(Unicodeဖြင့် ဖတ်ရန်)
လူသိများတဲ့ ဆယ်လီတစ်ဦးဖြစ်တဲ့ ပန်ဆယ်လိုကတော့ ရေခြားမြေခြား ရောက်နေကြတဲ့ မိဘနဲ့သားသမီးတို့ ကြုံတွေ့ ရင်မောရတဲ့ ကိစ္စတစ်ရပ်ကို အခုလိုပဲ ရေးသား ရင်ဖွင့်လာခဲ့ပါတယ်နော်။
“Personal Feelingပါ.. အရေးကြီးကိစ္စ မဟုတ်လို့ အချိန်မရရင် ကျော်သွားလို့ ရပါတယ်။ကိုယ်ဟာ မြန်မာပြည်မှာတုန်းက မြန်မာစကားမတတ်တဲ့ ကလေးတွေကို မနှစ်သက်ခဲ့ဘူး။
မြန်မာပြည်မှာ နေပြီး မြန်မာစကားမတတ်ရင် အထင်သေးသလို ပြည်ပမှာနေပြီး မြန်မာစကား မတတ်ရင်တောင် မိဘက သင်ပေးသင့်တာပေါ့လို့ တွေးခဲ့ဖူးတယ်။
ကိုယ့်သမီးလေးဟာ အာဏာသိမ်းချိန်မှာ သုံးနှစ်နဲ့ နှစ်လပဲ ရှိသေးတယ်။ မြန်မာစကားကို ပြောနေပြီဆိုပေမယ့် လည်လည်ပတ်ပတ် မဟုတ်သေးဘူး။ ဖေဖော်ဝါရီလ အိမ်က ကိုယ်ရှောင်ရပြီး
မကြာခင်မှာပဲ သမီးအပါအဝင် တစ်မိသားစုလုံး ရှောင်ရတော့တယ်။ သမီးနဲ့ကိုယ်ဟာ နှစ်ဝက်လောက် လုံးဝ ခွဲနေလိုက်ရတယ်။ သမီးဟာ ရွယ်တူ အဖော်မရှိတဲ့ အခန်းသေးသေးလေးထဲမှာ ပိတ်လှောင်ခံရသလို ဖြစ်ခဲ့တယ်။
အရင်ကိုယ်နဲ့ အတူရှိစဉ်က ဆယ့်ငါးမိနစ်အထက် Tablet, ဖုန်း ပေးမကြည့်တဲ့ အကျင့်ကနေ ကလေးငိုရင် အသံထွက်ရင် အဆင်မပြေတဲ့အနေအထားမှာ အလိုလိုက်ရင်း အရင်ထက် Tablet ကြည့်ချိန် အရမ်းများသွားတယ်။
လူကြီးတွေက မြန်မာစကားတစ်မျိုးပဲ ပြော ပေမယ့် သမီးဟာ သူ့ကြည့်နေကျ YouTube Video ထဲက ရွယ်တူကလေးတွေဆီက ဘာသာစကားကို ပိုသင်ယူသွားပုံရတယ်။
သမီးဟာ ဒီနိုင်ငံရောက်လာပြီး ကျောင်းတက်ဖို့ အသက်မပြည့်လို့ အိမ်မှာနေရချိန်မှာတောင် အင်္ဂလိပ်လို ပြောဖို့ ပိုအားသန်နေ တယ်။ရောက်စ လပိုင်းအတွင်းမှာ ဒီနိုင်ငံအသိုင်းအဝိုင်းနဲ့၊
ဒီက ကလေးတွေနဲ့ မထိတွေ့ရသေးခင်မှာကို အင်္ဂလိပ်လို ပြောနေတာ ကိုယ်စိုးရိမ်စိတ် ဝင်လာတယ်။ သမီးကို မြန်မာစကား ဖိသင်ပေမယ့် ကိုယ်ကလည်း ဒီကိစ္စရပ်တွေနဲ့ သမီးကို တစ်ချိန်လုံး စကားပြောပေး မနေဖြစ်ဘူး။
သမီးဟာ.. ကျောင်းတက်တာနဲ့ မိခင်ဘာသာစကား လုံးဝပျောက်သွားမလား ကိုယ်တွေးပူနေ မိတော့တယ်။
တစ်ခုခုလာပြောရင် အင်္ဂလိပ်လို့ ဝါကျရှည်တွေပါ ပြောနေတယ်။ မြန်မာလိုမှ မပြောရင် ကိုယ်က ပြန်မပြောဘူး။
မေမေနားမလည်ဘူးပဲ ငြင်းလွှတ်ပေမယ့် သူခက်ခဲနေတာ သိတော့ သနားမိပြန်တယ်။ အခုတော့ ဘာသာစကား လုံးဝ မပျောက်သွားသေးပေမယ့် နောက်နှစ် ကျောင်းတက်တဲ့အခါ ဒီအခြေအနေကို ကိုယ် တားဆီးနိုင်ပါ့မလား။
မြန်မာလိုပြောဖို့ အရမ်းဖိအားပေးရင်ရော ကလေး အရမ်းပင်ပန်းမလား။တကယ်ပါ ကိုယ်ဝမ်းနည်းမိတယ်။ ကိုယ်ဟာ ပြည်ပမှာ အသက်ရှင်ဖို့ တစ်ခါလေးမှ မတွေးခဲ့ဖူးသူတစ်ယောက်။
ပြည်ပရောက် မြန်မာမိခင်တစ်ယောက်ဘဝဆို ပိုဝေးသေးတယ်။ ယောင်လို့တောင် မတွေးမိသလို ဒီအခက်အခဲတွေ အတွက် ဘယ်လိုဖြေရှင်းရမလဲ ကိုယ့်အနေနဲ့ အစိမ်းသက်သက်ပါပဲ။
မြန်မာပြည်မှာ နေတုန်းက သမီးကို အင်္ဂလိပ်စာ အရမ်းကျွမ်းကျင်စေချင်ခဲ့တာ။ အခုတော့ သမီးနှုတ်က အင်္ဂလိပ်လို ပြောတာကို ကိုယ်မနှစ်သက်သလို ခံစားနေမိတယ်။
ဒါပေမယ့် ကိုယ်တားဆီးသင့်တဲ့ ကိစ္စမဟုတ်သလို တားဆီးဖို့ခက်တာလည်း သိနေတယ်။ နှစ်မျိုးစလုံး ပြောနိုင်ဖို့ ကိုယ်ကြိုးစားကြည့်ဖို့ပဲ ရှိတော့တယ်။
ဒီရောက်လာတော့ ကိုယ့်အတွက် အကြီးဆုံးအခက်အခဲဟာ ဘာသာစကားပါပဲ။ အနည်းငယ်တော့ ပြောနိုင်ပေမယ့် များများစားစားပြောရမယ့်အရာတွေကို ကိုယ်စိတ်ညစ်ရတယ်။
နိုင်ငံပေါင်းစုံက လေယူလေသိမ်းပေါင်းစုံကို ဖမ်းမိဖို့လည်း အတော်ကြိုးစားရတယ်။ မြန်မာလို လက်လက်ထ ဂျင်ဂျင်လည် ဒိုးဒိုးဒေါက်ဒေါက် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ရေးနိုင်တဲ့ ကိုယ်ဟာ
ဒီမှာ သိပေမယ့် အများကြီးမပြောနိုင်လို့ နှုတ်ဆွံ့သလို နေနေရတာတွေကို အမုန်းတီးဆုံးပါပဲ။အကယ်၍ တစ်နေ့ ကိုယ်မြန်မာပြည်ပြန်တဲ့အချိန်ကျ..
ကိုယ့်သမီးဟာ အခု ကိုယ်ရင်ဆိုင်နေရတဲ့အခက်အခဲကို ရင်ဆိုင်ရတော့မယ်ဆိုတာ တွေးနေမိတယ်။ တော်လှန်ရေးဟာ ဒီနေ့မနက်ဖြန် အောင်ပြီဆိုရင်တောင် ..
