တန်ခူးလအတွက်အကောင်းဆုံးယတြာ တန်ခူးလဆန်း(၁)ရက်နေ့ (12.4.2021) မှ တန်ခူးလကွယ်နေ့(10.5.2021)အထိတစ်လတာလုံး “ပန်းကန်ပြား တစ်ချပ်တွင် ၁၀၀၀ကျပ် (သို့) ၁၀၀ကျပ်တန် တစ်ရွက်ကို ဖြန့်ခင်းလိုက်ပါ…..။ ထိုပိုက်ဆံပေါ်တွင် ဖီးကြမ်းငှက်ပျောသီး တစ်လုံးကိုတင်လိုက်ပါ။ ငှက်ပျောသီး၏ အလယ်တွင် အမွှေးတိုင်(၂)တိုင် စိုက်၍ မိမိအိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာဖြင့် ထွန်းညှိ ပူဇော်ပေးရပါမယ်ခင်ဗျ…..။ နေ့စဥ် မနက်တစ်ကြိမ်၊ညနေတစ်ကြိမ် အမွှေးတိုင်(၂)တိုင်စီ ထွန်းညှိ ပူဇော်ပေးနေရမည်။ ယခုလတစ်လတာတွင် #ကော်ဖီအေး တစ်ခွက်ကို နေ့စဥ် မြတ်စွာဘုရားရှင်အား ကပ်လှူပေးပါက ထူးခြားမှူများကောင်းကျိုးများစွာကိုလည်း ရရှိခံစားရမည်ဖြစ်သည်။ ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။ *နေ့စဥ် အောက်ဖော်ပြပါ ဂုဏ်တော်များကို ရွတ်ဖတ်ပါ။* ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက် ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက် ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၈ခေါက် တန်ခူးလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ ◾️တနင်္ဂနွေနေ့=မြောက်အရပ် ◾️တနင်္လာနေ့=တောင်အရပ် ◾️အင်္ဂါနေ့=အရှေ့အရပ် […]
ဗေဒင်
လူတိုင်း လူတိုင်း တစ်သက်တာမှာ (၈)နှစ်တစ်ခါကြုံရတဲ့ မရဏသက်ရောက်
လူတိုင်း လူတိုင်း တစ်သက်တာမှာ (၈)နှစ်တစ်ခါကြုံရတဲ့ မရဏသက်ရောက် လူတိုင်း တစ်သက်တာမှာ (၈)နှစ်တစ်ခါကြုံရတဲ့ မရဏသက်ရောက် မဟာဘုတ်(၂)ကြွင်း ခုနှစ်ရက်သားသမီးများအတွက် အသက်အပိုင်းအခြားလိုက် မရဏသက်ရောက်များ.. တွက်စရာ မလိုပါဘူး မိမိ၏ မြန်မာမွေးသက္ကရ် နဲ့ နေ့သားသမီး အသက်အပိုင်းအခြားကို အောက်မှာ ကြည့်လိုက်ရုံပါပဲ….. မြန်မာသက္ကရာဇ်ခုနှစ် မသိပါက ကိုယ်မွေးတဲ့ ခရစ်နှစ် ထဲမှ ( ၆၃၈ ) ဂဏန်း ကို နုတ် လိုက် လျှင် မြန်မာသက္ကရာဇ် ကို ရရှိပါသည် ။ အကယ်၍ ကိုယ့် မွေးရက် မွေးလ သည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီ ဖြစ် ပါက ( ၆၃၉ ) ဂဏန်း ကို နုတ် […]
၈.၄.၂၀၂၁ မှ ၁၄.၄.၂၀၂၁ အထိ ၇ ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်း
