က်မၼာေရး ဗဟုသုတ

ရေသန့်ဘူးလေး အုန်းသီးနံ့လေးနဲ့ ဆိုတဲ့ နောက်ကွယ်က အန္တရာယ်

ရေသန့်ဘူးလေး အုန်းသီးနံ့လေးနဲ့ ဆိုတဲ့ နောက်ကွယ်က အန္တရာယ်

သောက်ရေသန့်ဘူးအသစ်တွေ ဝယ်သောက်ရင် အုန်းသီးနံ့လိုမျိုး သစ်သီးနံ့တွေ ရဖူးကြမယ်ထင်ပါတယ်။

ထိုအနံ့ကို အချို့က Chlorine အနံ့၊ အချို့ကလဲ အသီးနံ့ ပါအောင် တမင်ထည့်ထားတယ်၊ အချို့ကလဲ Ozone ပိုးသတ်ဓာတ်ငွေ့ရဲ့အနံ့ စသည်ဖြင့် အမျိုးမျိုး ထင်မြင်ယူဆကြပါတယ်။

အမှန်တကယ်တော့ အဲ့ အနံ့ရဲ့ အရင်းအမြစ်က Acetaldehyde လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့်လို့ ယူဆရပါတယ်။

ကျွန်တော်တို့ ပလက်စတစ်ရေဘူးလို့ခေါ်တဲ့ Polyethylene terephthalate (PET) bottles တွေကို ပြုလုပ်တဲ့အခါ မြင့်မားတဲ့ အပူချိန်နဲ့ PET ကို ပုံသွင်းရပါတယ်။

အခါမှာ Acetaldehyde ဆိုတဲ့ ဓာတ်တစ်မျိုးဖြစ်ပေါ်လာပြီး PET ဘူးတွေရဲ့ နံရံအတွင်းမှာ ကျန်ရှိနေပါတယ်။

ထို Acetaldehyde ရဲ့ အနံ့ကို Ethereal ပြင်းအားအလွန်နည်းသော (သစ်သီး)အနံ့ အဖြစ် ဖော်ပြကြပြီး ရေဘူးအတွင်း ရရှိသော အုန်းသီးနံ့ မှာ Acetaldehyde မှ ထွက်ပေါ်လာတဲ့ အနံ့လို့ ယူဆရပါတယ်။

PET ဘူးများအတွင်း အနံ့၊ အရသာရှိသော သစ်သီး ဖျော်ရည်များ၊ ကိုကာကိုလာကဲ့သို့ Soda ဖျော်ရည်များ ကိုထည့်သွင်းလျှင် ဖျော်ရည်၏ အနံ့သည် Acetaldehyde ၏ အနံ့ကို သာလွန်သွားပြီး

သိပ်မသိသာတော့ပင်မဲ့ ရေကဲ့သို့ အနံ့၊ အရသာ မရှိတဲ့ အရည်မျိုးထည့်လိုက်ချိန်မှာတော့ ရံဖန်ရံခါ Acetaldehyde ရဲ့ အနံ့ကို ခံစားရတတ်ပါတယ်။

နိုင်ငံတကာမှာတော့ PET ဘူးများအတွင်း Acetaldehyde ကို အနံ့၊အရသာ စံနှုန်းအဖြစ် 20–40 ppb သတ်မှတ်ကြပါတယ်။

ရေဘူးများကို နေပူထဲ၊ နေပူထဲ ရပ်ထားသော ကားပေါ်မှာ အချိန်ကြာမြင့်စွာ ထားပြီး သောက်သုံးရင် Acetaldehyde အပြင် chemical များ ပိုမိုထွက်ပေါ်လာစေပြီး အရသာ ပြောင်းနေတာ သတိထားမိကြမှာပါ။

ထို့အပြင် နေပူထဲအချိန်ကြာမြင့်စွာထားသည့် Plastic PET ရေဘူးများကို သောက်သုံးလျှင် ကင်ဆာဖြစ်နိုင်ချေရှိသည် (May cause cancer) လို့ သိရပင်မဲ့ တိကျတဲ့ စံနှုန်းထားများ၊ စာတန်းများကိုတော့ မတွေ့ရပါဘူး။

သို့သော် ဘယ်လိုပဲဆိုပါစေ ထိုအခြေအနေမျိုးမှာ ရေထဲ Chemical များပျော်ဝင်နေနိုင်တဲ့ အတွက် မိမိအသိဥာဏ်ဖြင့် ကာကွယ်၊ သတိထားဖို့တော့လိုအပ်ပါမယ်။

အကျဉ်းချုပ်ရရင်တော့ PET ရေဘူးများအတွင်းရှိ အုန်းသီးနံ့ရဲ့ တရားခံက Acetaldehyde ပါခင်ဗျာ။

Acetaldehyde အဆိပ်ကြောင့် ဦးနှောက်ကို အထိခိုက်ဆုံးဖြစ်သည်။

၎င်းသည် ဦးနှောက်လုပ်ဆောင်ချက်ကို ပြဿနာဖြစ်စေပြီး မှတ်ဉာဏ်ကို ထိခိုက်စေနိုင်သည်။

Dr. Sai Aung Thant Zin အား လေးစားစွာ ခရက်ဒစ်ပေးပါသည်။ WaterLab by Dr. Saiမှ ကူးယူဖော်ပြသည်။

 

