ဗဟုသုတ

(၂၃) နှစ်အရွယ် မိန်းကလေး တစ်ယောက်မှာ ရှိကိုရှိထားသင့်တဲ့ အချက် (၇) ချက်

မိန်းကလေးတစ်ယောက်က အရွယ်တွေ တဖြည်းဖြည်း ပြောင်းလဲလာတာနဲ့အမျှ သူတို့မှာ ရှိနေတတ်တဲ့ အရာတွေကလည်း ပြောင်းလဲလာတတ်ပါတယ်။ အရွယ်အလိုက် ပြောင်းလဲမှုတွေနဲ့အတူ တဖြည်းဖြည်းနဲ့ ပိုပြီး အဖိုးတန်လာသလို စိတ်ရှုပ်စရာတွေ ပိုများလာတာမျိုး ဖြစ်တတ်တာ လူ့သဘာဝပါပဲ။ အသက် (၂၃) အရွယ်ရောက်လာတဲ့ မိန်းကလေးတွေဆိုရင်တော့ ဒီအချက်တွေ ရှိထားသင့်နေပါပြီ။

၁။ ရင့်ကျက်မှု

အသက် ၂၃ နှစ်ဆိုရင် တော်တော်များများ ကြုံခဲ့ဖူးပါပြီ။ မကောင်းတဲ့သူတွေနဲ့လည်း ဆုံခဲ့ဖူးသလို ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေလည်း မယုံရတာကို သိပြီးကြပါပြီ။ ဒါ့အပြင် မိဘတွေနဲ့ ရန်တွေ ဖြစ်ခဲ့ဖူးသလို အထိုက်အလျောက်လည်း မိဘတွေကို နားလည်လာတာမျိုးလည်း ရှိနေပါပြီ။ ဒီအတွက် သင့်တင့်တဲ့ ရင့်ကျက်မှုမျိုး ရှိနေသင့်ပါတယ်။

၂။ ဖက်ရှင်အမြင်

အသက် (၂၃) နှစ်ဆိုတာ အရမ်း မငယ်တော့တဲ့ အရွယ်လည်း ဖြစ်သလို အသက်လည်း မကြီးသေးတဲ့ အရွယ် ဖြစ်ပါတယ်။ ဒီအတွက် ကလေးလည်း မဆန်၊ လူကြီးလည်း မဆန်တဲ့ လူငယ်ဖက်ရှင်တွေကို ဝတ်ဆင်ရမယ့် အရွယ်ရောက်နေပါပြီ။ ဒီအတွက် ဖက်ရှင်အမြင်လည်း ရှိထားဖို့ လိုပါတယ်။

၃။ အလုပ်အကိုင်

အသက် ၂၃ နှစ်ဆိုတာ အသက်ကြီးသွားတာမျိုး မဟုတ်ပေမယ့် ကိုယ့်ခြေထောက်ပေါ် ရပ်တည်ဖို့ လိုအပ်တဲ့ အရွယ်တော့ ရောက်နေပါပြီ။ ကျောင်းတက်နေဆဲ ဖြစ်နေရင်တောင်မှ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် ကိုယ့်ဘာသာ တာဝန်ယူနိုင်သင့်နေပါပြီ။ ဒီအတွက် အထိုက်အလျောက် ရှိတဲ့ ငွေကြေးကို ရှာနိုင်တဲ့ အလုပ်အကိုင်မျိုး ရှိသင့်ပါတယ်။

၄။ သိနားလည်မှု

ကလေးလို ဆိုးချင်တိုင်း ဆိုးရမယ့် အရွယ် မဟုတ်တော့သလို နေချင်တိုင်း နေမယ်ဆိုတာမျိုးလည်း လုပ်လို့ မရတဲ့ အရွယ် ဖြစ်ပါတယ်။ မိသားစုအပေါ် သိနားလည်မှုမျိုးတွေ ရှိသင့်သလို သူငယ်ချင်း အပေါင်းအသင်းကြားမှာလည်း သိနားလည်မှုတွေ ရှိနေသင့်ပါတယ်။

၅။ လူတွေကို မယုံကြည်မှု

၂၃ နှစ်လောက် နေလာပြီးရင် လူတိုင်းက လွယ်လွယ်ယုံလို့ မရဘူးဆိုတာကို သိလာရမှာ ဖြစ်ပါတယ်။ ကိုယ်နဲ့ ခင်မင်ရင်းနှီးလာရင်တောင်မှ မျက်စိစုံမှိတ် ယုံလို့ မဖြစ်ဘူးဆိုတာကို သိနေဖို့ လိုပါတယ်။ ယုံကြည်မှု ပေးရမှာ မှန်ပေမယ့် အဆုံးစွန်ထိ ယုံတာမျိုးတွေ မလုပ်သင့်တော့ပါဘူး။

၆။ ချစ်တတ်မှု

အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကြုံရတဲ့ အချိန်တော့ မတူကြပါဘူး။ ဒါပေမယ့်လည်း အချစ်ဆိုတာ ဆန့်ကျင်ဘက် အမျိုးသားတစ်ဦးကို ချစ်တဲ့ အချစ်မျိုးပဲ ရှိတာ မဟုတ်ပါဘူး။ ကိုယ့်မိဘ သူငယ်ချင်းနဲ့ လူသားဆန်တဲ့အချစ်မျိုးတွေ ရှိနေဖို့ လိုပါသေးတယ်။ အသက် ၂၃ နှစ်ဆိုတာ ကိုယ့်အတွက်ကလွဲရင် သိပ်မသိတဲ့ ဆယ်ကျော်သက်ဘဝထက် ပိုပြီး ခံစားတတ်သင့်ပါတယ်။

၇။ ခေတ်နဲ့ညီတဲ့ ဗဟုသုတ

ဒီနေ့လို အချိန်နဲ့အမျှ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိနေတဲ့ ခေတ်ကြီးထဲမှာ အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ယောက်က ဘာမှ မသိနေဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ဖုန်းတွေရဲ့ စျေးနှုန်း၊ အဝတ်အစားစျေးနှုန်းအပြင် သတင်း အချက်အလက်နဲ့ ခေတ်စားနေတဲ့ အရာတွေကို သိနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် တခြားသော ဗဟုသုတတွေပါ သိထားရင်တော့ ပိုပြီး ကောင်းပါတယ်။

Source AuntyMay