သစ်ပင်ကအရွက်တွေစားသုံးနိုင်ရန် ကျွဲတစ်ကောင်ထံမှ အကူအညီရရှိခဲ့တဲ့ စမတ်ကျလွန်းတဲ့ ဆိတ်တစ်ကောင်(ရုပ်သံ)
စမတ်ကျလွန်းတဲ့ ဆိတ်တစ်ကောင်ဟာ သစ်ပင်မှ အစားအစာကိုရရှိရန် ကျွဲတစ်ကောင်ထံမှအကူအညီရရှိခဲ့ပါတယ်။ သူတို့နှစ်ကောင်ရဲ့ ကြံဖန်တီထွင်ကြံဆမှုများကြောင့် အင်တာနက်အသုံးပြုသူများစွာဟာ ဆိတ်ရဲ့လိမ္မာပါးနပ်မှု နဲ့ မိတ်ဆွေကောင်းအဖြစ်ရှိပေးတဲ့ကျွဲတို့ကို ချီးမွမ်းခဲ့ကြပါတယ်။ မကြာသေးမီက သစ်ပင်တစ်ပင်ရဲ့ အကိုင်းအခက်မှအစာရရန် ကြံစည်ကြံဆမှုအတွက် ပျံ့နှံ့မှုတစ်မျိုးဝင်လာပြီဖြစ်ပါတယ်။ Twitter မှာ netizen Sudha Ramen IFS (@SudhaRamenIFS) က မျှဝေလိုက်တဲ့ ဗီဒီယိုဟာ ဆိတ်တစ်ကောင်ဟာ ကျွဲတစ်ကောင်ရဲ့ ဦးခေါင်းကို ခုန်တက်နေတာကို ပြသခဲ့ပါတယ်။

သို့ပေမဲ့ ဆိတ်ဟာ ကျွဲရဲ့နောက်ကျောကို လွတ်လပ်စွာစီးခြင်း မဟုတ်ပါဘူး။ ဒီအစား ဆိတ်ဟာ ကျွဲကြီးရပ်နေတဲ့သစ်ပင်အနီးရှိ အရွက်များကို စားသုံးရန် ကျွဲကိုလှေကားထစ် အသုံးပြုရန်သာဖြစ်ပါတယ်။ လိမ္မာပါးနပ်တဲ့လှည့်ကွက်ကြောင့် ဆိတ်က အရွက်များကို အရသာရှိရှိ ပျော်ရွှင်စွာစားသုံးစေခဲ့ပါတယ်။ သစ်ပင်နဲ့ နီးစပ်တဲ့အစက်အပြောက်များက မြက်အချို့ရှိနေပေမဲ့ ဆိတ်ဟာ သစ်ပင်ရဲ့အရွက်များက ပိုအရသာရှိကြောင်း ထင်ပုံရပါတယ်။ သူတို့နှစ်ကောင်ရဲ့လုပ်ရပ်က ကျွဲနဲ့ဆိတ်ဟာ အဆွေခင်ပွန်းဖြစ်ကြောင်းကို ရှင်းလင်းစွာပြသနေပါတယ်။

JRose (KB Chimmy)
Reference : rachfeed
Zawgyi