ၾကားသိရသမွ်

အတိုင်ပင်ခံ အမှုကို အမိန့်ချဖို့ စစ်ကောင်စီ ဘာကြောင့် ရွှေ့ဆိုင်းလိုက်တာလဲ

” အင်တာပို ၊ အာဂျင်တီးနား တရားရုံးတွေရဲ့ တွန်းအားနဲ့ အမေစုအမှု့ကို အမိန့်ချဖို့ ရွှေ့ဆိုင်းလိုက်တဲ့ စစ်ကောင်စီ ”

မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ်

အမိန့်ချဖို့ကို တရားရုံးက ဒီဇင်ဘာ ၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ် ။ ရွှေ့ဆိုင်းရတဲ့

အကြောင်းရင်းကိုတော့ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အဖြေမပေးခဲ့ပါဘူး ။

ကိုဗစ် နိုင်တင်း ကန့်သတ်ချက်တွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ အမှု့ကို အရင်ဆုံးချမှတ်နိုင်ပါတယ် ။

စွပ်စွဲချက်မှာ မနှစ်က မဲဆွယ်စည်းရုံးစဉ်အတွင်း အိမ်အရှေ့ကဖြတ်လာတဲ့ စည်းရုံးရေးယာဉ်တန်းကို

လက်ပြနုတ်ဆက်ခဲ့တဲ့အတွက်လို့ အကြောင်းပြထားပါတယ် ။

ရာထူးကနေ ဖယ်ရှားခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဦးမျိုးအောင်တို့ကိုလည်း

ကိုဗစ်နိုင်တင်း ကန့်သတ်ချက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ ။ သို့ပေမယ့်

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှု့တွေဟာ နိုင်ငံတကာဥပဒေမှာတော့

အာမခံချက် ရနိုင်တဲ့ အမှု့တွေပါလို့ ကျွမ်ူကျင်သူတွေက သုံးသပ်ထားပါတယ် ။

လူ့အခွင့်အရေးစောင့်ကြည့်ရေးဌာနက အာရှရေးရာ ဌာနခွဲက လက်ထောက်ဒါရိုက်တာ Phill Robertson ကတော့

” စွပ်စွဲထားတဲ့ အမှု့တွေဟာ သိပ်ပြီး ကြီးကျယ်တာတွေ မဟုတ်ပါဘူး ။ ဥပဒေအတိုင်းဆိုရင်

လွှတ်ပေးရမှာပါ ။ သို့ပေမယ့် မြန်မာတရားရုံးတွေကို စစ်တပ်က ကြိုးကိုင်ထားတဲ့အတွက်

အပြစ်ရှိတယ်လို့ အမိန့်ချနိုင်ပါတယ် ။ အတုအယောင် စွပ်စွဲမှု့တွေပါ ။

ဒါဟာ နိုင်ငံရေး လွတ်လပ်မှု့ပါ ။ မြန်မာစစ်တပ်ရဲ့ စွပ်စွဲချက်ကို လက်မခံနိုင်ပါဘူး ”

” တရားမျှတတဲ့ တရားစီရင်မှု့ လုပ်ထုံးလုပ်နည်းတွေကို မြန်မာစစ်ကောင်စီက မျက်ကွယ်ပြုထားပါတယ် ။

ရွေးကောက်ခံအစိုးရကို ချုပ်နှောင်ပြီး အများပြည်သူနဲ့ သတင်းသမားတွေ ဝင်ရောက်ခွင့်မရှိတဲ့

ဒီတရားစီရင်မှု့ကို အသိအမှတ်မပြုပါဘူး ” လို့ ရောဘတ်ဆန်က ပြောလိုက်တာပါ ။

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အမှု့ကို ကြားနာနေစဉ်မှာ ပြည်တွင်းမှာလည်း လျှတ်တပြက်

