တွေ့ဆုံဆွေးနွေးရေးကိုတွန်းအားပေးပြီး မြန်မာ့အရေးဖြေရှင်းဖို့ တရုတ်ပြော
မြန်မာ့အရေး ဖြေရှင်းဖို့ အတွက် တွေ့ဆုံဆွေးနွေးရေးကိုတွန်းအားပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်အတွင်းကဖြေရှင်းရမယ်လို့ တရုတ်နိုင်ငံမှာ ဇူလိုင် ၃ရက်ကပြုလုပ်တဲ့ (၉) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ် မှာတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်ပါတယ်။
အကြမ်းဖက်ကိစ္စတွေကို ရှောင်ကြဉ်ကာ၊ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ပြည်သူတွေရဲ့ရွေးချယ်မှုကို လက်တွေ့ကျကျလေးစားကာ ရင်ကြားစေ့ရေးကို အထောက်အကူပြုတဲ့ ကိစ္စရပ်တွေကိုလုပ်ဆောင်ဖို့ကိုလည်း ဝမ်ယိက ပြောခဲ့တယ်လို့ဆိုပါတယ်။
တစ်ဖက်သတ် အရေးယူဒဏ်ခတ်တာတွေနဲ့ မသင့်လျော်တဲ့ ကြားဝင်မူတွေကို ရှောင်ကြဉ်ဖို့ဆိုပြီးလည်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံအခြေအနေ ကို အာဆီယံနည်းလမ်းနဲ့ အဆင်ပြေချောမွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး (Soft Landing) ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ကိုလည်းတိုက်တွန်းထားတာတွေ့ရပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး
———————
ေတြ႕ဆုံေဆြးေႏြးေရးကိုတြန္းအားေပးၿပီး ျမန္မာ့အေရးေျဖရွင္းဖို႔ တ႐ုတ္ေျပာ
ျမန္မာ့အေရး ေျဖရွင္းဖို႔ အတြက္ ေတြ႕ဆုံေဆြးေႏြးေရးကိုတြန္းအားေပးၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ဥပေဒမူေဘာင္အတြင္းကေျဖရွင္းရမယ္လို႔ တ႐ုတ္ႏိုင္ငံမွာ ဇူလိုင္ ၃ရက္ကျပဳလုပ္တဲ့ (၉) ႀကိမ္ေျမာက္ ကမာၻ႔ၿငိမ္းခ်မ္းေရးဖိုရမ္ မွာတ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ေျပာၾကားခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးကထုတ္ျပန္ပါတယ္။
အၾကမ္းဖက္ကိစၥေတြကို ေရွာင္ၾကဥ္ကာ၊ ႏိုင္ငံတကာအသိုင္းအဝိုင္း အေနနဲ႔ ျပည္သူေတြရဲ႕ေ႐ြးခ်ယ္မႈကို လက္ေတြ႕က်က်ေလးစားကာ ရင္ၾကားေစ့ေရးကို အေထာက္အကူျပဳတဲ့ ကိစၥရပ္ေတြကိုလုပ္ေဆာင္ဖို႔ကိုလည္း ဝမ္ယိက ေျပာခဲ့တယ္လို႔ဆိုပါတယ္။
တစ္ဖက္သတ္ အေရးယူဒဏ္ခတ္တာေတြနဲ႔ မသင့္ေလ်ာ္တဲ့ ၾကားဝင္မူေတြကို ေရွာင္ၾကဥ္ဖို႔ဆိုၿပီးလည္း ေျပာခဲ့ပါတယ္။
ျမန္မာႏိုင္ငံအေျခအေန ကို အာဆီယံနည္းလမ္းနဲ႔ အဆင္ေျပေခ်ာေမြ႕စြာ ကိုင္တြယ္ေျဖရွင္းႏိုင္ေရး (Soft Landing) ကို အျမန္ဆုံးအေကာင္အထည္ေဖာ္ဖို႔ကိုလည္းတိုက္တြန္းထားတာေတြ႕ရပါတယ္။
ဘီဘီစီျမန္မာပိုင္း
ဓါတ္ပုံ- ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး