“တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းချိီဝင်တဲ့ အစ္စရေးပြည်က လယ်သမားများနှင့် ရွှေမြန်မာပြည်က လယ်သမားတို့ရဲ့ ကွာခြားချက်များ”

“တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းချိီဝင်တဲ့ အစ္စရေးပြည်က လယ်သမားများနှင့် ရွှေမြန်မာပြည်က လယ်သမားတို့ရဲ့ ကွာခြားချက်များ”

“အစ္စရေးပြည်က လယ်သမားများနှင့် ရွှေမြန်မာပြည်က လယ်သမား ဘယ်လိုကွာခြားသွားသလဲ”

လယ်သမားတစ်ယောက်အတွက် တစ်နှစ်ကို ကန်ဒေါ်လာသန်းချီဝင်ဖို့ဆိုတာ ကျွန်တော်တို့ ရွှေမြန်မာပြည်မှာတော့ မဖြစ်နိုင်ဘူးလို့ ပြောရင်မှားမယ်မထင်ပါဘူး။ဒါပေမဲ့ ကမ္ဘာ့အရှေ့အလယ်ပိုင်းက အစ္စရေးပြည်မှာတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းချိီဝင်တဲ့ လယ်သမားတွေအများကြီးတွေ့ရပါတယ်။များတာမှ တကယ်အများကြီး တွေ့ခဲ့ဖူးတာပါ။

အစ္စရေးမှာ လယ်သမားဖြစ်ဖို့ဆိုတာကလည်း သိပ်တော့မလွယ်လှပါဘူး။ရွှေမြန်မာပြည်မှာ လယ်သမားတစ်ယောက်ဖြစ်ချင်ရင် ဘာမှထွေထွေထူးထူး သိစရာ တက်စရာ သိပ်မလိုဘဲ လွယ်လွယ်ကူကူ လယ်သမားလုပ်လို့ရပေမယ့် အစ္စရေးမှာတော့ လယ်သမားလုပ်ဖို့ ထင်သလောက် မလွယ်ပါဘူး။

အစ္စရေးမှာ လယ်သမားတစ်ယောက်ဖြစ်ချင်ရင် သက်ဆိုင်ရာလူပုဂ္ဂိုလ်တွေ ကောင်စီအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်တွေ အများကြီးလိုအပ်တာပါ။ အစ္စရေးက စိုက်ပျိုးရေးလုပ်ငန်းခွင်တွေ အားလုံးနီးပါးဟာ သဲကန္တာရထဲ စိုက်ပျိုးရတာဖြစ်တဲ့အတွက် သီးနှံပင်တွေစိုက်ပျိုးထုတ်လုပ်ရတာ တကယ်မလွယ်ကူပါဘူး။ဒါကြောင့်အစ္စရေးက လယ်သမားတွေဟာ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ အဆင့်မြင့် နည်းပညာတွေ၊အသိပညာ အထွေထွေဗဟုသုတတွေ၊လယ်ယာသုံးစက်ပစ္စည်းတွေ စတဲ့ လယ်ယာလုပ်ငန်းခွင့်နဲ့ဆိုင်တဲ့အရာအားလုံးကို နားလည်သိကျွမ်းထားဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ ရွှေမြန်မာပြည်မှာတော့ ကိုယ်စိုက်ချင်တဲ့ သီးနှံကို စိုက်ချင်တဲ့နေရာ အလွယ်တကူ စိုက်လို့ရနိုင်ပေမယ့် အစ္စရေးမှာတော့ အပင်တစ်ပင်ရှင်သန်ကြီးထွားလာအောင် စိုက်ပျိုးထုတ်လုပ်ဖို့ရာ အရမ်းခက်ခဲလွန်းလှတာပါ။အထူးသဖြင့် အစ္စရေးမှာ ရေအရင်းမြစ် ရှားပါးလွန်းလှတဲ့ပြသနာက အစ္စရေးလယ်သမားတွေအတွက် စိန်ခေါ်မှု အရမ်းကြီးမားလွန်းလှပါတယ်။အစ္စရေးမှာ ဟင်းသီးဟင်းရွက်ပင် ၊နှစ်ရှည်ပင် ၊အရိပ်ရအပင် ဘယ်လိုအပင်ပဲ့စိုက်စိုက် ရေပေးနိုင်မှ အသက်ရှင်တာပါ။ဒါကြောင့် အစ္စရေးမှာ ဘာအပင်ပဲ့စိုက်စိုက် အပင်ခြေရင်းမှာ ရေပိုက်ကို အမြဲတမ်း သွယ်တန်းထားရတာပါ။

