Knowledge

သားသမီးတွေ လမ်းမှန်ရောက်စေဖို့ မိဘတွေအသုံးပြုသင့်တဲ့နည်းလမ်းကောင်း

သားသမီးတွေ လမ်းမှန်ရောက်စေဖို့ မိဘတွေအသုံးပြုသင့်တဲ့နည်းလမ်းကောင်း

မိဘတွေအနေနဲ့ ကိုယ့်သားသမီးအပေါ်ကို ဆိုဆုံးမတယ်ဆိုတာက သဘာဝကျပေမယ့်၊ တချို့ကျတော့လဲ ရိုက်နှက်ပြီး ဆုံးမကြတာတွေရှိပါတယ်။ ရိုက်နှက် ဆုံးမတာတွေရဲ့ ဆိုးကျိုးတွေအနေနဲ့ ကလေးတွေက လူကြောက်တတ်၊လူရှိန်တတ်လာမယ်အပေါင်းအသင်းမဆန့်တော့ဘူး။ လူစိမ်းတွေကို ကြောက်တတ်လာမယ်။

ရန်လိုဒေါသထွက်တတ်လာမယ်။ထိခိုက်အနာတရဖြစ်မယ်။စိတ်ဒါဏ်ရာတွေ ရသွားမယ် အစရှိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ဒါကြောင့် ရိုက်နှက်ဆုံးမရတဲ့ အခြေမဆိုက်ရအောင် ဘာတွေ လုပ်နိုင်မလဲဆိုတာကို ကြည့်ကြရအောင်ပါ။

၁။ ပတ်ဝန်းကျင်အနေအထားကို ပြောင်းပေးပါ ။

မီးဖိုချောင်ထဲ၊ကြောင်အိမ်ထဲကို သင့်ကလေးက မွှေနှောက်သောင်းကျန်းနေတယ်ဆိုရင် ကြောင်အိမ်ကို သော့ခတ်ထားပါ။ မီးဖိုချောင်နဲ့ ကလေးကို ဝေးဝေးထားပါ။ အရုပ်တစ်ရုပ်ကိုကလေး က ဖျက်လို့ဖျက်ဆီးလုပ်နေတယ်ဆိုရင် အဲ့ဒီအရုပ်ကို ဘေးဖယ်ပစ်လိုက်ပါ။

ဒီလိုမျိုး ပတ်ဝန်းကျင်အနေအထားကို ကြိမ်ဖန်များစွာ ပြောင်းပေးခြင်းအားဖြင့် သင်ဘာမကြိုက်တတ်ဘူး၊ဘာကိုတော့ဖြင့် မလုပ်ရဘူးဆိုတာကို ကလေးအနေနဲ့ သဘောပေါက်လာပါလိမ့်မယ်။

၂။ ကြိုတင်ပြင်ဆင်ပါ၊

ကလေးတွေနဲ့ အပြင်သွားတဲ့အခါ၊ခရီးသွားတဲ့အခါ လမ်းမှာ အငြိမ်မနေလို့၊ဂျီတိုက်နေလို့ ရိုက်ရပုတ်ရလုပ်ရတာမျိုးတွေ ရှိနေပါသလား။ ကိုယ့်ဖက်က ပြင်ဆင်သွားပါ။ ကလေးကြိုက်တတ်တဲ့ အရုပ်လေးတွေ၊မုန့်လေးတွေကို တခါတည်း ကြိုကြိုတင်တင် ဆောင်သွားပါ။

အိပ်ချင်လို့ ဂျစ်တိုက်ဂျီကျတတ်တဲ့ကလေးဆိုရင် မသွားခင် အိမ်မှာကတည်းက တရေးတမော သိပ်ထားပါ။ ဒါဆိုရင် သင်ရောကလေးပါ အဆင်ပြေပါလိမ့်မယ်။

၃။ စည်းမျဉ်းစည်းကမ်းတွေကို သတ်သတ်မှတ်မှတ် ချပေးပါ ။

ဘယ်နေရာမှာမဆို စည်းမျဉ်းစည်းကမ်းတွေဟာ အသက်ပါပဲ။ အချိုတွေခိုးစားလို့ ရိုက်မှာထက်စာရင် ဘယ်အချိန်မှာ ဘယ်လောက်ပမာဏစားရမယ်ဆိုတာကို သတ်မှတ်ပေးပါ၊စာမကျက်ဘဲ ကာတွန်းကားခိုးကြည့်လို့ ရိုက်မယ့်အစား

