ခြောက်ထောင်နဲ့ရရင် ယူမယ်၊ မရရင် မယူဘူး ဆိုတဲ့ ဒီဇိုင်း.. ကိုယ်သူ့ကို အဲ့ဒီလောက်အထိတော့ မလုပ်ပါ နဲ့ဆိုတဲ့။
အားနာစရာ မျက်နှာပေးနဲ့ တချက်ကြည့်ပြီး.. လက်ကို လှမ်းတို့ပါသေးတယ်။
ဒီတော့ သူကလည်း ခေသူတော့ မဟုတ်ဘူးဆရာ.. ရှင်မသိရင် အသာနေ၊ ဝင်မပါနဲ့၊ ကျမဘာသာကြည့်လုပ်မယ်။
ဆိုတဲ့ မျက်နှာပေးနဲ့ တချက်ပြန်ကဲကြည့်ရင်း ကိုယ့်လက်ကို.. အသာပုတ် ထုတ်ပါတယ်။
“ခြောက်ထောင်တော့ မလုပ်ပါနဲ့ သမီးလေးရယ်၊ စျေးရင်းကို
ရှစ်ထောင်ရှိပါတယ်။ တစ်ထောင်တော့ ပေးစားနော်။
ကိုးထောင်အတိနဲ့ ယူသွား ဟုတ်ပြီလား”
“မရဘူး၊ ခြောက်ထောင်ပဲ”
“ခြောက်ထောင်ကတော့ တကယ်မရလို့ပါ၊ ရရင် ပေးပါတယ်
ငါ့သမီးလေးရယ်၊ ကဲ ကဲ ခုနစ်ထောင်နဲ့ ယူသွား ဟုတ်လား”
ဟာ မဆိုးဘူးပေ့ါ၊ ဒီလောက်ဆို။ ကိုယ်က ယူပြီပဲ ထင်တာပေါ့။
တစ်ထောင်ပဲကွာတော့တာမလားဗျာ။
“ဟင့်အင်း၊ မရဘူး၊ ခြောက်ထောင်အတိပဲ”
ကိုင်း ခက်ပြီ၊ ငွေလေးတစ်ထောင်နဲ့များကွာ ကပ်နေသေးတယ်။
ကိုယ့်မှာ အားကလည်းနာ၊ မျက်နှာကလည်းပူ။
“ခြောက်ထောင်တော့ တကယ်မရလို့ပါ”
“မရရင်လည်း ထားလိုက်တော့၊ ကဲ လာသွားမယ်”
ကိုယ့်လက်ကို ဆွဲပြီး ထွက်သွားပါတယ်.. ကိုယ်ဒီလောက်တော့ နပ်ပါတယ်၊ ဒါက စျေးဆစ်တဲ့
နည်းဗျူဟာတွေထဲမှာ နောက်ဆုံးထုတ်သုံးရတဲ့ အကွက်မလား။
လိုချင်တဲ့စျေးနဲ့ မရလို့ အချေအတင်ဖြစ်ရင်း စျေးဝယ်က
စိတ်ကုန်ပြီး ထွက်သွားဟန်ပြင်မယ်၊ ခြေလှမ်း ငါးလှမ်းအကွာ
စက္ကန့် သုံးစက္ကန့်ခွဲလောက်အကြာမှာ စျေးသည်က ကဲလာပါ
ယူသွား၊ ယူသွား၊ ဖောက်သည်ရင်းမို့၊ စျေးဦးပေါက်မို့၊အရှုံးခံပြီး ပေးလိုက်မယ် ဘာညာသရကာ နေကြာကွာစေ့ပေ့ါ။
အခုလည်း အထက်ဖော်ပြပါ စျေးဆစ်ခြင်း နည်းဗျူဟာအဟောင်းနဲ့ပဲ သိသိကြီးနဲ့ ရလာခဲ့ပါတယ်။
“ရှင်ဘာသိလို့လဲ၊ ဒါမျိုးတွေက အဲ့လောက်ဆစ်မှတော်ကာကျတာ” တဲ့။
သြော်။
ကိုယ်တွေကတော့ စျေးဝယ်တဲ့အခါ သိပ်ဆစ်တတ်တဲ့အထဲမှာ မပါပါဘူး။ တခါတလေ ဆစ်လို့ရရင်တောင် မကောင်းတတ်လို့ “လျှော့ဦးလေ” လို့ပဲ ပြောတဲ့အဆင့်ပါ။