အစ္စရေးရဲ့ စိုက်ပျိုးမြေတွေဟာ ကန္တာရထဲက သဲမြေတွေဖြစ်တဲ့အတွက် ရေထိန်းနိုင်မှုစွမ်းရည် (water maintaining )က အရမ်းနည်းပါးလွန်းလှတာပါ။ဒါကြောငိ့အစ္စရေးက လယ်သမားတွေဟာစိုက်ပျိုးထားတဲ့ အပင်အမျိုးအစားတွေ အပေါ်မူတည်ပြီး တစ်နေ့ကို အကြိမ်ပေါင်းများစွာ အစက်ချရေပေးဝေတဲ့စနစ် (drip irrigation )ဖြင့် စိုက်ခင်းတွေကို ရေပေးဝေရပါတယ်။

မြန်မာပြည်လို ရေအရင်းမြစ် ပေါများလှတာမဟုတ်တဲ့အတွက် အစ္စရေးကလယ်သမားတွေဟာ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ရေတွေကိုလည်း မိုင်ပေါင်းများစွာ အဝေးကြီးကနေ မြေအောက်ပိုက်လိုင်းတွေဖြင့် သွယ်တန်းပြီး ဝယ်ယူအသုံးပြုခဲ့ရတာပါ။အစ္စရေးမှာ စိုက်ပျိုးရေးအတွက် ကုန်ကျတဲ့ ကုန်ကျစရိတ်အများစုဟာ ရေအတွက်ကုန်ကျတာပါ။

အစ္စရေးက လယ်သမားတွေဟာ အရည်သွေးမြင့်တဲ့ စိုက်ပျိုးရေးသွင်းအားစု မြေဆီဩဇာဆေးဝါတွေကို အသုံးပြုကြပေမယ့် ဘယ်လယ်သမားမှ မြေဆီဩဇာဆေးဝါးတွေစျေးကြီးတယ်လို့ မငြင်းငြူးကြပါဘူး။အစ္စရေးမှာ စိုက်ပျိုးထုတ်ကုန်တွေရဲ့ စျေးနှုန်းတွေက အရမ်းမြင့်မားလွန်းတဲ့အတွက် စိုက်ပျိုးရေးအတွက် အသုံးပြုရတဲ့ မြေဆီဩဇာတွေရဲ့ ကုန်ကျစရိတ်တွေကလည်း သင့်သင့်မျှတတဲ့ အနေထားတစ်ခုမှာရှိပါတယ်။အစ္စရေးက လယ်သမားတေဟာ ရေကိုမဖြုန်းတီးပဲ ဂရုတစိုက်သုံးဖို့ကိုတော့ အမြဲတမ်းပြောကြပါတယ်။

လူတန်းစားအချင်းချင်း ဝင်ငွေကွာခြားမှု ကျဉ်းမြောင်းလွန်းလှသောအစ္စရေးမှာ ဘယ်လူတန်းစားတွေကိုမှလည်း ဖိနှိပ်ဆက်ဆံထားတာမျိုးမရှိပါဘူး။လူတန်းစားအားလုံးကိုကြီးပွါးချမ်းသာနိုင်တဲ့ အခွင့်အရေးညီညီမျှပေးထားတာပါ။ဒါကြောင့် အစ္စရေးမှာ လယ်သမားတစ်ယောက်ရဲ့ဝင်ငွေနဲ့ မြို့ပေါ်က စီးပွါးရေးလုပ်ကိုင်နေတဲ့ လူတွေရဲ့ဝင်ငွေတွေဟာ မကွာလှပါဘူး။အစ္စရေးက လယ်သမားတွေဟာ လုပ်ရင်လုပ်သလောက် ကြီးပွါးချမ်းသာနိုင်တဲ့ အခွင့်အရေးတွေ အရမ်းများပါတယ်။

