ဘယ်တော့မှ မဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ
သင့်ရဲ့ဘဝမှာ လုံးဝမဆုံနိုင်တော့တဲ့သူတစ်ယောက်၊ အမြဲ သတိရနေသူတစ်ယောက်ကတော့ ရှိခဲ့ဖူးမှာပါ။
အခုရှိနေရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာ ဖြစ်စေ၊
ဒီကမ္ဘာကြီးမှာ မရှိတော့တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့အချိန် ရှိမှာပါပဲ။
အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွားပါနဲ့။ သင်ခံစားနိုင်ပါတယ်။
နာကျင်နိုင်ပါတယ်။ သတိရနိုင်ပါတယ်။
ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက်
ပိုသက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါရစေနော် …။
၁။ ဒီလိုခံစားရတာ သင့်အမှားမဟုတ်ပါဘူး
အချိန်က အရာရာကို ကုစားသွားမယ်လို့ သိထားရက်နဲ့ သင့်ကျမှ မမေ့နိုင်ဘာကြောင့်ဖြစ်နေရလဲ စဉ်းစားဖူးလား၊
သင့်ဦးနှောက်က ဝေးကွာခြင်းဆိုတဲ့အရာကို လက်မခံနိုင်သေးလို့ပါ။
ဒီလိုခံစားရတာ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ မှတ်ထားပေးပါ။
မမေ့နိုင်သေးတာကို အပြစ်တင်တာမျိုးမလုပ်ပါနဲ့။
လူတစ်ယောက်နဲ့ တစ်ယောက် မေ့ပျောက်နိုင်ဖို့ အချိန်ကာလကလည်း မတူညီပါဘူး …။
၂။ အတင်းပျော်ဖို့ ဖိအားမပေးပါနဲ့
ပိတ်ရက်တွေမှာ ကိုယ့်ရဲ့ခင်မင်ရင်းနှီးသူတွေက ပျော်နေကြတယ်။
သင်တစ်ယောက်တည်း မပျော်နိုင်ဘူး။
အခြားသူတွေပျော်နေကြလို့ ကိုယ့်ကိုကိုယ် အတင်းပျော်ဖို့ ဖိအားပေးစရာ မလိုပါဘူး။
သင်မလုပ်ချင်တဲ့အရာကို အတင်းလုပ်စရာမလိုပါဘူး။
လူတွေကို စိတ်ချမ်းသာအောင် ကြိုးစားမယ့်အစား ကိုယ့်ကိုကိုယ်ပဲ စိတ်ချမ်းသာအောင် အရင်ထားပါ …။
၃။ ပျော်တာကိုလည်း အပြစ်ရှိတယ် မထင်ပါနဲ့
သင်ချစ်ခဲ့ရသူက အဝေးတစ်နေရာမှာ ရှိနေတဲ့အချိန်
သင်က စိတ်မညစ်ဘဲ ပျော်နေမိတယ်လို့ တွေးတာတွေ မလုပ်ပါနဲ့။
သင်ပျော်နေသလို အဝေးတစ်နေရာက သင်သတိရသူလည်း ပျော်နေမှာပါ …။
၄။ သင်နဲ့ပတ်သက်သူတွေကို ရိုးသားမှုရှိပါ
သင့်သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ သွားချင်စိတ်မရှိရင် မသွားပါနဲ့။
သင်ခံစားနေရတဲ့ အရာတွေကို သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောပါ။
သင့်ခံစားချက်တွေကို အနီးအနား သင်ယုံကြည်ရာ လူတွေဆီမှာပဲ ရင်ဖွင့်ပါ …။
၅။ သင်အဆင်ပြေသွားမှာပါ
အဆင်ပြေသွားမှာပါလို့ လူတွေက သင့်ကိုပြောကြမှာပါပဲ။
ဒီစကားက အမွန္ပါပဲ။
တစ်ချိန်ချိန်မှာ အရာအားလုံး မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး အဆင်ပြေသွားပါလိမ့်မယ်နော် …။ ။
Unicode

ပိတျရကျတှမှော ကိုယျ့ရဲ့ခငျမငျရငးျနှီးသူတှကေ ပြောျနကွေတယျ။
သင်တစ်ယောက်တည်း မပျော်နိုင်ဘူး။
အခြားသူတွေပျော်နေကြလို့ ကိုယ့်ကိုကိုယ် အတင်းပျော်ဖို့ ဖိအားပေးစရာ မလိုပါဘူး။
သင်မလုပ်ချင်တဲ့အရာကို အတင်းလုပ်စရာမလိုပါဘူး။
လူတွေကို စိတ်ချမ်းသာအောင် ကြိုးစားမယ့်အစား ကိုယ့်ကိုကိုယ်ပဲ စိတ်ချမ်းသာအောင် အရင်ထားပါ …။
၃။ ပျော်တာကိုလည်း အပြစ်ရှိတယ် မထင်ပါနဲ့
သင်ချစ်ခဲ့ရသူက အဝေးတစ်နေရာမှာ ရှိနေတဲ့အချိန်
သင်က စိတ်မညစ်ဘဲ ပျော်နေမိတယ်လို့ တွေးတာတွေ မလုပ်ပါနဲ့။
သင်ပျော်နေသလို အဝေးတစ်နေရာက သင်သတိရသူလည်း ပျော်နေမှာပါ …။
၄။ သင်နဲ့ပတ်သက်သူတွေကို ရိုးသားမှုရှိပါ
သင့်သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ သွားချင်စိတ်မရှိရင် မသွားပါနဲ့။
သင်ခံစားနေရတဲ့ အရာတွေကို သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောပါ။
သင့်ခံစားချက်တွေကို အနီးအနား သင်ယုံကြည်ရာ လူတွေဆီမှာပဲ ရင်ဖွင့်ပါ …။
၅။ သင်အဆင်ပြေသွားမှာပါ
အဆင်ပြေသွားမှာပါလို့ လူတွေက သင့်ကိုပြောကြမှာပါပဲ။
ဒီစကားက အမှန်ပါပဲ။