လျှော့ရင်လည်းယူတယ်၊ မလျှော့ရင်လည်း ယူတယ်ပေါ့
ဒီလိုနဲ့တစ်နေ့ သူကလိမ္မော်သီးဝယ်ရအောင်လို့ ပြောပါတယ်။
ပြောရင်းဆိုရင်း သူနဲ့အတူ လမ်းလျှောက်နေတုန်း လမ်းဘေးမှာလိမ္မော်သီးနဲ့ ငှက်ပျောသီး ထိုင်ရောင်းနေတဲ့ အဘွားတစ်ယောက်ကို သွားတွေ့ပါတယ်။
“သူက လိမ္မော်သီးကို ဒီမှာ ဝယ်မယ်” ဆိုပြီး ပြောပြောဆိုဆိုနဲ့ အဲ့ဒီ အဘွားရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး လိမ္မော်သီးတွေရွေးပါလေရော။
တကယ်ဆို အဲ့ဒီအဘွားရောင်းတဲ့ လိမ္မော်သီးတွေက သိပ်ပြီး အရည်အသွေးကောင်းတာမျိုးမဟုတ်သလိုကိုယ်တွေလိုချင်တာမျိုးလည်း မဟုတ်ပါဘူး။
တောဘက်က တက်လာပြီး ရောင်းတယ်လို့ ယူဆရတဲ့ အဘွားက အသက်လည်း တော်တော်ကြီးနေပြီဖြစ်သလို နွမ်းနွမ်းလျလျနဲ့ လက်ကျန်ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ အနေအထားမျိုးပါ။
ဒီလိုအချိန်မှာ သူက အဘွားဆီက လိမ္မော်သီးတွေ ဝင်ရွေးနေတော့ အဘွားခင်ဗျာ အားတွေတက်ပြီး ပျော်လို့ပေ့ါဗျာ။ မျက်စိထဲ မြင်ယောင်ကြည့်ပေါ့။
ပြီးတော့ ဇာတ်လမ်းက စပါပြီ။
“ဘယ်လောက်ကျလဲ အဘွား”တဲ့။
ကိုယ်ထင်တာကတော့ လုပ်တော့မယ်ပေ့ါ၊ အဘွားကစျေးပြောရင် ထုံးစံအတိုင်း ဆစ်ဦးမယ်ပေ့ါ၊ ခေါက်ချိုးတွေ။
အဘွားကလည်း အပိုတွေ ထည့်ပေးရင်း စျေးပြောပါတယ်။ သုံးထောင်တဲ့။
သူကပြုံးပြီး ငါးထောင်တန်တစ်ရွက် ထုတ်ပေးတယ်။
“ငှက်ပျောသီးလည်း ယူဦးမယ် အဘွား၊ ပိုသေးရင် ပြန်မအမ်းနဲ့တော့”။
ငှက်ပျောသီးနဲ့ လိမ္မော်သီးတွေ ဆွဲရင်း ထွက်လာကြတော့ အဘွားက ကိုယ်တွေကို တွေတွေကြီးငေးရင်း ကျန်နေခဲ့ပါတယ်။
အဲ့ဒီအချိန် ကိုယ့်စိတ်ထဲမှာ ပြောမပြတတ်တဲ့ ကြည်နူးမှုတစ်ခုကို သိမ့်ကနဲ ခံစားလိုက်ရတယ်။
သူ့ကို စိုက်ကြည့်ရင်း မေးလိုက်တယ်။
“ဒီတစ်ခါကျ စျေးမဆစ်တော့ပါလား” လို့။
သူကိုယ့်ကို မျက်စောင်းတချက်လှမ်းခဲရင်း ဆတ်ကနဲ ပြန်ဖြေပါတယ်။
“မသိရင် မှတ်ထား၊ စျေးဆိုတာ ဝယ်တတ်ရင် ကုသိုလ်ရတယ်ရှင့်” တဲ့။