ေရသန႔္ဘူးေလး အုန္းသီးနံ႔ေလးနဲ႔ ဆိုတဲ့ ေနာက္ကြယ္က အႏၲရာယ္

ေသာက္ေရသန္႔ဘူးအသစ္ေတြ ဝယ္ေသာက္ရင္ အုန္းသီးနံ႔လိုမ်ိဳး သစ္သီးနံ႔ေတြ ရဖူးၾကမယ္ထင္ပါတယ္။

ထိုအနံ႔ကို အခ်ိဳ႕က Chlorine အနံ႔၊ အခ်ိဳ႕ကလဲ အသီးနံ႔ ပါေအာင္ တမင္ထည့္ထားတယ္၊ အခ်ိဳ႕ကလဲ Ozone ပိုးသတ္ဓာတ္ေငြ႕ရဲ႕အနံ႔ စသည္ျဖင့္ အမ်ိဳးမ်ိဳး ထင္ျမင္ယူဆၾကပါတယ္။

အမွန္တကယ္ေတာ့ အဲ့ အနံ႔ရဲ႕ အရင္းအျမစ္က Acetaldehyde လို႔ေခၚတဲ့ ဓာတ္တစ္မ်ိဳးေၾကာင့္လို႔ ယူဆရပါတယ္။

ကြၽန္ေတာ္တို႔ ပလက္စတစ္ေရဘူးလို႔ေခၚတဲ့ Polyethylene terephthalate (PET) bottles ေတြကို ျပဳလုပ္တဲ့အခါ ျမင့္မားတဲ့ အပူခ်ိန္နဲ႔ PET ကို ပုံသြင္းရပါတယ္။

အခါမွာ Acetaldehyde ဆိုတဲ့ ဓာတ္တစ္မ်ိဳးျဖစ္ေပၚလာၿပီး PET ဘူးေတြရဲ႕ နံရံအတြင္းမွာ က်န္ရွိေနပါတယ္။

ထို Acetaldehyde ရဲ႕ အနံ႔ကို Ethereal ျပင္းအားအလြန္နည္းေသာ (သစ္သီး)အနံ႔ အျဖစ္ ေဖာ္ျပၾကၿပီး ေရဘူးအတြင္း ရရွိေသာ အုန္းသီးနံ႔ မွာ Acetaldehyde မွ ထြက္ေပၚလာတဲ့ အနံ႔လို႔ ယူဆရပါတယ္။

PET ဘူးမ်ားအတြင္း အနံ႔၊ အရသာရွိေသာ သစ္သီး ေဖ်ာ္ရည္မ်ား၊ ကိုကာကိုလာကဲ့သို႔ Soda ေဖ်ာ္ရည္မ်ား ကိုထည့္သြင္းလွ်င္ ေဖ်ာ္ရည္၏ အနံ႔သည္ Acetaldehyde ၏ အနံ႔ကို သာလြန္သြားၿပီး

သိပ္မသိသာေတာ့ပင္မဲ့ ေရကဲ့သို႔ အနံ႔၊ အရသာ မရွိတဲ့ အရည္မ်ိဳးထည့္လိုက္ခ်ိန္မွာေတာ့ ရံဖန္ရံခါ Acetaldehyde ရဲ႕ အနံ႔ကို ခံစားရတတ္ပါတယ္။

ႏိုင္ငံတကာမွာေတာ့ PET ဘူးမ်ားအတြင္း Acetaldehyde ကို အနံ႔၊အရသာ စံႏႈန္းအျဖစ္ 20–40 ppb သတ္မွတ္ၾကပါတယ္။

ေရဘူးမ်ားကို ေနပူထဲ၊ ေနပူထဲ ရပ္ထားေသာ ကားေပၚမွာ အခ်ိန္ၾကာျမင့္စြာ ထားၿပီး ေသာက္သုံးရင္ Acetaldehyde အျပင္ chemical မ်ား ပိုမိုထြက္ေပၚလာေစၿပီး အရသာ ေျပာင္းေနတာ သတိထားမိၾကမွာပါ။

ထို႔အျပင္ ေနပူထဲအခ်ိန္ၾကာျမင့္စြာထားသည့္ Plastic PET ေရဘူးမ်ားကို ေသာက္သုံးလွ်င္ ကင္ဆာျဖစ္ႏိုင္ေခ်ရွိသည္ (May cause cancer) လို႔ သိရပင္မဲ့ တိက်တဲ့ စံႏႈန္းထားမ်ား၊ စာတန္းမ်ားကိုေတာ့ မေတြ႕ရပါဘူး။

သို႔ေသာ္ ဘယ္လိုပဲဆိုပါေစ ထိုအေျခအေနမ်ိဳးမွာ ေရထဲ Chemical မ်ားေပ်ာ္ဝင္ေနႏိုင္တဲ့ အတြက္ မိမိအသိဥာဏ္ျဖင့္ ကာကြယ္၊ သတိထားဖို႔ေတာ့လိုအပ္ပါမယ္။

အက်ဥ္းခ်ဳပ္ရရင္ေတာ့ PET ေရဘူးမ်ားအတြင္းရွိ အုန္းသီးနံ႔ရဲ႕ တရားခံက Acetaldehyde ပါခင္ဗ်ာ။

Acetaldehyde အဆိပ္ေၾကာင့္ ဦးေႏွာက္ကို အထိခိုက္ဆုံးျဖစ္သည္။

၎သည္ ဦးေႏွာက္လုပ္ေဆာင္ခ်က္ကို ျပႆနာျဖစ္ေစၿပီး မွတ္ဉာဏ္ကို ထိခိုက္ေစႏိုင္သည္။

Dr. Sai Aung Thant Zin အား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။ WaterLab by Dr. Saiမွ ကူးယူေဖာ္ျပသည္။