တချိန်က မြန်မာပြည်မှာ အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးတူညီသည်ဆိုတဲ့ FEC ဆိုတဲ့ဟာကို ဘယ်လို အသုံးပြုခဲ့ကြသလဲ?
မဆလခေတ်တုံးက Diplomatic Store ဆိုတဲ့တန်ဘိုးကြီးဇိမ်ခံပစ္စည်းရောင်းတဲ့ဆိုင်ကြီးဆူးလေဘုရားလမ်းမှာဖွင့်ခဲ့ဖူးတယ်။
သံရုံးဝန်ထမ်းများနဲ့အမေရိကန်ဒေါ်လာ USD တရားဝင်လက်ဝယ်ပိုင်ဆိုင်တဲ့မြန်မာနိုင်ငံသားသူဋ္ဌေးကြီးများသာ Diplomatic Store မှာဝယ်ယူနိုင်ခွင့်ရှိကြတယ်။
တန်ဘိုးကြီးနိုင်ငံခြားဖြစ်အရက်အမျိုးမျိုး၊စီးကရက်၊ရေမွေး၊တင်းနစ်ရက်ကက်၊ဂေါ့ဆက်၊နေကာမျက်မှန်၊အဝတ်အထည်အစုံရှိတယ်။
တပါတီမဆလခေတ်မှာမြန်မာပြည်သူအများစုမမြင်ဘူးမရောက်ဘူးတဲ့လူတန်းစားတရပ်အတွက်ဖွင့်လှစ်ပေးတဲ့အထူးဆိုင်ကြီးပါ။
၁၉၉၃-၉၄ နဝတစစ်အာဏာရှင်ခေတ်နိုင်ငံခြားကုန်ပစ္စည်းအရောင်းဆိုင်များရန်ကုန်မြို့ထဲမှာဖွင့်လှစ်ခဲ့တယ်။
FEC (Foreign Exchange Certificate) ရှိတဲ့မြန်မာနိင်ငံသားတိုင်း “ Kyat Plus Dollar ” (FEC + ကျပ်ငွေ) အမည်ပေးထားတဲ့ရောင်းဝယ်ရေးစနစ်သစ်နဲ့ကုန်ပစ္စည်းကိုရောင်းချခဲ့တယ်။
ဥပမာ Toshiba TV အရောင်းဆိုင်မှာ TV တလုံးကို FEC + ကျပ်ငွေနဲ့မည်သူမဆိုလွတ်လတ်စွာဝယ်ယူနိုင်တယ်။
နိုင်ငံပိုင်စက်ရုံထုတ်အပြင်ရောင်းစားရင်မြတ်တဲ့စက္ကူ၊ဘိလပ်မြေ၊ဒီဇယ်၊ဓါတ်ဆီကို “ Kyat Plus Dollar ” စနစ်တဲ့ဝယ်ယူပြီးပြည်တွင်းဈေးကွက်ကိုကျပ်ငွေနဲ့လွတ်လပ်စွာပြန်ရောင်းချနိုင်တဲ့စနစ်ဖြစ်ခဲ့ဖူးတယ်။
1 FEC = 1 USD တန်ဘိုးသတ်မှတ်ထားတယ်။FEC ဝင်ငွေရှိသူများသာအရာရာအားသာခဲ့တယ်။ကျပ်ငွေပဲဝင်သူလူများစုပါးစပ်ဟငေးကြည့်ခဲ့ရတယ်။
FEC (Foreign Exchange Certificate) ဆိုတာ FE (Foreign Exchange) ခေါ်တဲ့နိုင်ငံခြားငွေကြေးကိုထိမ်းချုပ်တဲ့ကရိယာတခုဖြစ်တယ်။
