အိန္ဒိယနိုင်ငံ။ တီလန်ဂနာပြည်နယ်၊ မီဒက်ခရိုင်တစ်ခုအတွင်းက ကျေးရွာလေးမှာ ဆင်းရဲသားမိသားစုတစ်စုမှ အိမ်ထောင်ဦးစီး မိခင်ဟာ ထန်းတက်အလုပ်နဲ့ အသက်မွေးပါတယ်။ သတင်းမှာတော့ Toddy Tapper လို့ ဖော်ပြထားပြီး၊ ထန်းတက်အလုပ်ဆိုသော်လည်း ကျွန်တော်တို့အညာမှာ မြင်ရတဲ့ ထန်းပင်မျိုးတော့ မဟုတ်ပါဘူး။
ဒီအပင်တွေကိုတော့ Pheonix palm လို့မူလသတင်းက ဆိုထားတဲ့အတွက် စွန်ပလွန်ပင်မျိုး ဖြစ်နိုင်ပါတယ်။ ဒီကနေထွက်တဲ့အရည်ကိုလည်း Toddy လို့ ခေါ်ကြသလို၊ ထန်းရေကိုလည်း Toddy လို့ ခေါ်ကြပါတယ်။ ဒီလို ခေါ်ရခြင်းက စွန်ပလွန်နဲ့ ထန်းပင်ဟာ ထန်းမျိုးစိတ်ထဲမှာ ပါဝင်တာချင်း အတူတူဖြစ်လို့ပါ။ ထန်းမျိုးစိတ် (၁၄)မျိုးရှိပြီး-
Photo Credit
အုန်းပင်ဆိုရင်လည်း ထန်းပင်မျိုးစိတ် Arecaceae မျိုးရင်းထဲမှာ ပါဝင်တဲ့ Cocos အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ အခုထန်းတက်သူအမျိုးသမီးအမည်ကတော့ Savitri လို့အမည်ရပါတယ်။ သူမရဲ့ဒုတိယကိုယ်ဝန် (၄)လအရွယ်မှာပဲ အရွယ်ကောင်းကြီးရှိသေးတဲ့ ခင်ပွန်းSai Goud က ရုတ်တရက်နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့တာပါ။
Photo Credit
ဒီတော့ သူမအနေနဲ့ လက်ငုပ်လက်ရင်းအလုပ်ကိုပဲ ဆက်ပြီးလုပ်ခဲ့ပါတယ်။ ဒုတိယသမီးလေးက သန်သန်သွန်းသွန်းမဟုတ်လို့် သူမအနေနဲ့ ငွေပိုရှာနိုင်မှ ကလေးကို ဆေးကုလို့ရမှာပါ။ Savitri ဟာ အသက်(၃၃)နှစ်သာရှိသေးပြီး၊ (၂၀၁၆)ခုနှစ်တကည်းက ထန်းတက်အလုပ်နဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။
သူမတို့ရွာလေးအမည်ကတော့ Regode လို့ သိရပြီး၊ သူမတို့ မိသားစုကို ရွာခံတွေက ထောက်ပံ့ကူညီတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ သူမဟာ ခါးသီးတဲ့ဘဝကို မနာကျည်းအားပါဘူး။ သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ ” ဘုရားက ကျွန်မတို့ကို ဒဏ်ပေးတာဆိုပါတော့ … အရင်ဆုံး ကျွန်မယောက်ျားကို ခေါ်သွားတယ် …
Photo Credit
နောက်မွေးတဲ့ကလေးက မသန်ဘူး … ဒီအတွက် ကျွန်မ ပိုက်ဆံတွေ အများကြီးရှာဖို့လိုတယ် … “လို့ ပြောပါတယ်။ တကယ်တော့ သူမဟာ ဆယ်တန်းကျောင်းထွက်တစ်ယောက်ပါ။ အစိုးရအလုပ်မှာပဲဖြစ်ဖြစ် ပြည်တွင်းအလုပ်အကိုင်တချို့မှာပဲဖြစ်ဖြစ် သင့်တော်တဲ့ အလုပ်တော့ ရှိပါတယ်။ ဒါပေမယ့် သူမဟာ
ခင်ပွန်းသည်ကို အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ ခင်ပွန်းသင်ပေးခဲ့တဲ့ ထန်းတက်ပညာနဲ့ဘဲ ဘဝကို ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ တစ်ချို့ထန်းပင်တွေဟာ အမြင့်ပေ(၃၀)လောက် ရှိပါတယ်။ သူမဟာ Prohibition and Excise ဌာနကနေ ထန်းတက်လိုင်စင် တောင်းရပါတယ်။ ကနဦးတုန်းက အမျိုးသမီးဖြစ်နေလို့ ထန်းတက်လိုင်စင် ထုတ်ပေးဖို့-
Photo Credit
အရာရှိတွေက ငြင်းဆန်ခဲ့သော်လည်း၊ နောက်ပိုင်း ရပ်ရွာလူကြီးတွေရဲ့ ထောက်ခံမှု၊ မြေပြင်အခြေအနေမှာလည်း တကယ်ထန်းတက်ကျွမ်းတယ်ဆိုတာ မြင်သိပြီးနောက် ထန်းတက်လိုင်စင် ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အခုဆို သူမဟာ တစ်ရက်မှာ ထန်းပင်(၃၀)အထိ မနက်တစ်ပြန် ညနေတစ်ပြန် တက်ကာ မိသားစုအတွက် ရုန်းကန်နေရပါတယ်။



