ယေန႔ညမွာျဖင့္ ေသာၾကာၾကယ္ဟာ လကို ေဖာက္ထြင္း ဝင္ေရာက္သြားတာပဲ ျဖစ္ပါတယ္။
ျမန္မာ အယူအဆ နိမိတ္ေကာက္ရင္ေတာ့ျဖင့္ လုံးဝကို အေျခေနမေကာင္းပါ။
ေသာၾကာၾကယ္ လနဲ႕နီးက ျပည္ႀကီးတဖုန္ ပ်က္ကိန္း ႀကဳံ ၏တဲ့
ဘုရားတရား မေမ့ၾကပါနဲ႕ ကုသိုလ္ေကာင္းမႈ မ်ားမ်ားလုပ္ၾကပါ။
သိပၸံလိုကေတာ့ ခုလိုပဲ ေျပာျပထားတာ ရွိပါတယ္။
၂၀၂၃ ခုႏွစ္ မတ္လ ၂၄ ရက္ (ေသာၾကာေန႔) ညေနခင္းပိုင္းမွာ အေနာက္ဘက္အရပ္ကိုၾကည့္လွ်င္..
ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္) အေရွ႕ကေန တန္ခူးလဆန္း လျခမ္း ျဖတ္သန္းသြားျခင္း (တနည္း) လ ကို ေသာၾကာၿဂိဳဟ္ ေဖာက္ထြင္းသကဲ့သို႔ ျဖစ္စဥ္ကို
ျမန္မာႏိုင္ငံအပါအဝင္ အာရွႏိုင္ငံမ်ားနဲ႔ အာဖရိကတိုက္ ေတာင္ပိုင္းဒသမ်ားကပါ သာမန္မ်က္စိျဖင့္ ျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။ (ေျမပုံ)
ေကာင္းကင္ယံမွ ေန ၿပီးလွ်င္ လ နဲ႔ ဗီးနပ္စ္ဟာ အေတာက္ပဆုံးေသာ အရာဝတၳဳမ်ား ျဖစ္ၾကပါတယ္။
လ ဟာ လဆန္းရက္ ျဖစ္တာေၾကာင့္ အ႐ြယ္အစားေသးတဲ့ လျခမ္းမ်ိဳးျဖစ္ေနၿပီး ညေနခင္းပိုင္း ေနဝင္ခါနီးအခ်ိန္ (သို႔) ညဦးပိုင္း ေနဝင္ၿပီးစအခ်ိန္ေတြမွာ အေနာက္အရပ္တြင္ ေတြ႕ျမင္ႏိုင္ပါတယ္။
ဗီးနပ္စ္ (ခ) ေသာၾကာၿဂိဳဟ္ကိုလည္း ထိုအခ်ိန္မွာပဲ အေနာက္ဘက္အရပ္က မိသရာသီ ၾကယ္စုမ်ားထဲမွာ လင္းလက္ေတာက္ပစြာ ျမင္ေနရပါတယ္။
မတ္လဆန္းပိုင္းေလာက္က ဗီးနပ္စ္ဟာ အေနာက္ဘက္ အရပ္မွာပဲ ဂ်ဴပီတာ (ၾကာသပေတးၿဂိဳဟ္) နဲ႔ နီးကပ္ခဲ့ပါေသးတယ္။
ယခုအခ်ိန္မွာေတာ့ တနလၤာၿဂိဳဟ္လို႔ ေခၚဆိုၾကတဲ့ လ နဲ႔ လမ္းေၾကာင္း တထပ္တည္း က်ေရာက္ေတာ့မွာပါ။
ဗီးနပ္စ္ဟာ မတ္လ ၂၄ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန ၅ နာရီ ၅၇ မိနစ္မွာ လရဲ႕ အေမွာင္ဘက္အျခမ္းကို စတင္ ဝင္ေရာက္မွာ ျဖစ္ပါတယ္။
ထိုအခ်ိန္ဟာ ေနေရာင္ျခည္ရွိေနေသးတဲ့အခ်ိန္ျဖစ္လို႔ ေကာင္းေကာင္းမျမင္ေတြ႕ႏိုင္ေပမဲ့ လကို ျမင္ရတဲ့အခ်ိန္မွာ ဗီးနပ္စ္ဟာ လရဲ႕ အေနာက္မွာ ေရာက္ရွိေနၿပီး ျဖစ္ေနမွာပါ။
အဲ့ဒီ့ေနာက္.. လ နဲ႔ ဗီးနပ္စ္ဟာ တျဖည္းျဖည္းခ်င္း အေနာက္ဘက္ မိုးကုတ္စက္ဝိုင္းနားကို နိမ့္ဆင္းလာၿပီး ည ၇ နာရီ ၁၆ မိနစ္မွာေတာ့ လရဲ႕ လင္းေနတဲ့ ဘက္အျခမ္းကေန ဗီးနပ္စ္ၿဂိဳဟ္ ျပန္လည္ထြက္ေပၚလာမွာ ျဖစ္ပါတယ္။
ဒီျဖစ္စဥ္မ်ိဳးကို ၂၀၂၁ ခုႏွစ္ ေမလ ၁၃ ရက္ နဲ႔ ၂၀၂၂ ခုႏွစ္ ေမလ ၂၇ ရက္တို႔မွာလည္း ျဖစ္ခဲ့ဖူးၿပီး ထိုအခ်ိန္က ေန႔ဘက္ျဖစ္ေနခဲ့တဲ့အတြက္ က်ေနာ္တို႔ မျမင္ခဲ့ၾကရပါ။ ယခုအခ်ိန္ကေတာ့ မ်က္ဝါးထင္ထင္ျမင္ေတြ႕ရမည့္ ရွားပါးျဖစ္စဥ္ထဲက တစ္ခုလို႔ ဆိုရမွာပဲ ျဖစ္ပါေတာ့တယ္။
အနာဂတ္ပညာေရးအတြက္..
