ခုခေတ် မိခင်မဆန်သော မိခင်လောင်းတွေကျနော် တောင်းပန်ပါရစေ
မမွေးရဲရင်ကျနော်ကိုဖုန်းဆက်ပေး မိဘမဲ့ဂေဟာဆားတောင်မှာလည်းရှိပါတယ်
ကျနော်ဆက်သွယ်ပေးပါမယ် လူမသိစေရပါဘူး
ရက်စက်တယ်ဗျာ ခုည 25-1-2022ဖုန်းဆက်အကြောင်းကြားမှုအရ
စစ်ကိုင်းမြို့ ရွှေသမား ဘ/က ကျောင်းအမှိုက်ပုံးအနီး ကလေးငိုသံကြားပါ၍အမြန်လာပါရန် အကြောင်းကြားမှုအရအိုးဘို Rescue မှ ချက်ခြင်းသွားရောက်ရာသတင်းပေးနောက်ကြခြင်း အအေးပိုခြင်းများကြောင့် ကျနော်တို့ ရောက်တဲ့အချိန်ကလေးမှာ အသက်မရှိတော့ပါ
စိတ်မကောင်းစွာဖြင့် ယုန်ဖြူ ကိုအောင် အားအကူညီတောင်ခံပြီး သွားရောက် မြုတ်နှံသဂြိုခဲ့ပါသည် အစစအရာရာ ကူညီပေးသောယုန်ဖြူ ကိုအောင်အားလည်း အထူးအထူးကျေးဇူးတင်ပါသည်

လူ့လောက အလည်ရောက်ရှိပြီးမှ လူမဆန်စွာ ကမြင်းပြီးတာဝန်မယူရဲသော မိဘတွေကြားသမီးလေး ဘဝဆက်တိုင်း မရောက်ပါစေနဲ့ဆုတောင်းရင်း ရင်ထဲကမျက်ရည်တွေ
အလိုလို စီးကြရင်း သမီးလေးအတွက်ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်
အိုးဘိုကျန်းမာရေး နှင့် Ooe Bo Rescue
09-444807033. 09-793006800
မှတ်ချက်

ကလေးသည် နားလည်တတ်ကျွမ်းသောဆရာမနှင့်မွေးဖွားပြီး ချက်ကြိုးဖြတ်ထားပါသည်
အဝေးမှလည်းမဟုတ်နိူင်ပါ စာနာသနားနိူင်ကြပါစေ
Doe Doe
unicode



09-444807033. 09-793006800
Doe Doe