တစ်နေ့တာအတွက် ကာတွန်းကားကြည့်ချိန်၊သူလေးအပန်းဖြေချိန်ကို သတ်မှတ်ပေးထားပါ စသဖြင့်ပေါ့။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တဲ့နေရာမှာ တသမတ်တည်းဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ဒီနေ့ စာကျက်ရမယ့်အချိန်ကို စာမကျက်လို့ သင်အပြစ်ပေးလိုက်ပေမယ့်

နောက်နေ့ဒီအချိန်မှာပဲ ကို သင်စိတ်ကြည်နေချိန်မို့ စာမကျက်တာကိုအပစ်မပေးဘူး ဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။ တသမတ်တည်း ဖြစ်ပါစေ။ ဒါဆိုရင် စည်းမျဉ်းစည်းကမ်းတွေနဲ့ အသားကျသွားတဲ့ သင့်ကလေးဟာ မကောင်းတဲ့အပြုအမူတွေ လုပ်နိုင်ချေနည်းသွားလို့ သင်လည်း ရိုက်ဖို့မလိုတော့ပါဘူး။

၄။ ဆုပေး ဒါဏ်ပေးစနစ်ကို ကျင့်သုံးပါ ။

စည်းကမ်းတွေ ချမှတ်ပြီးတဲ့အခါ အရေးကြီးတဲ့နောက်တချက်က ဆုပေးဒါဏ်ပေးစနစ် ကျင့်သုံးဖို့ပါပဲ။ သင့်ရဲ့ စည်းကမ်းတွေအတိုင်း လိုက်နာတဲ့အခါ ချီးကျူးစကားပြောတာက အစပြုလို့ ကစားကွင်းလိုက်ပို့တာ၊အရုပ်၊မုန့်ဝယ်ပေးတာ စသဖြင့် ဆုချနိုင်ပါတယ်။

စည်းကမ်းဖောက်ဖျက်လို့ အပြစ်ပေးရပြီဆိုရင်လည်းရိုက်နှက်ဆုံးမတာမျိုး မလုပ်ပဲ တီဗွီကြည့်ခွင့်ပိတ်တာ၊ဖုန်းပေးမဆော့တာ၊အပြင်ထွက်ဆော့ခွင့်မပြုတာ အစရှိတာလေးတွေနဲ့ ဒါဏ်ပေးနိုင်ပါတယ်။ အဓိက အချက်ကရိုက်နှက်ဆုံးမစရာမလိုပဲ သားသမီးတွေကို အထာကျကျ ဆုံးမပဲ့ပြင်နိုင်ဖို့ပါ။

ဒါဆိုရင် သူတို့စိတ်ထဲမှာလည်း မဟုတ်တာတခုခုလုပ်မယ်ဆိုရင် ပြန်ပြီးတန်ဖိုးတခုခု ပေးရတော့မယ်ဆိုတာကို နားလည်သွားပါလိမ့်မယ်။ ဒါဟာ ရိုက်ပြီးဆုံးမတာထက် အများကြီး ပိုပြီး အဖိုးတန်ပါတယ်။

၅။ မသိချင်ယောင်ဆောင်နေပါ။

ကလေးတွေက အာရုံစိုက်ခံချင်တဲ့အတွက် အာပြဲကြီးနဲ့ငိုတာ၊ဂျီကျတာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒေါသတကြီးနဲ့ရိုက်မောင်းပုတ် မောင်း လုပ်တာမျိုးထက် မသိချင်ယောင်သာ ဆောင်နေလိုက်ပါ။ ကြာလာရင် ဒီလို လုပ်လို့မရဘူးဆိုတာ သူတို့လေးတွေ အလိုလို သိလာပါလိမ့်မယ်။ သင်လည်း ရိုက်စရာ မလိုတော့ဘူးပေါ့။