ကိုယ်တို့လို ဒီဘက်ရောက် သွားသူတွေဟာ နိုင်ငံအစိုးရက Stable ဖြစ်ပြီ၊ ပြန်လာလို့ရပြီဆိုပြီး တရားဝင်ပြန်မခေါ်မချင်း ပြန်လို့မရပါဘူး။
ဒီကြားကာလဟာ အချိန်ကြာသွားလေ ကိုယ့်ရဲ့ ပြည်တော်ပြန်အိပ်မက်က ဝေးလေပဲ ဖြစ်လာတော့မှာ။
လွတ်မြောက်သွားပေမယ့် ပြည်တွင်းက အားလုံးနည်းတူ လမ်းပျောက်နေဆဲပါပဲ။ ဒီနိုင်ငံကို အရင်ရောက်နေတဲ့ လူတိုင်းက အစမှာ နှစ်နှစ်လောက် ဒီလိုပဲလို့ အားပေးကြပါတယ်။
ပြည်ပမှာ ရှင်သန်နေထိုင်ခဲ့ဖို့ ရွေးချယ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လာခဲ့ကြသူတွေတောင် ဒီရောက်ရင် ပြန်ပြေးချင်တယ်ချည်း ပြောကြတာ။ ကိုယ်ကတော့ အခြားဂြိုလ်တစ်ခုပေါ် ပစ်ချခံလိုက်ရသလို ခံစားမိနေဆဲပဲ။
ဒီကနေ ညည်းပြသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ နိစ္စဒူဝ ရင်ဆိုင်နေရတဲ့ မတူညီမှုတွေ အများကြီးကြားမှာ တိုင်တည် ရင်ဖွင့်ချင်မိတဲ့ သဘောပါပဲ။
ဒီအရာတွေကို ရင်ဆိုင်ဖြတ်သန်းဖို့ ရင့်ကျက်ဖို့ ကြိုးစားရုံအပြင် အခြားမရှိပါဘူး။သမီးက သူစိတ်ကောက်ရင် စိတ်ဆိုးလာပြီ၊
ရန်ကုန် ပြန်လိုက်တော့မယ်လို့ ပြောတယ်။ ပြန်လေ ဘာနဲ့ ပြန်မလဲဆိုတော့ လမ်းလျှောက် ပြန်မှာတဲ့။
လာလေ အတူလျှောက်ကြမယ် ပြောရင်း မျက်ရည်ဝဲရင်း ရယ်မိတယ်။ အချို့လမ်းတွေဟာ လျှောက်တိုင်းမှ မရောက်နိုင်တာ သမီးတစ်နေ့ကျ နားလည်လာပါလိမ့်မယ်လေ။
သမီးကို အတင်းဖက်ရင် သူက Stop it, Stop it လို့ အော်တယ်။ မြန်မာလိုပြောမှ လွှတ်မယ်ဆိုတော့ မလုပ်ပါနဲ့လို့ မပြောဘဲ လုပ်ကြပါဦးရှင်တဲ့။ ဟာသမြောက်ပေမယ့် ရယ်ဖို့ အင်အားမရှိဘူး။
ဒါတွေဟာ ကိုယ်လွန်မြောက်အောင် ဖြတ်သန်းရမယ့် အရာတွေပါပဲ။ ကြေကွဲမိပေမယ့် နောင်တတော့ တစ်စက်လေးမှ မရှိပါကွယ်။
ကိုယ်ဟာ သာမန်ထက် ခက်မာစူးရှရမယ့် ဘဝကို ရွေးချယ်ခဲ့ပြီးပြီပဲ။” Source: ပန်ဆယ်လို
(Zawgyi ဖြင့်ဖတ်ရန်)
