ၾကားသိရသမွ်

ရုပ်ရှင်ဆန်ဆန် သာကေမြို့နယ်က အထည်ဆိုင်ကို သေနတ်နဲ့ဝင်ပစ် အမျိုးသမီးတစ်ဦး သေဆုံး

သာေကတၿမိဳ႕နယ္ရွိ အထည္ဆိုင္တစ္ဆိုင္တြင္ ပစ္ခတ္မႈျဖစ္ပြား အမ်ိဳးသမီး ၁ ဦးေသဆုံးခဲ့

ရန္ကုန္ၿမိဳ႕၊သာေကတၿမိဳ႕နယ္၊ ၇/အေရွ႕ရပ္ကြက္ရွိ အထည္ဆိုင္တစ္ဆိုင္တြင္ ေမ ၁၉ ရက္(ယေန႔) မြန္းလြဲ ၂ နာရီခြဲေက်ာ္က ေသနတ္ပစ္ခတ္မႈျဖစ္ ပြားကာ အမ်ိဳးသမီး ၁ ဦးေသဆုံးၿပီး ၂ ဦးဒဏ္ရာရခဲ့သည္ဟု သိရသည္။

အဆိုပါ အထည္ဆိုင္သည္ ေအာင္သေျပလမ္းႏွင့္စံပယ္လမ္းေထာင့္၌ဖြင့္လွစ္ထားျခင္းျဖစ္ကာ ကားေမာင္းလာသည့္ အမည္မသိအမ်ိဳးသား ၂ ဦးမွဆိုင္အတြင္းသို႔ဝင္ေရာက္၍ ေသနတ္မ်ားျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားနဲ႔ေရာက္လာၿပီး ေသနတ္နဲ႔ပစ္သြားတာလို႔သိရတယ္ ဘာ့ေၾကာင့္ပစ္ခံရတယ္ဆိုတာေတာ့မသိပါဘူး ပစ္ခတ္မႈျဖစ္ၿပီးၿပီးခ်င္း ကားကိုအျပင္းေမာင္းထြက္သြားၾကတာ”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ပစ္ခတ္မႈျဖစ္စဥ္တြင္ အမ်ိဳးသမီး ၁ ဦးမွာ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ၿပီး အ မ်ိဳးသား ၁ ဦးႏွင့္အမ်ိဳးသမီး ၁ ဦးတို႔တြင္လည္း က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ဒဏ္ရာရတဲ့ ၂ ေယာက္နဲ႔ေသသြားတဲ့အမ်ိဳးသမီးကို ေဆး႐ုံကားနဲ႔တင္ေခၚသြားတာေတြ႕တယ္ ေဆး ႐ုံကိုပို႔လိုက္တာျဖစ္မယ္”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

အခင္းျဖစ္စဥ္ေနရာအား လုံျခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

credit

unicode

သာကေတမြို့နယ်ရှိ အထည်ဆိုင်တစ်ဆိုင်တွင် ပစ်ခတ်မှုဖြစ်ပွား အမျိုးသမီး ၁ ဦးသေဆုံးခဲ့

ရန်ကုန်မြို့၊သာကေတမြို့နယ်၊ ၇/အရှေ့ရပ်ကွက်ရှိ အထည်ဆိုင်တစ်ဆိုင်တွင် မေ ၁၉ ရက်(ယနေ့) မွန်းလွဲ ၂ နာရီခွဲကျော်က သေနတ်ပစ်ခတ်မှုဖြစ် ပွားကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

အဆိုပါ အထည်ဆိုင်သည် အောင်သပြေလမ်းနှင့်စံပယ်လမ်းထောင့်၌ဖွင့်လှစ်ထားခြင်းဖြစ်ကာ ကားမောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးမှဆိုင်အတွင်းသို့ဝင်ရောက်၍ သေနတ်များဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားနဲ့ရောက်လာပြီး သေနတ်နဲ့ပစ်သွားတာလို့သိရတယ် ဘာ့ကြောင့်ပစ်ခံရတယ်ဆိုတာတော့မသိပါဘူး ပစ်ခတ်မှုဖြစ်ပြီးပြီးချင်း ကားကိုအပြင်းမောင်းထွက်သွားကြတာ”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်တွင် အမျိုးသမီး ၁ ဦးမှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အ မျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ ၂ ယောက်နဲ့သေသွားတဲ့အမျိုးသမီးကို ဆေးရုံကားနဲ့တင်ခေါ်သွားတာတွေ့တယ် ဆေး ရုံကိုပို့လိုက်တာဖြစ်မယ်”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

အခင်းဖြစ်စဉ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

credit