၆။ သင့်စိတ်ကို ထိန်းပါ။

ကလေးနဲ့ ပတ်သက်လို့ အရမ်းဒေါသထွက်လာပြီဆိုရင် တခြားတစ်ယောက်ဆီကို လက်လွှဲပေးလိုက်ပါ။ သင့် အိမ်ထောင်ဖက်ကို ခေါ်လိုက်တာမျိုး၊အဖိုးအဖွားနဲ့ ခဏထားခဲ့တာမျိုး လုပ်ပါ။

သင်ကိုယ်တိုင်ကတော့ အေးအေးဆေးဆေး ရေစိမ်ချိုးတာ၊ဒါမှမဟုတ် စိတ်ပေါ့ပါးသွားအောင် ရှုခင်းကြည့်တာ ဒါမျိုးတွေကို လုပ်နိုင်ပါတယ်။ ဒါဆိုရင် ကလေးကို ရိုက်မိမှာ မဟုတ်တော့ပါဘူး။

၇။ နွေးနွေးထွေးထွေး ပွေ့ဖက်ပါ။

ကလေးတွေဟာ ကလေးတွေပါပဲ။ ကြီးကြီးမားမား အပြစ်လုပ်မိတာမျိုးမဟုတ်ရင် ရိုက်နှက်ဆုံးမမယ့်အစား ပွေ့ဖက်ပြီး လေအေးလေးနဲ့ နူးနူးညံ့ညံ့ဆုံးမတာမျိုးက အများကြီးပိုပြီး တာသွားပါတယ်။ သင့်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ပြပြီးသား ဖြစ်သွားတာပေါ့။

လေးစားစွာဖြင့် Credit -Trend Myanmar

Zawgyi

သားသမီးေတြ လမ္းမွန္ေရာက္ေစဖို႔ မိဘေတြအသုံးျပဳသင့္တဲ့နည္းလမ္းေကာင္း

မိဘေတြအေနနဲ႔ ကိုယ့္သားသမီးအေပၚကို ဆိုဆုံးမတယ္ဆိုတာက သဘာဝက်ေပမယ့္၊ တခ်ိဳ႕က်ေတာ့လဲ ႐ိုက္ႏွက္ၿပီး ဆုံးမၾကတာေတြရွိပါတယ္။ ႐ိုက္ႏွက္ ဆုံးမတာေတြရဲ႕ ဆိုးက်ိဳးေတြအေနနဲ႔ ကေလးေတြက လူေၾကာက္တတ္၊လူရွိန္တတ္လာမယ္အေပါင္းအသင္းမဆန႔္ေတာ့ဘူး။ လူစိမ္းေတြကို ေၾကာက္တတ္လာမယ္။

ရန္လိုေဒါသထြက္တတ္လာမယ္။ထိခိုက္အနာတရျဖစ္မယ္။စိတ္ဒါဏ္ရာေတြ ရသြားမယ္ အစရွိတဲ့ ျပႆနာေတြနဲ႔ ႀကဳံေတြ႕လာရႏိုင္ပါတယ္။ဒါေၾကာင့္ ႐ိုက္ႏွက္ဆုံးမရတဲ့ အေျခမဆိုက္ရေအာင္ ဘာေတြ လုပ္ႏိုင္မလဲဆိုတာကို ၾကည့္ၾကရေအာင္ပါ။

၁။ ပတ္ဝန္းက်င္အေနအထားကို ေျပာင္းေပးပါ ။

မီးဖိုေခ်ာင္ထဲ၊ေၾကာင္အိမ္ထဲကို သင့္ကေလးက ေမႊေႏွာက္ေသာင္းက်န္းေနတယ္ဆိုရင္ ေၾကာင္အိမ္ကို ေသာ့ခတ္ထားပါ။ မီးဖိုေခ်ာင္နဲ႔ ကေလးကို ေဝးေဝးထားပါ။ အ႐ုပ္တစ္႐ုပ္ကိုကေလး က ဖ်က္လို႔ဖ်က္ဆီးလုပ္ေနတယ္ဆိုရင္ အဲ့ဒီအ႐ုပ္ကို ေဘးဖယ္ပစ္လိုက္ပါ။

