cele

နှစ်ခြိုက်စွာ အိပ်ပျော်အိပ်ပျော်နေခဲ့သော သတို့သမီး ေလးကြောင့် အကူအညီမဲ့ဖြစ်နေခဲ့ရသောမိတ်ကပ်ဆရာမနှစ်ဦး..





Rain – For Ialinks

Unicode

မိတ်ကပ်လိမ်းဖို့ မနက်၂နာရီမှာချိန်းဆိုထားရာ ခြံပေါက်ဝကနေအော်ခေါ်သော်လည်း သတို့သမီးကမနိုးတာကြောင့် အကူအညီမဲ့ဖြစ်နေရသည့် အလှပြင်ဆရာမနှစ်ဦး

မင်္ဂလာပွဲနေ့လေးသည် လူတိုင်းအတွက် အရေးကြီးတဲ့နေ့လေးဖြစ်သလို သတို့သမီးက ထိုနေ့လေးတွင် အလှဆုံးဖြစ်နေစေရန် မိတ်ကပ်လိမ်းသူကို အစောထပြင်ပေးရန် ခေါ်ထားရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အလှပြင်ဆရာမနှစ်ဦးသည် ရပ်ကွက်ထဲ မင်္ဂလာဆောင်တစ်ခုမှ သတို့သမီးလေးအား မိတ်ကပ်လိမ်းခြယ်ပေးရန် ငှားရမ်းထားပြီး မနက်၂နာရီမှာ ချိန်းဆိုခဲ့သည်။

မိတ်ကပ်ဆရာမနှစ်ဦးသည် အချိန်ကိုလေးစားစွာနဲ့ သတို့သမီးချိန်းဆိုထားသည့် အချိန်ကွက်တိအတိုင်း သွားခဲ့ပေမယ့် သတို့သမီးအိမ်ရှေ့ရောက်သည့်အခါ ဘယ်သူမှမရှိပဲ ဖုန်းဆက်တော့လည်းမကိုင်၍ ခြံပေါက်ဝကနေပဲ အော်နိုးခဲ့ရသည် ။

သတို့သမီးဖြစ်သူသည်လည်း မင်္ဂလာပွဲကြောင့် ပင်ပန်းထား၍ နှစ်ခြိုက်စွာ အိပ်ပျော်သွားမိပြီ..း ဘယ်လောက်ပဲအော်အော် မနိုးပဲဖြစ်နေရာ အလှပြင်ဆရာမနှစ်ဦးမှာ အေးအေးချမ်းချမ်းနဲ့ ခြံပေါက်ဝနားလေးမှာ အကူအညီမဲ့ဖြစ်နေရသည် ။

Rain – For Ialinks