ပြေတီဦးနဲ့ အူဝဲတို့ရဲ့ လူသိနည်းတဲ့အကြောင်းလေးတွေကို ပြောပြလာတဲ့ ဒါရိုက်တာစိုးကျော်ဆန်း
ပြေတီဦးနဲ့ အူဝဲတို့ရဲ့ လူသိနည်းတဲ့အကြောင်းလေးတွေကို ပြောပြလာတဲ့ ဒါရိုက်တာစိုးကျော်ဆန်း
သရုပ်ဆောင်ပြေတီဦးနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ အကယ်ဒမီဆုရှင်တွေဖြစ်ပေမဲ့ အရေးကြီးလာရင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း သူတို့ဇနီးမောင်နှံကို ပုဒ်မ(၅၀၅)ကနဲ့ ဝရမ်းထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါ
တယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အကျဉ်းသား (၂၀၀၀)ကျော် လွှတ်ပေးခဲ့တဲ့အထဲမှာ အူဝဲတို့ဇနီးမောင်နှံမပါလာတဲ့အပေါ် သူတို့ရဲ့ပရိသတ်တွေနဲ့ ပြည်သူတွေအားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။အနုပညာအသိုင်းအဝိုင်း တစ်ခုလုံးကလည်း ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက်
ဆုတောင်းနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ဒါရိုက်တာစိုးကျော်ဆန်းက ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံရဲ့အကြောင်းကို သတိတရပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ ဦးတီနဲ့ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဒါရိုက်တာစိုးကျော်ဆန်းက ဦးတီရဲ့စိတ်သဘောထားကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ် ။ ဦးတီက
သူတစ်ပါးအပေါ်မှာ စာနာနားလည်မှုပေးနိုင်သူဖြစ်ကြောင်း၊ သူ့ရဲ့မိသားစုအပေါ်မှာ တန်ဖိုးထား ချစ်မြတ်နိုးသူဖြစ်ကြောင်း၊ အနာဂတ်ရဲ့မျိုးဆက်သစ်တွေကို ပံ့ပိုးပေးနေသူဖြစ်ကြောင်း စသည်ဖြင့် ပြောပြထားတာ ဖြစ်ပါတယ် ။ဒါ့အပြင် ကိုစိုးကျော်ဆန်းက အိန္ဒြာကျော်ဇင်ကိုလည်း သူ့ရဲ့ညီမလေးတစ်ယောက်လို ခင်မင်ရတဲ့
အကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ အနုပညာလောကထဲမှာ အတူလှုပ်ရှားရုန်းကန်ကြရင်းနဲ့ တစ်မအေတည်းမွေးတဲ့ မောင်နှမအရင်းတွေလို လက်သည်းဆိတ်ရင် လက်ထိပ်နာတတ်နေပြီဖြစ်တာကြောင့် အူဝဲတို့ဇနီးမောင်နှံကို အမြန်ဆုံးလွတ်မြောက်စေချင်ကြောင်း ပြောထားတာလည်း ဖြစ်ပါတယ် ။“အချိန်တွေကြာလာ
တော့ ဘယ်တော့ပြန်လွတ်မြောက်လာမလဲ မျှော်ရင်းမျှော်ရင်း ရင်ဘတ်တွေနာလာတယ် သူ့မေမေဖြစ်တဲ့ အန်တီမာရဲ့ရင်ထဲ…သမီးလေးရဲ့ရင်ထဲကမေးခွန်းတွေ…သားကလေးရဲ့ နုနယ်လွန်းတဲ့အတွေးတွေကို ကျွန်တော်ဆက်မစဉ်းစားရဲဘူး…” ဆိုပြီး
ရင်ဖွင့်လာတဲ့ ဒါရိုက်တာစိုးကျော်ဆန်းကတော့ အူဝဲတို့လွတ်ဖို့အတွက်သာ ဆုတောင်းပေးနေရတာပဲ ဖြစ်ပါတယ် ။ ပြေတီဦးနဲ့အူဝဲတို့ကိုချစ်ကြတဲ့ Cele World ပရိသတ်ကြီးလည်း ဆုတောင်းပေးကြအုံးနော်.
