အသက္၉ႏွစ္အ႐ြယ္သာရွိေသးသည့္သမီးေလးက ေက်ာင္းထြက္ခ်င္ၿပီဟုဆိုေသာအခါ ေရကန္ႀကီးထဲမွာၾကာစြယ္ေတြကိုခူးခိုင္းၿပီး ဘဝ၏ပင္ပန္းခက္ခဲမႈေတြကို လက္ေတြ႕သင္ေပးခဲ့သည့္ဖခင္

မိဘတိုင္းသည္သားသမီးေလးတို႔ကိုပူပန္ဆင္းရဲမႈမရွိေစဘဲစိတ္ခ်မ္းသာစြာျဖင့္ဘဝကိုအဆင္ေျပေျပျဖတ္သန္းေစလိုၾကေပသည္။ထို႔ေၾကာင့္လည္းေငြေၾကးႏွင့္အခ်ိန္မ်ားစြာကိုအကုန္အက်ခံၿပီးသားသမီးေလးတို႔ကိုစာေပသင္ၾကားေစခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္းသားသမီးအခ်ိဳ႕သည္စာေပ၏တန္ဖိုးကိုနားမလည္ဘဲေဆာ့ကစားရန္အတြက္သာေတြးေတာေနခဲ့သည္။ယခုတြင္လည္းအသက္၉ႏွစ္အ႐ြယ္သမီးေလးက ေက်ာင္းမတတ္ခ်င္ေတာ့ေၾကာင္းေျပာလာသည့္အတြက္ဖခင္ျဖစ္သူဟာအနည္းငယ္စိတ္ထိခိုက္သြားခဲ့ရပါတယ္။

ထို႔ေၾကာင့္ဖခင္ျဖစ္သူဟာ မိသားစုတစ္ခုလုံးအသက္ေမြးဝမ္းေၾကာင္းျပဳေနသည့္ ေရကန္က်ယ္ႀကီးထဲမွၾကာစြယ္မ်ားခူးယူေနသည့္အလုပ္ကို သမီးေလးအားလက္ေတြ႕လုပ္ခိုင္းၿပီး ဘဝ၏ခက္ခဲမႈေတြကိုျပသကာ ေက်ာင္းတတ္ခ်င္ေအာင္သင္ခန္းစာေပးခဲ့ပါတယ္။

Shoon (Cele Daily)
Unicode
အသက်၉နှစ်အရွယ်သာရှိသေးသည့်သမီးလေးက ကျောင်းထွက်ချင်ပြီဟုဆိုသောအခါ ရေကန်ကြီးထဲမှာကြာစွယ်တွေကိုခူးခိုင်းပြီး ဘဝ၏ပင်ပန်းခက်ခဲမှုတွေကို လက်တွေ့သင်ပေးခဲ့သည့်ဖခင်

မိဘတိုင်းသည်သားသမီးလေးတို့ကိုပူပန်ဆင်းရဲမှုမရှိစေဘဲစိတ်ချမ်းသာစွာဖြင့်ဘဝကိုအဆင်ပြေပြေဖြတ်သန်းစေလိုကြပေသည်။ထို့ကြောင့်လည်းငွေကြေးနှင့်အချိန်များစွာကိုအကုန်အကျခံပြီးသားသမီးလေးတို့ကိုစာပေသင်ကြားစေခဲ့တာဖြစ်ပါတယ်။

သို့သော်လည်းသားသမီးအချို့သည်စာပေ၏တန်ဖိုးကိုနားမလည်ဘဲဆော့ကစားရန်အတွက်သာတွေးတောနေခဲ့သည်။ယခုတွင်လည်းအသက်၉နှစ်အရွယ်သမီးလေးက ကျောင်းမတတ်ချင်တော့ကြောင်းပြောလာသည့်အတွက်ဖခင်ဖြစ်သူဟာအနည်းငယ်စိတ်ထိခိုက်သွားခဲ့ရပါတယ်။

ထို့ကြောင့်ဖခင်ဖြစ်သူဟာ မိသားစုတစ်ခုလုံးအသက်မွေးဝမ်းကြောင်းပြုနေသည့် ရေကန်ကျယ်ကြီးထဲမှကြာစွယ်များခူးယူနေသည့်အလုပ်ကို သမီးလေးအားလက်တွေ့လုပ်ခိုင်းပြီး ဘဝ၏ခက်ခဲမှုတွေကိုပြသကာ ကျောင်းတတ်ချင်အောင်သင်ခန်းစာပေးခဲ့ပါတယ်။
Shoon (Cele Daily)



