် တောင်းဆိုခဲ့သည်။
နောက်ဆုံးအချိန်များတွင် ဦးစော သည် သူ့အကြောင်းကို ဖွင့်ဟ ဝန်ခံခဲ့သည်။ကျုပ် တစ်သက်လုံး ဗုဒ္ဓဘာသာ လို့ ပြောခဲ့တာပဲ ၊ တကယ်တော့ ကျုပ်ဟာ မိရိုးဖလာ သာမန် ဗုဒ္ဓဘာသာ မျှသာဖြစ်ခဲ့တာကို တရားစာပေတွေလေ့လာပြီးမှ ပိုပြီးသိရတယ် ၊ မကောင်းမှုမှန်သမျှ ကျုပ်မလုပ်ဖူးတာမရှိဘူး ၊ အကောင်းဆုံးတွေကိုလည်း ကျုပ်မတွေ့ခဲ့ဖူးတာ မရွိဘူး။
ဒါပေမယ့် ခုတွေ့ရတဲ့ တရားတော်ရဲ့ အဆီအနှစ်တွေကိုတော့ ကျုပ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူးကျုပ် အာဏာရှိတုန်းကလည်း ဘာသာရေးကို အလေးအနက် မရွိခဲ့ဘူး။
ဘာသာရေးဆိုတာ ကျုပ်အတွက် ဟန်ပြအဆောင်ယောင် တစ်ခုပဲ ၊ကျုပ်ဆန္ဒမှာ ရှိတာက ကျုပ်အာဏာတည်မြဲရေး နဲ့တိုင်းပြည် ကို ကျုပ်ကြိုက်တဲ့ပုံစံ သွင်းချင်တာ အဓိကပဲ ။ အဲဒီအချိန်တုန်းကသာ ခုတွေ့ရတဲ့ တရားတော်တွေကို တွေ့ရရင် ခုလိုဖြစ်မယ် မထင်ဘူးအဲဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီးဘဝနဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ် ။
အဲဒီမှာ အလောင်းမင်းတရား ကိုးကွယ်ခဲ့တဲ့ မတ်ရပ်ဆင်းတုတော်ဟာ ဆုတောင်းပြည့်တယ်လို့ သတင်းကြီးတာကြောင့် မရ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်၊တကယ် ကြည်ညိုလို့ပင်ခဲ့တာတော့ မဟုတ်ဘူး ၊ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ ၊ အဲဒါကျုပ်ရဲ့ မဟာအမှားကြီးပါပဲ ၊ နောက်မှ သိရတာ ဒီဆင်းတုတော်ဟာ အလွန်တန်ခိုးကြီးတယ် ၊
မဟုတ်မမှန်လူလက်ထဲရောက်ရင် ခိုက်တတ်တယ် ဆိုတာပဲ ၊ သိရေတာ့ နောက်ကျသွားပြိ ၊ ကျုပ် အင်္ဂလိပ်အကျဉ်းသားဖြစ်လိုက် ၊ သေနတ်နဲ့ချောင်းပစ်ခံရလိုက် နဲ့ နောက်ဆုံး ခုအခြေအနေထိပဲ ၊ နောက် ကျုပ် ဒီအထဲရောက်မှ အဲဒီဆင်းတုတော်ကို ရွှေတိဂုံ စနေထောင့်မှာ လှူဒါန်းလိုက်ရတယ်
ဆိုရလျှင် ဂဠုန်ဦးစော သည် နောက်ဆုံးနေ့များတွင် အမွား အတွက် နောင်တကြီးစွာ ရသွားခဲ့ဟန် တူသည်။ မိမိ အမွား ကြီးမှားခဲ့ကြောင်း ၊ ခုမှ သတိသံဝေဂတရား ဖြစ်ပေါ်ခဲ့ကြောင်း မိသားစု ထံသို့ ရေးပို့ခဲ့သည့် စာလေးနှစ်စောင်က သက်သေခံလျှက်ရှိသည်။
