Knowledge

ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောသင့်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ၅ မျိုး…

ပွင့်လင်းတဲ့ သူတိုင်းက ခင်မင်စရာကောင်းတယ်ဆိုတာ မှန်ကန်ပါတယ်။

ဒါပေမယ့် လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ပွင့်လင်းပါစေ။

ကိုယ့်ဆီမှာ ကိုယ်တစ်ယောက်တည်းပဲ သိထားသင့်တဲ့ အရာတွေဆိုတာလည်း ရှိတတ်ပါတယ်နော်။

တစ်ချို့အကြောင်းအရာတွေကို လွယ်လွယ်ပြောမိတဲ့အခါ တစ်ဖက်လူအတွက်၊။

အသုံးချသွားနိုင်တဲ့ ပျော့ကွက်တွေ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် သူများတွေကို ထုတ်မပြောသင့်တဲ့ အရာတွေက ဒါတွေပါနော်။

ကိုယ့်ရဲ့ အစီအစဉ်တွေ

ကိုယ်ရှေ့ဆက်ပြီး ဘာတွေလုပ်မယ်၊ ကိုယ့်ရဲ့ plan က ဘယ်လိုရှိတယ် စသဖြင့်၊

ဒါတွေကို တစ်ခြားသူတွေဆီမှာ မပြောသင့်ပါဘူးနော်။

ကိုယ့်မှာ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ အစီအစဉ်တွေရှိနေပါစေ၊

ကိုယ်ဘာလုပ်မယ်ဆိုတာကို မပြပဲကိုယ်ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ရလဒ်ကိုသာ ပြသင့်ပါတယ်။

နောက်ပြီး ကိုယ့်အစီအစဉ်ကောင်းတွေကို သူများကို ပြောလိုက်တဲ့အခါ ၊

ကိုယ်အကောင်အထည် မဖော်ရသေးခင်သူများ ယူသွားတာမျိုး ဖြစ်သွားတတ်လို့ ကိုယ့်ရဲ့အစီအစဉ်တွေကို အမြဲတမ်း လျို့ဝှက်ထားသင့်ပါတယ်။

ကိုယ့်ရဲ့ အချစ်ရေး….

တစ်ခြားသူစိမ်းတွေဆီကို ကိုယ့်အချစ်ရေးမှာ ဘာတွေဘယ်လို ဖြစ်နေတယ်၊၊

ဘယ်လိုပြသနာတွေ ဖြစ်နေတယ်ဆိုပြီး တစ်ခုမကျန် အကုန်ပြောတာမျိုး မလုပ်သင့်ပါဘူး။

ကိုယ်ကတော့ရိုးရိုးသားသား အကုန်ထုတ်ပြောလိုက်ပေမယ့် ကွယ်ရာမှာ ကိုယ့်အကြောင်းကို လှောင်ရယ်နေတာမျိုး၊ အတင်းပြောတာမျိုး လုပ်နေတတ်ပါတယ်။

အချစ်ရေးမှာ ပြသနာတွေဖြစ်နေရင်တောင် သူများတွေကိုတော့ ချပြတာမျိုး မလုပ်သင့်ပါဘူးနော်။

သင့်ရဲ့ ဝင်ငွေ

ကိုယ် တစ်လမှာ ဝင်ငွေဘယ်လောက်ရှိတယ်၊ ဘယ်လောက်ရတယ်ဆိုတာမျိုးကို အမေးခံရတာပဲ ဖြစ်ဖြစ်၊

ကြွားလုံးထုတ်ပြီးပြောချင်တာပဲ ဖြစ်ဖြစ် လုံးဝမပြောသင့်ပါဘူး။

အနောက်နိုင်ငံမှာဆိုရင် လူတစ်ယောက်ရဲ့ လစာကို မေးမြန်းတာက အတော်လေးရိုင်းတဲ့ အပြုအမူပဲ ဖြစ်ပါတယ်။

ကိုယ်ကလည်း ဘယ်လောက်ပဲ ရင်းနှီးပါစေ လူတစ်ယောက်ရဲ့ ဝင်ငွေကို စပ်စုတာမျိုး မလုပ်သင့်ပါဘူးနော်။