သန႔္ဦး (အာကာသႏွင့္စၾကဝဠာ သင္ေထာက္ကူ)
unicode
အားလုံး မြင်လိုက်ကြလား ယနေ့ည ကောင်းကင်ယံမှာ ထူးဆန်းတဲ့အဖြစ်(မြန်မာပြည်ကြီး ပျက်စီးတော့မှာလား)
ယနေ့ညမှာဖြင့် သောကြာကြယ်ဟာ လကို ဖောက်ထွင်း ဝင်ရောက်သွားတာပဲ ဖြစ်ပါတယ်။
မြန်မာ အယူအဆ နိမိတ်ကောက်ရင်တော့ဖြင့် လုံးဝကို အခြေနေမကောင်းပါ။
သောကြာကြယ် လနဲ့နီးက ပြည်ကြီးတဖုန် ပျက်ကိန်း ကြုံ ၏တဲ့
ဘုရားတရား မမေ့ကြပါနဲ့ ကုသိုလ်ကောင်းမှု များများလုပ်ကြပါ။
သိပ္ပံလိုကတော့ ခုလိုပဲ ပြောပြထားတာ ရှိပါတယ်။
၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက် (သောကြာနေ့) ညနေခင်းပိုင်းမှာ အနောက်ဘက်အရပ်ကိုကြည့်လျှင်..
သောကြာဂြိုဟ် (ဗီးနပ်စ်) အရှေ့ကနေ တန်ခူးလဆန်း လခြမ်း ဖြတ်သန်းသွားခြင်း (တနည်း) လ ကို သောကြာဂြိုဟ် ဖောက်ထွင်းသကဲ့သို့ ဖြစ်စဉ်ကို
မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများနဲ့ အာဖရိကတိုက် တောင်ပိုင်းဒသများကပါ သာမန်မျက်စိဖြင့် မြင်တွေ့ကြရမှာဖြစ်ပါတယ်။ (မြေပုံ)
ကောင်းကင်ယံမှ နေ ပြီးလျှင် လ နဲ့ ဗီးနပ်စ်ဟာ အတောက်ပဆုံးသော အရာဝတ္ထုများ ဖြစ်ကြပါတယ်။
လ ဟာ လဆန်းရက် ဖြစ်တာကြောင့် အရွယ်အစားသေးတဲ့ လခြမ်းမျိုးဖြစ်နေပြီး ညနေခင်းပိုင်း နေဝင်ခါနီးအချိန် (သို့) ညဦးပိုင်း နေဝင်ပြီးစအချိန်တွေမှာ အနောက်အရပ်တွင် တွေ့မြင်နိုင်ပါတယ်။
ဗီးနပ်စ် (ခ) သောကြာဂြိုဟ်ကိုလည်း ထိုအချိန်မှာပဲ အနောက်ဘက်အရပ်က မိသရာသီ ကြယ်စုများထဲမှာ လင်းလက်တောက်ပစွာ မြင်နေရပါတယ်။
မတ်လဆန်းပိုင်းလောက်က ဗီးနပ်စ်ဟာ အနောက်ဘက် အရပ်မှာပဲ ဂျူပီတာ (ကြာသပတေးဂြိုဟ်) နဲ့ နီးကပ်ခဲ့ပါသေးတယ်။
ယခုအချိန်မှာတော့ တနင်္လာဂြိုဟ်လို့ ခေါ်ဆိုကြတဲ့ လ နဲ့ လမ်းကြောင်း တထပ်တည်း ကျရောက်တော့မှာပါ။
ဗီးနပ်စ်ဟာ မတ်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၅၇ မိနစ်မှာ လရဲ့ အမှောင်ဘက်အခြမ်းကို စတင် ဝင်ရောက်မှာ ဖြစ်ပါတယ်။
ထိုအချိန်ဟာ နေရောင်ခြည်ရှိနေသေးတဲ့အချိန်ဖြစ်လို့ ကောင်းကောင်းမမြင်တွေ့နိုင်ပေမဲ့ လကို မြင်ရတဲ့အချိန်မှာ ဗီးနပ်စ်ဟာ လရဲ့ အနောက်မှာ ရောက်ရှိနေပြီး ဖြစ်နေမှာပါ။
အဲ့ဒီ့နောက်.. လ နဲ့ ဗီးနပ်စ်ဟာ တဖြည်းဖြည်းချင်း အနောက်ဘက် မိုးကုတ်စက်ဝိုင်းနားကို နိမ့်ဆင်းလာပြီး ည ၇ နာရီ ၁၆ မိနစ်မှာတော့ လရဲ့ လင်းနေတဲ့ ဘက်အခြမ်းကနေ ဗီးနပ်စ်ဂြိုဟ် ပြန်လည်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မျိုးကို ၂၀၂၁ ခုနှစ် မေလ ၁၃ ရက် နဲ့ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်တို့မှာလည်း ဖြစ်ခဲ့ဖူးပြီး ထိုအချိန်က နေ့ဘက်ဖြစ်နေခဲ့တဲ့အတွက် ကျနော်တို့ မမြင်ခဲ့ကြရပါ။ ယခုအချိန်ကတော့ မျက်ဝါးထင်ထင်မြင်တွေ့ရမည့် ရှားပါးဖြစ်စဉ်ထဲက တစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတော့တယ်။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)