သတိထားဆင်ခြင်စရာ လျှပ်စစ်အပူပေး ရေနွေးအိုး ဓါတ်လိုက်ရခြင်း အကြောင်းအရင်း
သတိထားဆင်ခြင်စရာ လျှပ်စစ်အပူပေး ရေနွေးအိုး ဓါတ်လိုက်ရခြင်း အကြောင်းအရင်း.. သတိထားဆင်ခြင်စရာပါ.. အိမ်က ရေချိူး
ခန်းသုံး ရေပူစက်က ဓာတ်လိုက်နေပါသည်။ နှစ်ယောက်ဓာတ်လိုက်အပြီး အပြင်ဆရာ ခေါ်ရပါတော့သည်။
ရေနွေးအိုးထဲက ရေတွေမှတဆင့် ပိုက်ကထွက်လာသော ရေမှသည် ချိုးရေကန်ထဲအထိဓာတ်လိုက်ပါသည်။ အိုးအတွင်း အပူပေးသည့်ကွိုင်မှာ ရေဂျိုးစွဲ၍ ပေါက်နေပါပြီ။
၁၂ နှစ်ကြာသုံးခဲ့ပြီး အခုမှတခါ ပြင်ရခြင်းဖြစ်ပြီး အိုးဖင်ရှိအပေါက်မှတဆင့် ကွိုင်ကို ဖြုတ်ရပါသည်။ အိုးတွင်းမှ ထုံးဂျိုးများ အနည်များမှာ မြင်မကောင်းအောင် ထွက်ကျလာပါတော့သည်။
ကလေးလက်သီးဆုပ်လောက် ထုံးခဲက ၄ ခုလောက် ပါပါသည်။ ကျနော်တို့ မန္တလေးမှာ အများသုံးကြတဲ့ ရေပေးရေးက ရေများမှာ ထုံးဓာတ်များပါသည်။
ရေနွေးတည်သည့် ရေနွေးအိုးများ ထုံးဂျိူးတွေထူနေတာ မြင်ဘူးကြပါလိမ့်မည်။ ရေချိုးရင်း ဓာတ်လိုက်သေကြသူများသတင်းလဲ ဖတ်ဖူးကြပါလိမ့်မည်။
မန္တလေးက ရေပူစက်သုံးကြသူများ သတိထားဆင်ခြင်နိုင်ကြရန် တင်ပြလိုက်ရပါသည်။ (Moun Kyee) storage water heater လျှပ်စစ်အပူပေးရေနွေးအိုး အကြောင်းသိကောင်းစရာ..
ရေနွေးအိုးထဲမှာ လျပ်စစ်ဓါတ်စီးတော့ electrolysis အသေးစားလေးဖြစ်ပေါ်ပါတယ်။
heater coil က cathode ဖြစ်သွားပြီး ဆရခဲချောင်းက anode ဖြစ်သွားပါတယ်။ sacrificial anode ကို စတေးခံ လျှပ်ကူးကြောင်းလို့ အမည်ပေးထားပါတယ်။ ရေအမျိုးအစားက ရေသွက်ဖြစ်လျှင် ဓါတ်ပြိုကွဲမှုနည်းပါးပြီး ကြာကြာခံပါသည်။
ရေစေး hard water ဖြစ်နေလျှင် ယခုကဲ့သို့ ထုံးဓါတ်သံဓာတ်များစွာပါလျှင် ဓါတ်ပြိုကွဲမှု မြောက်များစွာဖြစ်လာပြီး အဆိုပါထုံးသံစသည့်သတ္တုများက sacrifical anode တွင် လာစုပါတော့သည်။
anode ချောင်းမှာလည်း တဖြည်းဖြည်းစားသွားပီး တိုသွားပါလိမ့်မည်။
နောက်ဆုံးတွင် ရေနွေးအိုး၏ အခွံ body နှင့် heater ချောင်းတိုသည့် anode နှင့် cathode ဖြစ်လာပြီးလျှပ်ကာ insulator များပါ ပေါက်လာရင် လျှပ်စစ်ဓါတ်လိုက်ပါလိမ့်မည်။
၄ နှစ်တခါလောက် စစ်ဆေးပြီး အဆိုပါ anode ချောင်းကို လဲပေးသင့်ပါက လဲပေးလိုက်ပါလျှင် ဓါတ်မလိုက်နိုင်တော့ပါ။
ရေနွေးအိုးထုတ်လုပ်သည့် Ariston showroom များတွင်စုံစမ်းဝယ်ယူနိုင်ပါသည်။
(Hlaing Bwa)
