YBS 76ပေါ်မှာ တို့ဆေးမိပြီး ပစ်မှတ်ထားခံရတဲ့ သမီးလေး သတိကပ်ပြီး ဉာဏ် ကောင်းခဲ့လို့ လွ တ်မြောက်ခဲ့ရ….

YBS 76ပေါ်မှာ တို့ဆေးမိပြီး ပစ်မှတ်ထားခံရတဲ့ သမီးလေး သတိကပ်ပြီး ဉာဏ် ကောင်းခဲ့လို့ လွ တ်မြောက်ခဲ့ရ….

ခုတလော လူပျောက်မှု ဖြစ်စဉ်တွေဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးပွားလာခဲ့ပေမယ့် တရားခံ တဦးတယောက်မျှ ဖမ်းမမိသေးတာကတော့ စိုးရိမ်ရမယ့် အနေအထားပါပဲ။

မနေ့ကလဲ ybs 76 ပေါ်မှာ တိုးဆေးမိခဲ့တဲ့ ညီမ လေး တယောက် ညာဏ်ကောင်းတာရယ် ဆေးပမာဏ နည်းသွားတာရယ်ကြောင့် လွတ်မြောက်ခွင့် ရခဲ့ပေမယ့် သားကောင်ရှာတဲ့ မုဆိုးတွေဟာ နောက်တကြိမ်း

ဆေးပမာဏ များများ သုံးခဲ့မယ်ဆိုရင် သေချာပေါက် ပါသွားမယ့် အနေအထား ရှိနိုင်ပါတယ်။မနေ့က အဖြစ်အပျက်လေးကို မူရင်းတင်သူ may thet khine က အခုလိုပဲ “ဒီနေ့ ရုံးကအပြန် ၇၆ စီးရင်း နေရာမရလို့ မတ်တပ်ရပ်နေခဲ့တာ ကိုယ်‌ကတော့ နားကြပ်လေးတပ်ပီး

သီချင်းလေးနားထောင်နေတာပေါ့ ။ နောက်တော့ ကားက အရမ်းကြပ်လာတော့ အကျီအနီဝတ်ထားတဲ့မိန်းမတယောက်က ကိုယ့်အနောက်မှာ အရမ်းကပ်ပီးလာရပ်နေတယ် ကိုယ်ကလဲ

အော် မိန်းမပဲ့ဆိုပီးဘာမှမပြောဘဲ ဒီတိုင်းနေနေလိုက်တယ် ခဏကြာတော့ (ဒူးအကွေး)နားကနေ ဆက်ကနဲဆူးသလိုဖြစ်သွားတယ် အဲ့အထိ ကိုယ်က ဒီတိုင်း ဘာမှမဖြစ်ပါဖူးလို့ထင်ခဲ့ဝာာ

သိပ်မကြာဖူး ခေါင်းနည်းနည်းမူးလာပီး ရိပ်ကနဲဖြစ်သွားတယ်။ အဲ့ချိန်မာ ကိုယ်က ငါဆင်းမှရမယ်ဆိုပီး ဆင်းမဲ့နေရာနားသွားတဲ့အချိန်မှာ အဲ့အနီရောင်ဝတ်ထားတဲ့မိန်းမနဲ့ ဘေးနားက

ယောက်ျားတယောက်က အရှေ့မာရပ်နေရင်းက နေ ကိုယ်လဲ သွားရော ဘေးကနေလိုက်ကပ်လာတယ် ကိုယ်ကလဲ ကားပေါ်က အမြန်ဆင်းတော့ သူတို့ကနောက်ကလိုက်လာကြတယ်

အဲ့တာနဲ့ အရှေ့မှာတွေ့တဲ့ ABC store ထဲဝင်ပီး အိမ်ကလူတွေကိုဖုန်းဆက်ပီး လာခေါ်ခိုင်းရတယ် အဲ့ချိန်ထိ ဆိုင်ရှေ့မှာ ရစ်သီရစ်သီလုပ်နေတုန်းပါ ကိုယ်က ဆိုင်ကအမကိုအကူအညီတောင်းပီး ဆိုင်ထဲမှာပဲ့နေနေလိုက်တယ်။

ဆိုင်ထဲရောက်တော့ ဒူးအကွေးနားမာ စူးသလိုဖြစ်နေတော့ကြည့်လိုက်တော့ အပ်နဲ့ထိုးထားသလို အစက်လေးဖြစ်နေတယ်။ အဲ့ချိန်ထိ ကိုယ့်မာ ဖုန်းတကွမ်ကွမ်နဲ့

သတိမလွတ်သွားအောင်လိုက်ဆက်ရတယ် ။နောက်ဆူံး အိမ်ကလူတွေရောက်လာမှပဲ့မျက်လုံးမှိတ်နိုင်တေ့ာတယ် ။ပြောချင်တာက Bus စီးရင် ဂရု စိုက်စီးကြပါ ။”ဆိုပြီး သူမရဲ့ အဖြစ်အပျက်လေးကို မျှဂေထားပါတယ်။

ပရိတ်သတ်ကြီးလဲ တယောက်ထဲ မသွားကြဖို့ လူရှုပ်တဲ့နေရာတွေရှောင်ရှားကြဖို့နဲ့ အကယ်၍ မဖြစ်မနေ သွားရမယ်ဆိုရင်လဲ ကိုယ်နဲ့ မသိတဲ့ သူ ယောကျာ်း မိန်းမ မရွေး အနားလာမကပ်ဖို့ သတိထားကြပါလို့ အကြံပြုပေးလိုက်ပါတယ်နော်။
Crd