Credit
Zawgyi
ေျခာက္ေထာင္နဲ႔ရရင္ ယူမယ္၊ မရရင္ မယူဘူး ဆိုတဲ့ ဒီဇိုင္း.. ကိုယ္သူ႔ကို အဲ့ဒီေလာက္အထိေတာ့ မလုပ္ပါ နဲ႔ဆိုတဲ့။
အားနာစရာ မ်က္ႏွာေပးနဲ႔ တခ်က္ၾကည့္ၿပီး.. လက္ကို လွမ္းတို႔ပါေသးတယ္။
ဒီေတာ့ သူကလည္း ေခသူေတာ့ မဟုတ္ဘူးဆရာ.. ရွင္မသိရင္ အသာေန၊ ဝင္မပါနဲ႔၊ က်မဘာသာၾကည့္လုပ္မယ္။
ဆိုတဲ့ မ်က္ႏွာေပးနဲ႔ တခ်က္ျပန္ကဲၾကည့္ရင္း ကိုယ့္လက္ကို.. အသာပုတ္ ထုတ္ပါတယ္။
“ေျခာက္ေထာင္ေတာ့ မလုပ္ပါနဲ႔ သမီးေလးရယ္၊ ေစ်းရင္းကို
ရွစ္ေထာင္ရွိပါတယ္။ တစ္ေထာင္ေတာ့ ေပးစားေနာ္။
ကိုးေထာင္အတိနဲ႔ ယူသြား ဟုတ္ၿပီလား”
“မရဘူး၊ ေျခာက္ေထာင္ပဲ”
“ေျခာက္ေထာင္ကေတာ့ တကယ္မရလို႔ပါ၊ ရရင္ ေပးပါတယ္
ငါ့သမီးေလးရယ္၊ ကဲ ကဲ ခုနစ္ေထာင္နဲ႔ ယူသြား ဟုတ္လား”
ဟာ မဆိုးဘူးေပ့ါ၊ ဒီေလာက္ဆို။ ကိုယ္က ယူၿပီပဲ ထင္တာေပါ့။
တစ္ေထာင္ပဲကြာေတာ့တာမလားဗ်ာ။
“ဟင့္အင္း၊ မရဘူး၊ ေျခာက္ေထာင္အတိပဲ”
ကိုင္း ခက္ၿပီ၊ ေငြေလးတစ္ေထာင္နဲ႔မ်ားကြာ ကပ္ေနေသးတယ္။
ကိုယ့္မွာ အားကလည္းနာ၊ မ်က္ႏွာကလည္းပူ။
“ေျခာက္ေထာင္ေတာ့ တကယ္မရလို႔ပါ”
“မရရင္လည္း ထားလိုက္ေတာ့၊ ကဲ လာသြားမယ္”
ကိုယ့္လက္ကို ဆြဲၿပီး ထြက္သြားပါတယ္.. ကိုယ္ဒီေလာက္ေတာ့ နပ္ပါတယ္၊ ဒါက ေစ်းဆစ္တဲ့
နည္းဗ်ဴဟာေတြထဲမွာ ေနာက္ဆုံးထုတ္သုံးရတဲ့ အကြက္မလား။
လိုခ်င္တဲ့ေစ်းနဲ႔ မရလို႔ အေခ်အတင္ျဖစ္ရင္း ေစ်းဝယ္က
စိတ္ကုန္ၿပီး ထြက္သြားဟန္ျပင္မယ္၊ ေျခလွမ္း ငါးလွမ္းအကြာ
စကၠန္႔ သုံးစကၠန္႔ခြဲေလာက္အၾကာမွာ ေစ်းသည္က ကဲလာပါ
ယူသြား၊ ယူသြား၊ ေဖာက္သည္ရင္းမို႔၊ ေစ်းဦးေပါက္မို႔၊အရႈံးခံၿပီး ေပးလိုက္မယ္ ဘာညာသရကာ ေနၾကာကြာေစ့ေပ့ါ။
အခုလည္း အထက္ေဖာ္ျပပါ ေစ်းဆစ္ျခင္း နည္းဗ်ဴဟာအေဟာင္းနဲ႔ပဲ သိသိႀကီးနဲ႔ ရလာခဲ့ပါတယ္။
“ရွင္ဘာသိလို႔လဲ၊ ဒါမ်ိဳးေတြက အဲ့ေလာက္ဆစ္မွေတာ္ကာက်တာ” တဲ့။
ေၾသာ္။
ကိုယ္ေတြကေတာ့ ေစ်းဝယ္တဲ့အခါ သိပ္ဆစ္တတ္တဲ့အထဲမွာ မပါပါဘူး။ တခါတေလ ဆစ္လို႔ရရင္ေတာင္ မေကာင္းတတ္လို႔ “ေလၽွာ့ဦးေလ” လို႔ပဲ ေျပာတဲ့အဆင့္ပါ။
ေလၽွာ့ရင္လည္းယူတယ္၊ မေလၽွာ့ရင္လည္း ယူတယ္ေပါ့။
ဒီလိုနဲ႔တစ္ေန႔ သူကလိေမၼာ္သီးဝယ္ရေအာင္လို႔ ေျပာပါတယ္။
ေျပာရင္းဆိုရင္း သူနဲ႔အတူ လမ္းေလၽွာက္ေနတုန္း လမ္းေဘးမွာလိေမၼာ္သီးနဲ႔ ငွက္ေပ်ာသီး ထိုင္ေရာင္းေနတဲ့ အဘြားတစ္ေယာက္ကို သြားေတြ႕ပါတယ္။
“သူက လိေမၼာ္သီးကို ဒီမွာ ဝယ္မယ္” ဆိုၿပီး ေျပာေျပာဆိုဆိုနဲ႔ အဲ့ဒီ အဘြားေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး လိေမၼာ္သီးေတြေရြးပါေလေရာ။
တကယ္ဆို အဲ့ဒီအဘြားေရာင္းတဲ့ လိေမၼာ္သီးေတြက သိပ္ၿပီး အရည္အေသြးေကာင္းတာမ်ိဳးမဟုတ္သလိုကိုယ္ေတြလိုခ်င္တာမ်ိဳးလည္း မဟုတ္ပါဘူး။
ေတာဘက္က တက္လာၿပီး ေရာင္းတယ္လို႔ ယူဆရတဲ့ အဘြားက အသက္လည္း ေတာ္ေတာ္ႀကီးေနၿပီျဖစ္သလို ႏြမ္းႏြမ္းလ်လ်နဲ႔ လက္က်န္ဘဝကို ခက္ခက္ခဲခဲ႐ုန္းကန္ေနရတဲ့ အေနအထားမ်ိဳးပါ။
ဒီလိုအခ်ိန္မွာ သူက အဘြားဆီက လိေမၼာ္သီးေတြ ဝင္ေရြးေနေတာ့ အဘြားခင္ဗ်ာ အားေတြတက္ၿပီး ေပ်ာ္လို႔ေပ့ါဗ်ာ။ မ်က္စိထဲ ျမင္ေယာင္ၾကည့္ေပါ့။
ၿပီးေတာ့ ဇာတ္လမ္းက စပါၿပီ။
“ဘယ္ေလာက္က်လဲ အဘြား”တဲ့။
ကိုယ္ထင္တာကေတာ့ လုပ္ေတာ့မယ္ေပ့ါ၊ အဘြားကေစ်းေျပာရင္ ထုံးစံအတိုင္း ဆစ္ဦးမယ္ေပ့ါ၊ ေခါက္ခ်ိဳးေတြ။
အဘြားကလည္း အပိုေတြ ထည့္ေပးရင္း ေစ်းေျပာပါတယ္။ သုံးေထာင္တဲ့။
သူကျပဳံးၿပီး ငါးေထာင္တန္တစ္ရြက္ ထုတ္ေပးတယ္။
“ငွက္ေပ်ာသီးလည္း ယူဦးမယ္ အဘြား၊ ပိုေသးရင္ ျပန္မအမ္းနဲ႔ေတာ့”။
ငွက္ေပ်ာသီးနဲ႔ လိေမၼာ္သီးေတြ ဆြဲရင္း ထြက္လာၾကေတာ့ အဘြားက ကိုယ္ေတြကို ေတြေတြႀကီးေငးရင္း က်န္ေနခဲ့ပါတယ္။
အဲ့ဒီအခ်ိန္ ကိုယ့္စိတ္ထဲမွာ ေျပာမျပတတ္တဲ့ ၾကည္ႏူးမႈတစ္ခုကို သိမ့္ကနဲ ခံစားလိုက္ရတယ္။
သူ႔ကို စိုက္ၾကည့္ရင္း ေမးလိုက္တယ္။
“ဒီတစ္ခါက် ေစ်းမဆစ္ေတာ့ပါလား” လို႔။
သူကိုယ့္ကို မ်က္ေစာင္းတခ်က္လွမ္းခဲရင္း ဆတ္ကနဲ ျပန္ေျဖပါတယ္။
“မသိရင္ မွတ္ထား၊ ေစ်းဆိုတာ ဝယ္တတ္ရင္ ကုသိုလ္ရတယ္ရွင့္” တဲ့။
Credit