ၾကားသိရသမွ်

အမေ ရောက်ရာ ဘုံဘဝကနေ ကျေနပ်စေဖို့ ပညာရည်ချွန်ဆု ရယူပေးခဲ့တဲ့ မီးမီးခဲ ရဲ့ သားလေး နပိုလီယံရဲ့ ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ အဆိုတော် မီးမီးခဲကတော့ လွန်ခဲ့တဲ့ နှစ်က ကင်ဆာရောဂါဖြင့် သူချစ်ရတဲ့ မိသားစုကို ခွဲခွာပြီးဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

တန်ဖိုးရှိလွန်းလှတဲ့ အဆိုပညာရှင်တစ်ဦး ဆုံးရှုံးလိုက်ရတဲ့အတွက် ပရိသတ်တွေက ဒီမေ့အထိ အောက်မေ့ သတိရနေဆဲ ဖြစ်ပါတယ်။သူမရဲ့ သီချင်းလေးတွေဟာလည်းလူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်း စားနေဆဲ ဖြစ်ပါတယ်။

မီးမီးခဲရဲ့ သမီးကြီးကတော့ မြန်မာနိုင်ငံတွင်နေထိုင်လျက်ရှိပြီးနောက်အိမ်ထောင် နဲ့ ရတဲ့ သားနဲ့ သမီးကတော့ပြည်ပနိုင်ငံမှာ ဖခင်နဲ့အတူ နေထိုင်လျက် ရှိပါတယ်။

မီးမီးခဲရဲ့ အမှတ်တရနေ့ရက်များကိုလည်း ခင်ပွန်းဖြစ်သူမှသတိရခြင်းများစွာဖြင့် ကျင်းပပေးနေဆဲ ဖြစ်ပါတယ်။ သားနဲ့ သမီးကလည်း မိခင်မရှိတော့ပေမယ့် ဖခင်ရဲ့ဆိုဆုံးမမှုတွေကြောင့် သိတတ်လိမ္မာနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင်မိနစ်ပိုင်းလောက်က မီးမီးခဲခင်ပွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်ဗီဒီယိုလေးတစ်ခု တင်ထားတာဖြစ်ပါတယ်။ ဒါကတော့ အသက်ငယ်ငယ်လေးနဲ့ ပညာရည်ချွန်ဆု တက်ယူရန်

ကြိုတင်လေ့ကျင့်ပြင်ဆင်နေတဲ့ မီးမီးခဲသားငယ်လေး နပိုလီယံရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဒီဗီဒီယိုဖိုင်လေးကို ကြည့်ရှုအားပေးနိုင်စေဖို့ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit







Credit