ဆိုဗီယက်(ရုရှား)ဦးဆောင်တဲ့အရှေ့ဥရောပကွန်မြူနစ်နိုင်ငံဟောင်းများ၊တရုတ်၊မြောက်ကိုရီးယား၊ကျုးဘား၊ပြိုကွဲသွားတဲ့ယူဂိုဇလားဗီးယား (ဆားဗီးယား)နဲ့မြန်မာနိုင်ငံမှာ FEC အသုံးပြုခဲ့ကြတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၃ မတ်လအထိ FEC အသုံးပြုခဲ့တယ်..။ ငွေလဲလှယ်နူန်းကိုအစိုးရကတင်းကျပ်တဲ့မှုဝါဒနဲ့ထိမ်းချုပ်ထားပြီးမိမိအမျိုးသားငွေကြေးဟာနိုင်ငံတကာငွေကြေးဈေးကွက်မှာအလွယ်တကူလဲလှယ်နိုင်ခြင်းမရှိတဲ့နိုင်ငံများဟာ FEC ကို FE ကြားခံအဖြစ်အသုံးပြုကြရတယ်။
FEC အသုံးပြုတဲ့နည်းစဉ်ပုံစံအမျိုးမျိုးရှိပြီးနိုင်ငံအလိုက်ကွဲပြားကြတယ်။
နိုင်ငံတကာငွေလဲလှယ်နူန်းတည်ငြိမ်တဲ့ပေါက်ဈေးရှိပြီးကမ္ဘာ့မည်သည့်ငွေကြေးဈေးကွက်တိုင်းမှာအလွယ်တကူလဲလှယ်ရယူနိုင်ပြီး
ခိုင်မာတဲ့ငွေကြေးဥပမာ USD, Euro ကိုမိမိကိုယ်ပိုင်ငွေကြေးစနစ် (ကျပ်) နဲ့..အလွယ်တကူမလဲလှယ်နိုင်ရင် ငွေကြေးစနစ်အနာခံပြီး FEC ကိုကြားခံအနေနဲ့အစိုးရကယာယီအသုံးပြုကြတယ်။
၁၉၉၃ မှာမြန်မာနိုင်ငံမှာ FEC စအသုံးပြုခဲ့တယ်။ နှစ်နှစ်ဆယ်ကျော် FEC အသုံးပြုပြီး၂၀၁၃ ဧပြီ (၁) ရက်နေ့ကစပြီး FEC ကိုဖျက်သိမ်းဖို့ရက်ပေါင်း (၃၀)ကြားကာလသတ်မှတ်ခဲ့တယ်။
မလုံလောက်သေးလို့ ၂၀၁၄ မတ်လ (၃၁)ရက်အထိရက်တိုးမြှင့်ပေးခဲ့တယ်။ ဗဟိုဘဏ်ထုတ်ပြန်ချက်အရ ၂၀၁၂ ဒီဇင်ဘာလအထိမြန်မာတနိုင်ငံလုံးမှာ FEC ၃၀.၉၂ သန်းလည်ပတ်နေတယ်။
၁၉၉၅ မှာကျွန်တော် FEC နဲ့လစာရရှိခဲ့တယ်။ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှာငွေစာရင်းဖွင့်ပြီးအစိုးရကို ၁၀ ရာခိုင်နူန်းအခွန်ပေးဆောင်ရတယ်။
မြန်မာကျပ်ငွေတန်ဘိုးကျပြီးရင်းကျလို့ FCE ကိုမြန်မာငွေနဲ့ဖလှယ်ရင် “ကျပ်” များများရခဲ့တယ်။
လစာကို FEC နဲ့မဟုတ်ပဲ “ကျပ်” နဲ့ရကြတဲ့မြန်မာနိုင်ငံသားအမျာ းစုမြန်မာကျပ်ငွေတန်ဘိုးကျတဲ့ဒဏ်ကိုကျောကော့အောင်ခံစားနေကြရတာဒီနေ့အထိ..။
မြန်မာကျပ်ငွေတန်ဘိုးထိုးကျနေလို့အရပ်ရပ်ကုန်စည်ဈေးနူန်းတက်တဲ့ဒဏ်မြန်မာနိုင်ငံသားများခံစားနေကြရတာကြာပြီ။ဘယ်အစိုးရမှကုစားမပေးနိုင်ဘူ..း။
၂၀၂၂ ဇူလိုင်လအတွင်းက FEC ပြန်ထုတ်မယ်ကောလဟလဖြစ်ခဲ့လို့ဗဟိုဘဏ်ကမဟုတ်ဘူးဖြေရှင်းချက်ထုတ်ပြန်ခဲ့ရသေးတယ်။
မူရင်း ဆရာ လွင်ဦး_ရန်ကင်း ထံမှ ပြန်လည်မျှဝေပါသည်။ လေးစားစွာ ခရက်ဒစ်