ဒီလိုမ်ိဳး ပတ္ဝန္းက်င္အေနအထားကို ႀကိမ္ဖန္မ်ားစြာ ေျပာင္းေပးျခင္းအားျဖင့္ သင္ဘာမႀကိဳက္တတ္ဘူး၊ဘာကိုေတာ့ျဖင့္ မလုပ္ရဘူးဆိုတာကို ကေလးအေနနဲ႔ သေဘာေပါက္လာပါလိမ့္မယ္။

၂။ ႀကိဳတင္ျပင္ဆင္ပါ၊

ကေလးေတြနဲ႔ အျပင္သြားတဲ့အခါ၊ခရီးသြားတဲ့အခါ လမ္းမွာ အၿငိမ္မေနလို႔၊ဂ်ီတိုက္ေနလို႔ ႐ိုက္ရပုတ္ရလုပ္ရတာမ်ိဳးေတြ ရွိေနပါသလား။ ကိုယ့္ဖက္က ျပင္ဆင္သြားပါ။ ကေလးႀကိဳက္တတ္တဲ့ အ႐ုပ္ေလးေတြ၊မုန႔္ေလးေတြကို တခါတည္း ႀကိဳႀကိဳတင္တင္ ေဆာင္သြားပါ။

အိပ္ခ်င္လို႔ ဂ်စ္တိုက္ဂ်ီက်တတ္တဲ့ကေလးဆိုရင္ မသြားခင္ အိမ္မွာကတည္းက တေရးတေမာ သိပ္ထားပါ။ ဒါဆိုရင္ သင္ေရာကေလးပါ အဆင္ေျပပါလိမ့္မယ္။

၃။ စည္းမ်ဥ္းစည္းကမ္းေတြကို သတ္သတ္မွတ္မွတ္ ခ်ေပးပါ ။

ဘယ္ေနရာမွာမဆို စည္းမ်ဥ္းစည္းကမ္းေတြဟာ အသက္ပါပဲ။ အခ်ိဳေတြခိုးစားလို႔ ႐ိုက္မွာထက္စာရင္ ဘယ္အခ်ိန္မွာ ဘယ္ေလာက္ပမာဏစားရမယ္ဆိုတာကို သတ္မွတ္ေပးပါ၊စာမက်က္ဘဲ ကာတြန္းကားခိုးၾကည့္လို႔ ႐ိုက္မယ့္အစား

တစ္ေန႔တာအတြက္ ကာတြန္းကားၾကည့္ခ်ိန္၊သူေလးအပန္းေျဖခ်ိန္ကို သတ္မွတ္ေပးထားပါ စသျဖင့္ေပါ့။ ဒါေပမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္တဲ့ေနရာမွာ တသမတ္တည္းျဖစ္ဖို႔ေတာ့ လိုပါလိမ့္မယ္။ဒီေန႔ စာက်က္ရမယ့္အခ်ိန္ကို စာမက်က္လို႔ သင္အျပစ္ေပးလိုက္ေပမယ့္

ေနာက္ေန႔ဒီအခ်ိန္မွာပဲ ကို သင္စိတ္ၾကည္ေနခ်ိန္မို႔ စာမက်က္တာကိုအပစ္မေပးဘူး ဆိုတာမ်ိဳးလည္း မျဖစ္သင့္ပါဘူး။ တသမတ္တည္း ျဖစ္ပါေစ။ ဒါဆိုရင္ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ အသားက်သြားတဲ့ သင့္ကေလးဟာ မေကာင္းတဲ့အျပဳအမူေတြ လုပ္ႏိုင္ေခ်နည္းသြားလို႔ သင္လည္း ႐ိုက္ဖို႔မလိုေတာ့ပါဘူး။

၄။ ဆုေပး ဒါဏ္ေပးစနစ္ကို က်င့္သုံး ။

စည္းကမ္းေတြ ခ်မွတ္ၿပီးတဲ့အခါ အေရးႀကီးတဲ့ေနာက္တခ်က္က ဆုေပးဒါဏ္ေပးစနစ္ က်င့္သုံးဖို႔ပါပဲ။ သင့္ရဲ႕ စည္းကမ္းေတြအတိုင္း လိုက္နာတဲ့အခါ ၊ ခ်ီးက်ဴးစကားေျပာတာက အစျပဳလို႔ ကစားကြင္းလိုက္ပို႔တာ၊အ႐ုပ္၊မုန႔္ဝယ္ေပးတာ စသျဖင့္ ဆုခ်ႏိုင္ပါတယ္။