၈.၄.၂၀၂၁ မှ ၁၄.၄.၂၀၂၁ အထိ ၇ ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်းများ ၇ ရက်သားသမီးများ ကျန်းမာ ချမ်းသာသုခပြည့်စုံနိုင်ပါစေ…. ၂၀၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ တနင်္ဂနွေသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း ဝန်ထမ်းများအနေနဲ့ သင်တန်းတက်ရတာမျိုးတွေ နေရာပြောင်းရတာမျိုးတွေ အချိန်ပြောင်းရတာမျိုးတွေနဲ့ကြုံတတ်တယ်။အထူးအဆင်မြင့် တာဝန်များ ရတာကြောင့် တာဝန်များပိပြီး စိတ်ဖိစီးတာမျိုးတွေ စိတ်ညစ်နေတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ တွေမျိုး အပေါင်းအသင်းများနဲ့ မကြာခဏ အချေအတင်ပြောရတာမျိုးတွေ အတိုက်အချုက်လေးတွေ ရှိနေတတ်ပါတယ်။အိုးသစ်အိမ်သစ် ပြောင်းရွေ့ရတာတွေ မသွားချင်တဲ့နေရာတွေ သွားရတာတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းတွင် ဆန်းသစ်တီထွင်နိုင်ခြင်းကြောင့် အထက်လူကြီး ရဲ့အကူအညီတွေ ရတတ်ပါတယ်။ရှယ်ယာလုပ်ငန်းရှင် ပါတနာများရဲ့ ယုံကြည်မှုတွေလည်းရတတ်ပါတယိ။မြေကိစ္စ အမွေကိစ္စတွေမှာတော့ စကားအခြေအတင်ပြောရတာ ကြန့်ကြာမှုတွေရှိနေတတ်ပါတယ်။ အလှူမင်္ဂလာကိစ္စတွေ ရက်ရွေ့ဆိုင်းရတာတွေ ကြုံရတတ်ပါတယ်။ဆန်၊ဆီ၊ဆေး၊ဆား၊စက်၊စိန် အင်္ဂါနာမ်နဲ့ပက်သက်သော […]
(၄)လပိုင်းအတွက် (၇)ရက်သားသမီး တစ်လစာဟာစာတမ်း
(၄)လပိုင်းအတွက် (၇)ရက်သားသမီး တစ်လစာဟာစာတမ်း တနင်္ဂနွေ သားသမီးအတွက် တနင်္ဂနွေနေ့သားသမီးများသည်အလုပ်အကိုင်အောင်မြင်မှုနှင့် ကြုံတွေ့မည်။ဆရာကောင်းမိတ်ဆွေများနှင့်ဆုံမည်။ မမျှော်လင့်ထားသောအကူညီများရရှိမည်။ ဤလတွင် အလုပ်နှစ်ခု တစ်ပြိုင်နက်တည်းမလုပ်သင့်ပါ၊ တစ်ပိုင်းတစ်စဖြစ်တတ်သည်။ အပြိုင်အဆိုင်မနာလိုသူပေါများမည်။ ခရီးရှည် ရက်ရှည်ခရီးမထွက်သင့်ပါ။ သူများဦးစီးသောခရီးဝေး မထွက်သင့်ပါ။ အစားအသောက်မှား၍ အစာအဆိပ်သင့်တတ်သည်။ အထူးသဖြင့် ဝမ်းဗိုက်နှင့်ပတ်သက်၍ အထူးဂရုစိုက်ပါ။ ချစ်သူနှင့်အိမ်ထောင်မရှိသူများ ချစ်သူရည်းစားအသစ်ရမည်၊ အိမ်ထောင်သည်များ သားသမီး ရတနာထွန်းကားမည့်လဖြစ်မည်။ အိမ်ထောင်ရေးအဆင်ပြေမည့်လဖြစ်သည်။ ဤအချိန်တွင် အညံ့များပြေပျောက်စေရန်….. ယတြာ—–အိုးတစ်လုံးတွင်သဲအပြည့်ထည့်ပီး ရေအနည်းငယ်လောင်းပါ၊ ပီးလျှင် ရွှေထီး၊ ငွေထီးစိုက်၍ ဘုရားတွင်လှူပါ။ တနလာင်္ သားသမီးအတွက် ဤလအတွင်း ဘယ်သွားသွား၊ ဘယ်လာလာ မိမိထက်ကြီးသူ၊ ငယ်သူနှစ်ဦး ဒုက္ခပေးမှုကိုခံရမည်။ မိမိရဲ့အတွင်းကိစ္စများသူတစ်ပါးကိုမတိုင်ပင်ကောင်းပါ။ ငွေရေးကြေးရေး အချေးအဌားအကျိုးမပေးပါ။သူတစ်ပါးအတွက် အာမခံပေးတာတာဝန်ယူပေးတာအကျိုးမပေးပါ။သူများကိစ္စ မိမိကိစ္စဖြစ်တတ်သည်။ ရပ်ဝေးမှ သတင်းကောင်းကြားရမည်၊ခရီးထွက်ရမည်။ ပညာရေးတွင် အင်တာဗျူးအောင်မြင်ခြင်း၊ ရာထူးရာခံတိုးခြင်း၊ အတန်းစားမေးပွဲများ […]
(၇) ရက်သားသမီးများ၏ စိတ်နေသဘောထားနှင့် အချစ်ရေး
