မိဘဆိုတာ သားသမီးကို ဆံုးမပိုင္ခြင့္ ရွိပါတယ္။ ဒါေပမယ့္ ရိုက္ႏွက္ၿပီး ဆံုးမတာကေတာ့ နည္းမွန္ လမ္းမွန္ မဟုတ္ပါဘူး။ မ်ားေသာအားျဖင့္ မိဘေတြက သားသမီးေတြကို ရိုက္ႏွက္ ဆံုးမၾကတဲ့ သေဘာေတြ ရွိပါတယ္။ ဒါ့အျပင္ အျပစ္ေပးတဲ့ နည္းလမ္းကို ရိုက္ႏွက္ၿပီး ေပးတတ္ၾကပါတယ္။ တကယ္ေတာ့ သားသမီးေတြကို ရိုက္ႏွက္ ဆံုးမတာေတာ့ ထိေရာက္မႈ နည္းသလို ဆိုးတဲ့ အခ်က္ေတြေတာင္ အခုလို ရွိေနပါေသးတယ္။
(၁) စိတ္ဒဏ္ရာ ရသြားႏိုင္တယ္
ဦးေႏွာက္က အသက္အရြယ္အလိုက္ ဖြံ႔ၿဖိဳးတာ ျဖစ္ပါတယ္။ ဦးေႏွာက္ မဖြံ႔ၿဖိဳးေသးလို႔ မသိေသးတဲ့ အရြယ္မွာ မသိရေကာင္းမလားဆိုၿပီး ရိုက္တာက မျဖစ္သင့္တဲ့ နည္းလမ္း ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ သူေတြးႏိုင္တာက မိဘျဖစ္သူက အသားနာေအာင္ ရိုက္တယ္။ မိဘ ေဒါသထြက္ေနတယ္ ဆိုတာပါပဲ။ ဒါေၾကာင့္ မိဘက ကိုယ့္ကို ရိုက္ပဲ ရိုက္ေနတဲ့ဆိုတဲ့ အျမင္နဲ႔ စိတ္ဒဏ္ရာ ရတာမ်ိဳး ျဖစ္သြားေစႏိုင္ပါတယ္။
(၂) အၾကမ္းဖက္သူ ျဖစ္သြားႏိုင္တယ္
မိဘျဖစ္သူက ရိုက္တာကိုပဲ သိလာရတဲ့ ၾကံဳလာရတဲ့ ကေလးတစ္ေယာက္ သူကိုယ္တိုင္ တစ္ခုခုကို ေဒါသျဖစ္တဲ့အခါ ရိုက္ႏွက္တဲ့နည္းနဲ႔ ေျဖရွင္းမိတတ္ပါတယ္။ ဒါမွမဟုတ္ရင္လည္း အိမ္မွာ မိဘအေပၚ ထြက္လို႔ မရတဲ့ ေဒါသကို တျခားေနရာကို ပံုခ်ၿပီး အႏိုင္က်င့္တတ္တာမ်ိဳး ျဖစ္သြားတတ္ပါတယ္။
(၃) နားမလည္သြားဘူး
ဦးေႏွာက္က နားလည္တဲ့ အရြယ္မွ နားလည္တာမ်ိဳးပါ။ ဒါေတာင္ အက်ိဳးအေၾကာင္းနဲ႔ ခိုင္လံုမွသာ နားလည္တာမ်ိဳး ျဖစ္ပါတယ္။ ကေလးအရြယ္မွာ စိတ္ရွည္လက္ရွည္နဲ႔ မိဘက ရွင္းျပေပးၿပီး မလုိက္နာရင္ ျဖစ္ႏိုင္တဲ့ သူတို႔ စဥ္းစားႏိုင္မယ့္ ျပစ္ဒဏ္မ်ိဳးက သူတို႔အတြက္ ပိုၿပီး သင့္ေလ်ာ္ပါတယ္။
(၄) ျပႆနာ ေျဖရွင္းႏိုင္စြမ္း ညံ့တယ္