ဒါက ယဉ်ကျေးမှုတစ်ခုအနေနဲ့ ထိန်းသိမ်းသင့်တဲ့ ကျင့်ဝတ်ပဲ ဖြစ်ပါတယ်။

သင့်ရဲ့ နောက်ထပ်ခြေလှမ်း

ဆိုလိုချင်တာက ကိုယ့်ရဲ့နောက်လုပ်ဆောင်မယ့် အစီအစဉ်မျိုးပါ။

ဥပမာ – ကိုယ်နောက်နှစ်မှာ လုပ်ငန်းအသစ်တစ်ခု စမယ်၊ အိမ်ဝယ်ဖို့ ပိုက်ဆံစုနေတယ်၊၊

နောက်လမှာ အလုပ်ထွက်မယ် စသဖြင့် ကိုယ်နောက်ထပ် နောက်ထပ် လုပ်မယ့် အစီအစဉ်၊

နောက်ထပ်လှမ်းမယ့် ခြေလှမ်းကို သူများတွေဆီမှာ ထုတ်ဖော်မပြောသင့်ပါဘူး။

မိသားစု ပြသနာ

ကိုယ့်ရဲ့ မိသားစုပြသနာမျိုးကိုလည်း သူများသူစိမ်းတွေဆီမှာ သွားပြောတာမျိုး မလုပ်သင့်ပါဘူးနော်။

ကိုယ့်ရဲ့ အိမ်တွင်းရေး ဘယ်လိုပဲရှိရှိ သူများကို ထုတ်ပြောမိတဲ့အခါ သူစိမ်းတွေဝင်လာပြီး ကိုယ့်မိသားစု ပြသနာပိုကြီးသွားတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ မိသားစုမှာ ဖြစ်ပျက်နေတဲ့ ပြသနာတွေကို တစ်ခြားသူတွေဆီ မပြောသင့်ပါဘူး။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

ပြင့္လင္းတဲ့ သူတိုင္းက ခင္မင္စရာေကာင္းတယ္ဆိုတာ မွန္ကန္ပါတယ္။

ဒါေပမယ့္ လူတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ ပြင့္လင္းပါေစ။

ကိုယ့္ဆီမွာ ကိုယ္တစ္ေယာက္တည္းပဲ သိထားသင့္တဲ့ အရာေတြဆိုတာလည္း ရွိတတ္ပါတယ္ေနာ္။

တစ္ခ်ိဳ႕အေၾကာင္းအရာေတြကို လြယ္လြယ္ေျပာမိတဲ့အခါ တစ္ဖက္လူအတြက္၊။

အသုံးခ်သြားႏိုင္တဲ့ ေပ်ာ့ကြက္ေတြ ျဖစ္သြားႏိုင္ပါတယ္။

ဒါေၾကာင့္ သူမ်ားေတြကို ထုတ္မေျပာသင့္တဲ့ အရာေတြက ဒါေတြပါေနာ္။

ကိုယ့္ရဲ႕ အစီအစဥ္ေတြ

ကိုယ္ေရွ႕ဆက္ၿပီး ဘာေတြလုပ္မယ္၊ ကိုယ့္ရဲ႕ plan က ဘယ္လိုရွိတယ္ စသျဖင့္၊

ဒါေတြကို တစ္ျခားသူေတြဆီမွာ မေျပာသင့္ပါဘူးေနာ္။

ကိုယ့္မွာ ဘယ္ေလာက္ပဲ ေကာင္းမြန္တဲ့ အစီအစဥ္ေတြရွိေနပါေစ၊

ကိုယ္ဘာလုပ္မယ္ဆိုတာကို မျပပဲကိုယ္ဘယ္လိုလုပ္ေဆာင္ႏိုင္တယ္ဆိုတဲ့ ရလဒ္ကိုသာ ျပသင့္ပါတယ္။

ေနာက္ၿပီး ကိုယ့္အစီအစဥ္ေကာင္းေတြကို သူမ်ားကို ေျပာလိုက္တဲ့အခါ ၊

ကိုယ္အေကာင္အထည္ မေဖာ္ရေသးခင္သူမ်ား ယူသြားတာမ်ိဳး ျဖစ္သြားတတ္လို႔ ကိုယ့္ရဲ႕အစီအစဥ္ေတြကို အၿမဲတမ္း လ်ိဳ႕ဝွက္ထားသင့္ပါတယ္။