မြန်မာပြည်မှာတော့ လယ်သမားတွေဟာ တစ်နှစ်ပြီးတစ်နှစ် သမင်မွေးလိုက် ကျားစားလိုက်နဲ့ပဲ့ အချိန်ကုန်နေခဲ့ပြီး ဘာမှထူးခြားတိုးတက်မလာပါဘူး။ ဒါပေမဲ့ အစ္စရေးမှာတော့ လယ်သမားတွေဟာ တစ်နှစ်ပြီးတစ်နှစ် အများကြီး တိုးတက်ကြီးပွါးလာတာပါ။အစ္စရေးက လယ်သမားတစ်ယောက်ဟာ ဒီနှစ်စိုက်ပျိုးတဲ့ green house တစ်ခုရှိရင် ဒီနှစ်စိုက်ပျိုးပြီးရလာတဲ့အကြိုးအမြတ်တွေနဲ့ နောက်နှစ်မှာ green house နှစ်ခုဖြစ်အောင်ချဲ့ထွင်လို့ရတာ ကိုယ်တွေ့မြင်ဖူးပါတယ်။အစ္စရေးလယ်သမားတွေဟာ ဆန္ဒရှိရင်ရှိသလောက် ၎င်းတို့ရဲ့လယ်ယာလုပ်ငန်းခွင်ကို အများကြီးချဲ့ထွင် လုပ်ကိုင်လို့ ရကြပါတယ်။

လယ်သမားတွေ တိုးတက်ကြီးပွါးဖို့ဆိုတာကလည်း သက်ဆိုင်ရာတိုင်းပြည်တွေရဲ့ အခြေနေတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။အစ္စရေးမှာ ဟင်းသီးဟင်းရွက်အပင်လေးတွေ စိုက်ပျိုးလုပ်ကိုင်တဲ့လယ်သမားတွေလည်း တခြားလူတန်းစားတွေနည်းတူ BMW တို့ Mercedes တို့ ဝယ်စီးနိုင်ပေမယ့် ရွှေမြန်မာပြည်မှာတော့ လယ်သမားတွေဆိုတာ ဆင်းရဲချုံ့တဲ့လွန်းလှတာပါ။ကျွန်တော်တို့ ရွှေမြန်မာပြည်က လယ်သမားတွေဟာ အရမ်းရိုးသားကြသလို အရမ်းလည်းဆင်းရဲလွန်းလှပါတယ်။နေတိုင်းထမင်းနပ်မှန်အောင်မနည်းရုန်းကန်နေကြရတဲ့ လယ်သမားတွေ ကျွန်တော်တို့ရွှေမြန်မာပြည်မှာ အများကြီးတွေ့ဖူးပါတယ်။ကျွန်တော်တို့ ရွှေမြန်မာပြည်က လယ်သမားတွေဟာ အာဆီယံဒေသအတွင်းက အဆင်းရဲဆုံးလယ်သမားတွေထဲမှာ ပါပါတယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။

ခေတ်အဆက်ဆက် ကျွန်တော်တို့ ရွှေမြန်မာပြည်မှာ ပြည်တွင်းကထွက်တဲ့ လယ်ယာထုတ်ကုန်ပစ္စည်းတွေက စျေးအရမ်းနည်းလွန်းလှပီး ပြည်ပကပြနလည်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေမှန်သမျှက စျေးအရမ်းကြီးလွန်းလှတာပါ။ဒါကလည်း ရွှေမြန်မာပြည်က လယ်သမားတွေ ဆင်းရဲမွဲတေခြင်းရဲ့အဓိကအချက်လို့ပြောလို့ရပါလိမ့်မယ်။ရွှေမြန်မာပြည်လူဦးရေရဲ့တစ်ဝက်ကျော်လောက်က ကျေးလက်ဒေသမှာ နေကြတဲ့ လယ်သမားတွေပါ။ဒါကြောင့် ကျွန်တော်တို့ ရွှေမြန်မာပြည်ရဲ့ စီးပွါးရေး ၊လူမှုရေးတွေတိုးတက်ပြောင်းလဲချင်ရင်တော့ လူဦးရေရဲ့ထက်ဝက်ကျော်သော လယ်သမားတွေရဲ့ဘဝတွေကို တိုးတက်ပြောင်းလဲအောင်လုပ်ဖို့ လိုမယ်ထင်ပါတယ်။

