အခ်စ္ေရး

သင့်မှာဒီလိုအချက်တွေရှိနေရင် ချစ်သူမရှာပဲတစ်ယောက်တည်းနေတာပိုကောင်းတယ်

တစ်ယောက်တည်းနေရမယ့်သူဆိုတာ နဖူးမှာ စာရေးထားတာမျိုးမဟုတ်ပေမယ့်

တချို့တွေအတွက်တော့ သိသာတဲ့အချက်တွေရှိပါတယ်။

လူတချို့က တစ်ယောက်တည်းနေရဖို့ မွေးဖွားလာကြသလိုပဲ။

သူတို့အတွက်တော့ RS တွေ၊ သူငယ်ချင်းတွေဆိုတာ သိပ်ပြီး အရေးမကြီးသလို ဘဝအတွက် လိုအပ်တယ်လို့ မထင်တတ်ကြဘူး။

အဲ…တချို့တွေကျတော့လည်း သူတို့ရဲ့ စရိုက်တွေ၊ အကျင့်တွေနဲ့ စိတ်ခံစားမှုတွေကိုက တစ်ယောက်တည်းနေရတာ ပိုပြီး သင့်တော်တဲ့ပုံမျိုး။

အဲဒီလို လူမျိုးက ချစ်သူရှာမိပြီဆိုရင် အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့ ပြတ်ပြီး နောက်ဆုံးကျ တစ်ယောက်တည်းပဲ ပြန်ဖြစ်ရတော့တာပဲ။

ကဲ….ချစ်သူမရှာပဲ တစ်ယောက်တည်းနေတာ ပိုကောင်းတယ်ဆိုတဲ့သူတွေမှာ ဘယ်လိုအကျင့်မျိုးတွေ ရှိကြလဲ။ ဖတ်ကြည့်လိုက်ကြရအောင်…။

(၁) အတ္တကြီးတဲ့သူမျိုး

ကိုယ်တိုင်က တစ်ခုခုဆို ကိုယ်ပဲ ပိုင်ဆိုင်ချင်တယ်၊ သူများကို ခွဲဝေပေးရတာ သဘောမကျဘူး၊

နေရာတကာ ကိုယ့်စိတ်တိုင်းကျပဲ လုပ်ချင်တာ၊ လုံးဝကို အတ္တကြီးတဲ့ ပုံစံမျိုးဆိုရင် ချစ်သူ ရှာဖို့ထက်

တစ်ယောက်တည်းနေဖို့ ကြိုးစားတာက အသင့်တော်ဆုံး ပုံစံပဲလို့ ပြောပါရစေ။

ဘာလို့လည်းဆိုတော့ အဲဒီလို အတ္တကြီးပုံမျိုးနဲ့ဆိုရင် တစ်ယောက်ယောက်ကို နားလည်ပေးဖို့ မဖြစ်နိုင်သလို

ကိုယ့်အချစ်တွေက တခြားတစ်ယောက်အတွက် ပူလောင်စေမှာမို့ပါ။

အတ္တကြီးတဲ့သူတွေဆိုတာ သူတို့ဘေးကလူတွေကို စိတ်ညစ်အောင် အလုပ်နိုင်ကြဆုံးလူမျိုးတွေမို့လား။

(၂) ခံစားလွယ်တယ်

အရမ်းတွေ ခံစားလွယ်နေတယ်ဆိုရင်လည်း ချစ်သူမရှာပါနဲ့။

တစ်ယောက်တည်းနေပြီး တစ်ယောက်တည်းသာ ခံစားပါ။

ကိုယ်က ကိုရီးယားကားတွေကြည့်လည်းခံစား၊ ဝတ္ထုဖတ်ရင်၊ ကဗျာဖတ်ရင်လည်းခံစား၊

တစ်ယောက်ယောက်က စကားတစ်ခွန်းအပြောမှားလိုက်ရင်လည်း ခံစား။

အဲဒီလို အစစအရာရာ လိုက်ပြီး ခံစားနေမှတော့ ချစ်သူထားရင်လည်း အဆင်ပြေမှာ မဟုတ်ဘူးလေ။

ဒီတော့ ကိုယ်ဟာ ခံစားလွယ်သူတစ်ယောက်ဖြစ်ကြောင့် ကိုယ့်ဘာသာ သိတယ်ဆိုရင် တစ်ယောက်တည်းနေဖို့သာ ကြိုးစားပါ။

(၃) အပြောင်းအလဲမြန်တယ်

သင်က တစ်ယောက်ယောက်ကိုတော့ ချစ်ချင်ပါရဲ့။

ဒါပေမယ့် တစ်လလောက်ကြာသွားတဲ့အခါ သင်ချစ်ချင်တဲ့ လူက အရင်တစ်ယောက်မဟုတ်တော့ပဲ

နောက်တစ်ယောက်ကို ပြောင်းသွားတာမျိုး။ စိတ်ထဲမှာ သဘောကျတဲ့ပုံစံတွေက အများကြီးဖြစ်နေတာမျိုး။

သင့်စိတ်ကိုက အပြောင်းအလဲမြန်လွန်းတာမျိုးဆိုရင်လည်း

ချစ်သူတစ်ယောက် ထားဖို့ထက် တစ်ယောက်တည်းနေဖို့က အသင့်တော်ဆုံးပါ။

ဘာလို့လဲဆိုတော့ သင့်မှာ ချစ်သူရှိလာရင်လည်း အချိန်ခဏအတွင်းမှာပဲ ငြီးငွေ့လာမှာဖြစ်ပြီး

နောက်တစ်ယောက် ပြောင်းချင်စိတ်တွေ ပေါ်လာဦးမှာမို့လို့ပါပဲ။

(၄) တစ်ယောက်တည်းနေရတာကိုကြိုက်တယ်

သင်က တစ်ယောက်တည်းနေရတာကို သဘောကျတဲ့သူတစ်ယောက်။

အဲဒီလို တစ်ယောက်တည်းနေတာက လွတ်လပ်တယ်လို့ သင်ခံယူထားတယ်။

ဒါပေမယ့် တစ်ခါတလေကျတော့ သင့်စိတ်ထဲမှာ အရမ်းအထီးကျန်တယ်လို့ ခံစားရပြီး ချစ်သူတစ်ယောက်လောက် ထားချင်လာလိမ့်မယ်။

အဲဒီလို ခံစားရပြီဆိုရင် ချစ်သူ ရှာဖို့ ကြိုးစားတာထက် ဒီအတိုင်း ကျိတ်မှိတ်ပြီး ကျော်ဖြတ်လိုက်တာက အကောင်းဆုံးပါ။

ဘာလို့လဲဆိုတော့ တစ်ယောက်တည်းနေရတာကို ကြိုက်တဲ့စိတ်က သင့်စိတ်ထဲမှာ

အမြစ်တွယ်နေပြီဖြစ်ပြီး သင့်မှာ ချစ်သူရသွားရင်လည်း တစ်ယောက်တည်းနေဖို့ ကြိုးစားမိဦးမှာမို့ပါပဲ။

Credit

Unicode