ဆန္ဒပြမှု့တွေ ဖြစ်ပွားခဲ့ပါတယ် ။ NUG အစိုးရဟာ နိုင်ငံတကာက အသိအမှတ်အပြုခံရဖို့အတွက် ကြိုးစားနေပါတယ် ။

NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ” ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးနေတဲ့အမှု့ဟာ

တရားဥပဒေစိုးမိုးရေးနဲ့ ဘာမှမဆိုင်ပါဘူး ။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်အုပ်စိုးနိုင်ဖို့ အားထုတ်မှု့ပါ ”

လို့ နိုင်ငံတကာသတင်းဌာနတွေကို ပြောကြားလိုက်ပါတယ် ။

ဆိုရရင် …….၊

အမေစုကို အမိန့်ချမယ့်နေ့မှာ အကြောင်းပြချက်မရှိပဲ ရွှေ့ဆိုင်းလိုက်တယ် ။ ဒါကိုကြည့်ရင် စစ်ကောင်စီဟာ

အမေစုကို အမိန့်ချဖို့အတွက် ဘယ်လိုတုံ့ပြန်ခံရမလဲ ဆိုတာကို ချီတုံချတုံနဲ့ ဂဏာမငြိမ်သလိုပါပဲ ။ ဒီအမှု့ကို

လူ့အခွင့်အရေးအဖွဲ့တွေကလည်း အသိအမှတ်မပြုနိုင်ဘူးလို့ အော်နေကြတာပါ ။

အမိန့်ရွှေ့လိုက်တဲ့ကိစ္စဟာ ပြည်ထဲရေးဝန်ကြီး ( ရာထူးမှားရင် ပြင်ပေးပါ ) သန်းလှိုင် နိုင်ငံတကာရဲအဖွဲ့

( INTERPOL ). ညီလာခံကနေ ပြန်လာတဲ့အကြောင်းနဲ့လည်း ပတ်သက်နိုင်ပါတယ် ။ တူရကီနိုင်ငံမှ

ာ ကျင်းပတဲ့ နိုင်ငံတကာ ရဲအဖွဲ့ရဲ့ ညီလာခံမှာ မြန်မာရဲတပ်ဖွဲ့ ကိုယ်စားလှယ်ကို ဥက္ကဋ္ဌဖြစ်သူ

KIM JONG YANG က သီးသန့် ခေါ်ယူတွေ့ဆုံခဲ့ပါတယ် ။ ချစ်လွန်းလို့တော့ မဟုတ်ပါဘူး ။

မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှု့မှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ ချိုးဖောက်နေတဲ့အကြောင်း ၊

နယ်စပ်ဖြတ်ကျော်ပြီး တရားခံ ဖမ်းဆီး လွှဲပြောင်းမှု့တွေအပါအဝင် များပြားလှတဲ့ ကတိကဝတ်တွေ

ပေးခဲ့ရတယ်လို့ တူရကီသတင်းဌာနက ခန့်မှန်းထားပါတယ် ။

နောက်တစ်ခုကတော့ …၊ မနေ့က ကြေငြာလိုက်တဲ့ အာဂျင်တီးနား တရားရုံးက မြန်မာစစ်တပ်ရဲ့

စစ်ရာဇဝတ်မှု့တွေကို အမှု့အဖြစ်နဲ့ လက်ခံလိုက်တာမို့ ဒီအခြေအနေအပေါ်မှာ တုန့်ဆိုင်းသွားတာလည်း ဖြစ်နိုင်ပါတယ် ။

အမေစုကို ဘယ်လိုအမိန့်ချသည်ပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးရဲ့ အခြေအနေဟာ ပြည်တွင်းတော်လှန်အား

၊ ပြည်ပသံတမန်နည်းလမ်း ၊ ဥပဒေလမ်းကြောင်းတွေနဲ့ တဖြေးဖြေး ချောင်ပိတ်ခံထားရပြီမို့ စစ်ကောင်စီကတော့ ပြေးပေါက်မရှိတော့ပါဘူး ။

ဘကြီးအောင် LA