လူထုမွဲနေရင် တိုင်းပြည်လည်း မွဲနေမှာပါ။အာဏာရှိတဲ့လူအနည်းငယ်သာကြီးပွါးချမ်းသာနေရုံနဲ့ တိုင်းပြည်မချမ်းသာဘူးဆိုတာ လက်ရှိအခြေအနေတွေက သက်သေခံနေတာပါ။ရွှေမြန်မာပြည်ကြီးတိုးတက်ကြီးပွါးဖို့ရာ လူအများစုဖြစ်တဲ့ လုပ်သမား ၊လယ်သမားတွေရဲ့ ဘဝတွေကို တိုးတက်ပြောင်းလဲလာအောင် ကြံဆလုပ်ဆောင်ပေးသင့်နေတာပါ။လူအများစုဖြစ်တဲ့ အလုပ်သမား၊လယ်သမားတွေ ဆင်းရဲမွဲတေနေသေးသမျှ တိုင်းပြည်လည်း တိုးတက်ကြီးပွါးလာမယ် မထင်ပါဘူး။

အစ္စရေးရောက် ရွှေမြန်မာတစ်ယောက် ကျေးဇူးတင်ရှိပါသည်။

မူရင်းရေးသားသူအား လေးစားစွာCredit ပေးပါသည်။

Zawgyi ဖြင့်ဖတ်ရန်

“တစ္ႏွစ္ကို အေမရိကန္ေဒၚလာသန္းခ်ိီဝင္တဲ့ အစၥေရးျပည္က လယ္သမားမ်ားႏွင့္ ေ႐ႊျမန္မာျပည္က လယ္သမားတို႔ရဲ႕ ကြာျခားခ်က္မ်ား”

“အစၥေရးျပည္က လယ္သမားမ်ားႏွင့္ ေ႐ႊျမန္မာျပည္က လယ္သမား ဘယ္လိုကြာျခားသြားသလဲ”

လယ္သမားတစ္ေယာက္အတြက္ တစ္ႏွစ္ကို ကန္ေဒၚလာသန္းခ်ီဝင္ဖို႔ဆိုတာ ကြၽန္ေတာ္တို႔ ေ႐ႊျမန္မာျပည္မွာေတာ့ မျဖစ္ႏိုင္ဘူးလို႔ ေျပာရင္မွားမယ္မထင္ပါဘူး။ဒါေပမဲ့ ကမာၻ႔အေရွ႕အလယ္ပိုင္းက အစၥေရးျပည္မွာေတာ့ တစ္ႏွစ္ကို အေမရိကန္ေဒၚလာသန္းခ်ိီဝင္တဲ့ လယ္သမားေတြအမ်ားႀကီးေတြ႕ရပါတယ္။မ်ားတာမွ တကယ္အမ်ားႀကီး ေတြ႕ခဲ့ဖူးတာပါ။

အစၥေရးမွာ လယ္သမားျဖစ္ဖို႔ဆိုတာကလည္း သိပ္ေတာ့မလြယ္လွပါဘူး။ေ႐ႊျမန္မာျပည္မွာ လယ္သမားတစ္ေယာက္ျဖစ္ခ်င္ရင္ ဘာမွေထြေထြထူးထူး သိစရာ တက္စရာ သိပ္မလိုဘဲ လြယ္လြယ္ကူကူ လယ္သမားလုပ္လို႔ရေပမယ့္ အစၥေရးမွာေတာ့ လယ္သမားလုပ္ဖို႔ ထင္သေလာက္ မလြယ္ပါဘူး။

အစၥေရးမွာ လယ္သမားတစ္ေယာက္ျဖစ္ခ်င္ရင္ သက္ဆိုင္ရာလူပုဂၢိဳလ္ေတြ ေကာင္စီအဖြဲ႕အစည္းေတြရဲ႕ ေထာက္ခံခ်က္ေတြ အမ်ားႀကီးလိုအပ္တာပါ။ အစၥေရးက စိုက္ပ်ိဳးေရးလုပ္ငန္းခြင္ေတြ အားလုံးနီးပါးဟာ သဲကႏၲာရထဲ စိုက္ပ်ိဳးရတာျဖစ္တဲ့အတြက္ သီးႏွံပင္ေတြစိုက္ပ်ိဳးထုတ္လုပ္ရတာ တကယ္မလြယ္ကူပါဘူး။ဒါေၾကာင့္အစၥေရးက လယ္သမားေတြဟာ စိုက္ပ်ိဳးေရးနဲ႔ဆိုင္တဲ့ အဆင့္ျမင့္ နည္းပညာေတြ၊အသိပညာ အေထြေထြဗဟုသုတေတြ၊လယ္ယာသုံးစက္ပစၥည္းေတြ စတဲ့ လယ္ယာလုပ္ငန္းခြင့္နဲ႔ဆိုင္တဲ့အရာအားလုံးကို နားလည္သိကြၽမ္းထားဖို႔ လိုအပ္ပါတယ္။