လူသိမ်ားတဲ့ ဆယ္လီတစ္ဦးျဖစ္တဲ့ ပန္ဆယ္လိုကေတာ့ ေရျခားေျမျခား ေရာက္ေနၾကတဲ့ မိဘနဲ႕သားသမီးတို႔ ႀကဳံေတြ႕ ရင္ေမာရတဲ့ ကိစၥတစ္ရပ္ကို အခုလိုပဲ ေရးသား ရင္ဖြင့္လာခဲ့ပါတယ္ေနာ္။
“Personal Feelingပါ.. အေရးႀကီးကိစၥ မဟုတ္လို႔ အခ်ိန္မရရင္ ေက်ာ္သြားလို႔ ရပါတယ္။ကိုယ္ဟာ ျမန္မာျပည္မွာတုန္းက ျမန္မာစကားမတတ္တဲ့ ကေလးေတြကို မႏွစ္သက္ခဲ့ဘူး။
ျမန္မာျပည္မွာ ေနၿပီး ျမန္မာစကားမတတ္ရင္ အထင္ေသးသလို ျပည္ပမွာေနၿပီး ျမန္မာစကား မတတ္ရင္ေတာင္ မိဘက သင္ေပးသင့္တာေပါ့လို႔ ေတြးခဲ့ဖူးတယ္။
ကိုယ့္သမီးေလးဟာ အာဏာသိမ္းခ်ိန္မွာ သုံးႏွစ္နဲ႕ ႏွစ္လပဲ ရွိေသးတယ္။ ျမန္မာစကားကို ေျပာေနၿပီဆိုေပမယ့္ လည္လည္ပတ္ပတ္ မဟုတ္ေသးဘူး။ ေဖေဖာ္ဝါရီလ အိမ္က ကိုယ္ေရွာင္ရၿပီး
မၾကာခင္မွာပဲ သမီးအပါအဝင္ တစ္မိသားစုလုံး ေရွာင္ရေတာ့တယ္။ သမီးနဲ႕ကိုယ္ဟာ ႏွစ္ဝက္ေလာက္ လုံးဝ ခြဲေနလိုက္ရတယ္။ သမီးဟာ ႐ြယ္တူ အေဖာ္မရွိတဲ့ အခန္းေသးေသးေလးထဲမွာ ပိတ္ေလွာင္ခံရသလို ျဖစ္ခဲ့တယ္။
အရင္ကိုယ္နဲ႕ အတူရွိစဥ္က ဆယ့္ငါးမိနစ္အထက္ Tablet, ဖုန္း ေပးမၾကည့္တဲ့ အက်င့္ကေန ကေလးငိုရင္ အသံထြက္ရင္ အဆင္မေျပတဲ့အေနအထားမွာ အလိုလိုက္ရင္း အရင္ထက္ Tablet ၾကည့္ခ်ိန္ အရမ္းမ်ားသြားတယ္။
လူႀကီးေတြက ျမန္မာစကားတစ္မ်ိဳးပဲ ေျပာ ေပမယ့္ သမီးဟာ သူ႕ၾကည့္ေနက် YouTube Video ထဲက ႐ြယ္တူကေလးေတြဆီက ဘာသာစကားကို ပိုသင္ယူသြားပုံရတယ္။
သမီးဟာ ဒီနိုင္ငံေရာက္လာၿပီး ေက်ာင္းတက္ဖို႔ အသက္မျပည့္လို႔ အိမ္မွာေနရခ်ိန္မွာေတာင္ အဂၤလိပ္လို ေျပာဖို႔ ပိုအားသန္ေန တယ္။ေရာက္စ လပိုင္းအတြင္းမွာ ဒီနိုင္ငံအသိုင္းအဝိုင္းနဲ႕၊
ဒီက ကေလးေတြနဲ႕ မထိေတြ႕ရေသးခင္မွာကို အဂၤလိပ္လို ေျပာေနတာ ကိုယ္စိုးရိမ္စိတ္ ဝင္လာတယ္။ သမီးကို ျမန္မာစကား ဖိသင္ေပမယ့္ ကိုယ္ကလည္း ဒီကိစၥရပ္ေတြနဲ႕ သမီးကို တစ္ခ်ိန္လုံး စကားေျပာေပး မေနျဖစ္ဘူး။