ကိုယ့္ရဲ႕ အခ်စ္ေရး

တစ္ျခားသူစိမ္းေတြဆီကို ကိုယ့္အခ်စ္ေရးမွာ ဘာေတြဘယ္လို ျဖစ္ေနတယ္၊၊

ဘယ္လိုျပသနာေတြ ျဖစ္ေနတယ္ဆိုၿပီး တစ္ခုမက်န္ အကုန္ေျပာတာမ်ိဳး မလုပ္သင့္ပါဘူး။

ကိုယ္ကေတာ့႐ိုး႐ိုးသားသား အကုန္ထုတ္ေျပာလိုက္ေပမယ့္ ကြယ္ရာမွာ ကိုယ့္အေၾကာင္းကို ေလွာင္ရယ္ေနတာမ်ိဳး၊ အတင္းေျပာတာမ်ိဳး လုပ္ေနတတ္ပါတယ္။

အခ်စ္ေရးမွာ ျပသနာေတြျဖစ္ေနရင္ေတာင္ သူမ်ားေတြကိုေတာ့ ခ်ျပတာမ်ိဳး မလုပ္သင့္ပါဘူးေနာ္။

သင့္ရဲ႕ ဝင္ေငြ

ကိုယ္ တစ္လမွာ ဝင္ေငြဘယ္ေလာက္ရွိတယ္၊ ဘယ္ေလာက္ရတယ္ဆိုတာမ်ိဳးကို အေမးခံရတာပဲ ျဖစ္ျဖစ္၊

ႂကြားလုံးထုတ္ၿပီးေျပာခ်င္တာပဲ ျဖစ္ျဖစ္ လုံးဝမေျပာသင့္ပါဘူး..။

အေနာက္ႏိုင္ငံမွာဆိုရင္ လူတစ္ေယာက္ရဲ႕ လစာကို ေမးျမန္းတာက အေတာ္ေလး႐ိုင္းတဲ့ အျပဳအမူပဲ ျဖစ္ပါတယ္။

ကိုယ္ကလည္း ဘယ္ေလာက္ပဲ ရင္းႏွီးပါေစ လူတစ္ေယာက္ရဲ႕ ဝင္ေငြကို စပ္စုတာမ်ိဳး မလုပ္သင့္ပါဘူးေနာ္။

ဒါက ယဥ္ေက်းမႈတစ္ခုအေနနဲ႔ ထိန္းသိမ္းသင့္တဲ့ က်င့္ဝတ္ပဲ ျဖစ္ပါတယ္။

သင့္ရဲ႕ ေနာက္ထပ္ေျခလွမ္း

ဆိုလိုခ်င္တာက ကိုယ့္ရဲ႕ေနာက္လုပ္ေဆာင္မယ့္ အစီအစဥ္မ်ိဳးပါ။

ဥပမာ – ကိုယ္ေနာက္ႏွစ္မွာ လုပ္ငန္းအသစ္တစ္ခု စမယ္၊ အိမ္ဝယ္ဖို႔ ပိုက္ဆံစုေနတယ္၊၊

ေနာက္လမွာ အလုပ္ထြက္မယ္ စသျဖင့္ ကိုယ္ေနာက္ထပ္ ေနာက္ထပ္ လုပ္မယ့္ အစီအစဥ္၊

ေနာက္ထပ္လွမ္းမယ့္ ေျခလွမ္းကို သူမ်ားေတြဆီမွာ ထုတ္ေဖာ္မေျပာသင့္ပါဘူး။

မိသားစု ျပသနာ

ကိုယ့္ရဲ႕ မိသားစုျပသနာမ်ိဳးကိုလည္း သူမ်ားသူစိမ္းေတြဆီမွာ သြားေျပာတာမ်ိဳး မလုပ္သင့္ပါဘူးေနာ္

ကိုယ့္ရဲ႕ အိမ္တြင္းေရး ဘယ္လိုပဲရွိရွိ သူမ်ားကို ထုတ္ေျပာမိတဲ့အခါ သူစိမ္းေတြဝင္လာၿပီး ကိုယ့္မိသားစု ျပသနာပိုႀကီးသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ ကိုယ့္ရဲ႕ မိသားစုမွာ ျဖစ္ပ်က္ေနတဲ့ ျပသနာေတြကို တစ္ျခားသူေတြဆီ မေျပာသင့္ပါဘူး။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။