ကြၽန္ေတာ္တို႔ ေ႐ႊျမန္မာျပည္မွာေတာ့ ကိုယ္စိုက္ခ်င္တဲ့ သီးႏွံကို စိုက္ခ်င္တဲ့ေနရာ အလြယ္တကူ စိုက္လို႔ရႏိုင္ေပမယ့္ အစၥေရးမွာေတာ့ အပင္တစ္ပင္ရွင္သန္ႀကီးထြားလာေအာင္ စိုက္ပ်ိဳးထုတ္လုပ္ဖို႔ရာ အရမ္းခက္ခဲလြန္းလွတာပါ။အထူးသျဖင့္ အစၥေရးမွာ ေရအရင္းျမစ္ ရွားပါးလြန္းလွတဲ့ျပသနာက အစၥေရးလယ္သမားေတြအတြက္ စိန္ေခၚမႈ အရမ္းႀကီးမားလြန္းလွပါတယ္။အစၥေရးမွာ ဟင္းသီးဟင္း႐ြက္ပင္ ၊ႏွစ္ရွည္ပင္ ၊အရိပ္ရအပင္ ဘယ္လိုအပင္ပဲ့စိုက္စိုက္ ေရေပးႏိုင္မွ အသက္ရွင္တာပါ။ဒါေၾကာင့္ အစၥေရးမွာ ဘာအပင္ပဲ့စိုက္စိုက္ အပင္ေျခရင္းမွာ ေရပိုက္ကို အၿမဲတမ္း သြယ္တန္းထားရတာပါ။

အစၥေရးရဲ႕ စိုက္ပ်ိဳးေျမေတြဟာ ကႏၲာရထဲက သဲေျမေတြျဖစ္တဲ့အတြက္ ေရထိန္းႏိုင္မႈစြမ္းရည္ (water maintaining )က အရမ္းနည္းပါးလြန္းလွတာပါ။ဒါေၾကာငိ့အစၥေရးက လယ္သမားေတြဟာစိုက္ပ်ိဳးထားတဲ့ အပင္အမ်ိဳးအစားေတြ အေပၚမူတည္ၿပီး တစ္ေန႔ကို အႀကိမ္ေပါင္းမ်ားစြာ အစက္ခ်ေရေပးေဝတဲ့စနစ္ (drip irrigation )ျဖင့္ စိုက္ခင္းေတြကို ေရေပးေဝရပါတယ္။

ျမန္မာျပည္လို ေရအရင္းျမစ္ ေပါမ်ားလွတာမဟုတ္တဲ့အတြက္ အစၥေရးကလယ္သမားေတြဟာ စိုက္ပ်ိဳးေရးအတြက္ လိုအပ္တဲ့ေရေတြကိုလည္း မိုင္ေပါင္းမ်ားစြာ အေဝးႀကီးကေန ေျမေအာက္ပိုက္လိုင္းေတြျဖင့္ သြယ္တန္းၿပီး ဝယ္ယူအသုံးျပဳခဲ့ရတာပါ။အစၥေရးမွာ စိုက္ပ်ိဳးေရးအတြက္ ကုန္က်တဲ့ ကုန္က်စရိတ္အမ်ားစုဟာ ေရအတြက္ကုန္က်တာပါ။

