ငယ်ရွယ်သော ကလေးငယ်တို့ဟာ ဆော့ကစာရန်နှင့် မုန့်စားရန်ကလွဲပြီး အခြားသောကိစ္စတွေကို စိတ်ဝင်စားခြင်းမရှိကြပေ။သို့သော် အချို့သောကလေးငယ်တို့သည် သူတို့ရရှိသော မုန့်ဖိုးငွေလေးဖြင့် မိဘတို့ကို လက်ဆောင်ပေးချင်တတ်ကြပါတယ်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ Vo Doan Xuan Nhiဆိုသည့် အသက်၁၂နှစ်အရွယ်ကလေးငယ်လေးဟာ ၇တန်းတွင်ပညာသင်ကြားနေသူဖြစ်ပါတယ်။
ကလေးမလေးဟာ ကျောင်းသွားလို့ရရှိသည့် မုန့်ဖိုးလေးကို မသုံးမစွဲဘဲ သေချာစွာစုထားခဲ့တာဖြစ်ပါတယ်။
ပိုက်ဆံများစွာရရှိသည့်အချိန်မှာတော့ ဖခင်ဖြစ်သူကိုခေါ်ပြီး ရွှေဆိုင်တွင် မိဘနှစ်ပါးလုံးအတွက် ရွှေလက်စွပ်လေး
ကို ဝယ်ယူပေးခဲ့တာဖြစ်ပါတယ်။မုန့်ဖိုးငွေလေးတွေကို သေချာစွာစုဆောင်းထားပြီး မိဘအတွက် လက်ဆောင်ဝယ်ပေးနိုင်ရန်မှာ အချိန်ကြာမြင့်စွာစုထားခဲ့ရမှာဖြစ်ပါတယ်။
Shoon (Cele Daily)