ၾကားသိရသမွ်

မီးအိမ်ရှင်မလေး အိမ်ပြန်ခရီး

မီးအိမ္ရွင္မေလး အိမ္ျပန္ခရီး

မေန႔က မုံရြာၿမိဳ႕ ရတနာပုံရပ္ ပစ္ခတ္မႈမွာ ဒဏ္ရာရ လူနာေတြကို ကုသေပးရင္း ကိုယ္တိုင္ဦးေခါင္းက်ည္မွန္ က်ဆုံးခဲ့တဲ့ သူနာျပဳေက်ာင္းသူ မသဥၨာဟိန္း(၂၀)ႏွစ္ကို သူ႔ရဲ့ေမြးရပ္ေၿမ ကနီၿမိဳ႕နယ္ သလင္းရြာအထိ ဒီေန႔ ျပန္သယ္သြားခဲ့ပါၿပီ။

သူနာျပဳေက်ာင္းတက္ရင္း မိဘေတြတားဆီးတဲ့ၾကားကေန ေႏြဦးေတာ္လွန္ေရးမွာ ရိုးရွင္းတဲ့လူထုမိန႔္ခြန္းေတြတက္ေျပာခဲ့တဲ့ သူမအတြက္ ေမြးရပ္ေၿမ အိမ္ျပန္ခရီးဟာ လူထုမ်က္ရည္ေတြနဲ႔လမ္းျဖစ္ေနပါတယ္။

“သူငယ္ခ်င္းေတြကိုတစ္ခုေျပာမယ္။ဒီခ်ိန္မွာ မိဘကိုလိမ္ရမွာမေၾကာက္နဲ႔။အနာဂတ္မွာ ဒီတိုက္ပြဲကို မပါဝင္ခဲ့ဘဲ ဝင္ခဲ့ပါတယ္လို႔ လိမ္ရမွာရွက္ၾက” လို႔ သူမေျပာခဲ့တဲ့စကား လူမႈကြန္ရက္မွာ မေန႔က ေဝမၽွမႈအမ်ားဆုံး စကားလုံး ျဖစ္ခဲ့ပါတယ္။

“ဓူဝံၾကယ္ၿပီးရင္အလင္းလက္ဆုံးၾကယ္က မုံရြာလူငယ္” လို႔တင္စားခဲ့တဲ့သူမ စကားလုံးေတြဟာ မုံရြာနဲ႔ မိုင္၂၀ေက်ာ္ေဝးတဲ့ ေမြးရပ္ကနီၿမိဳ႕ထိ ပဲ့တင္ဟပ္ေနပါၿပီလို႔ လူငယ္ေတြက ဂုဏ္ျပဳစကားဆိုပါတယ္။

မုံရြာေဂဇက္

Unicode

မီးအိမ်ရှင်မလေး အိမ်ပြန်ခရီး

မနေ့က မုံရွာမြို့ ရတနာပုံရပ် ပစ်ခတ်မှုမှာ ဒဏ်ရာရ လူနာတွေကို ကုသပေးရင်း ကိုယ်တိုင်ဦးခေါင်းကျည်မှန် ကျဆုံးခဲ့တဲ့ သူနာပြုကျောင်းသူ မသဉ္ဇာဟိန်း(၂၀)နှစ်ကို သူ့ရဲ့မွေးရပ်မြေ ကနီမြို့နယ် သလင်းရွာအထိ ဒီနေ့ ပြန်သယ်သွားခဲ့ပါပြီ။

သူနာပြုကျောင်းတက်ရင်း မိဘတွေတားဆီးတဲ့ကြားကနေ နွေဦးတော်လှန်ရေးမှာ ရိုးရှင်းတဲ့လူထုမိန့်ခွန်းတွေတက်ပြောခဲ့တဲ့ သူမအတွက် မွေးရပ်မြေ အိမ်ပြန်ခရီးဟာ လူထုမျက်ရည်တွေနဲ့လမ်းဖြစ်နေပါတယ်။

“သူငယ်ချင်းတွေကိုတစ်ခုပြောမယ်။ဒီချိန်မှာ မိဘကိုလိမ်ရမှာမကြောက်နဲ့။အနာဂတ်မှာ ဒီတိုက်ပွဲကို မပါဝင်ခဲ့ဘဲ ဝင်ခဲ့ပါတယ်လို့ လိမ်ရမှာရှက်ကြ” လို့ သူမပြောခဲ့တဲ့စကား လူမှုကွန်ရက်မှာ မနေ့က ဝေမျှမှုအများဆုံး စကားလုံး ဖြစ်ခဲ့ပါတယ်။

“ဓူဝံကြယ်ပြီးရင်အလင်းလက်ဆုံးကြယ်က မုံရွာလူငယ်” လို့တင်စားခဲ့တဲ့သူမ စကားလုံးတွေဟာ မုံရွာနဲ့ မိုင်၂၀ကျော်ဝေးတဲ့ မွေးရပ်ကနီမြို့ထိ ပဲ့တင်ဟပ်နေပါပြီလို့ လူငယ်တွေက ဂုဏ်ပြုစကားဆိုပါတယ်။

မုံရွာဂေဇက်