အစၥေရးက လယ္သမားေတြဟာ အရည္ေသြးျမင့္တဲ့ စိုက္ပ်ိဳးေရးသြင္းအားစု ေျမဆီဩဇာေဆးဝါေတြကို အသုံးျပဳၾကေပမယ့္ ဘယ္လယ္သမားမွ ေျမဆီဩဇာေဆးဝါးေတြေစ်းႀကီးတယ္လို႔ မျငင္းျငဴးၾကပါဘူး။အစၥေရးမွာ စိုက္ပ်ိဳးထုတ္ကုန္ေတြရဲ႕ ေစ်းႏႈန္းေတြက အရမ္းျမင့္မားလြန္းတဲ့အတြက္ စိုက္ပ်ိဳးေရးအတြက္ အသုံးျပဳရတဲ့ ေျမဆီဩဇာေတြရဲ႕ ကုန္က်စရိတ္ေတြကလည္း သင့္သင့္မွ်တတဲ့ အေနထားတစ္ခုမွာရွိပါတယ္။အစၥေရးက လယ္သမားေတဟာ ေရကိုမျဖဳန္းတီးပဲ ဂ႐ုတစိုက္သုံးဖို႔ကိုေတာ့ အၿမဲတမ္းေျပာၾကပါတယ္။

လူတန္းစားအခ်င္းခ်င္း ဝင္ေငြကြာျခားမႈ က်ဥ္းေျမာင္းလြန္းလွေသာအစၥေရးမွာ ဘယ္လူတန္းစားေတြကိုမွလည္း ဖိႏွိပ္ဆက္ဆံထားတာမ်ိဳးမရွိပါဘူး။လူတန္းစားအားလုံးကိုႀကီးပြါးခ်မ္းသာႏိုင္တဲ့ အခြင့္အေရးညီညီမွ်ေပးထားတာပါ။ဒါေၾကာင့္ အစၥေရးမွာ လယ္သမားတစ္ေယာက္ရဲ႕ဝင္ေငြနဲ႔ ၿမိဳ႕ေပၚက စီးပြါးေရးလုပ္ကိုင္ေနတဲ့ လူေတြရဲ႕ဝင္ေငြေတြဟာ မကြာလွပါဘူး။အစၥေရးက လယ္သမားေတြဟာ လုပ္ရင္လုပ္သေလာက္ ႀကီးပြါးခ်မ္းသာႏိုင္တဲ့ အခြင့္အေရးေတြ အရမ္းမ်ားပါတယ္။

ျမန္မာျပည္မွာေတာ့ လယ္သမားေတြဟာ တစ္ႏွစ္ၿပီးတစ္ႏွစ္ သမင္ေမြးလိုက္ က်ားစားလိုက္နဲ႔ပဲ့ အခ်ိန္ကုန္ေနခဲ့ၿပီး ဘာမွထူးျခားတိုးတက္မလာပါဘူး။ ဒါေပမဲ့ အစၥေရးမွာေတာ့ လယ္သမားေတြဟာ တစ္ႏွစ္ၿပီးတစ္ႏွစ္ အမ်ားႀကီး တိုးတက္ႀကီးပြါးလာတာပါ။အစၥေရးက လယ္သမားတစ္ေယာက္ဟာ ဒီႏွစ္စိုက္ပ်ိဳးတဲ့ green house တစ္ခုရွိရင္ ဒီႏွစ္စိုက္ပ်ိဳးၿပီးရလာတဲ့အႀကိဳးအျမတ္ေတြနဲ႔ ေနာက္ႏွစ္မွာ green house ႏွစ္ခုျဖစ္ေအာင္ခ်ဲ႕ထြင္လို႔ရတာ ကိုယ္ေတြ႕ျမင္ဖူးပါတယ္။အစၥေရးလယ္သမားေတြဟာ ဆႏၵရွိရင္ရွိသေလာက္ ၎တို႔ရဲ႕လယ္ယာလုပ္ငန္းခြင္ကို အမ်ားႀကီးခ်ဲ႕ထြင္ လုပ္ကိုင္လို႔ ရၾကပါတယ္။