မိဘဆိုတာ သားသမီးေတြရဲ႕ သင္ယူမႈ ျပဳလုပ္တဲ့သူေတြ ျဖစ္ပါတယ္။ ကေလးေတြရဲ႕ အဓိက သင္ယူမႈကေတာ့ ပတ္ဝန္းက်င္ကအရာေတြကို အတုခိုးၿပီး အတုယူတဲ့ ပံုစံ ျဖစ္ပါတယ္။ မိဘက တစ္ခုခု ျဖစ္တိုင္း မေျဖရွင္းဘဲ ေဒါသထြက္ျပတာ၊ ရိုက္ပဲ ရိုက္ေနတာက ကေလးေတြအတြက္ နားမလည္ႏိုင္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကေလးေတြက လူမႈကိစၥေတြမွာ ျပႆနာေျဖရွင္းႏိုင္စြမ္း ညံ့သြားတတ္ၾကပါတယ္။
(၅) အဆုိးျမင္မႈ မ်ားႏိုင္တယ္
မိဘက သားသမီးကို ျပစ္တင္မႈေတြ ႀကိမ္းေမာင္းမႈေတြ မ်ားတဲ့အခါ ဝမ္းနည္းမႈနဲ႔ မေက်နပ္မႈေတြ ျဖစ္သြားေစတတ္ပါတယ္။ ဒီလိုမ်ိဳး သူတို႔ မလိုခ်င္တဲ့ အေျခအေနကို ရင္ဆိုင္ၿပီး ျဖတ္သန္းရတဲ့ ကေလးေတြက သူတို႔ရဲ႕ အျမင္ကလည္း အဆိုးျမင္တာေတြ ျဖစ္သြားတတ္ပါတယ္။ အေျခအေနတစ္ခုကို တျခား ရႈေထာင့္ကေန ေတြးျမင္တာမ်ိဳး မလုပ္တတ္ေတာ့ဘဲ အဆိုးပဲ ျမင္မိသြားတတ္တာမ်ိဳး ျဖစ္ပါတယ္။
ဒီလို ဆိုးက်ိဳးေတြသာ မ်ားတာမို႔ မရိုက္ေလ ေကာင္းေလ ျဖစ္ပါတယ္။ ဦးေႏွာက္ဖြံ႕ၿဖိဳးၿပီးသား လူႀကီးက ပိုၿပီး စိတ္ရွည္လိုက္တာက အေကာင္းဆံုးပါပဲေနာ္။
Kham
Unicode
=======
မိဘဆိုတာ သားသမီးကို ဆုံးမပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ရိုက်နှက်ပြီး ဆုံးမတာကတော့ နည်းမှန် လမ်းမှန် မဟုတ်ပါဘူး။ များသောအားဖြင့် မိဘတွေက သားသမီးတွေကို ရိုက်နှက် ဆုံးမကြတဲ့ သဘောတွေ ရှိပါတယ်။ ဒါ့အပြင် အပြစ်ပေးတဲ့ နည်းလမ်းကို ရိုက်နှက်ပြီး ပေးတတ်ကြပါတယ်။ တကယ်တော့ သားသမီးတွေကို ရိုက်နှက် ဆုံးမတာတော့ ထိရောက်မှု နည်းသလို ဆိုးတဲ့ အချက်တွေတောင် အခုလို ရှိနေပါသေးတယ်။
(၁) စိတ်ဒဏ်ရာ ရသွားနိုင်တယ်
ဦးနှောက်က အသက်အရွယ်အလိုက် ဖွံ့ဖြိုးတာ ဖြစ်ပါတယ်။ ဦးနှောက် မဖွံ့ဖြိုးသေးလို့ မသိသေးတဲ့ အရွယ်မှာ မသိရကောင်းမလားဆိုပြီး ရိုက်တာက မဖြစ်သင့်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီအချိန်မှာ သူတွေးနိုင်တာက မိဘဖြစ်သူက အသားနာအောင် ရိုက်တယ်။ မိဘ ဒေါသထွက်နေတယ် ဆိုတာပါပဲ။ ဒါကြောင့် မိဘက ကိုယ့်ကို ရိုက်ပဲ ရိုက်နေတဲ့ဆိုတဲ့ အမြင်နဲ့ စိတ်ဒဏ်ရာ ရတာမျိုး ဖြစ်သွားစေနိုင်ပါတယ်။
(၂) အကြမ်းဖက်သူ ဖြစ်သွားနိုင်တယ်