Source: SoeKyaw Sann
Zawgyi
ေျပတီဦးနဲ႔ အူဝဲတို႔ရဲ႕ လူသိနည္းတဲ့အေၾကာင္းေလးေတြကို ေျပာျပလာတဲ့ ဒါ႐ိုက္တာစိုးေက်ာ္ဆန္း
သ႐ုပ္ေဆာင္ေျပတီဦးနဲ႔ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံကေတာ့ အကယ္ဒမီဆုရွင္ေတြျဖစ္ေပမဲ့ အေရးႀကီးလာရင္ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန ရဲရဲဝင့္ဝင့္ ရပ္တည္ခဲ့တဲ့ အႏုပညာရွင္ေတြပဲ ျဖစ္ပါတယ္ ။ ဒါေၾကာင့္လည္း သူတို႔ဇနီးေမာင္ႏွံကို ပုဒ္မ(၅၀၅)ကနဲ႔ ဝရမ္းထု
တ္ၿပီး ဖမ္းဆီးထိန္းသိမ္းခဲ့တာ ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ အက်ဥ္းသား (၂၀၀၀)ေက်ာ္ လႊတ္ေပးခဲ့တဲ့အထဲမွာ အူဝဲတို႔ဇနီးေမာင္ႏွံမပါလာတဲ့အေပၚ သူတို႔ရဲ႕ပရိသတ္ေတြနဲ႔ ျပည္သူေတြအားလုံးက စိတ္မေကာင္းျဖစ္ေနၾကတာ ျဖစ္ပါတယ္ ။အႏုပညာအသိုင္းအဝိုင္း တစ္ခုလုံးကလည္း ဖ
မ္းဆီးခံထားရတဲ့ အႏုပညာရွင္ေတြ အျမန္ဆုံးလြတ္ေျမာက္ႏိုင္ဖို႔အတြက္ ဆုေတာင္းေနၾကတာ ျဖစ္ပါတယ္ ။ အခုလည္း ဒါ႐ိုက္တာစိုးေက်ာ္ဆန္းက ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံရဲ႕အေၾကာင္းကို သတိတရေျပာျပလာခဲ့တာ ျဖစ္ပါတယ္ ။ ဦးတီနဲ႔ခင္မင္ရင္းႏွီးခဲ့တဲ့ သူငယ္ခ်င္းတစ္ေ
ယာက္အေနနဲ႔ ဒါ႐ိုက္တာစိုးေက်ာ္ဆန္းက ဦးတီရဲ႕စိတ္သေဘာထားကို ဖြင့္ဟလာခဲ့တာ ျဖစ္ပါတယ္ ။ ဦးတီက သူတစ္ပါးအေပၚမွာ စာနာနားလည္မႈေပးႏိုင္သူျဖစ္ေၾကာင္း၊ သူ႔ရဲ႕မိသားစုအေပၚမွာ တန္ဖိုးထား ခ်စ္ျမတ္ႏိုးသူျဖစ္ေၾကာင္း၊ အနာဂတ္ရဲ႕မ်ိဳးဆက္သစ္ေတြကို ပံ့ပိုးေပးေနသူျဖစ္ေၾကာင္း စသည္ျဖ
င့္ ေျပာျပထားတာ ျဖစ္ပါတယ္ ။ဒါ့အျပင္ ကိုစိုးေက်ာ္ဆန္းက အိျႏၵာေက်ာ္ဇင္ကိုလည္း သူ႔ရဲ႕ညီမေလးတစ္ေယာက္လို ခင္မင္ရတဲ့အေၾကာင္း ေျပာျပထားတာ ျဖစ္ပါတယ္ ။ အႏုပညာေလာကထဲမွာ အတူလႈပ္ရွား႐ုန္းကန္ၾကရင္းနဲ႔ တစ္မေအတည္းေမြးတဲ့ ေမာင္ႏွမအရင္းေတြလို လက္သည္းဆိတ္ရင္
လက္ထိပ္နာတတ္ေနၿပီျဖစ္တာေၾကာင့္ အူဝဲတို႔ဇနီးေမာင္ႏွံကို အျမန္ဆုံးလြတ္ေျမာက္ေစခ်င္ေၾကာင္း ေျပာထားတာလည္း ျဖစ္ပါတယ္ ။“အခ်ိန္ေတြၾကာလာေတာ့ ဘယ္ေတာ့ျပန္လြတ္ေျမာက္လာမလဲ ေမွ်ာ္ရင္းေမွ်ာ္ရင္း ရင္ဘတ္ေတြနာလာတယ္ သူ႔ေမေမျဖစ္တဲ့ အန္တီမာရဲ႕ရင္ထဲ…သမီးေလးရဲ႕ရ
င္ထဲကေမးခြန္းေတြ…သားကေလးရဲ႕ ႏုနယ္လြန္းတဲ့အေတြးေတြကို ကြၽန္ေတာ္ဆက္မစဥ္းစားရဲဘူး…” ဆိုၿပီး ရင္ဖြင့္လာတဲ့ ဒါ႐ိုက္တာစိုးေက်ာ္ဆန္းကေတာ့ အူဝဲတို႔လြတ္ဖို႔အတြက္သာ ဆုေတာင္းေပးေနရတာပဲ ျဖစ္ပါတယ္ ။ ေျပတီဦးနဲ႔အူဝဲတို႔ကိုခ်စ္ၾကတဲ့ Cele World ပရိသတ္ႀကီးလည္း ဆုေတာင္းေပးၾကအုံးေနာ္.
Source: SoeKyaw Sann