မနက္ျဖန္မွစကာ ေလျပင္းတိုက္ခတ္ၿပီး မိုးႀကီးမယ့္ ေဒသမ်ား(ဂရုစိုက္ၾကပါ)
ရန္ကုန္တိုင္းအပါအဝင္ တိုင္းႏွင့္ျပည္နယ္ ၇ ခု၌ မနက္ျဖန္မွစကာ မုတ္သုန္ေလအားအလြန္ေကာင္းလာနိုင္၍ ေလျပင္းတိုက္ခတ္ၿပီးမိုးသည္ထန္စြာရြာသြန္းနိုင္ဟု မိုးဇလထုတ္ျပန္
ျမန္မာနိုင္ငံ မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ေမ ၁၈ ရက္(ယေန႔)ေန႔လည္ ၁ နာရီခြဲအ ခ်ိန္၌ တိုင္းထြာရရွိခ်က္မ်ားႏွင့္ပတ္သက္၍ အသိ ေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
မိုးဇလ၏ တိုင္းထြာရရွိခ်က္မ်ားအရ ေမ ၁၉ ရက္ (မနက္ျဖန္)မွေမ ၂၃ ရက္အတြင္း ကပၸလီပင္လယ္ျပင္၊ဘဂၤလားပင္လယ္ေအာ္
အေရွ႕ေတာင္ပိုင္းႏွင့္အေရွ႕အလယ္ပိုင္းတို႔တြင္ မုတ္သုံေလအား ေကာင္းရာမွ အားအလြန္ေကာင္းလာနိုင္သည္ဟု အသိေပးထုတ္ျပန္ခဲ့သည္။
ထို႔ေၾကာင့္ ရန္ကုန္တိုင္း၊ပဲခူးတိုင္း၊ဧရာဝတီ၊တန သၤာရီတိုင္း၊ရခိုင္ျပည္နယ္၊ကရင္ျပည္နယ္ႏွင့္မြန္ ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွေနရာအႏွံ့အျပားမိုးထစ္ခ်ဳန္းရြာကာ
ေဒသအလိုက္ မိုးႀကီးျခင္း၊ေနရာကြက္၍ မိုးႀကီးျခင္းမ်ားႏွင့္ေလျပင္းတိုက္ ခတ္ျခင္းမ်ားျဖစ္ေပၚနိုင္သည္ဟု အသိေပးထုတ္ျပန္ခ်က္မွ သိရသည္။
အလားတူ ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တန သၤာရီကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္ လယ္ျပင္တို႔တြင္ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး
လွိုင္းႀကီးမည္ျဖစ္ကာ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ မိုင္ ၄၀ မွ ၄၅ မိုင္အထိ တိုက္ ခတ္နိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ရခိုင္ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ကမ္း လြန္ပင္လယ္ျပင္တို႔တြင္လည္း မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လွိုင္းႀကီးနိုင္ကာ
ေရျပင္ေၿမ ျပင္ေလသည္ တစ္နာရီလၽွင္ ၃၅ မိုင္မွ မိုင္ ၄၀ အ ထိတိုက္ခတ္နိုင္သည္။
ထို႔ေၾကာင့္ မုတ္သုံေလအားေကာင္းရာမွအားအ လြန္ေကာင္းလာနိုင္၍ မိုးသည္းထန္စြာရြာသြန္းျခင္း၊ေလျပင္းတိုက္ခတ္ျခင္း၊ ႐ုတ္တရက္ေရႀကီးျခင္းႏွင့္ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚနိုင္သျဖင့္
ကုန္းျမင့္ေဒသအနီး ေနထိုင္သူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္ႏွင့္ျမစ္ငယ္၊ေခ်ာင္းငယ္မ်ားအနီးေန
ထိုင္သူမ်ားအေနျဖင့္ ေရႀကီး၊ေရလၽွံမႈမ်ားအား ႀကိဳတင္သတိျပဳၾကရန္ မိုးဇလမွ အသိေပးႏွိုး ေဆာ္ထားသည္။
unicode
မနက်ဖြန်မှစကာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးမယ့် ဒေသများ(ဂရုစိုက်ကြပါ)
ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခု၌ မနက်ဖြန်မှစကာ မုတ်သုန်လေအားအလွန်ကောင်းလာနိုင်၍ လေပြင်းတိုက်ခတ်ပြီးမိုးသည်ထန်စွာရွာသွန်းနိုင်ဟု မိုးဇလထုတ်ပြန်
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၁၈ ရက်(ယနေ့)နေ့လည် ၁ နာရီခွဲအ ချိန်၌ တိုင်းထွာရရှိချက်များနှင့်ပတ်သက်၍ အသိ ပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မိုးဇလ၏ တိုင်းထွာရရှိချက်များအရ မေ ၁၉ ရက် (မနက်ဖြန်)မှမေ ၂၃ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်
အရှေ့တောင်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေအား ကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီ၊တန င်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာကာ
ဒေသအလိုက် မိုးကြီးခြင်း၊နေရာကွက်၍ မိုးကြီးခြင်းများနှင့်လေပြင်းတိုက် ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု အသိပေးထုတ်ပြန်ချက်မှ သိရသည်။
အလားတူ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တန င်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး
လှိုင်းကြီးမည်ဖြစ်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက် ခတ်နိုင်ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်း လွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ
ရေပြင်မြေ ပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အ ထိတိုက်ခတ်နိုင်သည်။
ထို့ကြောင့် မုတ်သုံလေအားကောင်းရာမှအားအ လွန်ကောင်းလာနိုင်၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့်
ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ချောင်းငယ်များအနီးနေ
ထိုင်သူများအနေဖြင့် ရေကြီး၊ရေလျှံမှုများအား ကြိုတင်သတိပြုကြရန် မိုးဇလမှ အသိပေးနှိုး ဆော်ထားသည်။
unicode