တနင်္ဂနွေ သားသမီးများရဲ့ စိတ်နေသဘောထားနှင့် အချစ်ရေး သင် တနင်္ဂနွေ သားသမီးလေးတွေကို ချစ်သူတော်မယ်ဆိုရင်….. တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်းပေမဲ့ အခြားလူတွေနဲ့ ကွဲပြားတဲ့ စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါကြောင့် သူတို့ဟာ အခြားလူတွေနဲ့ ကွဲပြားနေတတ်ကြပါတယ်။ တနင်္ဂနွေ သားသမီးတွေဟာ စာဖတ်ဝါသနာ ပါကြတယ်။ ဗဟုသုတကို လိုက်စားတယ်။ အအိပ်မက်တယ်။ အစားမကြီးဘူး။ ဒါပေမယ့် ခဏခဏ စားနေတတ်တာမျိုး၊ ဒေါသကြီးပေမယ့် ကောက်ရိုးမီးလိုမျိုး၊ ဒါပေမယ့် စိတ်ပြေလွယ်တယ်။ ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာကောင်းနေပြန်ရော၊ ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်စိတ် အလိုအကျအတိုင်း ဖြစ်စေချင်တဲ့ သူမျိုး၊ အရမ်းလဲ ချစ်တတ်ကြတယ်။ အချစ်ကြီးပြီး အချစ်အတွက်ဆို တဇွတ်ထိုးနိုင်တဲ့ သူတွေပါ။ ဒါကြောင့် အချစ်ရေးမှာ ကံညံ့တယ်လို့ […]
ဒီနေ့မှ ာဦးခေါင်ဆေးဖြစ်အောင်ဆေးပါ
နေ့နံအလိုက် ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များ
မွေးနံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေး နှင့် ပညာရေး) အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာ ယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။ တနင်္ဂနွေနေ့ဖွားများသည် အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။ တနင်္လာနေ့ဖွားများသည် အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ […]
တန်ခူးလမွေးဖွားသူများအတွက် တစ်သက်တာဟောစာတမ်း
တန်ခူးလမွေးဖွားသူများအတွက် တစ်သက်တာဟောစာတမ်း တန်ခူး လမွေးဖွားသူအများစုတို့သည် ပင်ကိုယ်စိတ်ဓါတ်အားဖြင့် အလွန်သဘောထားကြီးတတ်ကြပါသည်။ လွတ်လပ်ပေါ့ပါးစွာ နေတတ်သည်။ အမြဲတမ်း ကြည်လင်အေးချမ်းစွာ နေပြီး ပြုံးပျော်ရွင်မြူးစွာ ပြောဆိုနေတတ်သည်။ ဖြတ်ထိုးဉာဏ် ကောင်းမည်။ ဟာသဉာဏ် ရွှင်သည်။ အပေါ်ယံအားဖြင့် ဘာမှ အလေးမထားသလို ပေါ့ပေါ့တန်တန်၊ ဘာသိဘာသာအသွင်သဏ္ဍာန် နေတတ်ပေမယ့် အရေးကြုံသော အခါတွင် ရဲရင့်ထက်မြက်စွာ လုပ်ကိုင်နိုင်စွမ်း ရှိကြသည်။ အရေးကြုံသောအခါတွင် ခေါင်းဆောင်နေရာမျိုးတွင် ဝင်ရောက်ကာ တာဝန်ယူ လုပ်ကိုင်နိုင်စွမ်း ရှိကြသည် ကျန်အချိန်များတွင် ကြွားဝါခြင်း ကင်းလျှက် မထင်မရှားသာ နေတတ်သည်။ ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက်မရှိ။ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ခြင်းမရှိ ပညာလက်သည်းဝှက် နေတတ်ကြသည် သို့သော် တန်ကူးလဖွားများသည် အငြိုးအတေးကြီးသည် ရင်တွင်းမာန ကြီးမားသည်။ ဒေါသထွက်လာလျှင် ကြောက်စရာကောင်းလှအောင် ခက်ထန်လာတတ်သည် […]