သမီးဟာ.. ေက်ာင္းတက္တာနဲ႕ မိခင္ဘာသာစကား လုံးဝေပ်ာက္သြားမလား ကိုယ္ေတြးပူေန မိေတာ့တယ္။
တစ္ခုခုလာေျပာရင္ အဂၤလိပ္လို႔ ဝါက်ရွည္ေတြပါ ေျပာေနတယ္။ ျမန္မာလိုမွ မေျပာရင္ ကိုယ္က ျပန္မေျပာဘူး။
ေမေမနားမလည္ဘူးပဲ ျငင္းလႊတ္ေပမယ့္ သူခက္ခဲေနတာ သိေတာ့ သနားမိျပန္တယ္။ အခုေတာ့ ဘာသာစကား လုံးဝ မေပ်ာက္သြားေသးေပမယ့္ ေနာက္ႏွစ္ ေက်ာင္းတက္တဲ့အခါ ဒီအေျခအေနကို ကိုယ္ တားဆီးနိုင္ပါ့မလား။
ျမန္မာလိုေျပာဖို႔ အရမ္းဖိအားေပးရင္ေရာ ကေလး အရမ္းပင္ပန္းမလား။တကယ္ပါ ကိုယ္ဝမ္းနည္းမိတယ္။ ကိုယ္ဟာ ျပည္ပမွာ အသက္ရွင္ဖို႔ တစ္ခါေလးမွ မေတြးခဲ့ဖူးသူတစ္ေယာက္။
ျပည္ပေရာက္ ျမန္မာမိခင္တစ္ေယာက္ဘဝဆို ပိုေဝးေသးတယ္။ ေယာင္လို႔ေတာင္ မေတြးမိသလို ဒီအခက္အခဲေတြ အတြက္ ဘယ္လိုေျဖရွင္းရမလဲ ကိုယ့္အေနနဲ႕ အစိမ္းသက္သက္ပါပဲ။
ျမန္မာျပည္မွာ ေနတုန္းက သမီးကို အဂၤလိပ္စာ အရမ္းကြၽမ္းက်င္ေစခ်င္ခဲ့တာ။ အခုေတာ့ သမီးႏႈတ္က အဂၤလိပ္လို ေျပာတာကို ကိုယ္မႏွစ္သက္သလို ခံစားေနမိတယ္။
ဒါေပမယ့္ ကိုယ္တားဆီးသင့္တဲ့ ကိစၥမဟုတ္သလို တားဆီးဖို႔ခက္တာလည္း သိေနတယ္။ ႏွစ္မ်ိဳးစလုံး ေျပာနိုင္ဖို႔ ကိုယ္ႀကိဳးစားၾကည့္ဖို႔ပဲ ရွိေတာ့တယ္။
ဒီေရာက္လာေတာ့ ကိုယ့္အတြက္ အႀကီးဆုံးအခက္အခဲဟာ ဘာသာစကားပါပဲ။ အနည္းငယ္ေတာ့ ေျပာနိုင္ေပမယ့္ မ်ားမ်ားစားစားေျပာရမယ့္အရာေတြကို ကိုယ္စိတ္ညစ္ရတယ္။
နိုင္ငံေပါင္းစုံက ေလယူေလသိမ္းေပါင္းစုံကို ဖမ္းမိဖို႔လည္း အေတာ္ႀကိဳးစားရတယ္။ ျမန္မာလို လက္လက္ထ ဂ်င္ဂ်င္လည္ ဒိုးဒိုးေဒါက္ေဒါက္ ကြၽမ္းကြၽမ္းက်င္က်င္ ေျပာနိုင္ေရးနိုင္တဲ့ ကိုယ္ဟာ
ဒီမွာ သိေပမယ့္ အမ်ားႀကီးမေျပာနိုင္လို႔ ႏႈတ္ဆြံ႕သလို ေနေနရတာေတြကို အမုန္းတီးဆုံးပါပဲ။အကယ္၍ တစ္ေန႕ ကိုယ္ျမန္မာျပည္ျပန္တဲ့အခ်ိန္က်..
ကိုယ့္သမီးဟာ အခု ကိုယ္ရင္ဆိုင္ေနရတဲ့အခက္အခဲကို ရင္ဆိုင္ရေတာ့မယ္ဆိုတာ ေတြးေနမိတယ္။ ေတာ္လွန္ေရးဟာ ဒီေန႕မနက္ျဖန္ ေအာင္ၿပီဆိုရင္ေတာင္ ..