မိဘဖြစ်သူက ရိုက်တာကိုပဲ သိလာရတဲ့ ကြုံလာရတဲ့ ကလေးတစ်ယောက် သူကိုယ်တိုင် တစ်ခုခုကို ဒေါသဖြစ်တဲ့အခါ ရိုက်နှက်တဲ့နည်းနဲ့ ဖြေရှင်းမိတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အိမ်မှာ မိဘအပေါ် ထွက်လို့ မရတဲ့ ဒေါသကို တခြားနေရာကို ပုံချပြီး အနိုင်ကျင့်တတ်တာမျိုး ဖြစ်သွားတတ်ပါတယ်။
(၃) နားမလည်သွားဘူး
ဦးနှောက်က နားလည်တဲ့ အရွယ်မှ နားလည်တာမျိုးပါ။ ဒါတောင် အကျိုးအကြောင်းနဲ့ ခိုင်လုံမှသာ နားလည်တာမျိုး ဖြစ်ပါတယ်။ ကလေးအရွယ်မှာ စိတ်ရှည်လက်ရှည်နဲ့ မိဘက ရှင်းပြပေးပြီး မလိုက်နာရင် ဖြစ်နိုင်တဲ့ သူတို့ စဉ်းစားနိုင်မယ့် ပြစ်ဒဏ်မျိုးက သူတို့အတွက် ပိုပြီး သင့်လျော်ပါတယ်။
(၄) ပြဿနာ ဖြေရှင်းနိုင်စွမ်း ညံ့တယ်
မိဘဆိုတာ သားသမီးတွေရဲ့ သင်ယူမှု ပြုလုပ်တဲ့သူတွေ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အဓိက သင်ယူမှုကတော့ ပတ်ဝန်းကျင်ကအရာတွေကို အတုခိုးပြီး အတုယူတဲ့ ပုံစံ ဖြစ်ပါတယ်။ မိဘက တစ်ခုခု ဖြစ်တိုင်း မဖြေရှင်းဘဲ ဒေါသထွက်ပြတာ၊ ရိုက်ပဲ ရိုက်နေတာက ကလေးတွေအတွက် နားမလည်နိုင် ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေက လူမှုကိစ္စတွေမှာ ပြဿနာဖြေရှင်းနိုင်စွမ်း ညံ့သွားတတ်ကြပါတယ်။
(၅) အဆိုးမြင်မှု များနိုင်တယ်
မိဘက သားသမီးကို ပြစ်တင်မှုတွေ ကြိမ်းမောင်းမှုတွေ များတဲ့အခါ ဝမ်းနည်းမှုနဲ့ မကျေနပ်မှုတွေ ဖြစ်သွားစေတတ်ပါတယ်။ ဒီလိုမျိုး သူတို့ မလိုချင်တဲ့ အခြေအနေကို ရင်ဆိုင်ပြီး ဖြတ်သန်းရတဲ့ ကလေးတွေက သူတို့ရဲ့ အမြင်ကလည်း အဆိုးမြင်တာတွေ ဖြစ်သွားတတ်ပါတယ်။ အခြေအနေတစ်ခုကို တခြား ရှုထောင့်ကနေ တွေးမြင်တာမျိုး မလုပ်တတ်တော့ဘဲ အဆိုးပဲ မြင်မိသွားတတ်တာမျိုး ဖြစ်ပါတယ်။
ဒီလို ဆိုးကျိုးတွေသာ များတာမို့ မရိုက်လေ ကောင်းလေ ဖြစ်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးပြီးသား လူကြီးက ပိုပြီး စိတ်ရှည်လိုက်တာက အကောင်းဆုံးပါပဲနော်။
Kham