ငွေဝင်ကံကောင်းစေဖို့အတွက် သစ်ကြားပေါ်သကြားတင်လာဘ်ပွင့်အစီအရင်
တ်ဆွေများအားလုံးမင်္ဂလာပါခုလိုအချိန်ကာလမှာ အကြပ်အတည်းအခက်အခတ်များအကြား အဆင်မပြေမှုများ ကံပိတ်လာဘ်ပိတ်ဖြစ်နေသူများ အစစအရာရာအဆင်မပြေမှု များလုပ်ထားသော အလုပ်များ အခိုက်အတန့် အဆင် မပြေမှုများအတွက် ဆရာ ယတြာတခုမျှဝေပါရစေ… သောကြာနေ့ မနက် ၇နာရီမှ ၇နာရီ ၂၅မိနစ်အတွင်း မိမိအိမ်က ဘုရားကျောင်းဆောင်တွင်ပန်းကန် ပြားတချပ်ပေါ်၌ ဘေးပတ်ပတ်လည် တွင် ဝလုံးပုံ ဖြူးပေးပါ။ သကြားပေါ်တွင် သစ်ကြားသီး ၆လုံး (ပုံပါအတိုင်း) တင်ပြီး အလယ်တည့်တည့်တွင် ဖယောင်းတိုင် အဖြူ အသေး ၁တိုင်ထွန်းပြီး အောက်ပါ ဂါထာကို ၂၇ ခေါက် ရွတ်ဆိုကာ စီးပွားလာဘ်လာဘအဆင် ပြေစေကြောင်း ဆုတောင်းပါ…… ” ဥုံပထဗျာအာကာသေ ပဗ္ဗတေစေန ဥဒကေ ဝနေ ယံယံ ပတ္တံပဝါဒေမိ သဗ္ဗလာဘသိဒ္ဓိ ဥပေတုံမေ” သောကြာနေ့မှစ၍ ၆ရက်တိတိ ထိုအချိန်အခါအတိုင်း အစအဆုံး […]
ဘဝမှာတစ်ခါဘဲမေးခွင့်ရှိတဲ့ မသိစိတ်ဗေဒင် (တစ်ဆင့်ချင်းဖတ်ပါ ကျော်မဖတ်ပါနဲ့၊ကျော်ဖတ်မိရင်ဒီဗေဒင်လေးမမှန်တော့လို့ပါ)
ဘဝမှာတစ်ခါဘဲမေးခွင့်ရှိတဲ့ မသိစိတ်ဗေဒင် (တစ်ဆင့်ချင်းဖတ်ပါ ကျော်မဖတ်ပါနဲ့၊ကျော်ဖတ်မိရင်ဒီဗေဒင်လေးမမှန်တော့လို့ပါ) ဘဝမှာတစ်ခါဘဲမေးခွင့်ရှိသောမသိစိတ်ဗေဒင် အရင်ဆုံးစာရွတ်လေးနဲ့ ဘောပင်လေးအဆင်သင့်ဘေးနားထားပေးပါ။ပထမဆုံးပြောချင်တာကတော့ခုရေးထားတဲ့စာလေးတေကိုကျော်မဖတ်ပါနဲ့နော် တစ်ဆင်ချင်းလေးဖတ်စေချင်ပါတယ်။ကျော်ဖတ်မိပြီဆိုရင်ဗေဒင်ကမမှန်နိုင်တော့လို့ပါ။ ပထမအဆင့်-စာရွတ်လွတ်ပေါ်မှာနံပါတ် ၁ ကနေ ၁၁ထိ အစဉ်လိုက် အပေါ်ကနေအောက်ချရေးပါ။ရေးပြီးပြီဆိုရင် နံပါတ် ၁နဲ့ ၂မှာ သင်ကြိုက်တဲ့ကိန်းဂဏန်းတစ်ခုစီကိုချရေးပါ(ဉပမာ-1,2. …….စသည်ဖြင့်) ဒုတိယအဆင့်-နံပါတ် ၃ နဲ့ ၇ မှာတော့ သင်အတွေးထဲမှာပေါ်လာတဲ့ ဆန့်ကျင်ဘက် လိမ်အမည်ကိုချရေးပါ(ကိုယ်ကမိန်းကလေးဆို ကိုယ့်အတွေးထဲမှာရှိတဲ့ယောကျာ်းလေးနှစ်ယောက်ပေါ့ ) တတိယအဆင့်-နံပါတ် ၄ ,၅,၆ မှာတော့ သင့်ရဲ့အနီးနားသင့်ပတ်ဝန်းကျင် သင့်အတွေးထဲမှာရှိတဲ့သူသုံးယောက်ကိုရေးပါ။ စတုတ္ထအဆင့်-နံပါတ် ၈,၉,၁၀,၁၁ မှာ သင်လတ်တလောနားထောင်နေတဲ့သီချင်း သင့်အတွေးထဲမှာရှိနေတဲ့သီချင်းနာမည်တေကိုချရေးပါ။ အဖြေလေးတေပြောပြပါတော့မယ် နံပါတ် ၃ မှာရေးထားတဲ့သူကတော့ သင်ချစ်ရတဲ့သူ သင်တန်ဖိုးထားရသူနာမည်လေးပါ။ နံပါတ် ၇ မှာရေးထားတဲ့သူကတော့ သင်ကြိုက်ရတဲ့သူ ဖြစ်ပြီး သင့်အတွက် မဖြစ်နိုင်တဲ့သူရဲ့နာမည်လေးပါ နံပါတ် ၄ […]