ကိုယ္တို႔လို ဒီဘက္ေရာက္ သြားသူေတြဟာ နိုင္ငံအစိုးရက Stable ျဖစ္ၿပီ၊ ျပန္လာလို႔ရၿပီဆိုၿပီး တရားဝင္ျပန္မေခၚမခ်င္း ျပန္လို႔မရပါဘူး။
ဒီၾကားကာလဟာ အခ်ိန္ၾကာသြားေလ ကိုယ့္ရဲ႕ ျပည္ေတာ္ျပန္အိပ္မက္က ေဝးေလပဲ ျဖစ္လာေတာ့မွာ။
လြတ္ေျမာက္သြားေပမယ့္ ျပည္တြင္းက အားလုံးနည္းတူ လမ္းေပ်ာက္ေနဆဲပါပဲ။ ဒီနိုင္ငံကို အရင္ေရာက္ေနတဲ့ လူတိုင္းက အစမွာ ႏွစ္ႏွစ္ေလာက္ ဒီလိုပဲလို႔ အားေပးၾကပါတယ္။
ျပည္ပမွာ ရွင္သန္ေနထိုင္ခဲ့ဖို႔ ေ႐ြးခ်ယ္ၿပီး စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္လာခဲ့ၾကသူေတြေတာင္ ဒီေရာက္ရင္ ျပန္ေျပးခ်င္တယ္ခ်ည္း ေျပာၾကတာ။ ကိုယ္ကေတာ့ အျခားၿဂိဳလ္တစ္ခုေပၚ ပစ္ခ်ခံလိုက္ရသလို ခံစားမိေနဆဲပဲ။
ဒီကေန ညည္းျပသလို ျဖစ္သြားရင္ ေတာင္းပန္ပါတယ္။ နိစၥဒူဝ ရင္ဆိုင္ေနရတဲ့ မတူညီမႈေတြ အမ်ားႀကီးၾကားမွာ တိုင္တည္ ရင္ဖြင့္ခ်င္မိတဲ့ သေဘာပါပဲ။
ဒီအရာေတြကို ရင္ဆိုင္ျဖတ္သန္းဖို႔ ရင့္က်က္ဖို႔ ႀကိဳးစား႐ုံအျပင္ အျခားမရွိပါဘူး။သမီးက သူစိတ္ေကာက္ရင္ စိတ္ဆိုးလာၿပီ၊
ရန္ကုန္ ျပန္လိုက္ေတာ့မယ္လို႔ ေျပာတယ္။ ျပန္ေလ ဘာနဲ႕ ျပန္မလဲဆိုေတာ့ လမ္းေလွ်ာက္ ျပန္မွာတဲ့။
လာေလ အတူေလွ်ာက္ၾကမယ္ ေျပာရင္း မ်က္ရည္ဝဲရင္း ရယ္မိတယ္။ အခ်ိဳ႕လမ္းေတြဟာ ေလွ်ာက္တိုင္းမွ မေရာက္နိုင္တာ သမီးတစ္ေန႕က် နားလည္လာပါလိမ့္မယ္ေလ။
သမီးကို အတင္းဖက္ရင္ သူက Stop it, Stop it လို႔ ေအာ္တယ္။ ျမန္မာလိုေျပာမွ လႊတ္မယ္ဆိုေတာ့ မလုပ္ပါနဲ႕လို႔ မေျပာဘဲ လုပ္ၾကပါဦးရွင္တဲ့။ ဟာသေျမာက္ေပမယ့္ ရယ္ဖို႔ အင္အားမရွိဘူး။
ဒါေတြဟာ ကိုယ္လြန္ေျမာက္ေအာင္ ျဖတ္သန္းရမယ့္ အရာေတြပါပဲ။ ေၾကကြဲမိေပမယ့္ ေနာင္တေတာ့ တစ္စက္ေလးမွ မရွိပါကြယ္။
ကိုယ္ဟာ သာမန္ထက္ ခက္မာစူးရွရမယ့္ ဘဝကို ေ႐ြးခ်ယ္ခဲ့ၿပီးၿပီပဲ။” Source: ပန္ဆယ္လို