သတိထားဆင္ျခင္စရာ လၽွပ္စစ္အပူေပး ေရေႏြးအိုး ဓါတ္လိုက္ရျခင္း အေၾကာင္းအရင္း
သတိထားဆင္ျခင္စရာ လၽွပ္စစ္အပူေပး ေရေႏြးအိုး ဓါတ္လိုက္ရျခင္း အေၾကာင္းအရင္း.. သတိထားဆင္ျခင္စရာပါ.. အိမ္က ေရခ်ိဴးခန္းသုံး ေရပူစက္က ဓာတ္လိုက္ေနပါသည္။ ႏွစ္ေယာက္ဓာတ္လိုက္အၿပီး အျပင္ဆရာ ေခၚရပါေတာ့သည္။
ေရေႏြးအိုးထဲက ေရေတြမွတဆင့္ ပိုက္ကထြက္လာေသာ ေရမွသည္ ခ်ိဳးေရကန္ထဲအထိဓာတ္လိုက္ပါသည္။ အိုးအတြင္း အပူေပးသည့္ကြိဳင္မွာ ေရဂ်ိဳးစြဲ၍ ေပါက္ေနပါၿပီ။
၁၂ ႏွစ္ၾကာသုံးခဲ့ၿပီး အခုမွတခါ ျပင္ရျခင္းျဖစ္ၿပီး အိုးဖင္ရွိအေပါက္မွတဆင့္ ကြိဳင္ကို ျဖဳတ္ရပါသည္။ အိုးတြင္းမွ ထုံးဂ်ိဳးမ်ား အနည္မ်ားမွာ ျမင္မေကာင္းေအာင္ ထြက္က်လာပါေတာ့သည္။
ကေလးလက္သီးဆုပ္ေလာက္ ထုံးခဲက ၄ ခုေလာက္ ပါပါသည္။ က်ေနာ္တို႔ မႏၲေလးမွာ အမ်ားသုံးၾကတဲ့ ေရေပးေရးက ေရမ်ားမွာ ထုံးဓာတ္မ်ားပါသည္။ ေရေႏြးတည္သည့္ ေရေႏြးအိုးမ်ား ထုံးဂ်ိဴးေတြထူေနတာ ျမင္ဘူးၾကပါလိမ့္မည္။
ေရခ်ိဳးရင္း ဓာတ္လိုက္ေသၾကသူမ်ားသတင္းလဲ ဖတ္ဖူးၾကပါလိမ့္မည္။
မႏၲေလးက ေရပူစက္သုံးၾကသူမ်ား သတိထားဆင္ျခင္နိုင္ၾကရန္ တင္ျပလိုက္ရပါသည္။ (Moun Kyee) storage water heater လၽွပ္စစ္အပူေပးေရေႏြးအိုး အေၾကာင္းသိေကာင္းစရာ..
ေရေႏြးအိုးထဲမွာ လ်ပ္စစ္ဓါတ္စီးေတာ့ electrolysis အေသးစားေလးျဖစ္ေပၚပါတယ္။
heater coil က cathode ျဖစ္သြားၿပီး ဆရခဲေခ်ာင္းက anode ျဖစ္သြားပါတယ္။ sacrificial anode ကို စေတးခံ လၽွပ္ကူးေၾကာင္းလို႔ အမည္ေပးထားပါတယ္။
ေရအမ်ိဳးအစားက ေရသြက္ျဖစ္လၽွင္ ဓါတ္ၿပိဳကြဲမႈနည္းပါးၿပီး ၾကာၾကာခံပါသည္။
ေရေစး hard water ျဖစ္ေနလၽွင္ ယခုကဲ့သို႔ ထုံးဓါတ္သံဓာတ္မ်ားစြာပါလၽွင္ ဓါတ္ၿပိဳကြဲမႈ ေျမာက္မ်ားစြာျဖစ္လာၿပီး အဆိုပါထုံးသံစသည့္သတၱဳမ်ားက sacrifical anode တြင္ လာစုပါေတာ့သည္။
anode ေခ်ာင္းမွာလည္း တျဖည္းျဖည္းစားသြားပီး တိုသြားပါလိမ့္မည္။
ေနာက္ဆုံးတြင္ ေရေႏြးအိုး၏ အခြံ body ႏွင့္ heater ေခ်ာင္းတိုသည့္ anode ႏွင့္ cathode ျဖစ္လာၿပီးလၽွပ္ကာ insulator မ်ားပါ ေပါက္လာရင္ လၽွပ္စစ္ဓါတ္လိုက္ပါလိမ့္မည္။
၄ ႏွစ္တခါေလာက္ စစ္ေဆးၿပီး အဆိုပါ anode ေခ်ာင္းကို လဲေပးသင့္ပါက လဲေပးလိုက္ပါလၽွင္ ဓါတ္မလိုက္နိုင္ေတာ့ပါ။
ေရေႏြးအိုးထုတ္လုပ္သည့္ Ariston showroom မ်ားတြင္စုံစမ္းဝယ္ယူနိုင္ပါသည္။
(Hlaing Bwa)