လယ္သမားေတြ တိုးတက္ႀကီးပြါးဖို႔ဆိုတာကလည္း သက္ဆိုင္ရာတိုင္းျပည္ေတြရဲ႕ အေျခေနေတြအေပၚမွာ အမ်ားႀကီးမူတည္ေနပါတယ္။အစၥေရးမွာ ဟင္းသီးဟင္း႐ြက္အပင္ေလးေတြ စိုက္ပ်ိဳးလုပ္ကိုင္တဲ့လယ္သမားေတြလည္း တျခားလူတန္းစားေတြနည္းတူ BMW တို႔ Mercedes တို႔ ဝယ္စီးႏိုင္ေပမယ့္ ေ႐ႊျမန္မာျပည္မွာေတာ့ လယ္သမားေတြဆိုတာ ဆင္းရဲခ်ဳံ႕တဲ့လြန္းလွတာပါ။ကြၽန္ေတာ္တို႔ ေ႐ႊျမန္မာျပည္က လယ္သမားေတြဟာ အရမ္း႐ိုးသားၾကသလို အရမ္းလည္းဆင္းရဲလြန္းလွပါတယ္။ေနတိုင္းထမင္းနပ္မွန္ေအာင္မနည္း႐ုန္းကန္ေနၾကရတဲ့ လယ္သမားေတြ ကြၽန္ေတာ္တို႔ေ႐ႊျမန္မာျပည္မွာ အမ်ားႀကီးေတြ႕ဖူးပါတယ္။ကြၽန္ေတာ္တို႔ ေ႐ႊျမန္မာျပည္က လယ္သမားေတြဟာ အာဆီယံေဒသအတြင္းက အဆင္းရဲဆုံးလယ္သမားေတြထဲမွာ ပါပါတယ္လို႔ေျပာရင္ မွားမယ္မထင္ပါဘူး။

ေခတ္အဆက္ဆက္ ကြၽန္ေတာ္တို႔ ေ႐ႊျမန္မာျပည္မွာ ျပည္တြင္းကထြက္တဲ့ လယ္ယာထုတ္ကုန္ပစၥည္းေတြက ေစ်းအရမ္းနည္းလြန္းလွပီး ျပည္ပကျပနလည္တင္သြင္းလာတဲ့ ကုန္ပစၥည္းေတြမွန္သမွ်က ေစ်းအရမ္းႀကီးလြန္းလွတာပါ။ဒါကလည္း ေ႐ႊျမန္မာျပည္က လယ္သမားေတြ ဆင္းရဲမြဲေတျခင္းရဲ႕အဓိကအခ်က္လို႔ေျပာလို႔ရပါလိမ့္မယ္။ေ႐ႊျမန္မာျပည္လူဦးေရရဲ႕တစ္ဝက္ေက်ာ္ေလာက္က ေက်းလက္ေဒသမွာ ေနၾကတဲ့ လယ္သမားေတြပါ။ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ေ႐ႊျမန္မာျပည္ရဲ႕ စီးပြါးေရး ၊လူမႈေရးေတြတိုးတက္ေျပာင္းလဲခ်င္ရင္ေတာ့ လူဦးေရရဲ႕ထက္ဝက္ေက်ာ္ေသာ လယ္သမားေတြရဲ႕ဘဝေတြကို တိုးတက္ေျပာင္းလဲေအာင္လုပ္ဖို႔ လိုမယ္ထင္ပါတယ္။

လူထုမြဲေနရင္ တိုင္းျပည္လည္း မြဲေနမွာပါ။အာဏာရွိတဲ့လူအနည္းငယ္သာႀကီးပြါးခ်မ္းသာေန႐ုံနဲ႔ တိုင္းျပည္မခ်မ္းသာဘူးဆိုတာ လက္ရွိအေျခအေနေတြက သက္ေသခံေနတာပါ။ေ႐ႊျမန္မာျပည္ႀကီးတိုးတက္ႀကီးပြါးဖို႔ရာ လူအမ်ားစုျဖစ္တဲ့ လုပ္သမား ၊လယ္သမားေတြရဲ႕ ဘဝေတြကို တိုးတက္ေျပာင္းလဲလာေအာင္ ႀကံဆလုပ္ေဆာင္ေပးသင့္ေနတာပါ။လူအမ်ားစုျဖစ္တဲ့ အလုပ္သမား၊လယ္သမားေတြ ဆင္းရဲမြဲေတေနေသးသမွ် တိုင္းျပည္လည္း တိုးတက္ႀကီးပြါးလာမယ္ မထင္ပါဘူး။

အစၥေရးေရာက္ ေ႐ႊျမန္မာတစ္ေယာက္ ေက်းဇူးတင္ရွိပါသည္။

မူရင္းေရးသားသူအား ေလးစားစြာCredit ေပးပါသည္။