ပထမစာမှာ ကြိုးမိန့်မချမီ တစ်ပတ်အလိုက ဇနီးဖြစ်သူ ဒေါ်သန်းခင် ထံသို့ ပေးခဲ့သောစာဖြစ်သည်။ ဦးစောသည်ဇနီးဖြစ်သူကို မာမီခင် ဟုသာခေါ်သည် ။ စာမှာ-
မာမီခင်
ကျွန်တော့်အလောင်းကို အိမ်သို့ မယူပါနှင့်။ ဘယ်ကိုမှလဲ မယူပါနှင့် ၊ သေပြီးသော အပုပ်ကောင်ကြီးဟု တရားနှင့်ဖြေပါ၊ သတိသံဝေဂ ဖြစ်ပါ ၊ အနိစ္စတရား နှင့် အနတ္တတရားများကို ပြားပါ ၊ သေပြီးဖြစ်၍ မထူးပါ ၊ထို့ကြောင့် မာမီတို့
ဒုက္ခမရှာပါနှင့် သေသူကိုသာ ရည်ရွယ်၍ ပဉ္စင်းခံရှင်ပြုခြင်း ၊ ဆွမ်းလောင်းခြင်း စေသာ ကုသိုလ်ကောင်းမှုများကို သာပြုပေးပါ ၊ အမျှအတန်းပေးဝေပါ ၊ ဤသို့သော ကုသိုလ်ရေး မ်ားကိုသာ ဂရုစိုက်ပါ..ဟုဇနီးဖြစ်သူအား မှာကြားသွားသည်။
နောက်တစ်စောင်မှာ သမီးဖြစ်သူ ထံကို ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုစာတွင် မိမိ အဃာတ တရားကြီးမားခဲ့သည့်အတွက် ဘဝကို တိုတိုနှင့် ဇာတ်သိမ်းခဲ့ကြောင့် ဝန်ခံသွားခဲ့သည်။ ထိုစာမှာ-
ဒေါသ နှင့် အာဃာတ တရားသည် ကောင်းကျိုးကို မေပးပဲ ဆိုးကျိုးကိုသာပေးသည်။
မိမိ ဒေါသမီး ကို ရင်ဝယ်ပိုက်ပြီး အာဃာတ တရားကြီးမားလွန်းခဲ့သဖြင့် မိမိ၏ဘဝကို တိုတိုနှင့် ပိုင်းဖြတ်ကာ ဇာတ်သိမ်းခဲ့ရသည်။အကယ်၍ ဒေါသမီးကို ရင်ဝယ်မပိုက်ပဲ ငြိမ်းသက်နိုင်ခဲ့ပြီး အာဃာတ တရား ကိုလည်း ဖျောက်ဖျက်ပစ်နိုင်မည် ဆိုလျှင် ယခုလို အသက်ငယ်ငယ်နှင့် ဘဝကို တိုတိုပိုင်းရမည် မဟုတ်ချေ။
မိမိမြတ်နိုးသော ဇနီး ၊ မိမိချစ်သော သမီးတို့နှင့် အိုအောင်မင်းအောင်နေထိုင်ရပြီး တိုင်းပြည်အကျိုးကိုသယ်ပိုးထမ်းဆောင်နိုင်မည် ဖြစ်သည်။ယခုကား လွန်ခဲ့ပြီ ၊ ပြီးခဲ့လေပြီ ၊ သို့တစေလည်း ဖခင်ဖြစ်သူ ၏ အမှားမျိုးကို သမီးဖြစ်သူ မကြုံတွေ့ရလေအောင် ဖခင်၏ ဘဝသင်ခန်းစာကို ယူ၍ ဒေါသမီး ရင်ဝယ်မပိုက်ထွေးပဲ ငြိမ်းသတ်လိုက်ပါ။
မည်သူ့အပေါ်မျှ ရန်ငြိုးမဖွဲ့ ရန်ငြိုးမထားဘဲ အာဃာတ တရားကို ဖျောက်ဖျက်ပစ်ပါလေ ချစ်သမီးဟူ၍ ဖြစ်လေတော့သည် ။
သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ နန္ဒာမိုးကြယ်
အမှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀ဝ မောင်ကြည်သန့်
crd;