စည္းကမ္းေဖာက္ဖ်က္လို႔ အျပစ္ေပးရၿပီဆိုရင္လည္း႐ိုက္ႏွက္ဆုံးမတာမ်ိဳး မလုပ္ပဲ တီဗြီၾကည့္ခြင့္ပိတ္တာ၊ဖုန္းေပးမေဆာ့တာ၊အျပင္ထြက္ေဆာ့ခြင့္မျပဳတာ အစရွိတာေလးေတြနဲ႔ ဒါဏ္ေပးႏိုင္ပါတယ္။ အဓိက အခ်က္က႐ိုက္ႏွက္ဆုံးမစရာမလိုပဲ သားသမီးေတြကို အထာက်က် ဆုံးမပဲ့ျပင္ႏိုင္ဖို႔ပါ။

ဒါဆိုရင္ သူတို႔စိတ္ထဲမွာလည္း မဟုတ္တာတခုခုလုပ္မယ္ဆိုရင္ ျပန္ၿပီးတန္ဖိုးတခုခု ေပးရေတာ့မယ္ဆိုတာကို နားလည္သြားပါလိမ့္မယ္။ ဒါဟာ ႐ိုက္ၿပီးဆုံးမတာထက္ အမ်ားႀကီး ပိုၿပီး အဖိုးတန္ပါတယ္။

၅။ မသိခ်င္ေယာင္ေဆာင္ေနပါ။

ကေလးေတြက အာ႐ုံစိုက္ခံခ်င္တဲ့အတြက္ အာၿပဲႀကီးနဲ႔ငိုတာ၊ဂ်ီက်တာမ်ိဳး လုပ္တတ္ၾကပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ေဒါသတႀကီးနဲ႔႐ိုက္ေမာင္းပုတ္ ေမာင္း လုပ္တာမ်ိဳးထက္ မသိခ်င္ေယာင္သာ ေဆာင္ေနလိုက္ပါ။ ၾကာလာရင္ ဒီလို လုပ္လို႔မရဘူးဆိုတာ သူတို႔ေလးေတြ အလိုလို သိလာပါလိမ့္မယ္။ သင္လည္း ႐ိုက္စရာ မလိုေတာ့ဘူးေပါ့။

၆။ သင့္စိတ္ကို ထိန္းပါ။

ကေလးနဲ႔ ပတ္သက္လို႔ အရမ္းေဒါသထြက္လာၿပီဆိုရင္ တျခားတစ္ေယာက္ဆီကို လက္လႊဲေပးလိုက္ပါ။ သင့္ အိမ္ေထာင္ဖက္ကို ေခၚလိုက္တာမ်ိဳး၊အဖိုးအဖြားနဲ႔ ခဏထားခဲ့တာမ်ိဳး လုပ္ပါ။

သင္ကိုယ္တိုင္ကေတာ့ ေအးေအးေဆးေဆး ေရစိမ္ခ်ိဳးတာ၊ဒါမွမဟုတ္ စိတ္ေပါ့ပါးသြားေအာင္ ရႈခင္းၾကည့္တာ ဒါမ်ိဳးေတြကို လုပ္ႏိုင္ပါတယ္။ ဒါဆိုရင္ ကေလးကို ႐ိုက္မိမွာ မဟုတ္ေတာ့ပါဘူး။

၇။ ေႏြးေႏြးေထြးေထြး ေပြ႕ဖက္ပါ။

ကေလးေတြဟာ ကေလးေတြပါပဲ။ ႀကီးႀကီးမားမား အျပစ္လုပ္မိတာမ်ိဳးမဟုတ္ရင္ ႐ိုက္ႏွက္ဆုံးမမယ့္အစား ေပြ႕ဖက္ၿပီး ေလေအးေလးနဲ႔ ႏူးႏူးညံ့ညံ့ဆုံးမတာမ်ိဳးက အမ်ားႀကီးပိုၿပီး တာသြားပါတယ္..။ သင့္ရဲ႕ ခ်စ္ျခင္းေမတၱာကိုလည္း ျပၿပီးသား ျဖစ္သြားတာေပါ့။

ေလးစားစြာျဖင့္ Credit -Trend Myanmar