ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်ပြီး ရန်ကုန်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာနိုင်တယ်လို့ မိုး/ဇလထုတ်ပြန်
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်ပြီး ယနေ့ ညနေအထိ ရန်ကုန်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ယနေ့ မြန်မာစံတော်ချိန် နံနက် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိခဲ့ပြီး ဆက်လက် တည်ရှိနေတယ်လို့ ဆိုပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းက အနောက်- နောက်မြောက်ဘက်သို ဆက်လက်ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။ယင်းကြောင့် ယနေ့ညနေအထိခန့်မှန်းချက်များအနေဖြင့် ရန်ကုန်တိုင်း နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့ ဆိုပါတယ်။
ဆိုင္ကလုန္းမုန္တိုင္း ျဖစ္ေပၚနိုင္ၿပီး ရန္ကုန္နဲ႔ တနသၤာရီတိုင္းတို႔မွာ မိုးရြာနိုင္တယ္လို႔ မိုး/ဇလထုတ္ျပန္
ဘဂၤလားပင္လယ္ေအာ္မွာ ေလဖိအားနည္းရပ္ဝန္းမွ ဆိုင္ကလုန္းမုန္တိုင္း ျဖစ္ေပၚနိုင္ၿပီး ယေန႔ ညေနအထိ ရန္ကုန္နဲ႔ တနသၤာရီတိုင္းတို႔မွာ မိုးရြာနိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။
ယေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ကပၸလီပင္လယ္ျပင္ အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္း (Low Pressure Area)ဟာ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းနဲ႔ ယင္းနဲ႔ဆက္စပ္လ်က္ရွိတဲ့ ကပၸလီပင္လယ္ျပင္သို႔ ေရာက္ရွိခဲ့ၿပီး ဆက္လက္ တည္ရွိေနတယ္လို႔ ဆိုပါတယ္။
အဆိုပါ ေလဖိအားနည္းရပ္ဝန္းက အေနာက္- ေနာက္ေျမာက္ဘက္သို ဆက္လက္ေရြ႕လ်ားၿပီး၊ ပိုမိုအားေကာင္းလာနိုင္ကာ ေနာက္(၁၂)နာရီအတြင္း ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းနဲ႔ ယင္းနဲ႔ဆက္စပ္လ်က္ရွိတဲ့ ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းမွာ မုန္တိုင္းငယ္ (Depression) အျဖစ္သို႔ ေရာက္ရွိနိုင္တယ္လို႔ သိရပါတယ္။
ဒီဇင္ဘာ ၃ရက္ေန႔မွာေတာ့ ဘဂၤလားပင္လယ္ေအာ္ အလယ္ပိုင္းမွာ ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm) အျဖစ္သို႔ လည္းေကာင္း ေရာက္ရွိနိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာနက ခန႔္မွန္းထားပါတယ္။ယင္းေၾကာင့္ ယေန႔ညေနအထိခန႔္မွန္းခ်က္မ်ားအေနျဖင့္ ရန္ကုန္တိုင္း ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာနိုင္ပါတယ္လို႔ ဆိုပါတယ္။